Wednesday, December 11, 2013

မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၈. ၁၂. ၂၀၁၃ ရက်နေ့၊ ည (၇း၄၅) အချိန် မြိတ်ခရိုင် ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအုပ်ချိုလွင်နှင့် တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို့၊ ကန်ခေါင်း ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ် (၄၀၁)နေ သူရမိုး (ခ) တရုတ် (ခ) ဂျာမာ လူဒင်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ တရားခံ သူရမိုး (ခ) တရုတ် (ခ) ဂျာမာလူဒင် နှင့်တကွ နေအိမ် အတွင်းမှ ဘိန်းစာမှုန့် (၁၃၄)ထုပ် သိမ်းဆည်း ရမိခဲ့သဖြင့် သူရမိုး(ခ) တရုတ်(ခ) ဂျာမာ လူဒင်အား မြိတ်မြို့ရဲစခန်း မယ (ပ) ၆၆/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိ ရသည်။




0 comments: