Sunday, July 7, 2013

ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု မြိတ်မြို့၌ ပြုလုပ်

မြိတ်ခရိုင် အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် စုဖွဲ့ထားသော မြိတ်မြို့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု၏  စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇူလိုင်လ (၇)ရက် နံနက်(၈)နာရီတွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်၍  မီးသတ် တပ်ဖွဲ့ဝင်(၃၅)ဦး၊ ကြက်ခြေနီ(၁၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၂)ဦးတို့ဖြင့်   မြိတ်မြို့ ဘုရားဆူကွင်း၌ ပြုလုပ်ခဲ့ကြသည်။
 
ု စုဖွဲ့ဇာတ်တိုက် လေ့ကျင့်ခြင်းတွင် ရွက်ဖျင်တဲထိုးနည်းအမျိုးမျိုး၊ လူနာသယ် နည်းနှင့် အမျိုးမျိုး၊ ဒုက္ခသည် များအား ရှာဖွေ ကယ်ဆယ်နည်း၊ ရှေးဦး သူနာပြုစုနည်းများ၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
 
 

0 comments: