Saturday, December 22, 2012

မြိတ်မြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်၊ ညနေ (၃း၂၅) အချိန်ခန့်တွင် မြိတ် လေဆိပ်သို့ရောက်ရှိခဲ့ပါသည်။ ညနေ (၃း၄၅) နာရီအချိန်ခန့်တွင် ဦးစောဂျက် ကွင်းပြင်၌ မိနစ် (၃၀)ခန့် ပြည်သူလူထုအား ဟောပြောခဲ့ပြီး ညနေ (၅း၁၀) အချိန်ခန့်တွင် တည်းခိုအနားယူမည့် ကမ်းနားလမ်းရှိ ဦးစိုးသိန်း နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ မနက်ဖြန် (၇) နာရီအချိန်တွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာသို့ သွားရောက်ပြီး ပြည်သူ လူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments: