Thursday, December 13, 2012

ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း ခရီးစဉ် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ၊ ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ် ရန်ပုံငွေ အဖြစ် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့ ည (၇) နာရီအချိန်တွင် မြိတ်မြို့ ကြံတောရပ်ရှိ ဦးစောဂျက် မင်္ဂလာ ခန်းမ၀င်းအတွင်း ပြုလုပ်မည် ဖြစ်ပါသည်။

ဂီတဖျော်ဖြေပွဲတွင် ဆိုတေး၊ ခင်ဘုဏ်၊ နီတာ၊ Blue Berry တို့မှ ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင်  (၃၀၀၀ိ) ကျပ်နှုန်းဖြင့် မြိတ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မော်တော်ယာဉ်တွင် လည်းကောင်း၊ ရပ်ကွက် အသီးသီးရှိ NLD ပါတီ ရုံးများတွင် လည်းကောင်း ၀ယ်ယူ အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ (၂၂) (၂၃) (၂၄) ရက်နေ့များတွင် ကော့သောင်းမြို့ ၊ မြိတ်မြို့၊ ကျွန်းစုမြို့တို့သို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရှိရပါသည်။



0 comments: