Friday, December 6, 2013

ကျွန်းစုမြို့နယ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှု လုပ်ငန်းညှိနှိုင်း



ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမ၌ ဒီဲဇင်ဘာလ ရက်၊ နေ့လည် (၁း၀၀) နာရီအချိန်တွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပရာ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်နှင့် ဦးတင်စိုး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထောက်အကူပြု က်ာမတီများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြသည်။


ရှေးဦးစွာ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအား သုံးစွဲမှု ပုံစံ၊ လုပ်ထုံး၊ လုပ်နည်း နည်းဥပဒေများ အကြောင်းကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ အသေးစိတ်ကို လည်းကောင်း ဆွေးနွေးပြော ကြားခဲ့သည်။ ဆက်လက်၍ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က ကျွန်းစုမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း(၁၀၀၀)ကျပ်အား သုံးစွဲမှု ပုံစံ အဆင့်ဆင့်နှင့် လုပ်ငန်း ပြီးစီးမှု အဆင့်ဆင့်များကို အစည်းအဝေး မှတ်တမ်း များနှင့်အတွ တင်ပြရန်ကိုလည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲမှု ကြီးကြပ်ရေး ကော်မတီ ကြီးကြပ်ခြင်းနှင့် ငွေကြေး ထိန်းသိမ်းမှု ကော်မတီ ဖွဲ့စည်းခြင်းကို လည်းကောင်း၊ ငွေကြေးထိန်းသိမ်းမှု ကော်မတီတွင် ဌာနဆိုင်ရာများမှ နားလည် တတ်ကျွမ်းသူများ ပါဝင်ဆောင်ရွက်ရန် များကို လည်းကောင်း ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း(၁၀၀၀)ကျပ်အား ဘဏ်အကောက်ဖွင့်ရန် ကိစ္စများ အကြောင်းနှင့် ဘဏ်အကောက် ဖွင့်ရန် အတွက် ပါဝင်ရမည့် ဖွဲ့စည်းပုံ အဆင့်ဆင့်များကို လည်းကောင်း၊ ကျေးရွာများမှ ရရှိလာသော အခွင့်အရေး များကို အကျိုးရှိရှိ၊ ဂုဏ်သိက္ခာ ရှိရှိ အသုံးချသွားရန်ကိုလည်းကောင်း တိုက်တွန်းပြောဆို ခဲ့သည်။ ပြီးနောက် ကျွန်းစုမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှု ကော်မတီအား အများဆန္ဒဖြင့် ဖွဲ့စည်း ခဲ့သည်။ အဆိုပါ ကော်မတီ၌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင် ဥက္ကဌ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် ဒု-ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ အဖွဲ့ဝင်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး အတွင်းရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး တွဲဖက် အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ မှ အဖွဲ့ဝင်များဖြစ် (၁၀)ဦးအား ဖွဲ့စည်းခဲ့ကြောင်း သတင်း ရရှိသည်

iprd myeik

0 comments: