Friday, January 27, 2012

NLD ပါတီမှ ဒေါ်တင်တင်ရီ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလောင်းအဖြစ် ဗဟိုမှလျာထားသည့် ဒေါ်တင်တင်ရီသည် မြိတ်ခရိုင် ကော်မရှင် ဥက္ကဌ ဦးဝင်းမြင့် နှင့် ကော်မရှင် အဖွဲ့ဝင်များ ရှေ့မှောက်တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ - ၁၈(ဂ)နှင့်အညီ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၆)ရက်နေ့ ညနေ (၃)နာရီအချိန် အမည်စာရင်း တင်သွင်းကြောင်း နှင့် ၄င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ကျွန်းစုမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖိုးကြည်က ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: