Tuesday, December 10, 2013

တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူ များနှင့် တွေဆုံကာ တင်ပြချက် များ ဖြည့်ဆည်း ဆောင်ရွက်



တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်လွင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ ၊ နေ့လည် (၂) နာရီ အချိန်တွင် မြိတ်ခရိုင် ကျွန်းစု မြို့နယ် ညောင်ဘီးကျေးရွာအုပ်စု ညောင်ဘီးကျေးရွာ သို့ ကွင်းဆင်း၍ အထက ကျောင်းတွင် ကျေးရွာ ပြည်သူလူထုများနှင့် တွေ့ဆုံခဲ့သည်။ 




တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးလင်းရေး၊ လုပ်ငန်းများအား ဦးစားပေး  ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ ကျေးရွာများ၏ လိုအပ်ချက်များကို တင်ပြရန် လိုကြောင်း မိမိတို့ အစိုးရ အဖွဲ့ အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ ကျေးရွာ အတွင်း ဖွဲ့စည်းပေးထားသော အထောက်အကူပြု အဖွဲ့များ အနေဖြင့်လည်း မိမိတို့ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားကြိုး မာန်တက် ပေါင်းစပ် ဆောင်ရွက်ရန် လိုကြောင်း ၊ မိမိတို့မှ လည်း ဖြည့်ဆည်း ပေးမည် ဖြစ်ကြောင်း ပြောကြား သည်။ 

ထိုနောက် ပြည်ခိုင်ဖြိုး ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင်နှင့် တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်တို့က ပြည်ထောင်စု လွှတ်တော်မှ ချမှတ်ပေးထားသည့် မြို့နယ် ဖွံ့ဖြိုးရေး အသုံး စရိတ် ကျပ်သိန်းတစ်ထောင်အား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အသုံးပြုမည့် အစီအစဉ် များအား ရှင်းလင်း ပြောကြားသည်။ 

ဆက်လက်ကြီး တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် ကျွန်းစုမြို့နယ် လယ်တော ပိုင်း ကျေးရွာ အုပ်စုများ ဖြစ်သည့် ညောင်ဘီးကျေးရွာ၊ ဇေးကမိကျေးရွာ၊ မောင်းလှော်ကျေးရွာ၊ အညင်းကျေးရွာ၊ ပဲယာ ကျေးရွာ တို့မှ အထောက် အကူပြု အဖွဲ့ ဥက္ကဋ္ဌ များ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ ကျေးရွာတွင် လိုအပ်လျက် ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးလင်းရေး၊ လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် တင်ပြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

ထိုနောက် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ကျောင်းသုံး ဗလာစာအုပ် (၄၅) ဒါဇင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနက လှူဒါန်းသည့် စာကြည့်တိုက်သုံး စာအုပ်များအား တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်က ညောင်ဘီးကျေးရွာ အထက ကျောင်း အတွက် ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ကြီး ဦးကျော်ရှိန်က လက်ခံ ရယူပြီးနောက် တွေ့ဆုံပွဲ အခမ်း အနား ပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: