Thursday, December 19, 2013

ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၀န်ကြီးချုပ်သို့ ပေးစာ တစ်စောင်


တနင်္သာရီတိုင်း‌ဒေသကြီး ဝန်‌ကြီးချုပ်‌ခင်‌ဗျာ

ကျွန်‌‌တော်‌ဟာ ‌ကော့‌သောင်းမြို့မှ ‌ဟိုမ‌ရောက်‌ဒီမ‌ရောက်‌ ‌ရေလုပ်‌ငန်း ရှင်‌‌လေး တစ်‌ဦးပါ မိသားစု စားဝတ်‌‌နေ‌ရေး အဆင်‌‌ပြေ‌စေ‌ရေး အတွက်‌ နိုင်‌ငံ‌တော်‌က ချမှတ်‌ထားတဲ့ မူဝါဒနဲ့ အညီ အခွန်‌အခများ ‌ပေး‌ဆောင်‌ပြီး ကမ်းနီးငါးဖမ်း‌လှေ လုပ်‌ငန်းကို လုပ်‌ကိုင်‌‌နေပါသည်‌။

 ‌ကော့‌သောင်းမှ ယိုးဒယားသို့ ငါးပုစွန်‌မျိုးစုံ‌ ရောင်းချ အပြန်‌တွင်‌ ဘိလပ်‌‌မြေအိတ်‌ ၅၀၀ တစ်‌‌ထောင်‌ စသည်‌ဖြင့်‌ ‌ကော့‌သောင်း ဂျူတီ‌ဆောင်‌ပြီး မြိတ်‌မြို့သို့ တင်‌သွင်း‌နေပါသည်‌ ။ ကျ‌နော်‌‌ပြောချင်‌တာက ကျ‌နော်‌တို့ လို စီးပွါး‌ရေး သမား‌ တွေထဲမှာ ကုမ္မဏီများ‌ထောင်‌ ‌လှေ‌ပေါင်း ရာနဲ့ချီပြီး ငါးဖမ်းလုပ်‌ငန်းကို လုပ်‌ကိုင်‌‌နေကြ‌သော ကုမ္ပဏီကြီး များမှ လိုင်းဖြူ‌ခေါ် ငါးသယ်‌‌ ရေယာဉ်‌ကြီးများ လိုင်းနီ‌ခေါ် ငါးဖမ်း ဒရွတ်‌ဆွဲ‌တွေ ဝါရမ်း‌ခေါ် ဝိုင်းချုပ်‌‌မီးထွန်း‌လေ‌တွေ ဟာ ဘာ့‌ကြောင့်‌များ အခုလို ရက်‌မျိုး‌တွေမှာ ယိုးဒယားနိုင်‌ငံ ရ‌နောင်းခရိုင်‌ ရ‌နောင်းမြို့ နယ်‌ အတွင်း အဆမတန်‌ များပြား‌နေရတာလည်း တရားဝင်‌‌ရော ဟုတ်‌ရဲ့လား ။ နိုင်‌ငံ‌တော်‌ပိုင်‌ ‌ရေပိုင်‌နက်‌အတွင်းက ဖမ်းဆီး ရမိတဲ့ ငါးမျိုးစုံ ပုစွန်‌နဲ့ ‌ရေထွက်‌ ပစ္စည်း‌တွေ တ‌နေ့‌နေ့ လာ‌ရောက်‌‌ ရောင်းချ‌နေတာ မနည်းဘူးဗျာ တစ်‌ချို့‌လှေ‌တွေက နာမည်‌‌တွေဖတ်‌လို့ ရသလို့ တစ်‌ချို့‌လှေတွေ ကျ‌တော့လည်း ‌လှေနာမည်‌‌တွေကို ဆားအိတ်‌နဲ့ပိတ်‌ ပိတ်‌ထားပြီး ‌နေ့ညမနား အားချင်း ငါးများ တင်‌ချပြီး ‌ရေခဲနဲ့ ဆီသာတင်‌ပြီး ချက်‌ခြင်းပြန်‌ထွက်‌သွားကြ‌လေရဲ့ ။ 




အဲ့ဒီ‌လှေ‌တွေကို ကျ‌နော်‌မှတ်‌မိသ‌လောက်‌‌ ပြောရရင်‌ ကျ‌နော့်‌‌လှေ မြိတ်‌‌ရောက်‌‌တော့ ‌တွေ့တယ်‌ဗျ ။ချက်‌ပွိုင့်‌အစစ်‌ခံတာ ‌လေ့လာကြည့်‌‌တော့ ပါကင်‌ ငါးမျိုးစုံ‌လောက်‌ပဲ ပါတယ။်‌ ‌တေွးကြည့်‌ရင်‌ ဒီလူ‌တွေ က ရရှိတဲ့ ခွင့်‌အ‌ရေးကို အပိုင်‌သုံးကြတာ‌လေ ။ ကျ‌နော်‌ ရိုးရှင်းစွာ တင်‌ပြပါရ‌စေ။ တကယ်‌‌တော့ ကျ‌နော်‌တို့  မြန်‌မာ့ ‌ရေပိုင်‌နက်‌မှာ ‌ရေထွက် ‌ပစ္စည်း ငါးမျိုးစုံ မရှားဘူး ။ ‌လောဘသား‌ကောင်‌‌တွေက မတရားခိုး‌နေတာ။  ငါးဖမ်းရာသီသုံးလ မရရ‌အောင်‌ တင်‌ပြကျတယ်‌ ။ သူတို့က‌တော့ သုံးလရ‌တော့ ‌ပျော်‌‌နေတာ‌ပေါ့ ။ တစ်‌လမှာ ၁ ‌ခေါက်‌ခိုး ၂ ‌ခေါက်‌ အခွန်‌‌ပေး ၊ တစ်‌ချို့ကြ‌တော့လည်း ၂ ‌ခေါက်‌ခိုး ၁‌ခေါက်‌ အခွန်‌‌ဆောင်‌ကြတယ်‌‌လေ။ 

 ‌လှေသားဘဝ ပင်‌လယ်‌‌ရောက်‌ရင်‌ ပဲ့နင်းနဲ့  မီးဆရာလက်‌ထဲ ‌ထောင်‌ကျ‌နေသလို ခံစားရတယ်‌ မနက်‌ ငါးပလာတူး ညပလာတူး နဲ့ ပင်‌လယ်‌မှာ ‌ထောင်‌ကျ‌နေသလို ခံစားရတယ်‌ ။ သုံးလမပြည့်‌ရင်‌‌ လှေမဝင်‌ဘူး မိသားစုနဲ့‌ တွေ့ရလည်း တခဏပဲ။  အဲဒီ‌တော့ ပင်‌လယ်‌မှာ ‌လှေသား‌တွေ ခဏဏ‌ပျောက်‌ရသလို ‌သေဆုံးကြရတာလည်း မနည်းဘူး ။ ငါးဖမ်းခွင့်‌ သုံးလ များလွန်‌တယ်‌ ထင်‌ပါတယ် ။

‌ ငါးဖမ်းခွင့်‌ သုံးလ‌ပေးတယ်‌ ပင်‌လယ်‌မှာပင်‌ပန်းတယ်‌ ကမ်းကပ်‌ခွင့်‌မ‌ပေးဘူး ကမ်း‌ဝေး‌လှေ‌တွေ ကမ်းနီးမှာ ငါးဖမ်း တယ်‌။  ဘယ်‌သူမှ အ‌ရေးမယူဘူး ‌ကမ်းနီး‌လှေ‌တွေ ‌ လှေနဲ့ မလိုက်‌‌အောင်‌ ဘီးရှိ ၄လုံးထိုး အင်‌ဂျင်‌ကြီး‌တွေ တပ်‌ပြီး ကမ်းနီးကမ်း‌ဝေး  အလုပ်‌လုပ်‌‌နေကြတယ်‌ ။ ‌လှေလိုင်‌စင်‌လုပ်‌‌ပေးတဲ့ ‌ ရေ‌ကြောင်းက အ‌သေအချာ မစစ်‌ဘူးလို့ထင်‌တယ်‌ ။ ပင်‌လယ်‌မှာ တာဝန်‌‌ပေးထားတဲ့ ပင်‌လယ်‌‌စောင့်‌နက်‌ စိုးမိုး‌ရေးတပ်‌‌တွေ ‌ရေယာဉ်‌‌တွေရှိတယ်‌ ဘယ်‌‌လှေလာလာ အကုန်‌သတင်းပို့ရတယ် ဒါ‌ပေမဲ့ ခိုးပို့‌နေတဲ့‌ လှေ‌တွေကို မဖမ်းနိုင်‌ဘူး‌ ကျ‌နော်‌‌လှေတစ်‌ခါထွက်‌ရင်‌ ဦးရှင်‌ကြီးတင်‌သလို‌ပေါ့ ပင်‌လယ်‌‌စောင့်‌နက်‌‌တွေကိုလည်း တင်‌ရတယ်‌ ။ သူတို့ကိုတင်‌ရင်‌ ‌အေး‌အေးချမ်းချမ်း အလုပ်‌လုပ်‌ရတယ်‌‌လေ သတ်‌မှတ်‌‌ပေးထားတဲ့ ငါးဖမ်းပိုက်‌ ဘယ်‌သူမှမသုံးဘူး ပါကျစ်‌ကျန်‌ ပိုက်‌ကိုပဲ အဓိက သုံးကျတယ်‌ ။ 

ကျ‌နော်‌ တင်‌ပြချင်‌တာက ကမ်းနီး ကမ်း‌ဝေး ငါးဖမ်း‌လှေများ စစ်‌‌ဆေးမှု အား စနစ်‌တကျစစ်‌‌ဆေး‌ ပြီး စည်းမျဉ်း စည်းကမ်းနဲ့ အညီ ငါးဖမ်းဆီးဖို့ပါ။  ‌ပင်‌လယ်‌က‌နေ ငါးများခိုးပြီး သူများနိုင်‌ငံကို သွား‌ရောက်‌‌ရောင်းချ‌နေတာ‌ တွေကို ‌ဖော်‌ထုတ် ဖမ်းဆီး‌ပြီး နိုင်‌ငံ‌တော်‌ အခွန်‌‌ငွေ နစ်‌နာ‌နေတာ‌တွေကို ပြည့်‌မှီ‌အောင်‌ ‌ပေးသွင်းခိုင်းပါ ငါးဖမ်းခွင့်‌ သုံးလ‌ကြောင့်‌ ဒုက္ခမျိုးစုံ ခံစား‌နေရတဲ့ ‌လှေသားများ၏ လူ့အခွင့်‌အ‌ရေး ဆုံးရှုံးရမှု တို့အား အ‌ကောင်း ဆုံး ဖြစ်‌‌အောင်‌ ‌ဆောင်‌ရွက်‌‌ပေးဖို့ပါ။ ‌‌နောက်‌‌နောင်‌လည်း နိုင်‌ငံ‌တော်‌နဲ့ ပါတ်‌သက်‌သမျှ ကျ‌နော်‌သိသမျှ တက်‌နိုင်‌သမျှကို ဤစာမျက်‌နှာမှ တင်‌ပြ‌ပေးပါဦးမည်‌ ‌ကျေးဇူးတင်‌ပါသည်‌။
ကိုသန်းဇော်

0 comments: