တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်းခွဲစဉ် သေဆုံးဒဏ်ရာ ရမှုဖြစ်ပွား
တနင်္သာရီ မတ် ၂၆
တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့် အကွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်မိုင်းခွဲရာမှ ကျောက်မိုင်း ကွဲစဉ် သေဆုံး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စိန်ငါးမန်း ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေး လုပ်ငန်း ကုမ္ပဏီ၏ လေသာတောင် လုပ်ကွက်၌ သတ္တုတူးဖော်ရန် အတွက် မိုင်းကျွမ်းကျင် ပညာရှင်များဖြစ်သော Mr. JIANG BAOLIN နှင့် Mr. HUANG JINMING တို့သည် အရှည်ပေ ၅ဝ၊ အမြင့် ၆ ပေ၊ အကျယ် ၄ ပေရှိ လိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ ကျောက်မိုင်း ၁ဝ လုံးခွဲရန် ပြင်ဆင်ခဲ့ပြီး ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်း ကွဲစဉ် သေဆုံး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ Mr. JIANG BAOLIN ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မျက်လုံးနှစ်လုံး အထဲချိုင့်ဝင်၊ နှာခေါင်း၊ နှုတ်ခမ်း စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းယာ ဘက်စုတ်ပြဲဒဏ်ရာ၊ ယာဘက်ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ လက်နှစ်ဖက်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့သည်။ ထို့နောက် Mr. HUANG JINMING မှာ မျက်နှာ၊ လက်၊ ခြေထောက်တို့တွင် စုတ်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
ခိုင်ထူး(မြ၀တီသတင်းစာ)
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago







0 comments:
Post a Comment