Monday, July 15, 2013

မြိတ်မြို့ နောက်လယ် (၅) လမ်းထိပ်မှ စွန့်ပစ် အက်ဆစ် အရည်များနှင့် အနံ့ဆိုးများ တားမြစ် ဖယ်ရှားစေလို (ပေးစာ)


၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၄)ရက် နံနက် (၉း၅၀)အချိန်ခန့် မြိတ်မြို့ နောက်လယ် (၅)လမ်းထိပ် ရှိ ပလပ်စတစ် အဟောင်းပုံးဆိုင်မှ  စွန့်ပစ် ဆေးကြောလိုက်သော အက်ဆစ် အရည်များကြောင့် နောက်လယ် (၅)လမ်းနေပြည်သူများနှင့် လမ်းသွားလမ်းလာများမှာ များစွာ အခက်တွေ့လျှက် ရှိပါသည်။

ထိုဆိုင်သည် နောက်လယ် (၅)လမ်းထိပ်တွင် ရှိပြီး ရေခဲထည့် သည့်ပုံးများ၊ ငါးဖမ်း စက်လှေများတွင် အသုံးပြုသည့်ပုံးများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းနေပါသည်။  မိမိဆိုင်၌ ပြန်လည်ရောင်းချရန် အတွက် ပုံးများကို ဆေးကြောသည့်အခါ ပုံးများအတွင်းတွင် ယခင် အသုံးပြုစဉ် ပါဝင်လာခဲ့သော အက်ဆစ်များကို လမ်းထိပ်မှနေ၍ လမ်းမပေါ်သို့ ဆေးကြော စွန့်ပစ် နေခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ထိုစွန့်ပစ် အရည်များနှင့် အနံ့ဆိုးများကို လမ်းအတွင်း နေပြည်သူများမှာ မခံနိုင်ပါသဖြင့် မိမိ အိမ်ပတ်ဝန်းကျင်နှင့် လမ်းများပေါ်တွင် ပြန်လည် ဆေးကြောခြင်းများ ပြုလုပ်နေရပါသည်။

ထိုကဲ့သို့ အကြိမ်ရေများစွာ စည်းကမ်းမဲ့ စွန့်ပစ်သော အရည်များနှင့် အနံ့ဆိုး များကြောင့် လမ်းအတွင်း နေထိုင်သူများမှာ သီးမခံနိုင်ပါ သဖြင့် ထိုသို့ပြုလုပ်ခြင်းမျိုးကို တားမြစ် ဖယ်ရှားပေးပါရန် အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းသိန်းသို့ ပြောကြားထားပြီးဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှလည်း အမြန်ဆုံး ထိရောက်စွာဖြင့် စိစစ်ဆောင်ရွက် ပေးနိုင်ပါရန် အကူအညီတောင်းခံအပ် ပါသည်။

စွန့်ပစ်အရည်နှင့် အနံ့ဆိုးများသီးမခံနိုင်သည့်
နောက်လယ် (၅)လမ်းနေ ပြည်သူများ


1 comments:

Unknown said...

နောက်လယ်ရပ်ကွက် က အပောာင်းဆိုင်များ ရှင်းလင်းသင့်တာကြာပါပြီ၊ရပ်ကွက် အကျည်းတန်မှုတွေလဲများလှပါပြီ၊ယခုလဲ ကြည့်ပါအုံး ရပ်ကွက်လူထု ကျန်းမာရေး ထိခိုက်မဲ့ ကိစ္စမျိုးဖြစ်လာမယ်ဆိုရင်တော့ သည်းခံနှိုင်မဲ့ အတိုင်းအတာ ကျော်လာပြီပေါ့၊ မြို့နယ်စည်ပင်သာယာရေးက အပောာင်းဆိုင်တွေက လာဘ်စားပြီး မသိခြင်ယောင်ဆောင်နေပြီလား၊
ယခု ပြောနေကြပြီလေ အိပ်ရာကနှိုးထလာပါတော့။