Friday, March 28, 2014

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ



ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ

( မြိတ် မတ် ၂၇ ရက် )

(၆၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို မြိတ်မြို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် စစ်ရေးပြ ကွင်းတွင် ကျင်းပရာ ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများ နိုင်ငံတော်အလံနှင့် ကျဆုံးလပြီးသော ခေါင်ဆောင်များအား အလေးပြုကြပြီး သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။



ထိုနောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးက (၆၉)နှစ်မြောက် တပ် မတော်နေ့ မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ (၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိကြသော အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတို့ကို တိုင်းမှူးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေ()သိန်း ကျပ်စီ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ရဲမေများ၏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments: