မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Thursday, July 31, 2014

မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပန်းချီဆရာ မောင်ဇော်ဝင်းထွန်း သိသာစေရန် သတိပေးခြင်း



မြိတ်မြို့ နယ် ပန်းချီပန်းပု အစည်းအရုံး မြိတ်မြို နယ် ပန်းချီအစည်းအရုံးမှ မြိတ်သိမ်တော်ကြီး တွင် ခင်းကျင်းပြသမည့်  မှတ်တမ်းတင် သမိုင်း ပန်းချီကားများကို ရေးဆွဲခြင်း မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းရုံးမှ အစည်းအရုံးဝင် ပန်းချီဆရာများနှင့် မြိတ်ခရိုင်း ပြန်/ဆက်ရုံး တွင် (23.5.2014)ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပါသည်။


Monday, July 28, 2014

မြိတ်မြို့၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

၂၅-၇-၂၀၁၄ ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်တွင်  မြိတ်ခရိုင် ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်ချိုလွင် နှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ (၃)ရပ်ကွက်၊ စေတနာ လမ်းသွယ်နေ ဖြိုးမောင်မောင် (ခ) ဖြိုးမောင် ၊ အသက် (၃၂)နှစ် (ဘ) ဦးမြင့်သိန်း ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေစဉ် နေအိမ် အိပ်ခန်းအတွင်း အ၀တ်ထည့် လက်ဆွဲအိတ်အတွင်းမှ ဘိန်းစာမှုန့် (၂၁)ထုပ် သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးမေးမြန်း ရှာဖွေရာ မြိတ်မြို့၊ 


Saturday, July 26, 2014

ကျွန်းစုမြို့နယ် ကတန်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ

၂၀၁၄ ခုနှစ် ကျွန်းစုမြို့နယ် ကတန်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဇူလိုင်လ (၁၆) ရက်နေ့မှ (၂၃) ရက်နေ့ အထိ တနင်္သာရီရေတပ် စခန်း ဌာနချုပ်က ကြီးမှူး၍ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျွန်းစုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ 


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသို့ ဆန်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကို၏လမ်းညွှန်မှုအရ ၀န်ကြီးချုပ်အပါအဝင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏လစာငွေမှ တစ်လလျှင် တစ်သိန်းစီထည့်ဝင်ငွေ ကျပ်(၁၃)သိန်းကို တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ(၁ဝ)မြို့နယ်အနက် တစ်လလျှင် (၆သိန်းခွဲစီ)ဖြင့် မြို့နှစ်မြို့မှ ပရဟိတဂေဟာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ တရားစခန်းများသို့ လစဉ်အလှည့်ကျ လှူဒါန်းလျက်ရှိရာ ဇူလိုင်လ(၂၄)ရက် နနံက်၉နာရီခွဲ အချိန်၌ တနင်္သာရီမြို့နယ်၊ ပဝကျောင်းကြီး ဆရာတော်အရှင်သောဘဏ ဦးစီး၍ဖွင့်လှစ်ထားရှိသည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ဂေဟာ၌ ဆန်လှူဒါန်းခြင်းအခမ်း အနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုး မှ ဂေဟာနေကျောင်းအိပ်ကျောင်းစား ကျောင်းသား(၂၅)ဦး တို့၏ စားဝတ် နေရေးဆင်ပြေစေရန်အတွက် ဆန်(၁ဝ)အိတ် နှင့် ဗလာစာအုပ် တစ်ဒါဇင်စီ ပေးအပ်လှူဒါန်းရာ ပရဟိတဂေဟာဥက္ကဌ ဦးစန်းသွယ်ကလက်ခံရယူပြီး ဝန်ကြီးနှင့်အဖွဲ့က ဆရာတော်အားအလှူငွေဆက်ကပ် လှူဒါန်းကြသည်။

ပြည့်ဖြိုးထွန်း ကုမ္ပဏီမှ ကမကထ ပြု၍ မျက်စိရောဂါ ဝေဒနာရှင်များအား မြိတ်မြို့တွင် အခမဲ့ ခွဲစိတ် ကုသပေးမည်

ပြည်ဖြိုးထွန်းကုမ္ပဏီမှ ကမကထပြု လုပ်၍  မြိတ်ခရိုင် အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသပေးခြင်းကို သြဂုတ်လ (၁၄)ရက်နှင့် (၁၇) ရက်နေ့ အထိ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Friday, July 25, 2014

စကားများကြရာမှ ဦးလေးဖြစ်သူအား တူဖြစ်သူမှ ဓားဖြင့် ထိုးသတ်

ဦးလေးဖြစ်သူနှင့် တူဖြစ်သူတို့ အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ တူဖြစ်သူက  ဓားဖြင့်ထိုး၍ ဦးလေးဖြစ်သူ သေဆုံးမှု မြိတ်မြို့ ကန်ကြီးနယ်မြေ သာကေတ ရပ်ကွက်၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ည (၈)နာရီ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Saturday, July 19, 2014

မြိတ် NLD မှ ဦးဆောင်၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ ( ၆၇ )နှစ်မြောက် အာဇာနည်နေ့  အခမ်းအနားကို မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ  ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တွင် ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၉)နာရီ အချိန်စတင် ကျင်းပပြုလုပ်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့စည်း) မြိတ်မြို့နယ် ၊ တောင်သူ လယ်သမားများ သမဂ္ဂ ( မြိတ်မြို့  နယ်) ၊  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( A.B.S.D.F ) (မြိတ်ဒေသ)မှ ရဲ ဘော်ဟောင်းများ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (မြိတ်) တို့နှင့် ပြည်သူလူထုများ စုစုပေါင်း (၄၀၀)ကျော်ခန့်  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ရှေ့  လွမ်းသူ့ ပန်းခွေ ချပြီး အလေးပြု ကြသည်။

မွန်မြတ်သောအလှူ

တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာ ၊အောင်တော်မူ သာသနာရိပ်သာတွင် နှစ်စဉ် ရက်တို တရားစခန်း ဖွင့်လှစ်လျှက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများ လာရောက် တရား အားထုတ်လျှက် ရှိသည်ကို တွေ့ရှိရ ပါသည်။ 

အလေးပြုသံ

တွေးမိသည်တည့် ဆွေးမိသည်။
မလေးမောင်သည် ယနေ့
ဆွေးမြေ့မိသည်။
... သွေးစက်နဲ့ကျမျက်ရည်
ပြည်နိုင်ငံအရေး
လူလမ်းစဉ် လူ့ခရီးမှာ
စီးရတယ်လေး။

Friday, July 18, 2014

လစာနှင့် တကယ်လောက်နေပြီလား

မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြသည့် အထွေထွေဆိုသည့် ရဲတပ်ဖွဲ့ဝင်များ စားဝတ်နေရေး အင်မတန်ခက်ခဲပါတယ်။ စားဝတ်နေရေး အဆင်ပြေစေရန် အချုပ်တရားခံ လာတွေ့သည့် သူဆီက တောင်းကြလို့ အရေးယူခံကြရတာ လက်တွေ့ပါဘဲ။ နယ်ထိန်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သူတို့ဘ၀ စဉ်းစားလို့ မရရှာဘူး။အထွေထွေတစ်ဦးက တစ်လုံးနှစ်လုံးသုံးလုံး အပါအ၀င် ဒုစရိုက်သမားဆီမှာ မတောင်းရဲကြပါဘူး။ ဒုစရိုက်သမား ဆီတောင်းလိုက်ရင် ဒုစရိုက်သမားက အထွေထွေလား/ နယ်ထိန်းလား၊ တိုင်း/ခရိုင်ဓ/န(ယခု မှု/ကူ)လား၊ စစစလား၊ SB လားဆိုတာ သိပြီးသားပါ။

အဲဒိအချိန်က ယခုလို သင်တန်းစရိတ် ခရီးစရိတ်/ကျန်းမာရေး/ပညာရေး ထောက်ပံ့တာ မရှိပါဘူး။ ရိက္ခာ၊ ထောက်ပံ့ကြေး ဝေးပါသေးတယ်။ ယခု ၂၀၁၃/၁၄ ဘဏ္ဍာရေးနှစ်မှ ပေးထားလို့ အတော်အသင့် အဆင်ပြောကြတာ မြင်တွေ့ရပါတယ်။

အထွေထွေတပ်ဖွဲ့ဝင်၏ သားတစ်ဦး အသက်အရွယ်ရလာလို့ ဗုဒ္ဓဘာသာဝင်ပီပီ ရှင်ပြုမင်္ဂလာ မလုပ်နိုင်သဖြင့် မြို့နယ်မှူး/ စခန်းမှူး ပူးပေါင်းပြီး ဆောင်ရွက်လှူးဒါန်းခဲ့တာ လက်တွေ့မြင်ဘူးပါတယ်။ အလှူမင်္ဂလာပွဲသို့ မြို့နယ်မှူး/စခန်းမှူး အရှိန်နဲ့ မြို့ပေါ်က လူတွေ လာရောက်ကြရာမှာ ပြုံးပျော်ရွှင်သောမျက်နှာဖြင့် ရှိနေပေမဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က မိမိသားသမီးကို မိမိလစာဖြင့် မလှူဒါန်းနိုင်တာ ကျိတ်မနိုင်ခဲမရဖြစ်နေမှာ သေချာပါတယ်။

တာဝန်က(၂၄)နာရီ အပြင်မှာစီးပွားရှာလို့ မရပါ။ အခြားဝန်ထမ်းနှင့် ရဲလုပ်ငန်းလုံးလုံး မတူပါဘူး။ အခြားဝန်ထမ်းမှန်သမျှ စနေ/ တနင်္ဂနွေဆို ရုံးမှာ လူတောင်မရှိဘူး။ ရုံးစောင့်ဘဲရှိတယ်။ ရဲနှင့်ကျန်းမာရေး အဲလိုနေလို့ မရဘူး။ ဆေးရုံမှာ တစ်ရက်ဝင် တရက်ထွက်ပါ။ ရဲက အဲလိုမရပါဘူး။ ကျောင်းဆရာ ပိုဆိုသေးတယ်။ ကျောင်းစာသင်ရသည့် အချိန်ကို ကျောင်းသား/သူ တစ်ယောက် ဆီက စာသင်အချိန်ဇယားကို ယူကြည့်လိုက်ပါ။ (၂)လကျောင်းပိတ်မပါသေးဘူး။ ဆရာ/ဆရာမ တစ်ယောက်ရဲ့ တာဝန်ထမ်းရသည့် အချိန်ထွက်ပေါ်လာမယ်။ အခြားဝန်ထမ်းတွေကို ပုတ်ခတ်ပြောတာ မဟုတ်ပါဘူး။ လုပ်ငန်းသဘော သဘာဝခြင်း မတူတာကို သိစေချင်တာပါ။ ရဲမှာက အချုပ်ခန်းရှိတယ်။ အချုပ်တရားခံဆိုတာ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး။ စတိုးထဲမှာ ဆေးဝါးပစ္စည်းထားတာ မဟုတ်ပါ။ လက်နက်ထားတာပါ။ အချုပ် တရားခံနှင့် လက်နက်တိုက် တစ်ခုခုဖြစ်ရင် ကင်းတစ်ဖွဲ့လုံး ခေါင်းရှိုးဝင်ရမှာ။ လစာနှင့်အနိုင်နိုင် စားသောက်ရသည့်ကြား ခေါင်းရှိုးဝင်ရရင် မိသားစု ဘယ်သူကျွေးမွေးမလဲ။ ဘယ်သူမှ တာဝန်မယူဘူးဗျ။ ယခင်စွမ်းစွမ်းတမံ ထမ်းဆောင်းခဲ့ပါစေ၊ ဘာဆု/ညာဆု ရနေပါစေ၊ ဖြစ်လာရင် အကုန်လုံး ဘယ်သူမှ တာဝန်မယူဘူးဆိုတာ မြင်တွေ့ရပါလိမ့်မယ်။

ဖွဲ့စည်းပုံပြောင်းတာက မြို့မရဲစခန်း အချုပ်ခန်းက မပြောင်းပါဘူး။ အချုပ်ခန်းက(၁၀)ဦးဆန့်၊ ရှိတာက (၁၀)ဦးကျော် အချုပ် တရားခံနှင့် အချုပ်သားမမျှဘူး။ ထောင်နှင့် နီးရင်တော်သေးတယ်။ ထောင်နဲ့မနီးရင် အဲဒိစခန်း လည်ပင်းကြိုးကွင်းစွပ်ထားပြီ။ တစ်ခုခုဖြစ်တော့ အင်အားနှင့် အချုပ်သား၊ အချုပ်ခန်းနှင့် အချုပ်သား မမျှတာကိုမမြင် အဆင့်ဆင့်ကြပ်မတ်မှုမရှိဆိုပြီး ထောင်ချခံရမှာ မလွဲမသွေပါ။ အထွေထွေ ဆိုသည့်တပ်ဖွဲ့ဝင် နှစ်လံမထူတော့ဘူး။ ဒါဟာ ရဲစခန်းများ တိုင်းလိုလိုပါ။ အချုပ်ကင်းပြီးတော့ ရုံးထုတ်တော့ လည်းသူတို့ပါဘဲ။ အထွေထွေက ထိုးကျွေးခံပွန်းလေးတွေပါ။ အခြားနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံရဲတပ်ဖွဲ့ရှိ ကိုဘန်း(လှည့်ကင်းစခန်း)နှင့် ချူဇိုင်းရှိုး (နေအိမ်လှည့်ကင်းစခန်း) တာဝန်ထမ်းရသည့် ရဲတပ်ဖွဲ့ဝင်များသည် တစ်ပတ်လျှင်(၅)ရက်၊ (၁)ရက်လျှင်(၈)နာရီ ထမ်းဆောင်ရပြီး မော်တော်ကားငယ်များကို လှည့်ကင်းဆောင်ရွက် ရန်နှင့် ခရီးသွားရန် အတွက် တပ်ဖွဲ့ဝင်များကို ထုတ်ပေးထားရှိသတဲ့။ တာဝန်ထမ်းဆောင်ချိန်နှင့်  ရဲလုပ်ငန်းသုံးပစ္စည်းများကို အခြားနိုင်ငံများ နည်းတူ ပြောင်းလဲ သတ်မှတ်ပြင်ဆင်ဖို့ လိုအပ်ပါကြောင်း၊ အခြား ၀န်ထမ်းအောက်ခြေနှင့် ရဲတပ်ဖွဲ့ အောက်ခြေအဆင့် လုပ်ချိန်/လုပ်ငန်း သဘောသဘာဝ တခြားစီ ဖြစ်နေပါတယ်။ အခြားဝန်ထမ်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလုပ်ချိန်ကစ နှိုင်းယှဉ်ရပါလိမ့်မယ်လို့ မြင်မိပါတယ်။ အခြားအောက်ခြေ၀မ်ထမ်းများ လစာနှင့်လောက်ငှပါသည်ဟု ပြောသံများ၊ မကြားမိသေးပါကြောင်းခင်ဗျာ။

ရဲတပ်ဖွဲ့ကြီးတိုးတက်ပါစေကြောင်း ဆန္ဒပြုရင်း

နှင်းပွင့်သဇင်ကျော်
(ရန်ကုန်)

Friday, July 11, 2014

ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့

လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော် ၀ါဆိုလပြည့် နေ့တွင် ဗုဒ္ခ မြတ်စွာ သည် မိဂဒါဝုဏ် တောတွင် (ပဉ္စ၀ဂ္ဂီ) ရဟန်း ၅ ပါး ကို ဓမ္မစင်္ကြာ တရားဦး ဟောခြင်းဖြင့် ဗုဒ္မ သာသနာတော်ကို စတင် ခဲ့ပါသည်။

ဓမ္မစင်္ကြာ တရားတော် ၌ သဘာဝ လောက တွင် မဖောက်မပြန် မပြောင်းမလွဲ အမြဲ တည်ရှိ နေသော သစ္စာ ၄ ပါးကို ဖော်ပြ ဟောကြား ခဲ့ပါသည်။

Thursday, July 10, 2014

မြိတ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်း

မြိတ်ခရိုင်အတွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁၀) နာရီက မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း နှင့် ဌာနဆိုင်ရာများ ၊ မြိတ်မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသာ ၊ ဟိန္ဒူဘာသာ တို့မှ ဘာသာရေး ၊ လူမှုရေး ခေါင်းဆောင်များ ၊ ထားဝယ်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ၀င်များ တက်ရောက် ခဲ့သည်။ 



Tuesday, July 8, 2014

မြိတ်မြို့ ဌာနဆိုင်ရာ သတင်းများ

မြိတ်မြို့တွင် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

( မြိတ် ဇူလိုင် ၇ ရက် )

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ(၆)ရက် နေ့လယ်(၁)နာရီက စေတီတော် ဗုဒ္ဓသာသန ဗိမာန် တော်တွင် ကျင်းပရာ စေတီတော် သြ၀ါဒစရိယဆရာတော်များ၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ၊ သူတော်ကောင်းအပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ( ၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်း နောက် ဧည့်ပရိတ်အပေါင်းက တနင်္သာရီ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာ တော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြသည်။

ဆက်လက်၍ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စေတနာရှင် အလှူရှင်များက စေတီတော် ဗုဒ္ဓသာသနဗိမာန်တော်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ် ပွားတော်မြတ်အား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး သြ၀ါဒစရိယဆရာတော်များ၊ ဆရာတော် သံဃာတော် အရှင်သူ မြတ်များ၊ သီလရှင်ဆရာကြီးများအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုနောက် ကန်သာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာ ယူကြပြီး
ရေစက်သွန်းချ အမျှဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြ သည်။ အခမ်းအနားတွင် သြ၀ါဒစရိယဆရာတော်(၇)ပါး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်(၁၀၈)ပါး၊ သီလရှင်ဆရာကြီး(၁၆)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြကြောင်း သတင်း ရရှိသည်။

နည်းပညာတက္ကသိုလ်(မြိတ်) ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

( မြိတ် ဇွန် ၇ ရက် )

နည်းပညာတက္ကသိုလ်(မြိတ်)မှ ကျောင်းသား/သူများအား ကျောင်းပညာရပ်များအပြင် ဘက်စုံထူး ချွန်သော လူငယ်မောင်မယ်များ ပေါ်ထွန်းစေရန် ရည်ရွယ်၍ ဘာသာရပ်ပေါင်းစုံ
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇)ရက် နေ့လယ်(၃)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်း သား /သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲကျင်းပရာ Mechanical A အသင်းနှင့် Mechanical B အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ Mechanical A အသင်းက (၇)ဂိုး(၆)ဂိုးဖြင့် အနိုင်ရရှိသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးအားကစားသမားများဆုများ၊ ဒုတိယဆုနှင့် ပထမဆုရရှိသော ဘောလုံးအသင်းများအား လည်ဆွဲဆုတံဆိပ်များ၊ ငွေသားဆုများ အား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမရရှိသော အသင်းအား တံချွန်စိုက် ဆုဖလားကို မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော်ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

( မြိတ် ဇူလိုင် ၇ ရက် )

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော်ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၆)ရက် နံနက် (၁၀း၂၅)နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်စိန်က အမှာစကားပြော ကြားသည်။ ယင်းနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က မြိတ်ခရိုင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေ မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး က ဆွေးနွေးချက်များ နှင့် ပတ်သက်၍ ပြည်သူ့ဘ၀လုံခြုံရေးအတွက် အရှိန်အဟုတ်မြှင့် တင်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ အား ချမှတ်အတည်ပြုသည်။ ထိုနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးက ဆွေးနွေးချက်များ နှင့်ပတ်သက်၍
ဖြည့်စွက်ဆွေးနွေးပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

မြိတ်ပြန်ဆက်

Tuesday, July 1, 2014

ကျွန်းစုမြို့နယ် ၀ဲကျွန်း ကျေးရွာ အနီး ကုန်တင်စက်လှေ တစ်စင်း နစ်မြှုပ်



၂၀၁၄ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ နံနက် (၁)နာရီ ခန့် အချိန်တွင် စည်သူအောင် အမည်ရှိ ကုန်တင်စက်လှေ တစ်စီးသည် ကော့သောင်းမှ တဆင့် မြိတ်မြို့သို့ ယိုးဒယား နိုင်ငံထုတ် သွင်းကုန်ပစ္စည်းများ တင်ဆောင်ပြီး ခုတ်မောင်းလာစဉ် ကျွန်းစု မြို့နယ် ၀ဲကျွန်းကျေးရွာ အနီး ရေပြင်၌ ရုတ်တရက် လေပြင်းတိုက်ခတ်လာသဖြင့် စက်လှေ လမ်းကြောင်းမှားပြီး ရေမြှုပ် ကျောက်ဆောင် တိုက်မိရာမှ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ 

မယုံမရှိနဲ့ ကိုယ်တွေ့

သစ္စာတရား လိုလားသူမို့ အမှန်တရား တင်ပြပါရစေ ၊ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။ ၂၆-၆-၂၀၁၄ ရက်နေ့ နံနက် (၁၁)နာရီခွဲကျော်ကျော် အချိန်လောက်က ကျွန်မသည် ကိစ္စတစ်ခုဖြင့် မြိတ်မြို့နယ် တရားရုံးရှေ့သို့ အရောက် တရားရုံး လမ်းဆုံ အဆင်းတွင် ဆူဆူညံညံ အသံကြားလိုက်ရပါသည်။ ဆူညံနေ၍ သွားကြည့်တော့ အမျိုးသမီးတစ်ဦးအား ရဲယူနီဖောင်းဝတ် ရဲမေ တစ်ဦးနှင့် အခြား အမျိုးသမီး တစ်ဦးတို့မှ အမှုကိစ္စအတွက် ရုံးသို့ လိုက်ခဲ့ရန် အေးအေး ဆေးဆေး ပြောဆိုရာ အဆိုပါ အမျိုးသမီးက မလိုက်နိုင်ကြောင်း၊ အော်ဟစ် ပြောဆိုပြီး တရားရုံးဘက်မှ အခွန်ရုံးဘက်သို့ ဆင်းလျှောက်သွားသဖြင့် ရဲမေနှင့် အဖော်ပါ အမျိုးသမီးမှ ထိုအမျိုးသမီးအား လက်ဆွဲ၍ ရုံးသို့ လိုက်ခဲ့ရန် ထပ်မံ ပြောဆိုပါတယ်။ ထိုအမျိုးသမီးမှ အသာတကြည် မလိုက်ဘဲ အတင်း ရုန်းကန် ရန်တွေ့ခြင်း၊ ထမီအား ချွတ်ချ လိုက်မည်ဟု ခြိမ်းခြောက် ပြောဆိုသည်ကို ကြားလိုက်တော့ ကျွန်မ အံ့သြ မိပါတယ်။ ရဲမေနှင့် အဖော် အမျိုးသမီး တို့မှ လက်တစ်ဖက်စီ ဆွဲချုပ်ပြီး ရဲရုံးဘက်သို့ ခေါ်ဆောင် သွားသည်ကို တွေ့လိုက်ရ ပါတယ်။ အခြား မည်သည့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက် ရိုက်နှက် ထိုးကြိတ်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်မ စိတ်ဝင်စား၍ ပတ်ဝန်းကျင်ကို မေးကြည့်တော့ ငွေလိမ်လည်မှု ကျူးလွန်သဖြင့် ရဲတပ်ဖွဲ့မှ တရားစွဲတင်ရန် အလိုရှိသော တရားခံ ဒေါ်ဝင်းဝင်းသန်း ဆိုသူ ဖြစ်ကြောင်း၊ တရားရုံး မှာလည်း အိမ်အပေါင် ခံပြီး ငွေမဆပ်လို့ အမှု ရင်ဆိုင်နေ ရကြောင်း သိရပါတယ်။