Saturday, December 1, 2012

ကျွန်းစုမြို့နယ် ရှမ်းဘုံရွာတွင် မိကျောင်းကြီးအား အသေဖမ်းဆီးမိ


တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု ရှမ်းဘုံ ရွာဟောင်း အရှေ့ဘက် ရာမချောင်းဝ အနီးရှိ ရှမ်းဘုံမြစ် အတွင်းမှ အလျား ၁၇ ပေ၊ လုံးပတ် ၆ ပေ ၆ လက်မ အရွယ်အစား၊ လက်တစ်ဖက် (၂)ပေ၊ အမြီး (၈)ပေ အရွယ်အစားရှိ မိချောင်းမ တစ်ကောင်အား နိုဝင်ဘာလ (၂၉)ရက် နံနက် ၉ နာရီက ရွာသား(၅)ဦးမှ မှိန်းဖြင့် ထိုးပြီး  အသေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းနေရာ အနီး တစ်ဝိုက်တွင် လွန်ခဲ့သော သုံးလခန့်က ကဏန်းချေးပုံးေ ကာက်သူ အလုပ်သမား တစ်ဦးအား မိချောင်းဆွဲ၍ သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ၎င်းမိချောင်းအား ဖမ်းဆီးရမိရေး အတွက် ပြင်ဆင်ဆောင်ရွက်ရာ ယခုအခါ အသေ ဖမ်းဆီး ရမိခြင်းဖြစ် ကြောင်း နှင့်  မိကျောင်း၏ အရေခွံအား သစ်တောဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သိရှိရပါသည်။


ဓာတ်ပုံ - google

0 comments: