မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, February 25, 2008

ပုလောမြို့တွင် ပေါ့ဆမီးလောင်ကျွမ်း

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပေါ့ဆမီးလောင်ကျွမ်း ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ်(၁)ရပ်ကွက် ရှုမ၀လမ်းနေ ဦးဝင်းကြွယ် - ဒေါ်ကြွေ တို့ နေအိမ်တွင် မီးဖိုချောင်တွင် ထမင်းဟင်းချက်ပြုတ်ရာမှ မီးကြွင်းမီးကျန်များကြောင့် မီးလောင်ကျွမ်းရာ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နေ့လည် (၂း၃၀)နာရီအချိန်တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဓနိမိုးအိမ် (၈၇)လုံး၊ ပျဉ်ထောင်အိမ် (၆၈)လုံး၊ တိုက်အိမ် (၄၁)လုံး၊ စုစုပေါင်း (၁၈၆)လုံး နှင့် ၀ပ်ရှော့ တစ်ခု၊ ဘုရားကျောင်းဆောင်မဏ္ဍပ် ၂ ခု ဆုံးရှုံးသွားပြီး...