Tuesday, December 17, 2013

ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံမြို့မှ စက်ဘီးနှင်းသမား (၂)ဦး မြိတ်မြို့သို့ ရောက်ရှိ

(၂၇) ကြိမ်မြောက် မြန်မာဆီးဂိမ်း ကိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ KING (K.T.G) Mountain Bike Group မှ ဦးစိုင်းရီဆိုင်၊ အသက် (၅၁)နှစ် နှင့် ဦးတူး (ခ) ကိုလှမြင့်စိုး၊ အသက် (၄၅)နှစ် တို့သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်၍ စက်ဘီးနှင်း ခရီးထွက်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ ညနေ (၆း၂၀)အချိန်ခန့်၊ မြိတ်မြို့သို့ရောက်ရှိလာခဲ့ပြီး မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာ၊ စမ်းချောင်းရပ်၊ အမှတ် (၉၄၅)၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ


 တပ်ခွဲရှိ  ဦးသန့်ဇင်အောင် အိမ်၌ တစ်ညအိပ် တည်းခိုရပ်နားကာ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နံနက် (၈း၀၀) အချိန်ခန့်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်အငူထိ စက်ဘီးဖြင့် ဆက်လက်စီးနှင်း ခရီးထွက်ခွာ မည်ဖြစ်ကြောင်း သိရှိရသည်။

0 comments: