Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောရန်အတွက် သန့်ရှင်းရေးလုပ်ပြီး အမှိုက်မီးရှို့ရာမှ spray ဘူးပေါက်၍ ထိခိုက်ဒဏ်ရာရ



၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ညနေ (၃း၀၀)နာရီအချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ၊ ဘုံကျောင်းနံဘေး၊ စာသင်ကျောင်းလမ်း၊ ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည့် ကွင်း တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် အခါ ဟောပြောရန်အတွက် ကွင်းကို သန့်ရှင်းရေးလုပ်၍ အမှိုက်များကို မီးပုံရှို့ရာမှ အမှိုက်ပုံ အတွင်း၌ ပါလာသော (spray) စပလေးဘူး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါသည်။ ၄င်းပေါက်ကွဲမှုကြောင့် ဒေါ်ဝင်းကြည် (၅၄)နှစ် ၀ဲမျက်လုံးအောက်တွင် ပွန်းပဲ့ဒဏ်ရာရ၊  ဒေါ်ကြူသန်း (၄၄)နှစ် ပေါင်နှစ်ဖက်တွင် ပွန်းပဲ့၊  မဇင်ဇင်အေး (၁၇)နှစ် ရင်ဘတ်တွင် အဖုတက် ၊ မမိုးပွင့်ဖြူ (၁၇)နှစ် ခါးတွင် ပွန်းပဲ့ဒဏ်ရာရရှိသွားကြောင်း ၄င်းတို့ကို ကံမော် ဆေးရုံတွင် ဆေးထည့်ပြီး နေအိမ်သို့ ပြန်ဆင်း သွားကြောင်း သတင်းရရှိပါသည်။
 

1 comments:

lusoe said...

Sprayလား ဟုတ်ရဲ့လား မင်းပြောတာဟုတ်ရဲ့လား။