Wednesday, December 26, 2012

မြိတ်မြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ ကျင်းပမည်

၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၁ ရက် (၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်)တွင် ကျရောက်မည့် ၂၇၅၂ ခုနှစ် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြို့မ အားကစားကွင်း၊  မြိတ်ခရိုင် အားကစား ခန်းမနှင့် ဘုရားငါးဆူ ကွင်းများတွင် ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ငါး ရက်တိုင်တိုင်  စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။


နှစ်သစ်ကူး ပွဲတော်တွင် ကရင်ဒုံးယိမ်း ပြိုင်ပွဲ၊ ကရင်ရိုးရာ ကောက်သစ်စားပွဲ၊ ကရင်ရိုးရာ တေးသီချင်းနှင့် မြန်မာခေတ်ပေါ် တေးဖျော်ဖြေပွဲ၊ ရိုးရာ လက်ဝှေ့ လူသစ်တန်းနှင့် အထူး စိန်ခေါ်ပွဲ၊ ပြေးခုန်ပစ် အားကစား မျိုးစုံပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊  ချောတိုင်တက်ပွဲ၊ မော်ဒယ်ရှိုးနှင့် ကရင်ရိုးရာ ဝတ်စား ဆင်ယင်မှု ပြပွဲ၊ ယဉ်ကျေးမှု ပြခန်းများ၊ကုမ္ပဏီ များ၏ ဈေးရောင်း ပြခန်းများနှင့် ဈေးပွဲတော် အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချမည် ဖြစ်သည်။

ပွဲတော်ရက် အတွက် ရွှေနံ့သာ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ မော်ကွန်းရုပ်ရှင် ပွဲများဖြင့် ဧည့်ခံ   ဖျော်ဖြေ သွားမည် ဖြစ်သည်။ အထူးအစီအစဉ် အဖြစ် ကရင်နှစ်သစ်ကူး ပွဲတော် မဟာ ကံထူးရှင် ကံစမ်းမဲ ဖွင့်ပွဲကိုပါ ဆက်လက် ကျင်းပ သွားမည်ဖြစ်ပြီး အသေးစိတ် သိရှိ လိုပါက ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ ဖုန်း- ဝ၉- ၇၃၂၁၃၆၁၉၊ ဝ၉- ၈၆၂၆၆၁၂ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။    (မြ၀တ်ီ)




0 comments: