Tuesday, December 4, 2012

တနင်္သာရီမြို့နယ် တကူအုပ်စု သံတိုက်ရွာ ပတ်အင်း၌ ကလေး (၃)ဦး ရေနစ် သေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာ၌  ဦးညီကိုကိုလင်း +ဒေါ်မိုးဝေယံ နှင့် ဦးနောင်တို + ဒေါ်သီတာခိုင် တို့သည် ကလေးငယ်များအား အိမ်နီးနားချင်းထံ အပ်နှံပြီး အလုပ်ခွင်သို့ ထွက်သွား ခဲ့ကြရာ ၄င်းတို့၏ ကလေးများ ဖြစ်သည့် မောင်ဝေယံ အသက် (၃)နှစ်၊ (ဘ) ဦးညီကိုကိုလင်း၊ မောင်သန်းဇော်ညီ အသက် (၄)နှစ် (ဘ) ဦးနောင်တို၊ မောင်ဆန်းလင်းနိုင် အသက် 

 
(၃)နှစ်၊ (ဘ) ဦးနောင်တို တို့မှ အိမ်တွင် မနေဘဲ အိမ်နှင့် ကိုက် (၁၀၀) ခန့်ဝေးကွာသော ပတ်အင်း အမည်ရှိ အင်းအတွင်းသို့ ရေဆင်းကူးရာမှ ၂၀၁၂ ဒီဇင်ဘာ (၄)ရက်နေ့ နံနက် (၁၁း၃၀) နာရီ အချိန်ခန့်တွင် ကလေးငယ် (၃) ဦး စလုံး ရေနစ်မြှုပ် သေဆုံး သွားကြောင်းနှင့် ၄င်းတို့၏ ရုပ်အလောင်းအား တကူဆေးရုံတွင် ခွဲစိတ် စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

0 comments: