Saturday, July 6, 2013

တနင်္သာရီမြို့နယ် ပ၀ ကျေးရွာ NLD ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂၀ ဦး ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်

NLD ပါတီ (ဗဟို) ဥက္ကဌ ဒေါ်စုကြည်နှင့် NLD ပါတီ (ဗဟို) အနေဖြင့်  မြန်မာ မြန်မာနိုင်ငံအတွင်း  ဖြစ်ပေါ် ခဲ့သော မွတ်ဆလင် -မြန်မာ ပဋိပက္ခများနှင့် မျိုးစောင့် ဥပေဒ ပြဌာန်း ရေးဆွဲရေး ဆောင်ရွက်တွင် ဗုဒ္ဓ ဘာသာ ၀င်များ ဖက်မှ ရပ်တည်ထောက်ခံမှု မပြုခဲ့သည့် လုပ်ရပ်များကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် အတွင်းရှိ ရဟန်း သံဃာတော် များနှင့် ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်း နေသော ဒေသခံ ရပ်မိ ရပ်ဖများ၏ ဥပေက္ခာ ပြုခြင်း / မုန်းတီးသည့် အပြုအမူတို့ကို မြင်တွေ့ ရသဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် 


“ပ၀ကျေးရွာ” အုပ်စု NLD ပါတီ အလုပ် အမှုဆောင် ဥက္ကဌ ဦးထွန်းလှ၏ နေအိမ်၌ ဦးထွန်းလှနှင့် ပါတီဝင် (၂၀)ဦးခန့်သည် အစည်း အဝေး ပြုလုပ်ခဲ့ပြီး NLD ပါတီမှ နုတ်ထွက်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။
Taunggyi Shan > တောင်ကြီး မီဒီယာများ စုစည်းရာ Yesterday at 5:15pm ·မှ ကူးယူဖော်ပြပါသည်။




0 comments: