Tuesday, October 23, 2012

မြိတ်မြို့၏ ဂုဏ်ယူစရာ ကျွဲကူး - ကျောက်ဖျာ တံတား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျောက်ဖျာတံတားမှာ နေ့ပိုင်းအချိန် ဆိုင်ကယ်ဖြတ်သန်းခ တစ်စီးကို ၅၀ ကျပ်ပေးဆောင်ရပါတယ်… ည ၆း၀၀ နာရီအချိန်ဆိုရင် တံတားမှာ ပိုက်ဆံပေးရတဲ့ဂိတ် နှစ်ခုဖြစ်သွားပါတယ်.. မြို့အ၀င် တံတားရဲ့ ပထမဂိတ် (စစ်တပ်)မှာ ဆိုင်ကယ်တစ်စီး (၅၀၀)ကျပ်ပေးဆောင်လိုက်လို့ ပြီးသွားပြီလို့ထင်နေပေမယ့် တံတားဖြတ်သန်းလို့ ပြီးခါနီးမှာ ဟော.. လြာ
ပန်ပြီ.. ၀ါးတားဂိတ်လေးတစ်ခု.. အမယ်.. ကိုယ်တော်က အရောင်ပြပြီး တံတားမှာ ခါးလေးထောက်ပြီး စောင့်နေရှာပါတယ်.. “ဟေ့... မြို့ထဲဝင်မလို့လား”တဲ့ မေးလိုက်ပုံက..(သိသားနဲ့မေးတာ).. “လ္ဘက်ရည်ဖိုး ဆိုင်ကယ်တစ်စီး ၅၀၀ ပေးရမယ်”… ဟော.. ဇာတိပြပြီ.. အရက်နံ့တွေကလည်း သင်းလို့.. ဒါနဲ့များ လ္ဘက်ရည်ဖိုးတဲ့.. သိသာပါတယ်.. ၀တ်ထားတဲ့အ၀တ်အစားကိုကြည့်တာနဲ့… (မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်)လေ… တကယ်လို့ အဲဒီ ပိုက်ဆံ ၅၀၀ မပေးရင် တံတားမှာပဲ အိပ်ရမှာလားလို့တော့ စဉ်းစားစရာ.. ပိုက်ဆံမပါရင်တော့ ဒုက္ခပဲ.. ဒါပေမယ့် ပေးလိုက်ရပါတယ်… မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်နေတာကိုး… (အဲလို လုပ်စားနေတာတော့ ကြာပါပြီ…)
ဒါကြောင့် ဆိုင်ကယ်တစ်စီး နေ့ဆို ၅၀ ကျပ်နဲ့ ည ၆း၀၀ နာရီဆို စစ်တပ် ၅၀၀ ၊ ရဲ ၅၀၀၊ ပေါင်း ၁၀၀၀ ကျပ်.. မည်သူသတ်မှတ်ထားပါသနည်း.. အမည်ခံတာကျတော့ တံတားလုံခြုံရေးတဲ့.. ပြည်သူတွေအတွက် လုံခြုံရေးများလား…

0 comments: