မြိတ်ပုလဲမြေ
မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။
မြိတ်ပုလဲမြေ
မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။
မြိတ်ပုလဲမြေ
မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။
မြိတ်ပုလဲမြေ
မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။
Wednesday, January 29, 2014
ရေး- ထားဝယ် - မြိတ် - ကော့သောင်းလမ်းအား လမ်းနယ်နိမိတ် ပေ(၁၀၀)သာ သတ်မှတ် ထားရှိ ၊ အာရှ အဆင့်မီ (၂၄)ပေ (၂)လမ်းသွား အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း (၃၀၀) ဖြင့် ဆောင်ရွက်မည်
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ၅၀၄ မိုင် ၇ ဖာလုံ ရှိသော ရေး- ထားဝယ်- မြိတ်- ကော့သောင်း လမ်းသည် ပြည်ထောင်စု အစိုးရအဖွဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် အာဆီယံလမ်း ကွန်ယက် ဖွံ့ဖြိုးရေး အတွက် ၁၉၉၉ ခုနှစ် စက်တင်ဘာလက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တို့တွင် ပြုလုပ်ခဲ့သော ပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံလမ်း ကွန်ယက် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူ ညီချက်များ အရ ရေး-ထားဝယ်-မြိတ်- ကော့သောင်းလမ်းကို အာရှ/ အာဆီယံ လမ်းမကြီး (AH-112) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။ အာရှနှင့် အာဆီယံ လမ်းမကြီး များသည် စံချိန်စံညွှန်း နှင့်အညီ အဆင့်မီ နှစ်လမ်းသွား ကတ္တရာ လမ်းဖြစ်ပြီး ရန်ပုံငွေ အပေါ် မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက် သွားမည်ဖြစ်ရာ  ၂၀၁၄-၁၅ ဘဏ္ဍာ ရေးနှစ်တွင် China EXIM Bank ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နှင့် အရင် အမြန်လမ်းကို လျာထား ခဲ့သော လမ်းချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း မပြုဘဲ ရေး- ထားဝယ် - မြိတ်- ကော့သောင်းလမ်းကို အဆင့်မီ လမ်းမကြီး အဖြစ် ဆောက်လုပ် သွားနိုင်ရန် လျာထားချက်ဖြင့် စီစဉ် ဆောင်ရွက် ထားလျက် ရှိပါကြောင်း၊ ထို့ကြောင့်  တနင်္သာရီ တိုင်း ဒေသကြီး အဆိုပါ လမ်းပိုင်းသည် အဆင့်မီ ၂၄ ပေ နှစ်လမ်းသွား လမ်းမကြီး ဖြစ်လာမည် ဖြစ်ပါကြောင်း။  အာဆီယံ/ အာရှ လမ်းမကြီးများကို ASIAN, ASEAN and GMS Road Standard and Class များနှင့်အညီ သတ်မှတ် ဆောင်ရွက်မည် ဖြစ်ခြင်းကြောင့် အာဆီယံ/ အာရှ လမ်းမကြီး များ၏ နယ်နိမိတ်ကို မူလက ပေ ၃၀၀ သတ်မှတ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ၏ သတ်မှတ်ချက် အတိုင်း လမ်း နယ်နိမိတ်ကို ၇၀ မီတာ ၂၃၀  ပေ လမ်း အလယ်မှ တစ်ဖက် ၁၁၅ ပေ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း။ သို့သော် မြို့တွင်းနှင့် ရွာတွင်းရှိ လမ်းများကို လမ်းနယ်နိမိတ် အနည်းဆုံး ပေ ၁၀၀ သတ်မှတ် ထားရှိထား ပါကြောင်း၊ ထို့အပြင်  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့နှင့်  ညှိနှိုင်းပြီး အနည်းဆုံး လိုအပ်ချက် အတိုင်း ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း (၂၈-၁-၂၀၁၄) ရက်နေ့ တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့ လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၏ အဆိုပါ လမ်းမကြီးနှင့် ပတ်သက်၍ ပြည်သူများ မနစ်နာစေရန် လမ်း၏နယ် နိမိတ် အကျယ် အဝန်းကို မြို့တွင်း/ မြို့ပြင်၊ ကျေးရွာ တွင်း/ ကျေးရွာပြင်ပ တို့တွင် မည်သို့ သတ်မှတ်ထား ရှိသည်ကို သိရှိလိုပါကြောင်းနှင့်  စတင်မည့် အချိန်နှင့် ပြီးဆုံးမည့် ဘဏ္ဍာရေးနှစ် တို့ကို သိရှိလိုပါကြောင်း မေးမြန်း သည့် မေးခွန်း အပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။ 
 မြိတ် - တနင်္သာရီ လမ်းပိုင်း တစ်နေရာ
အမှန်တရားကို ဖုံးကွယ်၍ မရသောအရာ
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စက်ဝင်းရပ်ကွက်၊ ဒိုင်လမ်းနှင့် သဇင်လမ်းထိပ် နံဘေးရှိ ဈေးဆိုင်တဲ တွင် (၂၃.၁.၂၀၁၄)ရက်၊ ကြာသပတေးနေ့ ၊ ညနေ (၃း၁၅)နာရီ ကျော်ခန့် ဖြစ်ပွား ခဲ့သည့် လူသတ်မှုနှင့်ပ တ်သက်ပြီး ရှင်းလင်း ချက်နှင့် ထိရောက်စွာ အရေးယူနိုင်ရေး တင်ပြချက်ကို နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိ ဥပဒေပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်များ သိရှိနိုင် ပါရန် ကျန်တော် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
သတင်းစာတွေနဲ့  အင်တာနက်တွေမှာ တင်ပြချက်မှာ စိတ်ဝေဒနာရှင်၊ အရက်ကြောင်ပြီး စိတ်ဖောက်ပြန်ခြင်း၊ စိတ်မနှံ့သူဟု  ရေးသားတင်ပြချက်များ  ပြန်လည် ပြုပြင် သင့်သည်ဟု ကျန်တော် ရိုသေစွာ သနားခံတင်ပြအပ် ပါသည်။ ကျွန်တော် ဤကဲ့သို့ ရှင်းလင်း တင်ပြရာချက်မှာ တရားခံမောင်ကျော်နိုင် အပေါ် နစ်နာစေချင်မျိုး မဟုတ်ပါဟု ၀န်ခံ ပါသည်။
ဓာတ်ပုံ ..... ဓားခုတ်သူ တရားခံ ကျော်နိုင်
မြိတ်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ များအား မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဟောပြော
တက္ကသိုလ် ကျောင်းသား ကျောင်းသူ များအား မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော  ဆေးဝါးများ ဆိုင်ရာ ဥပဒေများ အကြောင်းနှင့် ယာဉ်စည်းကမ်း လမ်း စည်းကမ်း ပညာပေး ဟောပြောခြင်း ကို ယနေ့နံနက် (၉း၃၀)တွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ အဖွင့် အမှာစကား ပြောကြားပြီး မြိတ်တက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူးမှ အမှာ စကားပြော ကြားသည်။
Tuesday, January 28, 2014
ပြည့်ဖြိုးထွန်း ကုမ္ပဏီ ၀န်ထမ်းအိမ်ယာ မီးဘေးသင့် ပြည်သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဆန်အိတ်များ လှူဒါန်း
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့ ညပိုင်းတွင် လောင်ကျွမ်းခဲ့သော ကျွန်းစုမြို့နယ် ပထက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ လုံးချင်းအိမ်ယာများ မီးလောင်ကျွမ်းမှုတွင် ပါဝင်ခဲ့သည့် မီးဘေးသင့် ပြည်သူများ အတွက် တနင်္သာရီရေတပ်စခန်းဌာနချုပ် အရာရှိ ၊ စစ်သည့်များမှ လှူဒါန်းသည့် ဆန်အိတ် (၂၀) ကို ဒုတိယဌာနချုပ်မှူး ဒုတိယ ဗိုလ်မှူးကြီး နိုင်မင်းကျော် နှင့် အရာရှိများက ယနေ့ (၂၈)
မြိတ်မြို့ တစ်ဖက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ၀န်ထမ်းများ အိမ်ယာ ပေါ့ဆ မီးလောင် နေအိမ် (၈၅) လုံး ဆုံးရှုံး
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဖက်ကမ်း ပထော် ပထက်ကျွန်းပေါ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံအနီး အလုပ်သမား လုံးချင်း အိမ်ယာ တွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၀)နာရီ (၄၀) မိနစ် အချိန်ခန့်၌ ပေါ့ဆမီး လောင်ကျွမ်းရာ နေအိမ် (၈၅)လုံး ဆုံးရှုံးပြီး အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၄၀၀) ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း သိရသည်။
Sunday, January 26, 2014
မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ ဘန်ဂလိုများ မြိတ် အများပိုင် ကော်ပိုရေးရှင် ဆောက်လုပ်ရန် အဆိုပြုတင်ပြ
မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းလေးခု တွင် နိုင်ငံတကာ အဆင့်မီ ဘန်ဂလို များဆောက်လုပ် သွားရန် အဆိုပြု တင်ပြထားပြီးဖြစ်ကြောင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးစိုးစိုးက ပြည်ထောင်စု နေ့စဉ်သို့ ပြောသည်။
စတုတ္ထ အကြိမ်မြောက် မြိတ်အိုးပင်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲကျင်းပမည်
မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊ မြို့သစ်(7)ရပ်၊ ပြည်သာယာလမ်းတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော (၆၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  စတုတ္ထ အကြိမ်((( ရွှေကိန္နရိဖလား မြိတ်အိုးပင်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲ ))) ကို 3.2.2014 ရက်နေ့ မှ 7.2.2014 ရက် နေ့အထိ ယှဉ်ပြိုင် ကျင်းပမည်ဖြစ်ပြီး 12.2.2014  ပြည်ထောင်စုနေ့ တွင် ဆုချီးမြှင့်ပွဲကို ပြုလုပ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်တုရင်ဝါသနာရှင်များအားလုံး သိရှိပါဝင်နိုင်ရန် သတင်း ပေးခြင်း ဖြစ် ပါသည်။ စစ်တုရင် ပြိုင်ပွဲနဲ့ အတူ ပြေး/ခုန်/ပစ် ပြိုင်ပွဲများ ကိုလည်း ၄င်းနေ့ (နေ့လည်- နာရီ )  အချိန်တွင် ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရပါသည်။
Friday, January 24, 2014
မြိတ်မြို့၌ သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာ ဆွေးနွေးပွဲ ကျင်းပ
မြိတ်မြို့၌ သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာ ဆွေး နွေးပွဲကို ဇန်န၀ါရီလ(၂၃)ရက် မွန်းလွဲ(၃း၃၀)က မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အသင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် မှ တာဝန် ရှိသူများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင် စုစုပေါင်း (၂၇)ဦး ၊ ထိုင်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ကြသည်။
တနင်္သာရီမြို့နယ် ပ၀ကျေးရွာအုပ်စု၌ ဇနီးက ခင်ပွန်းအား ဓားဖြင့် သေအောင် ခုတ်သတ်မှု ဖြစ်ပွား
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၃)ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် တနင်္သာရီ မြို့နယ် ဖိုးမဲရွာနေ ဦးဝင်းအောင် (၄၈)နှစ် (ဘ) ဦးစိန်လွင်၏ သားဖြစ်သူမှာ ဓားဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်းရရှိ၍ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သွားရောက်စစ်ဆေးရာ ၄င်းအား ဓားဖြင့် ခုတ်သူမှာ ၄င်း၏ ဇနီး ဖြစ်သူ ဒေါ်ဝင်းချို (ဘ) ဦးမီးလင်း ဖြစ်ပြီး ၄င်းတို့ လင်မယားချင်း အချင်းများပြီး ဓားဖြင့် ခုတ်ရာမှ ဦးဝင်းအောင်မှာ ဓားဒဏ်ရာ (၈)ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။
မြိတ်မြို့မှ ကားပိုင်ရှင် ယောင်ဆောင် ငွေလိမ်လည်သူ သိရှိစေရန်
၁၅.၁.၂၀၁၄ ဗုဒ္ဓဟူးနေ့ နံနက်(၉) နာရီခွဲတွင် မြိတ်- တနင်္သာရီ- လယ်တောင်ယာ ခရီးစဉ်ပြေးဆွဲ နေသော ငွေဖြိုးခိုင်ကား (၄က/၂၃၄၁) သည် မြိတ်မြို့နောက်လယ်(၁)လမ်း OK ဆန်ဆိုင်ရှေ့တွင် ရပ်နားထားစဉ် မြိတ်၊ ကန်ဖျား ရပ်နေ ကိုဟန်မင်းဇော်မှ တနင်္သာရီမြို့တွင် နေထိုင်သော  အဒေါ်ဖြစ်သူ ဒေါ်အေးမူ ထံသို့ အဆိုပါ ကားဖြင့်ငွေ (၁၀) သိန်းကျပ် တိတိအား  လွဲအပ်ရန် အတွက် ကားပိုင်ရှင် ကိုသားတုတ် ဆိုသူအား ပေးအပ်ရန် လာရောက်ခဲ့ပါသည်။ 
Thursday, January 23, 2014
မြိတ်မြို့၌ စိတ်မနှံ့သူ တစ်ဦးမှ လမ်းသွား လမ်းလာများအား ပုဆိန်ဖြင့် ခုတ်၍ အမျိုးသမီး (၁)ဦးနှင့် ကျောင်းသား(၁)ဦး သေဆုံး၊ ကျောင်းသားတစ်ဦး အတွင်း လူနာ အဖြစ် ကုသနေရ
၂၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့ နေ့လည် (၃)နာရီ ခွဲ အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် စက်ဝင်းရပ် ဒိုင်လမ်း နှင့် သဇင်ခွဲ လမ်းထောင့် မုန့်ဆိုင်အရှေ့ ၌ စိတ်မနှံ့သူဟု ယူဆရသူ တစ်ဦးမှ လမ်းသွား လမ်းလာများအား ပုဆိန်တစ်လက် ၊ ဓားရှည် တစ်လက် ဖြင့် လိုက်လံ ခုတ်ထစ်မှုကြောင့် အမျိုးသမီး တစ်ဦးနှင့် သူငယ်တန်း ကျောင်းသား တစ်ဦး သေဆုံးပြီး ဒုတိယတန်း ကျောင်းသား တစ်ဦး မြိတ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ကုသနေရကြောင်း သိရှိရသည်။ 
ထိုင်းနိုင်ငံထုတ် ZHULIAN (ဇူလီယန်) လူသုံးကုန် ပစ္စည်း အရောင်းဆိုင်နှင့် ရုံးခွဲ မြိတ်မြို့တွင် ဖွင့်လှစ်
ထိုင်းနိုင်ငံတွင် အကြီးမားဆုံး တိုးတက်ပြောင်းလဲလာသည့် အထပ်ပေါင်း များစွာ (ဇူလီယန် ) စီးပွားရေး ကုမ္ပဏီ လီမိတက် (မြိတ်)အရောင်းဆိုင်နှင့် ရုံးခွဲ ဖွင့်ပွဲ ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ၄င်း ရုံးခွဲ တည်ရှိရာ မြိတ်မြို့ ကန်ဖျားရပ်ကြီး ဓမ္မာရုံလမ်းရှိ ဦးမင်းသိန်း၊ ဒေါ်မော်မော်ဝင်း နေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ၄င်းကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ 
ဇူလီယန် လူသုံးကုန် ပစ္စည်း အရောင်းဆိုင်တွင် နေ့စဉ်သုံး ပစ္စည်းများ ဖြစ်သော အိမ်သုံးကုန်၊ အလှကုန်နှင့် ကျန်းမာရေး ကောင်းမွန်စေသော ပစ္စည်းများ ရောင်းချလျက်ရှိပြီး ၄င်း (ဇူလီယန် ) စီးပွားရေး ကုမ္ပဏီ လီမိတက်သည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတွင် ဆိုင်ခွဲပေါင်း (၂၅၀) ကျော် ဖွင့်လှစ်ရောင်းချလျက် ရှိပြီး ယနေ့ မြိတ်မြို့တွင် ဖွင့်လှစ်သည့် ဆိုင်ခွဲမှာ မြန်မာနိုင်ငံတွင် (၂၀) ခုမြောက် ဖွင့်လှစ်ခွင့်ပြုသည့် ဆိုင်ခွဲ ဖြစ်သည်။
Tuesday, January 21, 2014
ကျွန်းစုမြို့နယ်၌ လှိုင်းကြီး၍ စက်လှေနစ်မြုပ်
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ ညနေ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးကျေးရွာနေ စက်လှေပိုင်ရှင် ဦးဖိုးဇော်(၃၅)နှစ်သည် ၎င်း၏မိတ်ဆွေဖြစ်သူ ပုလောမြို့နယ်၊ ကြဲကျေးရွာနေ ဦးထွန်းနိုင်ငယ်(၂၇)နှစ်၏ အဘိုးနာရေးကိစ္စသွားရန် ဦးဖိုးဇော်ပါ ကျား ၁၃ဦး၊ ဦး၊ စုစုပေါင်း ၁၉ ဦးသည် စက်လှေဖြင့် တောင်သုံးလုံးမှ ကြဲကျေးရွာသို့ ထွက်ခွာခဲ့ရာ သမီးလှကျွန်းနှင့် ကော့ဒွေးကျွန်းအကြားအရောက်၌ လှိုင်းကြီးသဖြင့် စက်လှေနစ်မြုပ်ခဲ့သည်။ ထိုသို့ နစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးကျေးရွာနေ မစုစုလှိုင်()မကြာပွင့် (၂၅)နှစ်မှာ ပင်လယ်ပြင်၌ မျောပါနေစဉ် ငါးဖမ်းစက်လှေတစ်စီးမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး တောင်သုံးလုံး ကျေးရွာသို့ ပို့ဆောင်ပေးအပ်ခဲ့ သဖြင့် တောင်သုံးလုံးရွာသူ/ရွာသားများမှ ပင်လယ်ပြင်သို့ သွားရောက် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ဦးဖိုးဇော်ပါ ကျား ဦး၊ ဦးတို့အား ပင်လယ်ပြင်၌ မျောပါနေစဉ် အသက်ရှင်လျက် ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။
မြိတ်မြို့ သံသရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသား /သူ များအား နေ့လည်စာနှင့် အ၀တ် အထည်များ လှူဒါန်း
မြိတ်မြို့ သံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး မူလွန်ကျောင်း ကျောင်းအုပ်ဆရာတော်ကြီး မဟာသန္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတ၏  ဦးဆောင်မှုဖြင့် မိဘမဲ့ကလေးများနဲ့ ဆင်းရဲနွမ်းပါး၍ ပညာ မသင်ကြားနိုင်သူ များအား အခမဲ့ ပညာသင်ကြားပေးခြင်း ဆောင်ရွက်နေသည့် သံသရာ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွင် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများအား မြိတ်မြို့ မြိတ်တောင် ရပ်ကွက်နေ ဦးစိုးဦး၊ ဦးထွန်းအေးနှင့် ဦးသိန်းနိုင်တို့ မိတ်ဆွေ အပေါင်း အသင်း တစ်စုမှ  နေ့လည်စာ ကျွေးမွေးပြီး တန်ဖို(၂) သိန်း ရှိ အ၀တ်အထည်များ လှူဒါန်းခြင်းကို (၂၀-၁-၂၀၁၄) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။ 
Sunday, January 19, 2014
မြိတ်အဆောင်ကောင်း ကုမ္ပဏီ၌ SAMSONIC လျှပ်စစ် ပစ္စည်း ရောင်းချပွဲ ပြုလုပ်မည်
တနသာင်္ရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုံရှိ အဆောင်ကောင်း ရေလုပ်ငန်း ကုမ္ပဏီ၌ SAMSONIC လျှပ်စစ် ပစ္စည်း အမျိုးမျိုးရောင်းချ ပွဲကြီး ပြုလုပ်မည် ဖြစ်ကြောင်းသိ ရသည်။
“ ရန်ကုန်က တိုက်ရိုက် လာရောင်းချမှာပါ ….. ကုမ္ပဏီဝန်ထမ်းတွေ အတွက် အဓိကထားပြီး အရစ်ကျ စနစ်နဲ့ ရောင်းချပေးသွား မှာပါ ” ဟု အဆောင်ကောင်း ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးသိန်းအောင်က ပြောသည်။
Friday, January 17, 2014
နေစရာမရှိ အဟာရ ပြတ်လပ်ပြီး နာမကျန်းဖြစ်နေသည့် ဒုက္ခရောက်နေသူ တစ်ဦးအား စေတနာရှင် တစ်ချို့မှ ဆေးကုသပေးပြီး နေရပ်သို့ပြန်နိုင်ရန် ဖေးမကူညီခဲ့
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၅)ရက်၊ နံနက် (၃း၀၀)နာရီအချိန်ခန့်တွင် မြိတ်မြို့၌ ဒုက္ခရောက် အခက်အခဲ ဖြစ်နေသည့် ဟင်္သာတမြို့၊ လိပ်ချောင်းကျေးရွာနေသူတစ်ဦးအား နေရပ်သို့ ပြန်နိုင် ရန် စေတနာရှင်တစ်ချို့မှ ကူညီပေးခဲ့ကြောင်း သိရှိရသည်။
Tuesday, January 14, 2014
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ခရီးစဉ်၌ လိုက်ပါလာသော ယာဉ်တစ်စီး မေတ္တာ-ထီးခီး လမ်းပိုင်းတွင် ချောက်ထဲကျခဲ့ပြီး တိုင်းငါးလုပ်ငန်း ဒု-ဦးစီးမှူး သေဆုံး
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ နယ်စပ်ဂိတ် တစ်ခုဖြစ်သော ထီးခီးစခန်းနှင့် မေတ္တာမြို့နယ်ခွဲသို့ ဆက်သွယ်ထားသည့် လမ်းပိုင်ပေါ်တွင် ဇန်န၀ါရီ ၁၂ ရက် ညနေ နာရီခန့်က ယာဉ်တစ်စီး ချောက်ထဲကျပြီး လူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
Monday, January 13, 2014
မြိတ်မြို့ လော့လော့ ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒဖော်ထုတ်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (ဒို့အရေး)၊ ပြည်သူ့ ဆန္ဒ ပါဝင်မှု မရှိသော စီမံကိန်းများ အားလုံး ရပ်တန့်ရေး (ဒို့အရေး) ၊ လော့လော ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းရေး၊ (ဒို့အရေး)၊ေ လာ့လော့ ကျောက်မီးသွေး စက်ရုံ (အလိုမရှိ ) ၊ သဘာဝ ဓာတ်ငွေံ စက်ရုံ ရရှိရေး (ဒို့အရေး) ၊ ပြည်သူ့ သဘောမတူသော စီမံကိန်း (မလိုမရှိ ) ဟူသော ကြွေးကြော်သံများ ကြွေးကြော်လျက် ၄င်း ကြွေးကြော်သံ စာတန်းပါ ပိုစတာ ဆိုင်းပုတ်များ ကိုင်ဆောင်ကာ မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာ ၌ တည်ဆောက်မည့် (၅၀) မီဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ပေး စက်ရုံ ဖျက်သိမ်းရေး အတွက် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းအား အင်အား (၁၅၀) ဦးခန့်ဖြင့် (၁၂-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်မှ ညနေ (၃) နာရီ ခန့် အချိန်ထိ မြိတ်မြို့ သမုတ်ကျေးရွာ ၌ ပြုလုပ်ခဲ့သည်။ 
တနင်္သာရီရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းများ တည်ဆောက်မည်
မြိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွား ရေး လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အဆင့်မြင့် အိမ်ယာ ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက် လာပြီး မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခြင်း နှင့်အတူ ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှုများ လျင်မြန် မြန်ဆန် လာ၍ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ ရောက်ရှိ လာ တော့မည် ဖြစ်သည်။
Friday, January 10, 2014
(၁၃)ကြိမ်မြောက် အထက(၂) မြိတ် မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ
အထက(၂) မြိတ် ကျောင်းသား/ ကျောင်းသူ ဟောင်းများ၏ (၁၃) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားအား အောက်ဖော်ပြပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ချစ်သူငယ်ချင်း ကျောင်းနေဖက်များ အားလုံး တက်ရောက်နိုင်ရေး ဖိတ်ကြားအပ်ပါသည်
                              နေ့ရက် - ၁၂-၁-၂၀၁၄ (တနင်္ဂနွေနေ့ )
                              အချိန်   - နေ့လည် (၁၂) နာရီ 
                              နေရာ   - အထက (၂) မြိတ်
ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ ပြုလုပ်ကျင်းပ
တနင်္သာရီတိုင်း ဒေသကြီး  မြိတ်ခရိုင် ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လူငယ် တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားကို (၁၀-၁-၂၀၁၄)ရက်နေ့  နံနက်(၈:၀၀) နာရီ အချိန် ပုလောမြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ကျင်းပခဲ့သည်။ 
Wednesday, January 8, 2014
ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း
မြန်မာပြည်ကို ဆောင်းဝင်လာခဲ့ပြီဆိုတော့ ပင်လယ် ကမ်းခြေဒေသတွေမှာ မြန်မာတိုင်းသိနေသည့် (ငါးနီတူ) ငါးတွေ အမိအရ များလာ ချိန်ဖြစ် ပါသည်။ ယခု စာတမ်းလေးကို ပင်လယ်ဒေသ လူတွေ ဆီ ဖြန့် ဝေပေးကြပါရန် ပန်ကြားလို ပါသည်။
ငါးနီတူကို ကျနော်တို့ ဆီမှာ ငါးခြောက် လုပ်ရုံကလွဲပြီး တခြားနည်း မရှိကြပါ။ ကျနော်အော်ဇီ ရောက်မှ ငါးနီတူ အစို ( လတ်လတ် ဆတ်ဆတ်ကို တွေ့ ဖူးတာပါ။ အော်ဇီမှာက ငါးမြှားရန် အတွက်သာ သုံးကြပါသည်။ စားသူရှား ပါသည်။ ကျနော်တို့ ဆီမှာ ငါးခြောက်သာလျှင် လုပ်တော့ ငါးခြောက်တစ်ပိသာ ရရန် ငါးနီတူ ၅ ပိဿာ အထက်ကုန်ပြီး ဈေးအလွန်နည်းတော့ တန်ဖိုးပျက်ပါသည်။
Tuesday, January 7, 2014
လန်ပိကျွန်း အနောက်ဘက်တွင် သေဆုံးလျက်တွေ့ရသော ၄၆ ပေအရှည်ရှိ ဝေလငါးကြီးအားအရိုးချရန် တစ်နှစ်ခန့် ကြာမည်ဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သွားရောက်လေ့လာနေ
တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ရက်က အရှည် ၁၆ ပေ လုံးပတ် ပေ ၂၀ ကျော်ရှိသော ဝေလငါးကြီးတစ်ကောင် ကမ်းတင်သေဆုံးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ  သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။  ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီက ဝေလငါးကြီး နှစ်ကောင် ညှပ်လျက် လန်ပိကျွန်းတန်း ဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း  သိရသည်။
ဝေလငါးကြီးကို တခြားဝေလငါးကြီး နှစ်ကောင်ကတွဲပြီး ကူးခပ်သွားတာ တွေ့ရ တယ်လို့ တံငါသည်တွေက ပြောတယ်။ အဲဒီနောက်မှာ ငါးကြီးကို ကမ်းစပ်မှာ လာထားခဲ့ဟန် ရှိပါတယ်။ ဝေလငါးကြီးကို ၀ါးကျွန်းမှာ သဲမြှုပ်ပြီး  အရိုးချရဦးမှာပါ။  အချိန်တစ်နှစ်လောက် ယူရပါမယ်။  အရင်ကလည်း နှစ်ကောင်ကို ဒီလိုပဲ တွေ့ရပြီးပါပြီ။ လောင်းလုံးဘက်မှာ တစ်ကောင်တွေ့ရပြီး အရိုးကို အဏ္ဏ၀ါသိပံ္ပ ပြတိုက်မှာ ပြသထား ပါတယ်။ နောက်တစ်ကောင် ကတော့ ပုလောမြို့နယ်ဘက်မှာ တွေ့ရတာပါ။ အဲဒီအရိုးကိုတော့ ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်။ အခုတွေ့ရတဲ့ ဝေလငါးကြီးကို  အရိုးချပြီး အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်မှာပါဟု ငါးဦးစီးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Sunday, January 5, 2014
မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ စံပြမိခင် / ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲကို ဇန်န၀ါရီလ()ရက် နံနက် ()နာရီ က မြိတ်မြို့ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။
ထိုနောက် မြိတ် ပြည်သူ့ဆေးရုံကြီးမှ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်အောင်က ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစ ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မိခင်နို့်တိုက်ကျွေးမှု အရေး ပါပုံ များကို အသိပညာပေး ဟောပြောသည်။
မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား၊ သ၀ဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို မြိတ်ခရိုင် မြိတ်မြို့ မြို့မအားကစားကွင်း တွင် ဇန်န၀ါရီလ ()ရက် နံနက်(၄း၂၀)နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာန ဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး အလံတင် အဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး အလေးပြုခဲ့ကြသည်။
Saturday, January 4, 2014
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ 
၁၉၄၈ ဇန်န၀ါရီလ (၄) ရက် ၊ မနက်(၄)နာရီ၊မိနှစ် (၂၀) မှာရခဲ့တဲ့ လွတ်လပ်ရေးနေ့ဟာ ၂၀၁၄ ဇန်န၀ါရီလ (၄)ရက်မှာ (၆၆)နှစ် ပြည့်ခဲ့ပါပြီ။ နယ်ချဲ့ အုပ်ချုပ်မူ အောက်မှ လွတ်မြောက်လာခဲ့သော၊ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်သည်နေ့ ကို လွတ်လပ်ရေး နေ့ ဟူ အထွတ် အမြတ် သတ်မှတ်ထားခဲ့ ကြသည်။
`` သက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ ပြာသို လဆုတ်(၉)ရက် ၊ တနင်္ဂနွေ နေ့ အား ဤငါတို့   မြန်မာပြည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု    နိုင်ငံတော်ကြီး အဖြစ် ကောင်းစွာ ရောက်သတည်း။ ´´  
Friday, January 3, 2014
မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်း အနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်း မရှိသော ဒန်းကျွန်းပေါ်တွင် တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။ ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။ ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။
မြိတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၇) ဦး လွတ်မြောက်ခွင့်ရ
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် (၅၁/ ၂၀၁၃)ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပြုထားသည့် အကျဉ်းသားများအား နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းက အထောက်အပံ့   ဖြစ်စေ သည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲ နိုင်ရေးအတွက် မြိတ်အကျဉ်းထောင်က ကျင့် (၄၀၁) အရ  (၂-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် အကျဉ်းသား အမျိုးသား (၈၆) ဦး၊ အမျိုးသမီး (၂၁) ဦး ပေါင်း (၁၀၇)ဦးအား လွတ်ပေးခဲ့သည်။ 
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် တိုင်းဒေသကြီး ၀န်ကြီးချုပ် တက်ရောက်အားပေး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖလား၊ ရပ်ကွက်နှင့် ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုယ် ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ (၂)ရက်နေ့ ညနေ(၃) နာရီ အချိန်တွင် မြိတ်မြို့ မြို့မအားကစားတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် တနင်္သာရီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ၊ ပြိုင်ပွဲဝင် အားကစား အသင်း (၃၄) သင်းမှ အုပ်ချုပ်သူနှင့် နည်းပြများ ၊ အားကစားသမားများ တက်ရောက်သည်။ 
Thursday, January 2, 2014
မြိတ်မြို့၌ ပြုလုပ်မည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) နှင့် ပြစ်မှု ဆိုင်ရာ ပုဒ်မ (၅၀၅) (ခ) ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော် ခွင့်ပြုမိန့် ငြင်းပယ်ခြင်း ခံရ
မြိတ်ခရိုင်(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည့်  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ (၅၀၅) (ခ) ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော် ခွင့် ပြုမိန့် လျှောက်ထားခြင်းကို (၂ရ.၁၂.၂၀၁၃) ရက်စွဲပါ  မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားမှတ်ချက် နှင့်အတူ (၁.၁.၂၀၁၄) ရက် နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့ ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်လိုက်ကြောင်း သိရသည်။ 
Wednesday, January 1, 2014
ဆလုံလူမျိုးတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် ဥာဏ်ရည်များကို ဂျပန်တက္ကသိုလ်မှ လာရောက်သုတေသနပြုလုပ်
မြိတ်ကျွန်းစုအတွင်းရှိ ဆလုံလူမျိုးတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် ဥာဏ်ရည်အနေအထားများကို ဂျပန်တက္ကသိုလ်တစ်ခုမှ ခုနစ်ရက်ကြာ လာရောက်သုတေသန ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ Otsuma woman University Tokyo မှ Dr. SEJI OHAWA နှင့် Dr.ATSUMO SHIMODU ပါဝင်သောအဖွဲ့မှာ မြိတ်ကျွန်းစု အတွင်းရှိ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပလောဝမ်း စသည့်ကျေးရွာများမှ ဆလုံ လူမျိုးများကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့၌ အုပ်ချုပ်ရေးမှူးများ ဘောလုံးအသင်းနှင့် ခရိုင်အမျိုးသမီးလက်ရွေးစင် ဘောလုံး အသင်း ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၌ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို (၂-၁-၂၀၁၄) ရက်မှ (၁၄-၂-၂၀၁၄) ရက်အထိ မြိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နှစ်နီးပါး ကြာပြီ ဖြစ်သော ကန့်ကွက်မှု သက်ဆိုင်ရာက ဖြေရှင်းရာတွင် နှောင့်နှေးကြန့်ကြာနေကြောင်း သိရ
တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်() ရပ်ကွက် ရွှေစံပယ်လမ်း လမ်းသူ လမ်းသားများနှင့် ဆယ်အိမ်မှူး ဦးဝိုင်တင် ကြား အငြင်းပွား နေမှုသည် တစ်နှစ်နီးပါးကြာလာပြီ ဖြစ်သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးမှု နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။
 ၁၄.၀၁.၂၀၁၃ ရက်နေ့ကတည်းက ကျွန်တော်တို့ လမ်းသူလမ်းသား အယောက်(၂၀) က ဒီကိစ္စကို လက်မှတ်ထိုးပြီး သက်ဆိုင်ရာဌာန တွေကို တိုင်စာ ပေးပို့ခဲ့တာပါ။ အခုထိ အဖြူအမဲ ကွဲကွဲပြားပြား မရှိသေးပါဘူးဟု ၎င်းလမ်း၌ နေထိုင်သူက ပြောသည်။ ၎င်းတိုင်စာ ပေးပို့ခဲ့ပြီး နောက် သက်ဆိုင်ရာ ဌာနများမှ အကြိမ်ကြိမ် ကွင်းဆင်းကြည့်ရှုခဲ့ကြ သော်လည်း ထိရောက်သော အရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ တိုးတက် ဖြစ်ထွန်းခြင်း မရှိသောကြောင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင် ၀န်ကြီးထံ ထမ်မံ၍ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။