Friday, December 14, 2012

မြန်မာ့လေကြောင်းမှ ဖော်ကာ F-28 လေယာဉ် ထားဝယ်လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိတ်-ရန်ကုန် ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည့် လေယာဉ်ခရီးစဉ် အမှတ် XY - AGA ဖော်ကာ F - 28 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန် တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်အမှုထမ်း ၅ ဦး၊ ခရီးသည် ၇၀ ဦးတို့ဖြင့် ထွက်ခွာလာရာ ၀၈၃၀ အချိန်ခန့်တွင် ညာဘက်အင်ဂျင်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရှိရသည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား မြန်မာ့လေကြောင်းနှင့် အဲကမ္ဘောဇ (AIR KBZ) လေကြောင်းလိုင်းတို့မှ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ကျွမ်းကျင် အင်ဂျင်နီယာများမှ လေယာဉ်အားပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

Mynamar Online News
 
 

0 comments: