Saturday, March 1, 2014

ပြည်ထောင်စု အစိုးရအဖွဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အစိုးရအဖွဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေသည် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ ၀င်များ လိုက်ပါလျက် ဖေဖော်ဝါရီ(၂၈) ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသ ကြီး မြိတ်မြို့သို့ ရောက်ရှိပြီး မြိတ်ခရိုင်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိသာ ထင်ရှားသော အကျိုး ရလဒ်များ ရရှိစေရန် အခက်အခဲရှိနေသည့် ကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး နိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲအား နေ့လည်()နာရီက မြိတ်မြို့ ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။



အဆိုပါ  တွေ့ဆုံ ဆွေးနွေးပွဲသို့  တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကော်မတီ ဥက္ကဌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဒေါက်တာဝင်းအောင်၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ NGO/INGO အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒုတိယ၀န်ကြီး ဦးတင်ငွေမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit)  ဖွဲ့စည်းပုံ၊ ဆက်သွယ်ဆောင်ရွက်နေမှု စနစ် ရည်ရွယ်ချက် ဖွဲ့စည်းရသည့် အကြောင်း အရင်း များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေ လိုကြောင်း ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင် က တိုင်းဒေသ ကြီး အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကျေးရွာများတွင် တံတားများ တည် ဆောက်ရေး တွင် သစ်မာများ ရှားပါးမှုကြောင့် ကွန်ဂရစ်တံတားများ တည်ဆောက်ပေး ပါက ပြည်သူများ အတွက် ပိုမို အကျိုးရှိမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်းက ပင်လယ်ပြင်တွင် ငါးသယံဇာတများ ထုတ်ယူသုံးစွဲမှု များပြားလာသည့် အတွက် ငါးသယံဇာတ မွေးမြူရေး လုပ်ငန်းများ၊ သားပေါက် စခန်းများ ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ပေးစေလိုကြောင်း အကြံပြုဆွေးနွေးသည်။ ထိုနောက် ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက မြိတ်ခရိုင် အတွင်း ကျေးရွာ(၁၄၈)ရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ရှင်းလင်း တင်ပြသည်။

ထိုနောက် တက်ရောက် လာကြသော ကျေးရွာ အထောက်အကူပြုကော်မတီဝင် များနှင့် တက်ရောက် လာကြသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရေး အတွက် လိုအပ်သည်များကို အကြံပြု ဆွေးနွေး ပြော ကြားကြရာ ဒုတိယ၀န်ကြီး ဦးတင်ငွေ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးတို့မှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: