Tuesday, December 18, 2012

နိုင်ငံတော်သမ္မတ မြိတ်ခရိုင်၊ တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်



၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်၊ နံနက် (၈၄၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ပုလဲရတနာခမ်းမ၌ ပြုလုပ်ကျင်းပသော တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ လူဦးရေ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုမှ မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို ရှင်းလင်းတင်ပြကြောင်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ၀န်ကြီး ဦးတင်နိုင်သိန်း၊ ၀န်ကြီး ဦးစိုးသိန်း၊ ၀န်ကြီး ဦးလှထွန်းတို့မှ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြောင်းနှင့် နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်အမှာစကားပြောကြားပြီး အခမ်းအနားကို (၁၀၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments: