Wednesday, October 31, 2012

မြိတ်မြို့ အတွင်းရေပုန်းရပ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား



ဓာတ်ပုံ - tanintharyi tar

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ နံနက် (၁း၅၅)မိနစ်  (သီတင်းကျွတ်လပြည့်နေ့အလွန်) အချိန်ခန့်တွင် ဦးအောင်ဆန်းဦး-ဒေါ်ဥမ္မာ၊ အမှတ် (၈၉)၊ အတွင်းရေပုန်းရပ်၊ မြိတ်မြို့ (အမှတ် ၅ ၊ အခြေခံပညာမူလတန်းကျောင်းအနီး) နေအိမ် (ကုန်စုံဆိုင်) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသော နေအိမ်တွင် အိမ်ရှင်များ မရှိကြောင်းကိုလည်း သိရှိရပြီး မည်သည့် အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားကြောင်းကို မသိရှိရသေးပေ။ သို့သော်လည်း ၀ါယာရှော့ ဖြစ်ပြီး လောင်ကျွမ်း နိုင်ကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားသည်။ မီးလောင်ကျွမ်းမှုကြောင့် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အသီးသီးမှ ကိုယ့်အားကိုယ်ကိုး  မီးသတ်ယာဉ် (၇)နှင့်  ရပ်ကွက်ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း ငြိမ်းသတ်မှုကြောင့် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်လုံးသား ပျက်စီးပြီး ၂း၃၀ အချိန်တွင် မီးငြိမ်းသတ်မှု ပြီးဆုံးသည်။

အိမ်က အသစ်ဆောက်ထားတာ မကြာသေးဘူးတဲ့ ဒါကြောင့် အင်္ဂတေတွေ မီးသိပ်မစွဲတာပေါ့ မဟုတ်ရင် ပြိုကျသွားမှာ ပြိုကျရင် နံဘေးက ဓနိမိုး အိမ်လေးကို မီးစွဲသွားမှာ တော်သေးတာပေါ့ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးက ပြောသည်။

ယခင်ကဆိုရင် မြို့နယ် မီးသတ်ဌာန မီးသတ်ယာဉ်တွေချည်း ရှိတုန်းကဆို မီးလောင်လိုက်ရင် အကြီးအကျယ်ပဲ၊ နောက်ပိုင်း ထားဝယ်စု ရပ်ကွက်ကစပြီး ကိုယ့်အားကိုယ်ကို မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် တွေ ၀ယ်ပြီး နောက်ပိုင်းတော့ မီးအကြီးအကျယ် လောင်ကျွမ်းမှု မရှိသလောက်ပဲ ၊ မီးစလောင်တာနဲ့ မီးသတ်ယာဉ် အင်အားကောင်းတော့ အကြီးအကျယ် မလောင်ကျွမ်းနိုင်အောင် တားဆီး နိုင်ပီ၊ ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ်တွေကို ၀ိုင်းဝန်း အားပေးကူညီသင့်တယ်လို့ ပြည်သူ တစ်ဦးက ပြောကြားသည်။

0 comments: