Sunday, July 7, 2013

မူးယစ်ဆေးပြား ရောင်းချသူ အုပ်ချုပ်ရေးမှူးဟောင်းအား ထောင်ဒဏ် (၃၄)နှစ် ချမှတ်

စိတ်ကြွ မူးယစ်ဆေးပြားများ ရောင်းချသူ ဦးသန်းအေး (ယခင် တနင်္သာရီ မြို့နယ် ဇ၀ဲ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း) မြိတ်ခရိုင် တရားရုံးမှ ပြစ်မှုပုဒ်မ၊  ၁၅/၁၉(က)၂၀(က) တို့ဖြင့် ဇူလိုင်လ (၁) ရက်နေ့တွင် ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် မြိတ်ခရိုင် အထူး မူခင်းနှိမ်နှင်းရေး အဖွဲ့မှ မြိတ်မြို့ ကျွဲကူး ကျေးရွာ ပုလဲသွယ် ရပ်ကွက် တံတားလမ်းရှိ အအေးဆိုင် တစ်ဆိုင်သို့ သွားရောက် စစ်ဆေးစဉ် အအေးဆိုင်အတွင်း ထိုင်နေသူ ဦးသန်းအေးအား WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပါ ၉၀ နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ တနင်္သာရီမြို့နယ် ရမ်းဖို ကျေးရွာနေ ညွန့်ဝင်း (ဖမ်းဆီးမရမိသေး) ထံမှ ရောင်းချရန် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးသန်းအေးမှာ တနင်္သာရီမြို့နယ် ဇ၀ဲ ကျေးရွာအုပ်စုတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အထိ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Eleven Media Group သတင်းစာ ဇူလိုင် (၃) ရက်


0 comments: