Monday, July 22, 2013

ဘင်္ဂလာပင်လယ်အော် အတွင်း ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုလ်တု ဆက်သွယ်ရေး ကိရိယာ ပင်လယ်ပြင်အတွင်း မျှောပါမှုအား မြန်မာ ငါးဖမ်း သင်္ဘောက ဆယ်ယူ

ဘင်္ဂလားပင်လယ်အော်ရှိ ရေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ထိုင်းနိုင်ငံ အတွက် ပင်လယ် ရေပြင်ဂေဟ စနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုလ်တုဆက်သွယ်ရေး ကိရိယာ Rama Buoy သည် ရာသီဥတု ဆိုးရွား မှုကြောင့် မြန်မာနိုင်ငံရေပိုင်နက်သို့ မျှောပါခဲ့သဖြင့် ထိုင်းနိုင်ငံမှ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများမှ မြန်မာ့ ရေပိုင်နက်အတွင်း ရှာဖွေခဲ့ ပါသည်။
အဆိုပါ ဂြိုလ်တုဆက်သွယ်ရေး ကိရိယာကို Looking Forward Co.ltd ပိုင် အောင်သူဇော် ၅၅၅ ငါးသယ် ရေယာဉ်မှ (၁၇-၇-၂၀၁၃)ရက် နေ့လည်(၃) နာရီခန့်တွင် မြန်မာ့ရေပိုင်နက် လတ် ၁၀ဒီဂရီ ၅၈ မိနစ်၊ လောင် ၉၇ ဒီဂရီ ၅၂မိနစ် ရေပြင်တွင် မျှောပါနေသည်ကို တွေ့ရှိရ၍ ဆယ်ယူပြီး ရေယာဉ်ဖြင့် တင်ဆောင်လာခဲ့ရာ မြိတ်မြို့သို့ (၁၉-၇-၂၀၁၃)ရက်နေ့တွင် ရောက်ရှိလာ ခဲ့သည်။
 
ရေယာဉ်ဖြင့် တင်ဆောင်လာသော ဂြိုလ်တု ဆက်သွယ်ရေး ကိရိယာကို မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး နှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ရာ ထိုင်းနိုင်ငံ ရေပြင်တွင် ပျောက်ဆုံး သွားသော ပင်လယ် ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုလ်တုဆ က်သွယ်ရေး ကိရိယာဖြစ်ကြောင်း တွေ့ရှိရသဖြင့် Looking Forward ကုပ္မဏီပိုင ဂိုဒေါင်တွင် ခေတ္တ ထိန်းသိမ်း ထားရှိပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ လိုအပ် သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန် သတင်းပေးပို့ ထားကြောင်း သတင်း ရရှိသည်။

IPRD MYEIK FB


0 comments: