Friday, July 19, 2013

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင် ကျင်းပ

မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တွင် ယနေ့ နံနက် (၉)နာရီ (၃၀) ချိန်မှ (၁၀)နာရီ (၅၀) မိနစ် အချိန်အထိ ကျင်းပပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်များ၊ မြိတ်တက္ကသိုလ်များ သမဂ္ဂမှ အဖွဲ့ဝင်များ ၊ ပြည်သူများ စုစုပေါင်း အင်အား (၆၀၀) ကျော် တက်ရောက်ခဲ့သည်။ 


ထိုအာဇာနည်နေ့ အခမ်းအနားတွင် မြိတ်ခရိုင်နှင့် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ လွမ်းသူ ပန်းခွေ (၁၇)ခွေ၊ (၈၈) မျိုးဆက်ကျောင်းသားများမှ လွမ်းသူ့ပန်းခွေ (၁)ခွေ ၊ မြိတ်တက္ကသိုလ်များ ကျောင်းသား သမဂ္ဂမှ လွမ်းသူ့ ပန်းခွေ (၁)ခွေ၊ မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာ စာကြည့်တိုက် လူငယ်များ အဖွဲ့မှ ပန်းခွေ (၁)ခွေ စုစုပေါင်း လွမ်းသူ ပန်းခွေ (၂၀)ခွေ ဖြင့် ဗိုလ်ချုပ်ကြေးရုပ်တွင် ချပြီး အာဇာနည် ခေါင်းဆောင်ကြီးများအား ဂါရ၀ ပြုကြသည်။ 

ထိုနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ပေးပို့သည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ သ၀ဏ်လွှာအား မြိတ်မြို့နယ် ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ဖတ်ကြားကာ နိုင်ငံတော်အလံ ၊ NLD အဖွဲ့ချုပ်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပြီးနောက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ဥသြများ ဆွဲ၍ ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ဆောင်ရွက်ပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။  


0 comments: