Sunday, July 7, 2013

ပုလဲရွှေရည် ဆရာမများ အဆောင်သစ် မြိတ်တက္ကသိုလ်၌ ဖွင့်လှစ်

မြိတ်တက္ကသိုလ် ပုလဲရွှေရည် ဆရာမများ အဆောင်သစ် ဖွင့်ပွဲကို ဇူလိုင်လ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါ အဆောင်သစ်တွင် ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုအဆောင်သစ်ကို  ၁၆-၁၁-၂၀၁၂ရက်နေ့မှ စတင်ပြီး မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ယူ၍ ဆရာမ(၂၀)ဦးခန့် နေထိုင်နိုင်သော အလျား(၈၅)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေရှိ နှစ်ထပ် သံကူ ကွန်ဂရစ်ကို ကျပ်သန်းပေါင်း (၂၁၂.၆၉) သန်းဖြင့် (၁၉-၃-၂၀၁၃)ရက်နေ့တွင် တည်ဆောက်ပြီးစီး ခဲ့ကြောင်း အဆောင်သစ် ဖွင့်ပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က ရှင်းလင်းပြောကြား ခဲ့သည်။
 
 

0 comments: