Tuesday, December 11, 2012

မြိတ်မြို့တွင် လူထုအခြေပြု လူမှုဖွံ့ဖြိုးရေးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး လူထု အခြေပြု လူမှု ဖွံ့ဖြိုးရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာ ၁၁ နံနက် (၀၉၀၀) နာရီအချိန် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမော င်လှ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်းဝင်း၊ သင်တန်းနည်းပြများ၊ သင်တန်းသား သူများ တက်ရောက်ကြပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားပြီးနောက် သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ သင်တန်း ဆက်လက် ပို့ချပါသည်။

အဆိုပါသင်တန်းကို မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်များမှ သင်တန်းသား စုစုပေါင်း (၁၀၉) ဦး တက်ရောက်ကြပြီး သင်တန်းသား များမှာ ပြည်ခိုင်ဖြိုးပါတီက (၄၀) ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၂၅) ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက (၆) ဦး ၊ ရပ်ကွက် / ကျေးရွာများမှ လူငယ် (၃၈)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ထိုသင်တန်းကို ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ဖွင့်လှစ်မည် ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ အသွင်ကူးပြောင်းရေး၊ဒေသန္တရ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး ၊ အစိုးရစနစ် အတွင်း လူထု ပါဝင်ဆောင်ရွက်မှု၊ လူမှုေ၇း တာဝန်ခံမှု ၊ ဈေးကွက် စီးပွားရေးစနစ် စသည့် ဘာသာရပ်များအား Myanmar Egress အဖွဲ့က ဆွေးနွေးပို့ချ ရှင်းလင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။




0 comments: