Wednesday, March 26, 2014

မြိတ်မြို့တွင် ပြည်သူ့ ဗဟိုပြု မီဒီယာ ၀န်ဆောင်မှု သင်တန်း ၂/၂၀၁၄ ဖွင့်လှစ်



ပြည်သူများကို အသိပညာပေးရေး အတွက် ပြည်သူ ဗဟိုပြု မီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်း ဒေ သကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူ ဗဟိုပြု အများပြည်သူ ဝန်ဆောင်မှု မီဒီယာ သင်တန်း(/၂၀၁၄) ဖွင့်ပွဲကို မတ်လ (၂၅)ရက်နေ့  နံနက်(၁၀) နာရီတွင် မြိတ်ခရိုင်ရုံး သင်တန်း ခန်းမ၌ ကျင်းပသည်။

  
ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သင်တန်းဖွင့် အမှာ စကားပြောကြားသည်။ ထို့ နောက် တနင်္သာရီတိုင်း ဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်နီနီချိုက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး သင်တန်း စတင်သည်။ ၄င်းသင်တန်းသို့ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင် အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တို့မှ ဝန်ထမ်း(၂၅)ဦး တို့ တက်ရောက် ခဲ့ကြပြီး သင်တန်း ကာလမှာ မတ်လ(၂၄)ရက်မှ မတ်လ(၂၈)ရက် အထိ ဖွင့်လှစ် သွားမည် ဖြစ်သည်။

အဆိုပါ သင်တန်းတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ၊ ဆိုရှယ်မီဒီ ယာ အသုံးပြု နည်းလမ်း၊ အင်တာနက် မီဒီယာ ၀န်ဆောင်မှု လုပ်ငန်း ပြည်သူ့ ဆက်ဆံရေးနှင့် သဘော သဘာဝ သတင်းစာ၊ ပြည်သူကို ဗဟိုပြုသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၊ FTP WebPortal သတင်း အချက်အလက်များ ပေးပို့ခြင်း၊ သတင်း ဓာတ်ပုံ ရိုက်ကူးနည်း၊ သတင်း ဗီဒီယို ရိုက်ကူး တည်းဖြတ်ခြင်း၊ အင်တာဗျူး မေး မြန်းခြင်းနှင့် သတင်းထောက် ဆက်ဆံရေး၊ သတင်း ထုတ်ပြန်ချက် များ ရေးသားခြင်း၊ ပြည်သူ့ ဆက်ဆံရေး လုပ်ငန်း နှင့် သတင်းစာ၊ သတင်းစာ ရှင်းလင်းပွဲ ဘာသာရပ်များကို သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: