Tuesday, July 2, 2013

ကော့သောင်း-မြိတ်မှ တစ်ဆင့် မြ၀တီ- တမူး- အင်ဖာ ခရီးပေါက်မည့် အာရှလမ်းမကြီး




မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီ ကမ်းရိုးတန်းရှိ မြိတ်ခရိုင်မှ ဒေသခံ တိုင်းရင်းသား ပြည်သူများ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် စက်မှု၊ လက်မှုကုန်သွယ်မှု ရင်းနှီးမြုပ်နှံမှု များစွာတို့ကို ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖက်စပ်ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်မှုသည် အဓိက မောင်းနှင်အား ဖြစ်သလို လမ်းပန် ဆက်သွယ်ရေး သည်လည်း အဓိကကျသည်။ ယခုအခါ ရန်ကုန်မြို့မှ တစ်ဆက်တည်း ထားဝယ်-မြိတ်- ကော့သောင်းမြို့များသို့ နေ့ညမပျက် ကုန်းလမ်းခရီး၊ ရေကြောင်းခရီး၊ လေကြောင်း ခရီးနှင့် မီးရထားတို့ဖြင့် သွားရောက်နိုင်ပြီဖြစ်သည်။


ရန်ကုန်မှ မန္တလေးသို့ မီးရထား၊ မော်တော်ကား၊ လေယာဉ်ပျံ များဖြင့် အောက်နှင့်အထက် လွယ်ကူစွာ ဆက်သွယ် သွားလာနိုင်ပြီး မန္တလေးမြို့မှ မုံရွာ-ယာကြီး- ကလေးဝ -ကလေး- တမူး- မိုးရေးမြို့များမှ အင်ဖာမြို့ လမ်းမကြီး တစ်လျှောက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက လမ်းများ ပြင်ဆင်ခြင်း၊ ထပ်ပိုးလွှာ ခင်းခြင်းတို့ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုရမည် ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့ကြီး မြို့ငယ် အသွယ်သွယ်သို့ ခရိုင်ချင်းဆက် လမ်း၊ တံတားများနှင့် မြို့နယ်ချင်းဆက် လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်လာမှုနှင့် အတူ ထားဝယ် ရေနက်ဆိပ်ကမ်း အထူး စီးပွားရေးဇုန်၊ မြိတ်ရေနက် ဆိပ်ကမ်း အထူး စီးပွားရေဇုန်၊ ကျောက်ဖျာ စီးပွာရေးဇုန်၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်း၊  ကရသူရိ ရေနက် ဆိပ်ကမ်း အထူး စီးပွားရေးဇုန် များနှင့် ထီးခီး ကုန်သွယ်ရေးဂိတ်၊ မောတောင် ကုန်သွယ်ရေးဂိတ်များ ဆက်တိုက် ဖွင့်လှစ် လုပ်ကိုင် ဆောင်ရွက်နိုင်မှု များကြောင့် အပြည်ပြည် ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင် များ စိတ်ဝင်တစား ရှိလာသည်။ ရင်းနှ်း မြှုပ်နှံလိုသူများ စိတ်အား ထက်သနိချိန် တနင်္သာရီ ကမ်းရိုးတန်း ပင်လယ်ပြင် တစ်လျှောက် မြို့ရွာနှင့် ကျေးလက်ဒေသ မကျန် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုး တိုးတက်လာအောင် မြှင့်တင် ဆောင်ရွက်မှု တစ်ခုဖြစ်သော တနင်္သာရီ တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ မဏီပူရပြည်နယ် အင်ဖာမြို့မှ ကလေး - မုံရွာ - မန္တလေး - နေပြည်တော် -ရန်ကုန်- မော်လမြိုင် - ထားဝယ် –မြိတ် – မောတောင် -ပရာချွတ်(ပကျွတ်)၊-ထိုင်း- ဗန်ကောက်မြို့ အထိ အာရှ လမ်းမကြီး တစ်ခုမှာ ၂၀၁၈ ခုနှစ်တွင် ပေါ်ထွန်းလာမည်ဖြစ်သည်။ 

ထိုအချိန်တွင် အဆင်သင့် ဖြစ်နိုင်ရေး မြိတ်- အင်ဖာ ခရီးသည်တင် Air Bus ပြေးဆွဲနိုင်ရေး၊ Yangon Air Bus ရန်ကုန် အအေးခန်းပါ ဘတ်စ်ကားကြီးများကို Yangon Taxi Air Bus ကားလိုင်းသစ်မှ ပြေးဆွဲရန် စီစဉ်လျက် ရှိသည်။ မြိတ်-အင်ဖာ အဆင့်မြင့် ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲခြင်းဖြင့် မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးအောင်ခင်က သုံးသပ် ပြောကြားခဲ့သည်။

(30-6-2013) ရက်နေ့ ထုတ် ကြေးမုံသတင်းစာ


0 comments: