Tuesday, December 3, 2013

SEA GAME ဂုဏ်ပြု စက်ဘီးစီးနင်းပွဲတော် မြိတ်မြို့တွင် ကျင်းပမည်




SEA GAME ပြိုင်ပွဲကို  ဂုဏ်ပြု ကြိုဆိုခြင်းအားဖြင့် မြိတ်မြို့ အတွင်း စက်ဘီးစီးနင်း ပွဲတော်ကို ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက်တွင် စက်ဘီးအစီး (၂၀၀)ကျော်ဖြင့် ပြုလုပ်မည်ရာ ပါဝင် ဆင်နွဲလိုသူ ကလေး၊ လူကြီး (ကျား၊ မ) မရွေး ပါဝင်ဆင်နွဲနိုင်ကြောင်းနှင့် ပါဝင်နဖြင့် လိုသူများ အ ကိုဖိုးကျော်သိန်း _ ph. 095641168ကိုနိုင်ဦး _ ph. 098761078ကိုဝင်းငယ် _ ph.09250246883ကိုဌေးနိုင် _ ph.098762454 သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။ 



အဆိုပါ စက်ဘီးစီးနင်းပွဲတော်တွင် ပါဝင်ဆင်နွဲသူများ အားလုံးအား ဦးထုပ်၊ အင်္ကျီများ လက်ဆောင် အဖြစ် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ပြီး စက်ဘီးများ လိုအပ်ပါက ကိုနိုင်ဦး (ဂျပန်စက်ဘီးအရောင်းဆိုင်) မှ စက်ဘီးကို အခမဲ့ ဌားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

စက်ဘီး စီးနင်းမည် လမ်းကြောင်း အနေဖြင့် မြိတ်တောင် နယ်မြေ ပြည်သာယာလမ်း ဆန်းသီရိ တည်းခိုခန်း လမ်းဆုံမှ တဆင့် မြို့သစ် အောင်ဆန်းလမ်းမကြီး ၊ ဘုရားကိုင် လမ်းမကြီး၊ လေယာဉ် ကွင်းလမ်း၊ အေးရိပ်ချောင်လမ်း၊ တက္ကသိုလ်လမ်း၊ ရေပုန်းရပ် နတ်စင်လမ်း၊ ကမ်းနားလမ်း၊ နောက်လယ် ရပ် ပိတောက် ရွှေဝါလမ်းမကြီး၊ ပြည်သာယာလမ်းတွင် ပြန်လည် ပန်းဝင်ရန် အကြမ်းဖျဉ်း စီစဉ် ထားကြောင်း သိရှိရသည်။

မကြာမီ ကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြိတ်ခရိုင်မှ လက်ရွေးစင် အားကစားသမား ၉ ဦးသည် အားကစားနည်း ၆ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရကြသည် ဖြစ်ရာ စိုင်းသီဟ (မြိတ်)၊  သန်းဝင်း(မြိတ်) တို့သည် ကမ်ပို(Kenpo) ပြိုင်ပွဲတွင် လည်းကောင်း၊ တင်ထွန်းအောင် (မြိတ်)၊ ညီညီအောင်(မြိတ်) တို့သည် ကရာတေးဒို ပြိုင်ပွဲတွင် လည်းကောင်း၊ ခင်မျိုးသူ(မြိတ်) သည် ဂျူဒိုပြိုင်ပွဲ တွင် လည်းကောင်း၊ စောကာဗီအဲ (ပုလော)သည် နပန်းပြိုင်ပွဲတွင် လည်းကောင်း၊  အောင်အေး(ကျွန်းစု) ၊ စိုးသူ(မြိတ်) တို့သည် ပြေးခုန်ပစ်ပြိုင်ပွဲတွင် လည်းကောင်း၊ မိုးမိုးဆန်း (ပုလော) သည်  ဘောလီဘောပြိုင်ပွဲတွင် လည်းကောင်း အသီးသီး ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - ဖိုးဇော်(ထားဝယ်)

0 comments: