Monday, December 10, 2012

မြိတ်မြို့ရှိ တရားပွဲများတွင် အမျိုး၊ ဘာသာ၊ သာသနာတော်ကို ကာကွယ် စောင့်ရှောက်မည့် ဂဏ၀ါစက သံဃာ့ကွန်ယက် မိတ်ဆက် အခမ်းအနား DVD အခွေများ ဖြန့်ဝေ ကုသိုလ်ယူ

ယခု ရက်သတ္တပတ် အတွင်း မြိတ်မြို့ပေါ်တွင် ကျင်းပ ပြုလုပ်လျက် ရှိသော ဆရာတော်ဘုရားကြီးများ၏ တရားဟောပွဲများတွင် အမျိုး ၊ ဘာသာ၊ သာသနာတော်ကို ကာကွယ် စောင့်ရှောက်မည် ဂဏ၀ါစက သံဃာ့ ကွန်ယက် မိတ်ဆက် အခမ်းအနား DVD အခွေများ ဖြန့်ဝေ ကုသိုလ်ယူသူများ များပြားလာကြောင်း သတင်း  ရရှိသည်။

အဆိုပါ ဂဏ၀ါစက သံဃာ့ကွန်ယက် သည် သာသနာ့ တာဝန် ထမ်းဆောင်နေကြသည့် သံဃာတော် အချင်းချင်း  အပြန်အလှန် ဆက်သွယ်မှု ဖြစ်ရန်၊ ဘာသာရေး ဗဟုသုတများအား နှီးနှော ဖလှယ်ကျစေရန်၊ ဗုဒ္ဓဘာသာဝင်  ရင်သွေးငယ်များအား ဘာသာရေး အသိအမြင်များ ပေးရန်၊ အမျိုး ၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး တရားများ ဟောကြားရန် စသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့တွင် မော်လမြိုင် မြို့တွင် စတင် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။


ဂဏ၀ါစက သံဃာ့ကွန်ယက်၏ တံဆိပ်မှာ ဗုဒ္ဓသာသနာတော် အလံကို နောက်ခံပြုပြီး အသောက မင်းကြီး၏ ကျောက်စာတိုင်၊နှင့် ပဌာန်း (၂၄) ပစ္စည်း တို့ကို ထည့်သွင်း ထားပြီး တံဆိပ်၏ အပေါ် ဘက်ထိပ်တွင် ဘုရား ဂုဏ်တော် (၉)ပါး၊ တရား ဂုဏ်တော် (၆)ပါး၊ သံဃာ ဂုဏ်တော် (၉) ပါး ကို ရည်ညွှန်းသော ၉၆၉ သင်္ကေတ ကို ရေးသား ထားပါသည်။

ထို တံဆိပ်တော်၏ မူရင်း ဇစ်မြစ်သည် ကျောင်းတိုက် အသီးသီး ရှိ စာချ ဆရာတော်များ စုစည်း ထားပြီး ဂိုဏ်းပေါင်းစုံ သံဃာ မဟာ နာယက ဆရာတော် ဘုရားကြီးများ၏ သြ၀ါဒ ခံယူကာ မည်သူ့ကိုမျှ မထိခိုက် မနစ်နာ စေဘဲ ရတနာ သုံးပါးကို  အမြဲ ဦးထိပ် ထားစေချင်သော စေတနာ များစွာဖြင့် တစ်နိုင်ငံ လုံးရှိ ဗုဒ္ဓဘာသာ ၀င်များ အသုံးပြု ဆောင်ထား နိုင်စေရန်  ရည်ရွယ် ပြုလုပ်ထားခြင်း ဖြစ်ကာ အဆိုပါ တံဆိပ်အား ဗုဒ္ဓဘာသာဝင်များက ကြည်ညို သဒ္ဓါ ပွားများပြီး လက်ဆင့်ကမ်း  အသုံးပြုလာမှုကြောင့် တစ်နိုင်ငံလုံး နီးပါး အချိန်တိုအတွင်း ပျံ့နှံ့ လာခဲ့ခြင်း ဖြစ်ပြီး မော်လမြိုင် မြို့ရှိ ကား၊ ဆိုင်ကယ်၊  နေအိမ်များတွင် ၇၀ ရာခိုင်နှုန်း ခန့် ထိုတံဆိပ် စတေကာများ ကပ်ထားလျက် ရှိကြောင်း သိရှိပါသည်။

2 comments:

စိုးတင်အောင် said...

တံဆိပ်တော် ကို Psd file နဲ့ အင်တာနက်တွင် အလွယ်တကူ ရယူနိုင်အောင် တင်ပေးထားလျှင် တစ်နိုင်ငံလုံး မူမကွဲဘဲ အလွယ်တစ်ကူ အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် google တွင်အလွယ်တစ်ကူ ရှာဖွေရရှိနိုင်ရန် ပြုလုပ်ပေးထားသင့်ပါသည်။

စိုးတင်အောင် said...

တံဆိပ်တော် ကို Psd file နဲ့ အင်တာနက်တွင် အလွယ်တကူ ရယူနိုင်အောင် တင်ပေးထားလျှင် တစ်နိုင်ငံလုံး မူမကွဲဘဲ အလွယ်တစ်ကူ အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် google တွင်အလွယ်တစ်ကူ ရှာဖွေရရှိနိုင်ရန် ပြုလုပ်ပေးထားသင့်ပါသည်။