Monday, October 15, 2012

မြိတ်မြို့တွင် သံဃာတော်များ ဆန္ဒဖော်ထုတ်မှု အစီအစဉ် ရက်ရွေ့ဆိုင်း



မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) နေ့လည် (၁)နာရီတွင်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ရာတွင်  မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၌လည်း သံဃာတော် အရှင်သူမြတ်များနှင့် ဗုဒ္ဓဘာသာဝင်များက OIC ရုံးခွဲများအား မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ခြင်းကို ကန့်ကွက် ကြောင်း ဆန္ဒ ထုတ်ဖော်များမှာ ပြုလုပ်ရန် ယနေ့ (၁၅) ရက်နေ့  နေ့လည် (၁)နာရီခန့်တွင်  စီစဉ်ခဲ့သော်လည်း နိုင်ငံတော် သမ္မတရုံး၏ ရှင်းလင်းချက် အပေါ် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ကျေနပ် သဘောတူသဖြင့် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်အား ရက်ရွေ့ဆိုင်း လိုက်ကြောင်းနှင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်း ဒေသများတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် ဆင်းတုတော်များအပေါ် ဖျက်ဆီး အကြမ်းဖက်မှု အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖက်မှုများ အားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆို သွားမည် ဖြစ်ကြောင်း ၊ ထို့သို့ တောင်းဆိုရာ တွင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များသို့  စည်းမျဉ်း စည်းကမ်းနှင့်အညီ ခွင့်ပြုချက် တင်ပြတောင်းခံပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
(၁၅) ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်မြတ်ကြီးတွင် ဆန္ဒ ဖော်ထုတ်ရန် အတွက် စုရုံးရောက်ရှိကြရာ သံဃာတော်နှင့် ရှင်သာမဏေ အပါး (၁၀၀) ခန့်နှင့် ဗုဒ္ဓဘာသာဝင်များ ၊ NLD အဖွဲ့ဝင်များ၊ (88) မျိုးဆက်ကျောင်းသားများ စုစုပေါင်း (၁၀၀၀) နီးပါးခန့် စုရုံးခဲ့ကြောင်း သိရှိရသည်။ 

0 comments: