Monday, October 22, 2012

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်း စည်းကမ်း တင်းကျပ်ရန်လိုအပ်ကြောင်း ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးတင်စိုး မှ ပြောကြား

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်း စည်းကမ်း တင်းကျပ်ရန်လို
 Monday, 22 October 2012


တနင်္သာရီတိုင်း ဒေသကြီးတွင် ငါးမဖမ်း ရရာသီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလတာ ကုန်ဆုံးအပြီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များသည် ကမ်းနီးတွင် ဖမ်းဆီး ခြင်းများ ပြုလုပ်ခြင်းကြောင့် ကမ်းနီး ငါးဖမ်း ရေလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် စည်းကမ်းပိုမို တင်းကျပ်ပေးပါရန် တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ် ကိုယ်စားလှယ်ဦးတင်စိုးက မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော မြန်မာနိုင်ငံ ရေလုပ်သားငယ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်ပြောသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များသည် တစ်ဦးချင်း ၀င်ငွေနည်းပါးခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျမှုများ ကြုံတွေ့လာရကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာ ညွန့်ဝေက ရေချို၊ ရေငန်ငါးဥပဒေများ ပြဋ္ဌာန်းထားခြင်းသည် စည်းကမ်း ဖောက်ဖျက်သူများကို ဖော်ထုတ် အရေး ယူရန် ဖြစ်ကြောင်း ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းခံရသည့် တစ်ခုတည်းသော ဒေသဖြစ်သော တနင်္သာရီ ဒေသကြီးအတွင်း ငါးဖမ်းကွက် ၅၂ ကွက်ရှိရာ အကွက် ၃၀ မှာ ငါးမဖမ်းရရာသီ သတ်မှတ်ချက်တွင် ပါဝင်ခဲ့ခြင်းကြောင့် ရေလုပ်သားငယ်များ ငါးမဖမ်းရကာလအတွင်း အဆင်ပြေစေရန် အတွက် မြင်းကောင်ရေ ၂၅ ကောင် အောက်၊ လှေအရှည်ပေ ၃၀ အောက် စက်ဖြင့် မိရိုးဖလာ ငါးဖမ်းလှေများကို ငါးရက်မှ ခုနစ်ရက်ကြား ငါးဖမ်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ကမ်းနီးတွင် ထိုသို့ ကမ်းဝေးရေယာဉ်များ ၀င်ရောက်ဖမ်းဆီးခြင်းဖြင့် ရေလုပ်သားငယ်တို့၏ ငါးဖမ်းကိရိယာများ ပျက်စီးစေသည့် အပြင် ကမ်းနီးပင်လယ် ပြင်ကြမ်းပြင်ကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြီးခဲ့သည့် ငါးမဖမ်းရ ရာသီသုံးလကို တနင်္သာရီတိုင်းတွင် သတ်မှတ်ခဲ့သော်လည်း အခြား ပြည်နယ်များတွင် ၀င်ရောက် ဖမ်းဆီးနေ သောကြောင့် တစ်စိတ် တစ်ဒေသသာ အောင်မြင်မှု ရရှိခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီးတွင် တရွတ်ဆွဲငါးဖမ်း လုပ်ငန်းများမှာ မပြုလုပ် သင့်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်း ရေလုပ်သား ၄၂,၄၄၆ ဦး နှင့် ကမ်းဝေးငါးဖမ်းရေယာဉ် ၁,၁၁၉ စင်းရှိ ပြီး ကမ်းနီး ရေလုပ်သား ၁၇,၄၄၀ နှင့် ကမ်းနီးရေယာဉ် ၁၁,၆၁၈ စင်းရှိကြောင်း မြန်မာနိုင်ငံရှိ ရေလုပ်ငန်းထွက်ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တနင်္သာရီတိုင်း ဒေသကြီးမှ ထွက်ရှိခြင်း ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၁ သန်း ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
 

0 comments: