Thursday, October 25, 2012

မြိတ် ကျောက်မီးသွေး စက်ရုံ ဆန့်ကျင်မှု ထပ်ကြုံ


မြိတ် ကျောက်မီးသွေး စက်ရုံ  ဆန့်ကျင်မှု ထပ်ကြုံ

 

ယင်းကိစ္စနှင့် ပတ်သက်၍ မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများက ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ကန့်ကွက်ကြောင်း ဒေသခံ တို့၏ လက်မှတ် များ လိုက်လံ စုဆောင်းလျက် ရှိသည်။
၅၀ မဂ္ဂါဝပ်ရှိ ယင်း ကျောက်မီးသွေး စက်ရုံသည် လော့လော့ ကျေးရွာ အ.မ.က ကျောင်းနှင့် ခြံစည်းရိုး တစ်ခုသာ ခြားပြီး သမုတ် အထက် တန်းကျောင်းနှင့် မြစ် တစ်ခု သာ ခြားကြောင်း၊ စက်ရုံကို ဂျပန် နည်းပညာနှင့် တည်ဆောက် မည်ဖြစ်ပြီး ယခုလက်ရှိ တရုတ် နိုင်ငံထုတ် စက်များ ရောက်နေပြီ ဟု မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ထံမှ သိရသည်။
စက်ရုံနှင့် လူနေ ရပ်ကွက် အတွင်း ရှိနေခြင်း၊ စက်ရုံ မှ စွန့်ပစ်ပြာများ၊ ရေများနှင့် မီးခိုးငွေ့ များသည် မိုင်ပေါင်း များစွာ ပြန့်လွင့်နိုင်ပြီး ထွက်ရှိသော ဓါတ်သတ္တု များကြောင့် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါ၊ အရေပြား ယားယံခြင်း၊ အာရုံကြော ထိခိုက်ခြင်း နှင့် နှလုံးရောဂါ စသည့် ကျန်းမာရေး ထိခိုက် မှုများ ရှိခြင်း၊ သမုတ် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ၊ ဒေသခံ များ ငါးပိ၊ ငါးခြောက် လုပ်ငန်း အပါအ၀င် ရေ လုပ်ငန်း များလည်း ထိခိုက် လာနိုင်ကြောင်း မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆိုသည်။
တိုင်း ဒေသကြီး အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အတွက် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက် နေသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦမြတ်ကိုက ထားဝယ်မြို့တွင် ပြုလုပ်သော အစည်းအဝေး တစ်ရပ်တွင်  ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြောကြားခဲ့သည်။
ဒေသ အတွင်းတွင် လျှပ်စစ် ဓာတ်အား လိုအပ် နေသည်မှာ မှန်သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် တစ်ခုတည်းကြောင့် ကျန်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူထု ထိခိုက်နိုင် သည်များကို မလုပ်သင့်ကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသား ဦးကျော်ကျော်သက် က ဆိုသည်။
“မြိတ် ၈၈ ကတောင်းဆို တာ ဖြစ်သင့်တဲ့ ကိစ္စပါ။ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား ရရင်တော့ ပိုဝမ်းသာ ရတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။
ကျောက်ဖျာရွာ၊ လွတ်လွတ်ရွာ၊ သမုတ်ရွာ နှင့် ကျွဲကူးရွာ များသည့် ကျောက်မီးသွေး စက်ရုံနှင့် အနီးဆုံး ကျေးရွာများ ဖြစ်ပြီး ယခုလက်ရှိတွင် မြိတ် ၈၈ မှ ကျောက်မီးသွေး  ဓာတ်အားပေး စက်ရုံဆိုင်ရာ အသိပညာ ပေးမှုများကို လုပ်ဆောင်နေပြီး သြဂုတ်လ ၂၈ ရက်နေ့တွင်လည် ဒေသခံ ၁၅၀ ခန့်လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အသနား ခံစာ ပေးပို့ခဲ့ကြသည်။
“လက်ရှိ ကတော့ ကျွန်တော်တို့ ဒေသခံ တွေက ကျယ်ကျယ်ပြန့်ပြန့်တော့ မသိသေးဘူး။ အများအတွက် ကောင်းမယ် ဆိုရင်တော့ လက်ခံ ကြမှာပါ။ ဆိုးကျိုး ရှိမယ်ဆို ရင်တော့ ကန့်ကွက်မှာပဲ”ဟု အသက်  ၄၂ နှစ် အရွယ် ကျောက်ဖျာ ဒေသခံတစ်ဦးက ပြောကြားသည်။
၈ မဂ္ဂါ၀ပ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသည် စမ်းသပ်မောင်းနှင် စဉ်တွင်ပင် အသံ ဆူညံလွန်းခြင်း၊ ညှော်နံ့  မခံနိုင် ခြင်းတို့ကြောင့် စက်ရုံနှင့် ကပ်ရက် ရှိဒေသခံ ပြည်သူများ တထိတ်တလန့်ဖြစ်ခဲ့ရပြီး ကန့်ကွက်မှု များကို အရှိန်မြှင့်ကာ လုပ်ဆောင် လာကြသည်။
မြိတ်မြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား ၁၈ လဖြင့် အပြီး တည်ဆောက်မည်ဖြစ်ပြီး တနင်္သာရီတိုင်းေ ဒသကြီး အစိုရ လျှစ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနနှင့် သန်းဖြိုးသူ ကုမ္ပဏီတို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် နားလည်းမှု စာချွန်လွှာ ရေးထိုးခဲ့သည်။

0 comments: