Wednesday, December 12, 2012

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကန်ခေါင်း၊ ဈေးတန်း၊ မြစ်ငယ် ရုံးဖွင့်ပွဲများ ကျင်းပ


မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်ရုံးများ ဖွင့်ပွဲ အခမ်းအနားကို ၁၂-၁၂-၂၀၁၂ ရက်နေ့ တွင် ပြုလုပ်ရာ ထိုနေ့  (၀၈၃၀) နာရီအချိန်တွင် ကန်ခေါင်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားအား မြကန်သာလမ်းရှိ ဦးလှမြင့် နေအိမ်တွင် လည်းကောင်း၊ ဈေးတန်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားအား ((၀၉၀၀) နာရီတွင် SB ရုံးလမ်း လမ်းသွယ်ရှိ ဦးဆန်းလွင် နေအိမ်တွင် လည်းကောင်း၊ မြစ်ငယ်ရပ်ကွက်ရုံး ဖွင့်ပွဲကို (၀၉၃၀) နာရီအချိန်တွင် ရွှေပြည်သာလမ်းရှိ  ဦးစိုးမိုး(ခ) ဦးသားကြီး နေအိမ်တွင် လည်းကောင်း ပြုလုပ်ကျင်းပကြပါသည်။

ကန်ခေါင်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကန်ခေါင်းရပ်ကွက် စည်းရုံးရေးမှူး ဦးလှမြင့်က ဆိုင်းဘုတ်ကြိုးဆွဲဖွင့်လှစ်၍ တိုင်းကော်မတီဝင် ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ဈေးတန်းရပ်ကွက် ရုံးဖွင့်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး သစ်တော / သတ္တု ၀န်ကြီး ဦးတင်စိုးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ဈေးတန်း ရပ်ကွက် စည်းရုံးရေးမှူး ဦးကျော်ကျော်စိုးက ဆိုင်းဘုတ်ကြိုးဆွဲ ဖွင့်လှစ်၍ တိုင်းကော်မတီဝင်  ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

မြစ်ငယ်ရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး သစ်တော / သတ္တု ၀န်ကြီး ဦးတင်စိုးနှင့်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ရှန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ မြစ်ငယ်ရပ်ကွက်   စည်းရုံးရေးမှူး ဦးကျော်ထွေးက က ဆိုင်းဘုတ်ကြိုးဆွဲ ဖွင့်လှစ်၍ တိုင်းကော်မတီဝင် ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားများသို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး နှင့် တိုင်းကော်မတီဝင်များ ၊ ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့်  ကော်မတီဝင်များ၊ မြိတ်မြို့နယ် အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ပါတီဝင်များ  စုစုပေါင်း အင်အား (၁၀၀) ဦးခန့် တက်ရောက်ပါသည်။ 


1 comments:

Unknown said...

ဖွင့်မနေပါနဲ့တော့ ၂၀၁၅ ကျင်ရင်ငိုရလိမ့်မယ်