Wednesday, July 17, 2013

မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ အမြင်မှန် ရပြီးနုတ်ထွက်

၂၀၁၃ ခုနှစ် ဇူလှိုင်လ (၁၄)ရက်နေ့ မြိတ် ခရိုင် အတွင်း ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှု စီမံကိန်းအား သန်းဖြိုးသူ ကုမ္ပဏီ နှင့် မြိတ် စီးပွားရေး လုပ်ငန်းရှင်များ အများပိုင်တို့ ပူပေါင်းပြီး မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ( ခယက ဥက္ကဋ္ဌ မှ တရားဝင် မှတ်ပုံတင်ထားသည့် ဟု ဆိုခဲ့) ဥက္ကဋ္ဌ ဦးဆန်းလွင်မှ ယနေ့ မနက် ၉.၃၀ ခန့်တွင် မြိတ်ခရိုင် ၈၈ မျိုးဆက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ရာ ပြည်တွင်း/ ပြည်ပ သတင်း မီဒီယာ များမှ တွေ့ဆုံမေးမြန်း သတင်းယူခဲ့ ပါသည်။


ဦးဆန်းလွင် မှ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိကြောင်း မူလ လုပ်ငန်းစဉ် အနေဖြင့်ဒေသတွင်း လူထု အကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက် ဈေးနှုန်း ချိုသာစွာဖြင့် လျှပ်စစ်မီးရရှိရေး အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေးအား ထောက်ခံခဲ့ မိကြောင်း၊ မြိတ်ခရိုင်အတွင်း လူထုမှ အပြင်းအထန် ကန့်ကွက်ပြီး ဆန္ဒပြပွဲများ အားပြုလုပ်ခဲ့ရာတွင် ၄င်းမှ ဦးကျော်လွင် (သန်းဖြိုးသူ ကုမ္ပဏီ) ဦးလှသန်း ( မြိတ် စက်မှု လုပ်ငန်းရှင်များ အများပိုင် ကုမ္ပဏီ) တို၏ ညွှန်ကြားချက် အရ တန်ပြန်ဆန္ဒပြပွဲကို စီစဉ် ကြီးကြပ်ဖော်ဆောင်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပါကြောင်းပြောပါသည်။

လက်ရှိ လုပ်ငန်းရှင်များမှ မူလကောင်းမွန်သည့် ရည်ရွယ်ချက်များအား မဖော်ဆောင်ပဲ တစ်ဦး တစ်ယောက် ကောင်းစားရေး ခရိုနီများ ညီညွှတ်ရေးသာ လုပ်လျက်ရှိရာ ၄င်းအနေဖြင့်မြိတ်ခရိုင် ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ တရားဝင် နုတ်ထွက်ကြောင်း နှင့် မြိတ်လူထုအား အနူးအညွှတ်တောင်းပန် ပါကြောင်း ကြေငြာခဲ့ပါသည်။

Myeik ( Buy&Sale) မှ ကူးယူဖော်ပြသည်။


 

0 comments: