မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, July 31, 2013

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကျွန်းစုများတွင်လုပ်ကိုင်ခွင့်ပြုမည်


ပြည်တွင်းရှိ အသုံး မပြုဖြစ်သော ကျွန်းများ ကို ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ လျှောက်ထား တင်ပြလာလျှင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက ခွင့်ပြု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အထွေထွေ အတွင်းရေးမှူး သူရ ဦးသောင်းလွင်က ပြောသည်။

ကျွန်းစုမြို့တွင် တန်ဖိုးနည်း GSM တယ်လီဖုန်းများ စတင်ရောင်းချ

နိုင်ငံတော်အစိုးရမှ ပြည်သူများအတွက် ဈေးနှုန်းချိုသာသော တန်ဖိုးနည်း တယ်လီဖုန်းများ ခွဲဝေ ရောင်း ချပေးလျက်ရှိရာ ကျွန်းစုမြို့နယ်၌ ဇူလိုင်လ(၃၀)ရက် နေ့လည်(၂)နာရီက ကျွန်းရတနာခန်းမတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ ၁၅၀၀တန် GSM ဖုန်းများစတင်ရောင်းချပေး ခဲ့သည်။

Tuesday, July 30, 2013

မြိတ်မြို့နယ် အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချ ပေးနိုင်ရန် အတွက် ရပ်ကွက် အလိုက် ခွဲဝေ သတ်မှတ်



မြိတ်မြို့နယ် တန်ဖိုးနည်းဖုန်းများ ရောင်းချပေးနိုင်ရန် အတွက် ရပ်ကွက် အလိုက် ခွဲတမ်း သတ်မှတ်ခြင်းကို ဇူလိုင်လ (၂၉) ရက်နေ့တွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။ `

နိုင်ငံတော် အတွက် ကွန်ပျူတာ ပညာရှင်များ မွေးထုတ်ပေးလျက် ရှိသော ကွန်ပျူတာ တက္ကသိုလ်(မြိတ်)


မြိတ်-တနင်္သာရီ ကားလမ်းမ၌ မော်တော်ယာဉ်ဖြင့် ဖြတ်သန်း သွားလာသည့် အကြိမ်တိုင်း မြိတ်မြို့၏ အထင်ကရ ကွန်ပျူတာ တက္ကသိုလ် နယ်မြေသည် ပတ်ဝန်း ကျင်တွင်ရှိသော ရာဘာ၊ ဆီအုန်းပင်များဖြင့် သုံးထပ်ပင်မ ကျောင်းဆောင် ကြီးဖြင့် ခန်းနား ထယ်ဝါလှပေသည်။ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်စေရန် အတွက် လိုအပ်သော ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များ မွေး ထုတ်ပေးလျက် ရှိသော ကွန်ပျူတာ တက္ကသိုလ်(မြိတ်)သည် မြိတ်-တနင်္သာရီကား လမ်း နံဘေး မြိတ်မြို့မှ (၈)မိုင် (၇)ဖာလုံခန့် ဝေးသော စန္ဒ၀တ်ကျေးရွာ အုပ်စု ရွှေဒူးကျေးရွာ တွင် တည်ရှိ ပါသည်။

ဆီးဂိမ်းစ် အကြို လှုံ့ဆော်မှု အဖြစ် မြိတ်မှ နေပြည်တော်သို့ မိုင် ၇၂၀ ကျော် ခရီးကို တစ်ကိုယ်တော် လမ်းလျှောက်သူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိ









ဆီးဂိမ်းစ်အကြို လှုံ့ဆော်ရေးနှင့် အောင်နိုင်ရေး အတွက် မြိတ်မြို့မှ မိုင်ပေါင်း ၇၂၀ ကျော်ခရီးကို တစ်ကိုယ်တော် လမ်းလျှောက် လာသူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူသည် ဇူလိုင် ၁ ရက်က မြိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် တောင်ငူမြို့သို့ ရောက်ရှိကာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဆက်လက် လမ်းလျှောက် ထွက်ခွာခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်း လွဲ ၁၂ နာရီ ၁၅ မိနစ်က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ပန်းဝင်လာခဲ့ကြောင်း သိရသည်။

Monday, July 29, 2013

မြိတ်မြို့၊ ဘုံတိုက်စိမ်း အလုပ်အမှုဆောင်ကော်မတီမှ News of Myeik ၏ သတင်းအား အမှန်တရားအတွက် ပြန်လည်ရှင်းလင်းတင်ပြခြင်း

(၂၄-၇-၂၀၁၃)ရက်နေ့တွင် News of Myeik ၏ သတင်းစာမျက်နှာ၌ မြိတ်မြို့၊ ဘုံတိုက်စိမ်း ခန်းမနှင့်ပတ်သက်၍ ဖော်ပြခဲ့ခြင်းအပေါ် ဘုံတိုက်စိမ်းအလုပ်အမှုဆောင်ကော်မတီမှ အမှန်တရားအတွက် ပြန်လည်ရှင်းလင်းတင်ပြချက်

(၂၄-၇-၂၀၁၃)ရက်နေ့တွင် News of Myeik ၏ facebook စာမျက်နှာ၌ သမင်မွေးလိုက် ကျားစားလိုက်ဟူသော ခေါင်းစဉ်ဖြင့် မြိတ်မြို့၊ ဘုံတိုက်စိမ်း ခန်းမ၏ အောင်မြင်မှုများကို မနာလိုသူများမှ ဖန်တီးရေးသားခြင်းသာ ဖြစ်ပါသည်။

Saturday, July 27, 2013

ထားဝယ်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားသည့် တယ်လီဖုန်း ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သည့် အမှုမှ တရားခံများအား ဖမ်းဆီးရမိ လွှဲပြောင်းပေးအပ်




တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ ဦးဝင်းနိုင်၏လက်ကိုင်ဖုန်း သို့ ရန်ကုန်မှ
ဖုန်းအမှတ် ၀၉၄၃၁၄၄၉၈၇ ဖြင့်ဆက်သွယ်ပြီး တယ်လီဖုန်းဆင်းကတ်မှ
ကံစမ်း မဲပေါက်ကြောင်း ပြောဆို ကာငွေကျပ် ၁၃၃၀၀၀၀အား ရန်ကုန်တိုင်း
ဒေသကြီး၊ သုဝဏ္ဏကမ္ဘောဇဘဏ်ခွဲသို့ အောင်ကျော်စိုး၊၁၄/ဘကလ(နိုင်)
၃၁၇၇၆၉ အမည်ဖြင့်လွှဲခိုင်းခဲ့ပြီးလိမ်လည်ရယူခဲ့သဖြင့် ထားဝယ်ရဲစခန်း (ပ)၂၂၉/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ထားရှိခဲ့ပါသည်။

မြိတ်ခရိုင်အတွင်း GSM ဖုန်း ၁၂၀၀ နှင့် CDMA ဖုန်း ၁၀၀၀ ခွဲဝေ ရောင်းချမည်


နိုင်ငံတော် အစိုးရမှ အများ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် တန်ဖိုးနည်း ဖုန်းများ ချထား ခွဲဝေ ရောင်းချပေး လျက်ရှိရာ ယခု စတုတ္ထ အကြိမ်တွင် ယခင် ချထားပေးသည့် CDMA 800 MHz ဖုန်းများ အပြင် GSM ဖုန်းများပါ ထည့်သွင်း ရောင်းချပေးမည် ဖြစ်ပြီး မြိတ်ခရိုင်အတွင်း မြိတ်ခရိုင်အတွင်း GSM ဖုန်း ၁၂၀၀လုံး နှင့် CDMA ဖုန်း ၁၀၀၀လုံး ခွဲဝေ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ် ငွေထုတ်ချေး

တနင်္သာရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်သို့ ၂၀၁၃ခုနှစ် အတွက် မိုးစပါး စိုက်ပျိုး စရိတ် ချေးငွေများကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြိတ်ခရိုင် မန်နေဂျာ ဦးရွှေဟို ခေါင်းဆောင်သည့် ဘဏ်ဝန်ထမ်း များက၂၄-၇-၂၀၁၃နေ့မှ စပြီး တနင်္သာရီမြို့သို့ ကွင်းဆင်း ထုတ်ချေး ပေးလျက်ရှိရာ ၂၆-၇-၂၀၁၃ရက် အထိ ကျေးရွာ အုပ်စု(၅) အုပ်စု၊ တောင်သူပေါင်း (၅၈၃)ဦး၏ စိုက်ဧက(၃၇၀၆)ဧက အတွက် တစ်ဧက ချေးငွေကျပ် (၁)သိန်း နှုန်းဖြင့် ချေးငွေ ကျပ်သိန်းပေါင်း (၃၇၀၆)သိန်း ထုတ် ချေး ပြီးကြောင်း သိရသည်။ 

Friday, July 26, 2013

နွားနှင့်ငါး အရုပ်ရေး ကြည့်ရမယ်

ကလေးဘ၀တုန်းက လူကြီးသူမ တွေပြောတဲ့ စကားကြားဘူးတယ်။ နွားနဲ့ ငါးအရုပ် ရေးကြည့် ရမယ်တဲ့။ ဟိုတုန်းကတော့ အမှတ်မထင်ပါဘဲ။ ဒီလောက်များတဲ့ နွား တွေ၊ ငါးတွေဟာ ဘာကြောင့် ရှားပါးသွား မှာလဲ။ စကားမရှိ၊ စကားရှာပြောတယ်ဟု ကောက်ချက်ချမိတယ်။ အခုတော့လည်း ဒီပြဿနာက အမျိုးသားရေး အသွင်ဖြင့် ဖြေရှင်းရမယ့် ပြဿနာဖြစ်နေပြီ။ မြန်မာ နိုင်ငံမှာ ၈၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေ ပြည်သူတွေဖြစ်ကြတယ်။ ကျေးလက်နေ ပြည်သူ အများစုဟာ လယ် ယာစိုက်ပျိုးရေး လုပ်ငန်းကို မှီခိုနေရတယ်။ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် နေထိုင်တဲ့ မိသားစုတွေနှင့် မြစ်ကမ်းဘေးမှာနေထိုင်သူ အချို့က ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးကြတယ်။ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ အတွက် နွားနှင့်ငါးဟာ အဓိကကျတဲ့ အရင်းအမြစ်တွေ ဖြစ်နေတယ်။

Thursday, July 25, 2013

အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော် များနှင့် သီလရှင်များအား စာအောင်ဆုနှင့် စာအောင် လက်မှတ် ဆက်ကပ်လှူဒါန်း

အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော် များနှင့် သီလရှင်များအား စာအောင်ဆုနှင့် စာအောင် လက်မှတ် ဆက်ကပ်လှူဒါန်း


အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော်များနှင့် သီလရှင် များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲ မ်းအနားကို မြိတ်မြို့ လေးကျွန်း ဆီမီးစေတီ တော်တွင် ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီ၌ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ ဥက္ကဌ ကန်သာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂဏ္ဍ၀ါစကပဏ္ဍိတ ဘဒ္ဒန္ဒ ကောဏ္ဍည အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ဌာနဆိုင်ရာများ၊ စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင်များ၊ တပည့်တကာ တကာမများ တက်ရောက်ကြသည်။

ပွင့်လင်းမြင်သာစွာဖြင့် တန်ဘိုးနည်း ဖုန်းများ ခွဲဝေရန် လိုအပ်



ပွင့်လင်းမြင်သာစွာဖြင့် တန်ဘိုးနည်း ဖုန်းများ ခွဲဝေရန် လိုအပ်

တန်ဘိုးနည်း ဖုန်းများအား နိုင်ငံတော် ချမှတ်ပေး သည်မှာ ယခုလပါဆိုလျင် (၄)ကြိမ် ရှိလာမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ချမှတ်ပေးသော်လည်း မြိတ်မြို့နယ် အတွင်းမှ  သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး (အားလုံးကို မဆိုလို)  အချို့သည် ခွဲတမ်း ရရှိသည့် Sim Card အရေအတွက်ကို ပြည်သူ လူထုများအား အမှန်အတိုင်း ချပြခြင်း မရှိဘဲ လက်သိပ်ထိုး ခွဲတမ်း ချမှတ်ပေးနေသည်ကို တွေ့ရှိရသည်။ 

မြိတ်မြို့ ၌ စက်မှုသီးနှံဆိုင်ရာ သင်တန်းဖွင့်လှစ်

မြိတ်ခရိုင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော စက်မှု သီးနှံဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၅)ရက် နံနက်(၉)နာရီတွင် ခရိုင်စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင်က သင်တန်းဖွင့် အမှာ စကားပြောကြားသည်။

ယင်းနောက် စက်မှု သီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဒေါ်စောရီ က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သင်တန်းသား များမှ တစ်ဦးချင်းမိတ်ဆက်ပြီး အခမ်းအနား ရုပ်သိမ်းပါသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ(၂၅)ရက်မှ (၂၇)ရက်နေ့ အထိ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား (၁၈)ဦး နှင့် လေ့လာသူ (၅)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

IPRD MYEIK

 


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲ၍ နေအိမ်ဖိ


၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက် (၀၀း၁၅)နာရီအချိန်ခန့်တွင် မိုးများသည်းထန်စွာ ရွာသွန်း တိုက်ခိုက်မှုကြောင့် မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောရကျောင်းရပ်၊ ရှမ်းချောင်းလမ်းမကြီး (ရေဆေးခုံအနီး)၌ နေထိုင်သူ ကိုမင်းအောင် (ခ) ကိုသားကြီး + မပြုံးပြုံးဆွေ တို့၏ ဓနိမိုး၊ ၀ါးထရံကာ နေအိမ်ပေါ်သို့ အိမ် ညာဘက်ရှိ သစ်ပင်ကြီးလဲကျပြိုဆင်းပြီး ဖိမိသွားခဲ့သဖြင့် အိမ်အရှေ့ပိုင်း ယိုယွင်းပျက်စီးသွားကြောင်း သိရသည်။

မြိတ်မြို့၌ ၀ါဆိုသင်္ကန်းဝယ်ယူရန်အကြောင်းပြု၍ မော်တော်ဆိုင်ကယ် လိမ်လည်မှု ထပ်မံဖြစ်ပွား

မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ မန္တလေးကျောင်းလမ်း၌ နေထိုင်သည့် မော်တော်ဆိုင်ကယ် အငှားမောင်းနှင်သူ ကို.......... မောင်းနှင်သော Dream (2007) ရွှေလှိုင်း အစိမ်းနက်ရောင်အား ၀ါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြုပြီး ဆိုင်ကယ်ငှားယူ လိမ်လည်မှုတစ်ခု ဇူလိုင်လ (၂၂)ရက်နေ့ (၀ါဆိုလပြည့်နေ့)၊ နံနက် (၇း၀၀)နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Wednesday, July 24, 2013

ဝါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြု၍ မော်တော် ဆိုင်ကယ် လိမ်လည်မှု မြိတ်မြို့၌ ဖြစ်ပွား



မြိတ်မြို့၊ ပါရမီ ရပ်ကွက်၊ ပါရမီဈေးအနီး နေထိုင်သူ ဦး.......... မောင်းနှင်သော Wave 100 (2006) အပြာရောင်အား ၀ါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြုပြီး ဆိုင်ကယ် ငှားယူ လိမ်လည်မှု တစ်ခုကို ဇူလိုင်လ (၉)ရက်၊ နေ့လည် (၁၀း၃၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြိတ်ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ



မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးစီး၍ ပါတီဝင်များမှ စုပေါင်းပြီး ၀ါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက် ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ခရိုင် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ မြိတ်မြို့ တောကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ တေဇောဘာသာ အမှူးပြုသော ဆရာတော် သံဃာတော်များ နှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန တိုင်းဒေသကြီး ၀န်ကြီး ဒေါက်တာဝင်းအောင်၊ တနင်္သာရီ တိုင်းဒေသကြီး ကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း၊ မြိတ်ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ကော်မတီဝင်များ၊ မြိတ်မြို့နယ် အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ ၊ ရပ်/ကျေး စည်းရုံးရေးမှူးနှင့် ပါတီဝင်များ တက်ရောက် ကြသည်။ 


Tuesday, July 23, 2013

ဘုရားကိုင်တောင် မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၆) နာရီ ၀န်းကျင် အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပေါ်မြေများ ပြိုကျမှုကြောင့်  မြိတ်မြို့ မြိတ်တောင် နယ်မြေ ဘုရားကိုင်ရပ် ဘုရားကိုင် မူလတန်းလွန် စာသင်ကျောင်းအနီး လမ်းသွယ်တွင် တောင်ခြေအနီး ဆောက်လုပ် ထားသော ဦးကျော်ဆန်းအေး + ဒေါ်မြတ်မိုးရီ ပိုင်ဆိုင်သော အလျား (၂၅)ပေ၊ အနံ (၂၀) ပေရှိ ယိုင်ကာ ဓနိမိုး နေအိမ် တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။ 

Monday, July 22, 2013

သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာသင်ခုံနှင့် ကျောင်းဝတ်စုံများလှူဒါန်း



၁၉၉၄-၁၉၉၅ ခုနှစ် ကျောင်းသား/ သူများ နှင့် စေတနာရှင်များက သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့  စာသင်ခုံ(၂၀)လုံး (၆၀၀၀၀၀) ကျပ်နှင့် (၁၄၀၀၀၀)ကျပ် တန်ဖိုးရှိ ကျောင်း ၀တ်စုံများ လှူဒါန်းပွဲကို ဇူလိုင်လ(၂၁)ရက် နေ့လည်(၂) နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ စာသင်ခုံများနှင့် ကျောင်းဝတ်စုံ များကို ကျောင်းအုပ် ဆရာတော် မဟာ သဒ္ဒမ္မဇောတိက ဓဇ ဘဒ္ဒန္တ သုဇာတထံ လှူဒါန်းခဲ့ ကြပြီး ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြသည်။

ဘင်္ဂလာပင်လယ်အော် အတွင်း ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုလ်တု ဆက်သွယ်ရေး ကိရိယာ ပင်လယ်ပြင်အတွင်း မျှောပါမှုအား မြန်မာ ငါးဖမ်း သင်္ဘောက ဆယ်ယူ

ဘင်္ဂလားပင်လယ်အော်ရှိ ရေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ထိုင်းနိုင်ငံ အတွက် ပင်လယ် ရေပြင်ဂေဟ စနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုလ်တုဆက်သွယ်ရေး ကိရိယာ Rama Buoy သည် ရာသီဥတု ဆိုးရွား မှုကြောင့် မြန်မာနိုင်ငံရေပိုင်နက်သို့ မျှောပါခဲ့သဖြင့် ထိုင်းနိုင်ငံမှ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများမှ မြန်မာ့ ရေပိုင်နက်အတွင်း ရှာဖွေခဲ့ ပါသည်။

Sunday, July 21, 2013

သရက်ချောင်းမြို့၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



၁၈-၇-၂၀၁၃ ရက်နေ့ ၁၇၄၅ အချိန် တနင်္သာရီ တိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကဇိတံတားဦး ကျေးရွာနေ ဦးသိန်းအောင် (၅၅)နှစ်၏ နေအိမ်အား သတင်းအရ ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်(အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် ဦးသိန်းအောင်၏ သမီးဖြစ်သူ မဟေမာအောင်(၂၆)နှစ် ၀တ်ဆင်ထားသည့် ထဘီ အတွင်းမှ အထုပ် ၁ ထုပ် ထွက်ကြလာ သဖြင့် သက်သေများရှေ့ ဖွင့်ဖောက် စစ်ဆေးရာ အအေးစုပ် ပိုက်ငယ် အတွင်း ထည့် ထားသည့် တစ်ဖက်တွင် ၈၈ ၊အခြား တစ်ဖက်တွင် ၁ စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၇ ပြားနှင့် အစိမ်းရောင် ဆေးပြား ၁ ပြား၊ စုစုပေါင်း ၁၈ ပြား တွေ့ရှိရပြီး ၄င်း ကိုင်ဆောင်သော လက်ကိုင်ဖုန်း အမှတ် ၀၉-xxxxxxx နှင့်အတူ သိမ်းဆည်း ရမိ ခဲ့သည်။

မိုးကြိုး လျှပ်စီး ၀င်ရောက်၍ ဆက်သွယ်ရေး ဖုန်းလိုင်းများပြတ်တောက်

၂၀-၇-၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် တနင်္သာရီတိုင်း  ဒေသကြီး၊ ကော့သောင်းမြို့၊ မြန်မာ့ ဆက်သွယ်ရေး အော်တို အိတ်ချိန်း ရုံး၌ ရာသီဥတု ဆိုးရွားပြီး အော်တို အိတ်ချိန်းစက် အတွင်း မိုးကြိုး လျှပ်စီး ၀င်ရောက်၍ မြို့တွင်း လိုင်း ၂၅၆ လိုင်းပါ ဆက်သွယ်ရေး စက်(၁)ခု ချို့ယွင်းခဲ့သဖြင့် ဆက်သွယ်မှုများ ပြတ်တောက် လျက်ရှိပြီး အခြားမြို့များသို့ အဝေးလိုင်း ဆက်သွယ်မှု မရရှိကြောင်း သိရှိ ရသည်။

Saturday, July 20, 2013

မြိတ်မြို့၌ လုံခြုံရေးကင်မရာများတိုးမြှင့်တပ်ဆင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ရှိ လမ်းမများ ပေါ်တွင် လုံခြုံရေး ကင်မရာ များကို ဓာတ်တိုင် များနှင့် နီးစပ်ရာ အဆောက် အအုံများ၌  တပ်ဆင် ထားကြောင်း သိရသည်။ မီးပွိုင့် များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  ထိန်းသိမ်းရေး အတွက် တပ်ဆင် ထားသော  ကင်မရာ များမှာ CCTV ကင်မရာ အမျိုး အစားများ ဖြစ်ကြပြီး   မြိတ်မြို့ စည်ပင် သာယာရေး ဆိပ်ငယ် ဈေးကြီး အပြင်ဘက်   ရွှေဆိုင်တန်း   လမ်းမကြီး တစ်လျှောက်တွင် ကောင်းစွာ မြင်တွေ့ နိုင်သော CCTV ကင်မရာများ   တပ်ဆင် ထားသည့် အပြင် ဈေးအတွင်း မိမိဆိုင် လုံခြုံရေး အတွက်  ကိုယ်ပိုင် ကင်မရာ များလည်း တပ်ဆင် အသုံးပြုလျက် ရှိကာ   ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၊ Shopping  Center များ၊ စတိုး ဆိုင်များ တွင်လည်း  လုံခြုံရေး ကင်မရာ များကို တိုးချဲ့ တပ်ဆင် ထား၍ လုံခြုံရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အာဇာနည်နေ့၌ နိုင်ငံတော် အလံဟောင်းဖြင့် တိုင်တစ်ဝက် တိတ်တဆိတ် လွှင့်ထူခဲ့မှု စခန်းသစ်ကျေးရွာတွင် ဖြစ်ပွား

ဇူလိုင်လ (၁၉) ရက်နေ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ် ကျေးရွာတွင် နိုင်ငံတော် အလံဟောင်း (၉)ခုဖြင့် နေရာ (၉)နေရာတွင် တိတ်တဆိတ် လာရောက် လွှင့်ထူ ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး

မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။

Friday, July 19, 2013

မြိတ်မြို့သို့ ဖုန်းကံစမ်းမဲပေါက်ကြောင်း လိမ်လည်သူ တရားခံ (၄)ဦး မြိတ်မြို့၊ မြို့မရဲစခန်းသို့လွှဲအပ်ပြီ

ဖုန်းကံစမ်းမဲ ပေါက်ကြောင်း လိမ်လည် ငွေတောင်းခံသူ များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အလားတူ လိမ်လည်မှုပေါင်း (၁၇)မှု ထပ်မံဖေါ် ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ၁၁.၇.၂၀၁၃ ရက်နေ့ ၀၉၄၆ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နေ ကိုမောင်မောင်(ခ) ကိုစိုးသိန်း၏ လက်ကိုင်ဖုန်းသို့ ရန်ကုန်တိုင်း ဒေသကြီး တွင်နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ် များကို မဲဖောက်ပေးခဲ့ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ်လည်ပြီး ငွေတောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ အဖွဲ့ငယ်များခွဲ၍ သွားရောက်စောင့်ဆိုင်းနေစဉ် ၁၁.၇.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဘဏ်သို့ ငွေလာထုတ်သူ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ (၃၅)နှစ်၊ (ဘ)ဦးခင်ထွန်း၊ ဒဂုံ(တောင်)မြို့နယ်နေသူအား မြိတ်မြို့မှ လွှဲပေးသောခဲ့ ငွေ ၁၀၀၀၀ ကျပ်ကိုထုတ်ယူစဉ် 

နိုင်ငံတော် သြ၀ါဒစရိယ မြိတ်မြို့ စံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ခမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဍ၀ံသ မဟာထေရ် မြတ်ကြီး၏ အန္တိမ ဂူဟာ ပူဇာ အခမ်းအနား ကျင်းပ



နိုင်ငံတော် သြ၀ါဒ စရိယ မြိတ်မြို့ စံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂ မဟာသဒ္ဒမ္မ ဇောတိက ဓဇ ဘဒ္ဒန္ဒ ပဏ္ဍ၀ံသ မဟာ ထေမြတ်ကြီး၏ အန္တိမ ဂူဟာ ပူဇာ အခမ်းအနားကို ဇူလိုင်လ (၁၈)ရက် နံနက် (၉)နာရီတွင် တပ်ပြင်ရပ် စံကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်း၊ တနင်္သာရီ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ဌာနဆိုင်ရာများ၊ တပည့်တကာ၊ တကာမများ တက်ရောက်ကြသည်။

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင် ကျင်းပ

မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တွင် ယနေ့ နံနက် (၉)နာရီ (၃၀) ချိန်မှ (၁၀)နာရီ (၅၀) မိနစ် အချိန်အထိ ကျင်းပပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်များ၊ မြိတ်တက္ကသိုလ်များ သမဂ္ဂမှ အဖွဲ့ဝင်များ ၊ ပြည်သူများ စုစုပေါင်း အင်အား (၆၀၀) ကျော် တက်ရောက်ခဲ့သည်။ 

Thursday, July 18, 2013

တနင်္သာရီ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရပ်/ကျေး (၁၃)ခု ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲများ ကျင်းပ


မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တကူကျေးရွာ အုပ်စု ပါတီ ရုံးခန်းနှင့် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့ နေ့လည် (၁၂၁၀) အချိန်တွင် တနင်္သာရီမြို့နယ် ရှိ တကူ သံတိုက် ကျေးရွာနေ ဒေါ်မွှေးမွှေး၏ နေအိမ်တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ဦးသိန်းလွင်နှင့် တိုင်း/ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင်များ ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ ၊ ပါတီဝင်များ ၊ ပါတီလိုလားသူများ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ကြသည်။ 

အာဇာနည်နေ့ ဆန္ဒ

အာဇာနည်နေ့ ဆန္ဒ

(ဆရာဇော်ဂျီ )

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားနှင့်၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ၊် အန္တရာယ်သည်
မဖွယ်မရာ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်ဖျား အုပ်ချုပ်ရေးမှူးရုံး အုတ်တံတိုင်း ပြိုကျ

ဇူလိုင်လ(၁၆)ရက် ည(၇)နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်း ရာ မြိတ်မြို့ ကန်ဖျား လမ်းမကြီး ကန်ဖျားရပ်ကွက် ကန်ဖျား အုပ်ချုပ်ရေးမှူးရုံးရှေ့ အုတ်တံတိုင်းသည် ရေစီးဆင်းမှုများခြင်းကြောင့် မြေသား များ ပြိုကျ သဖြင့် အုတ်တံတိုင်း (၁၀)ပေ (၃)ခန်းပြိုကျကာ ကြေငြာ ဆိုင်းဘုတ်(၂)ခုပြိုလဲပြီး လမ်းဘေး ဓာတ်တိုင်(၁)ခု လမ်းမပေါ် ယိုင်လဲခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွား

၂၀၁၃ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ ည(၉း၄၅) နာရီခန့်တွင် မြိတ်မြို့နယ် သမုတ်ကျေးရွာ ကျောက်မော်ဆိပ် အနီး ဘုရားတောင်တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင် မြေပြိုမှုဖြစ်ပွားရာ ဦးနောင်အို (ဈေး အရောင်းဆိုင်) နှစ်ထပ် နေအိမ် (ကွန်ဂရစ်ခင်း၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး)အား မြေပြိုကျ ပိသွားခဲ့ ရာ (၂၅)သိန်းခန့် ရှုံးဆုံးသွား ခဲ့သည်။

မြိတ်မြို့မှ SEA GAME ဂုဏ်ပြုလမ်းလျှောက်သူ မော်လမြိုင်တံတား ဖြတ်သန်းပြီ



မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် SEA GAME အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ ဦးအောင်သူ(၄၅)နှစ်က မြိတ် - နေပြည်တော် တစ်ကိုယ်တော် လမ်းလျှောက်ခြင်းအား ဇူလှိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက ၄င်း၏နေအိမ်မှ စတင်ခဲ့ပြီး ဇူလှိုင်(၁၇)ရက်နေ့ ညနေ ၃ နာရီတွင် သံလွင်တံတား(မော်လမြိုင်)မှ တစ်ဆင့် ပေါင်မြို့နယ်တွင် ညအိပ် ရပ်နား 

Wednesday, July 17, 2013

NLD အဖွဲ့ဝင်နှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးသေနတ်ဖြင့် အပစ်ခံရ၍ ရာအိမ်မှူး သေဆုံး



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၂) ဦးနှင့် ကျေးရွာ ရာအိမ်မှူးတို့ စကားများ ရန်ဖြစ်ရာမှ တူးမီးဖြစ် အပစ်ခံရ၍ ကျေးရွာ ရာအိမ်မှူး သေဆုံးသည့် မှုခင်းတစ်ခု ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ပသျှူးချောင်းကျေးရွာ တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြိတ်ကျွန်းစု ကွမ်းထောင်းကျွန်း ပင်လယ်ပြင်တွင် ရရှိသည့် ကြေးဖိနပ်သည် ဗိုက်ကင်း ခေါ် ပင်လယ်ဓမြများ သုံးသည့် ဖိနပ် မဟုတ်ပဲ ရေငုပ်သမားများ စီးသည့် ဖိနပ်သာ ဖြစ်ကြောင်း (ပေးစာ )




မဇ္ဈိမ ခင်ဗျား ၁၆-၀၇-၂၀၁၃ နေ့ထုတ် မဇ္ဈိမသတင်းစာ အတွဲ(၁)၊ အမှတ်(၃၈)တွင် ဖော်ပြထားသော သတင်းနှင့် ပတ်သက်ပြီး ပြောခွင့်ပြုစေလို ပါတယ်။ " PATENT ဆိုတဲ့စကားလုံးက Viking ပလင်ယ် ဓားမြတွေနဲ့ နွယ်တဲ့ နာမည် တစ်မျိုးဖြစ်တယ် " လို့ Highlight လုပ်ထားတာတွေ့ရလို့ပါ။ ဗိုက်ကင်း လူမျိုးတွေဟာ ၈ရာစု ကနေ ၁၁ရာစု အလယ်လောက်ထိ ဥရောပ၊ အာရှအချို့ဒေသနဲ့ North Atlantic ကျွန်းစုတွေမှာ ကျက်စားနေထိုင် ခဲ့ကြတဲ့ north Germanic people တွေဖြစ်ပါတယ်။ 

မြိတ်မြို့၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား



၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်၊ နေ့လည် (၁း၀၀)နာရီအချိန်ခန့်၌ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ထားဝယ်ကမ်း (၁)ရပ်ကွက်၊ အာယုလမ်းနေ ဦးစိန်ပန်း၏သား မောင်အာကာဖြိုး အသက် (၁၇)နှစ်သည် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးလိုက်သဖြင့် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဦးဆန်းလွင်အား မြိတ်ခရိုင်ဖွံ့ဖြိုး တိုးတက်ရေးအသင်း၏ နှစ်ပတ်လည် အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အသင်းမှ ရာသက်ပန်ဖယ်ရှား

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်၊ နေ့လည် (၂း၀၀)နာရီအချိန်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် (၃)ရပ်ကွက်၊ ဦးပေါစိန်နေအိမ်၌ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ (၁/၂၀၀၃) နှစ်ပတ်လည် အမှုဆောင် အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ အမြင်မှန် ရပြီးနုတ်ထွက်

၂၀၁၃ ခုနှစ် ဇူလှိုင်လ (၁၄)ရက်နေ့ မြိတ် ခရိုင် အတွင်း ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှု စီမံကိန်းအား သန်းဖြိုးသူ ကုမ္ပဏီ နှင့် မြိတ် စီးပွားရေး လုပ်ငန်းရှင်များ အများပိုင်တို့ ပူပေါင်းပြီး မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ( ခယက ဥက္ကဋ္ဌ မှ တရားဝင် မှတ်ပုံတင်ထားသည့် ဟု ဆိုခဲ့) ဥက္ကဋ္ဌ ဦးဆန်းလွင်မှ ယနေ့ မနက် ၉.၃၀ ခန့်တွင် မြိတ်ခရိုင် ၈၈ မျိုးဆက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ရာ ပြည်တွင်း/ ပြည်ပ သတင်း မီဒီယာ များမှ တွေ့ဆုံမေးမြန်း သတင်းယူခဲ့ ပါသည်။

မြန်မာ့ပင်လယ်ပြင်ရှိ ငါး၊ပုဇွန် သယံဇာတယုတ် လျော့စေမည့် လက္ခဏာများ



မြန်မာ့ပင်လယ်ပြင်ရှိ ငါး၊ပုဇွန် သယံဇာတယုတ် လျော့စေမည့် လက္ခဏာများ

( အခုဖော်ပြပါ ဆောင်းပါအား အင်တာနက်ပေါ်မှ ရှာဖွေ တွေ့ရှိ၍ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ရေးသားသူ အမည် မဖော်ပြနိုင်သည့် အတွက် မူရင်းရေးသားသူအား အထူးတောင်းပန်ပါသည်။ )

ငါး၊ ပုစွန်တို့ ခန္ဓာကိုယ် အရွယ်အစား တဖြည်းဖြည်း သေးငယ်လာခြင်း၊ ငါး၊ ပုစွန် တို့ အရွယ်ရောက်သည့် အရွယ်အစားထက် သေးငယ်သော အရွယ်များကို အမြောက်အမြား ဖမ်းမိလာခြင်း။ စုစုပေါင်း အထိအမိဟု ခေါ်ပါသည်။ တစ်ကြိမ် ငါးဖမ်းထွက်တိုင်း ထိမိနေကျ ကုန်ချိန်ထက် နည်းပါးစွာ ငါးဖမ်း ရမိလာပါက လည်းကောင်း။ နှစ်ပေါင်းများစွာ ပုံမှန် ဖမ်းဆီးရမိနေကျ ကုန်ချိန် အရေအတွက်ထက် နည်းစွာထိမိ နေပါက လည်း သယံဇာတယုတ် လျော့လာသည့် သဘောပင်ဖြစ်သည်။ ထို့ပြင် သတ်မှတ် ဧရိယာ ယူနစ် တစ်ခုတွင် သတ်မှတ်သော ကိရိယာနှင့် ဖမ်းဆီးရမိ နှုန်းသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါး လာပါက သယံဇာတ ယုတ်လျော့ နည်းပါး လာသည်ကို ပြညွှန်းသည့် လက္ခဏာပင် ဖြစ်ပါသည်။ ယခုထို လက္ခဏာတွေကို ကိုယ်တွေ့ မျက်မြင်ကြုံနေရပြီ၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ နိုင်ငံတော်က ဘာတွေများ ဆောင်ရွက် နေပြီနည်း၊ သယံဇာတ ယုတ်လျော့သည့် လက္ခဏာတွေကို သယံဇာတ သုံးစွဲသူတွေ၊ ရှင်းရှင်းပြောရရင်တော့ ငါးဖမ်းစက်လှေ ပိုင်ရှင်တွေ သတိကော ထားမိကြရဲ့လား မသိပါ။

မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၌ CCTV တပ်ဆင်မည်

မြိတ်မြို့ ကျက်သရေဆောင် သိမ်တော်ကြီး ကုန်းတော်ပေါ်ရှိ လေးကျွန်းဆီမီး စေတီတော်ကြီးတွင် CCTV များ တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Tuesday, July 16, 2013

အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။

Monday, July 15, 2013

လျှပ်စစ်အခက်အခဲကြောင့် ကုန်ချောမထုတ်နိုင်ဘဲ ကုန်ကြမ်းကိုသာ ဈေးနှိမ်ခံပြီး ထိုင်းသို့ရောင်းချနေရ


လျှပ်စစ်ဓာတ်အား အခက်အခဲကြောင့် ငါးကုန်ချောမထုတ်နိုင်ဘဲ  ကုန်ကြမ်းအဆင့် ဖြင့်သာ တင်ပို့နိုင် သဖြင့် ဈေးနှိမ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီးမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မြိတ်မြို့ နောက်လယ် (၅) လမ်းထိပ်မှ စွန့်ပစ် အက်ဆစ် အရည်များနှင့် အနံ့ဆိုးများ တားမြစ် ဖယ်ရှားစေလို (ပေးစာ)


၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၄)ရက် နံနက် (၉း၅၀)အချိန်ခန့် မြိတ်မြို့ နောက်လယ် (၅)လမ်းထိပ် ရှိ ပလပ်စတစ် အဟောင်းပုံးဆိုင်မှ  စွန့်ပစ် ဆေးကြောလိုက်သော အက်ဆစ် အရည်များကြောင့် နောက်လယ် (၅)လမ်းနေပြည်သူများနှင့် လမ်းသွားလမ်းလာများမှာ များစွာ အခက်တွေ့လျှက် ရှိပါသည်။

ဆီအိုးကြီး ရှိနေပါသည်

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (သယံဇာတ ကော်မတီ အတွင်းရေးမှူး) ကြီးများ ခင်ဗျာ၊ ဇွန်လ(၂၂) ရက်နေ့ ထုတ် The Messenger Volume,4.No.5 စာမျက်နှာ (၃၄) မှာ “ဆီအိုးကြီး ဘယ်သွားမှာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆီအိုးကြီး ပျောက်ဆုံး နေပြီဖြစ်ကြောင်း ရေးသား ဖော်ပြထား တာ ဖတ်ရလို့ ၀မ်းသာ၊ ၀မ်းနည်း ဖြစ်ရပါတယ်။ စာတစ်ခါမျှ မရေးဖူး ပေမယ့် ကိုယ်သိတာ နားလည် နိုင်သလောက် ကိုယ်စားလှယ် တော်ကြီးနှင့် တာဝန် ရှိနေတဲ့ အထက် အဆင့်ပုဂ်္ဂိုလ်များ သိရှိ နားလည်ကာ ဆီအိုးကြီး ပျောက်ဆုံး နေတာ မဟုတ်ဘဲ အထိုက် အလျောက် လည်ပတ် နေပါတယ်လို့ ရေးသား တင်ပြလိုပါတယ်။

ဆီအိုးကြီး ဘယ်မှာလဲ

ကျွန်တော် မြိတ်ကို ရောက်တော့ လေယာဉ်ကွင်းမှာ မိုးတွေ ရွာနေသည်။ သွားသည့် ကိစ္စက သတ္တု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် သွားခြင်း ဖြစ်ပါသည်။ သတ္တု ကဏ္ဍနှင့် ပတ်သက်၍ သီးခြား ဆောင်းပါး ရေးသား ဖော်ပြပါဦးမည်။ မြိတ် သင်္ဘောဆိပ် ကိုရောက်တော့ ကမ်းနားလမ်း မှာ ခန့်ညား ထည်ဝါသော ဆိုင်းဘုတ်ကြီး တစ်ခု တွေ့သည်။

Saturday, July 13, 2013

မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ ကျင်းပ



၂၀၁၃ခုနှစ် မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ဘောလုံးပြိုင် ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ ကို ဇူလိုင်လ (၁၂)ရက် မွန်းလွဲ(၃)နာရီတွင် မြို့မ အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲကို ၀ိဇ္ဖာ/သိပ္ပံ ညွှန့်ပေါင်း အသင်းနှင့် ဘူမိဗေဒ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ညွှန့်ပေါင်း အသင်းက ဘူမိဗေဒ အသင်းအား (၄)ဂိုး(၁)ဂိုးဖြင့် အနိုင် ရရှိသည်။

Friday, July 12, 2013

မြိတ်မြို့၏ သမိုင်းဝင် တင်းနစ်ကွင်း တစ်ကွင်းဖြစ်သည့် ဒန်းလော့ တင်းနစ်ကွင်းအား နှစ်တစ်ရာပြည့် “ရာပြည့်” အခမ်းအနား ကျင်းပ ပေးသွားမည်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဘုရားငါးဆူရပ်၊ အား/ကာရုံး အနောက်ဘက်တွင် ရှိသော ဒန်းလော့ တင်းနစ်ကွင်း (DUNLOP TENNIS CLUB ) မှာ သမိုင်းဝင် ကွင်းတစ်ကွင်း ဖြစ်ပြီး အဆိုပါ တင်းနစ်ကွင်း အား နှစ်တစ်ရာ ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ““ ရာပြည့် ”” အခမ်းအနား ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဒန်းလော့ တင်းနစ်ကလပ် အမှုဆောင်များ ထံမှ သိရှိရသည်။

နိုင်ငံတော် သမ္မတ၏ ဖုန်းကံစမ်းမဲပေါက်သည့်ဟု ဖုန်းဆက်ပြီး မြိတ်မြို့နယ်အတွင်း ငွေလိမ်လည် တောင်းခံသူများအား ရန်ကုန်မြို့တွင် ဖမ်းမိပြီ

နိုင်ငံတော် သမ္မတ၏ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု ပြောဆိုပြီး အခွန်ငွေ ပေးသွင်းနိုင်ရန်အတွက် ငွေလွှဲ ပို့ပေးရန် ပြောဆိုကာ ငွေလိမ်လည် တောင်းခံသူများအား မြိတ်မြို့ ရဲသတင်းတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေးဌာန တို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည် (၁) နာရီကျော် အချိန်တွင် ငွေလိမ်လည်သူ ၀ဏ္ဏထွန်းနှင့် အပေါင်းပါ (၃) ဦးအား ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။ 

မြိတ်မြို့တွင် နံရံကပ် စာပေရေချမ်းစင်များ ဖွင့်လှစ်

မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ မြိတ်မြို့ အတွင်း  လူစည်ကားသည့် အချိန်ပေး၍ စောင့်ဆိုင်းနေရမည့် နေရာများ ဖြစ်သည့် နေရာများဖြစ်သော မိခင်နှင့် ကလေးဆေးရုံ၊ သားဖွား သင်တန်းကျောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း၊ ပရဟိတ ယောက်ျားလေးများ ဂေဟာ၊ မိဘမဲ့မိန်းကလေး ဂေဟာ၊ ခရိုင်/ မြို့နယ် တရားရုံး၊ ဆိပ်ငယ် ဘောတံတား၊ နောက်လယ် အမှတ်(၁) ဘောတံတားနှင့် တိုင်းရင်းဆေးရုံတို့တွင် နံရံကပ် စာပေ ရေချမ်းစင် (MiniBookCorner) များကို ဇူလိုင်လ (၁၀) ရက်နေ့တွင်  ဖွင့်လှစ်ပေးခဲ့သည်။

ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း

မြိတ်မြို့ တပ်ပြင်ရပ် စံကျောင်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဍ၀ံသ ၊ သက်တော် (၉၃) နှစ်၊ သိက္ခာတာ် (၇၃)၀ါ သည် ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ (၆)နာရီ (၃၀)မိနစ် အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော် 

ကျွန်းစုမြို့နယ် လင်မလို ကျေးရွာ၌ စာရိတ္တ မဏ္ဍိုင် စာကြည်တိုက် ဖွင့်လှစ်



နိုင်ငံတော် မတည်ငွေ (၁၀)သိန်း ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ(၅၅၇၃၀၀) ကျပ် စုစုပေါင်း (၁၅၅၇၃၀၀)ကျပ်ဖြင့် တည်ဆောက် ပြီးစီး ခဲ့သော အလျား(၂၄)ပေ၊ အနံ(၁၈)ပေရှိ စာရိတ္တမဏ္ဍိုင် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ဇူလိုင်လ(၁၀)ရက် ညနေ(၄း၃၀) နာရီတွင် မအိုင်အုပ်စု လင်မလို ကျေးရွာရှိ အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။

Thursday, July 11, 2013

မြိတ်မြို့ သဒ္ဓမ္မ ၀ံသ ရက္ခိတ (၉၆၉) အသင်း ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူ



အမျိုး သာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်မြို့ သဒ္ဓမ္မ ၀ံသ ရက္ခိတ (၉၆၉) အသင်း ၏ အမျိုး သာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မြိတ်မြို့ပေါ်ရှိ ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ အခမ်းအနား တစ်ရပ်အား ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်တွင် မြိတ်တောင် အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။ 

Wednesday, July 10, 2013

မြိတ်အကျဉ်းထောင် အတွင်းသို့ စိတ်ကြွဆေးပြား ခိုးသွင်းသည့် တပ်သား လက်ပူး လက်ကြပ်မိ


စိတ်ကြွဆေးပြားနှင့် ကျောက်စိမ်းရောင် ချောင်းဆိုးပျောက် ဆေးလုံး (မြိတ်အခေါ် - ကျောက်စိမ်းဆေးလုံး) များအား အကျဉ်းထောင် အတွင်းသို့ ခိုးသွင်းသည့် မြိတ် အကျဉ်းထောင် အကျဉ်းဦးစီး ဌာန ၀န်ထမ်း တပ်သား တစ်ဦးအား အကျဉ်းဦးစီး ဌာန အရာရှိများက စစ်ဆေး ဖမ်းဆီးမိခဲ့ကြောင်း သိရှိသည်။ 

သဲကွင်း(၃)လမ်း စားသောက်ဆိုင်တွင် ရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ (၂) ဦး ဒဏ်ရာရ

၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၄) ရက်နေ့ ည(၁၀)နာရီ ခွဲ အချိန်ခန့်တွင် မြိတ်မြို့ ကန်ကြီးရပ်ကွက် သာကေတရပ် သဲကွင်း (၃)လမ်းရှိ ကြယ်စင်လင်း စားသောက်ဆိုင်တွင် ဆီလူး(ခ) သန့်ဇင်သက် (၂၈)နှစ်၊ ဒုတိယလမ်း တလိုင်းစုရပ်ကွက်နေသူ အပါအ၀င် (၂) ဦးနှင့် ရေပုန်းရပ် ရယက ရုံးလမ်းနေ ကိုမျိုး (ခ) မျိုးမြင့်ဦး (၂၅)နှစ် ၊ မင်းစန်း (၂၅) တို့သည် အရက်သောက်ပြီး စကားများ ရန်ဖြစ်ရာမှ ဆီလူး(ခ) သန့်ဇင်သက် နှင့် (၂) ဦးတို့က ဓားဖြင့် ထိုးသဖြင့် ကိုမျိုး(ခ) မျိုးမြင့်ဦးနှင့် မင်းစန်းတို့သည် ဓားဒဏ်ရာကြောင့် မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသနေရကြောင်း သိရှိ ရသည်။

Monday, July 8, 2013

လေးကျွန်းဆီမီး စေတီတော်ကြီးတွင် တိုင်းမှူးနှင့် မိသားစုမှ ကြေးခေါင်းလောင်း လှူဒါန်း

ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ ဇနှီး ဒေါ်ဝင်းဝင်းမြင့်နှင့်  သား ကိုဇေယံဝင်း ၊ သမီး မအေးမြချို ၊ သား မောင်ဝေယံမိုးဋ္ဌေး တို့မှ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော အချင်း (၂၀.၅)လက်မ၊ အမြင့် (၂၀.၅)လက်မနှင့် အချိန် (၈၀)ပိဿာရှိ ကြေးခေါင်းလောင်း လှူဒါန်းမှု အတွက် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ (၈)ရက် နံနက် (၉)နာရီတွင် အဆိုပါ စေတီတော် ဗုဒ္ဒသာသနာ့ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။ 

တောင်ပေါ်မှမြေပြိုရာ ကျောက်တုံး ၃ တုံး ဆေးရုံပေါ်သို့ကျ

၎-၇-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်ကာ ကျေးရွာ ရွာလယ်ပိုင်းရှိ တောင်ပေါ်မှ မြေများ ပြိုကျ၍ ကျောက်တုံး(၃)တုံးသည် တောင်အောက်သို့ လိမ့်ကျခဲ့သည်။ ထိုသို့ လိမ့်ကျသဖြင့် တောင်အောက်ရှိ တိုက်နယ်ဆေးရုံ(ဟောင်း) ၀င်းအတွင်းမှ သူနာပြုဆရာမ နေအိမ်(၃)ခန်းတွဲ၏ အလယ်ခန်း အနောက်ဘက်နံရံ လျှာထိုးပျဉ်(၂၀)ချပ်၊ စုစုပေါင်း 

မလေးရှား စားအုန်းဆီကုမ္ပဏီ ပြည်တွင်း၌ ရော်ဘာစက်ရုံ ဆောက်မည်

ပြည်တွင်း၌ လူသိများသည့် Saji စားအုန်းဆီ ထုတ်လုပ်သည့် မလေးရှား အခြေစိုက် Felda Global Ventures Holdings (FGV) နှင့် ဖိုးလမင်း ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ သဘာဝ ရော်ဘာ ထုတ်လုပ်ရေးစက်ရုံ တစ်ခုကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ဖိုးလမင်း ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ ဦးဇော်ဇော်မိုးက The Voice သို့ ပြောကြားသည်။

မြိတ်မြို့ မြို့ပတ် ၁ လမ်း နှင့် ရွှေပြည်သာလမ်းမကြီး၏ ချိတ်ဆက်လမ်းတစ်ခုကို ဒေသခံများက စုပေါင်း ဖောက်လုပ်ခဲ့ ကြကြောင်း သိရ

မြိတ်မြို့ မြို့ပတ်(၁)လမ်းနှင့် ရွှေပြည်သာ လမ်းမကြီး၏ ချိတ်ဆက်လမ်း တစ်ခုကို ဒေသခံများက စုပေါင်း ပြီး ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။  မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ချောင်းကူးငယ် ရပ်ကွက်ရှိ ရွှေပြည်သူ လမ်းမကြီးနှင့် တောင်းပြိုရပ်ရှိ မြို့ပတ် (၁)လမ်းကို ချိတ်ဆက် ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကာ အဆိုပါ လမ်းဖောက်လုပ်မှုကို ရပ်မိ ရပ်ဖများ ၊ ရာအိမ်မှူး များနှင့် ဒေသခံများက စုပေါင်းပြီး ဖောက်လုပ်ခဲ့ နိုင်ကြောင်း သိရသည်။

စိတ်ကြွဆေးပြား ဖမ်းမိသည့် သတင်း ကောလာဟလသာ ဖြစ်ကြောင်း ဦးစိုးကြီး ဆို

မြိတ်မြို့ အတွင်း လွန်ခဲ့သည့် သတင်းပတ်က ဖြစ်ပေါ်ခဲ့သည့် ဦးစိုးကြီး (ကွမ်းယာဆိုင်) ထံမှ ရန်ကုန်မြို့ လေဆိပ်တွင် စိတ်ကြွမူးယစ် ဆေးပြားများ ဖမ်းဆီးရမိသည်ဟု ဆိုသည့် သတင်းမှာ ၄င်းအား မလိုသူများမှ ထုတ်လွှင့်သည့် ကောလာဟလသာ ဖြစ်ကြောင်း ဦးစိုးကြီးက ပြောသည်။ 

Sunday, July 7, 2013

နယ်လှည့် ဆေးကုသရေးအဖွဲ့ အခမဲ့ ကွင်းဆင်း ဆေးကုသ

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော (၅/၁၀၀)တပ်မတော် ဆေးရုံမှ အထူးကု ပါရဂူ ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ ပါဝင်သော  (၁၉)ကြိမ်မြောက် နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ဇွန်လ(၇)ရက် နံနက်(၈) နာရီတွင် သာကေတရပ်ကွက် အခြေခံပညာ မူတန်းလွန် ကျောင်း၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။

ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု မြိတ်မြို့၌ ပြုလုပ်

မြိတ်ခရိုင် အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် စုဖွဲ့ထားသော မြိတ်မြို့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု၏  စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇူလိုင်လ (၇)ရက် နံနက်(၈)နာရီတွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက ဦးဆောင်၍  မီးသတ် တပ်ဖွဲ့ဝင်(၃၅)ဦး၊ ကြက်ခြေနီ(၁၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၂)ဦးတို့ဖြင့်   မြိတ်မြို့ ဘုရားဆူကွင်း၌ ပြုလုပ်ခဲ့ကြသည်။
 

မူးယစ်ဆေးပြား ရောင်းချသူ အုပ်ချုပ်ရေးမှူးဟောင်းအား ထောင်ဒဏ် (၃၄)နှစ် ချမှတ်

စိတ်ကြွ မူးယစ်ဆေးပြားများ ရောင်းချသူ ဦးသန်းအေး (ယခင် တနင်္သာရီ မြို့နယ် ဇ၀ဲ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း) မြိတ်ခရိုင် တရားရုံးမှ ပြစ်မှုပုဒ်မ၊  ၁၅/၁၉(က)၂၀(က) တို့ဖြင့် ဇူလိုင်လ (၁) ရက်နေ့တွင် ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည့် ထွေ/အုပ် ၀န်ထမ်း သားသမီးများအား ဂုဏ်ပြု ချီးမြှင့်

၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်း သားသမီး များအား ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်း အနားကို ဇူလိုင်လ(၆)ရက် နေ့လည်(၂)နာရီတွင် ကျွန်းရတနာခန်းမတွင် ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် ၀န်ထမ်းများ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ထွေ/အုပ် ၀န်ထမ်း သားသမီး ကျောင်းသား/ ကျောင်းသူများ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင်  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြား ပြီးနောက်  ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ သော ၀န်ထမ်း သားသမီး များအား ဂုဏ်ထူး(၁)ဘာသာလျှင် (၁)သိန်းကျပ်နှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ဂုဏ်ပြု ချီးမြင့်ငွေ (၅)သောင်းကျပ် ချီးမြှင့်ခဲ့သည်။

 ဂုဏ်ပြု ချီးမြှင့်ငွေများကို မြိတ်ခရိုင်အတွင်းရှိ ၂၀၁၃ခုနှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်း သားသမီး (၂)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး တို့ကို ပေးအပ် ချီးမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။


ပုလဲရွှေရည် ဆရာမများ အဆောင်သစ် မြိတ်တက္ကသိုလ်၌ ဖွင့်လှစ်

မြိတ်တက္ကသိုလ် ပုလဲရွှေရည် ဆရာမများ အဆောင်သစ် ဖွင့်ပွဲကို ဇူလိုင်လ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါ အဆောင်သစ်တွင် ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

Saturday, July 6, 2013

ကျွန်းစုမြို့နယ်တွင် မိုးစပါး စိုက်စရိတ်ထုတ်ချေး

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရန် ကျေးရွာ အုပ်စုနှင့် မောင်းလှော်ကျေးရွာ အုပ်စုမှ မိုးစပါး စိုက် တောင်သူ ၂၃၆ဦး၏ စိုက်ဧက (၁၇၆၁ )ဧက အတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း (၁၇၆၁ ) သိန်းကို ဇူလိုင်လ(၂) ရက်နေ့နှင့် (၃) ရက်နေ့များက မြိတ်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ထုတ် ချေးပေး ခဲ့သည်။

တနင်္သာရီမြို့နယ် ပ၀ ကျေးရွာ NLD ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂၀ ဦး ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်

NLD ပါတီ (ဗဟို) ဥက္ကဌ ဒေါ်စုကြည်နှင့် NLD ပါတီ (ဗဟို) အနေဖြင့်  မြန်မာ မြန်မာနိုင်ငံအတွင်း  ဖြစ်ပေါ် ခဲ့သော မွတ်ဆလင် -မြန်မာ ပဋိပက္ခများနှင့် မျိုးစောင့် ဥပေဒ ပြဌာန်း ရေးဆွဲရေး ဆောင်ရွက်တွင် ဗုဒ္ဓ ဘာသာ ၀င်များ ဖက်မှ ရပ်တည်ထောက်ခံမှု မပြုခဲ့သည့် လုပ်ရပ်များကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် အတွင်းရှိ ရဟန်း သံဃာတော် များနှင့် ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်း နေသော ဒေသခံ ရပ်မိ ရပ်ဖများ၏ ဥပေက္ခာ ပြုခြင်း / မုန်းတီးသည့် အပြုအမူတို့ကို မြင်တွေ့ ရသဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် 

Wednesday, July 3, 2013

မြန်မာ အမျိုးသမီး များနေ့ အခမ်းအနား မြိတ်မြို့၌ ပြုလုပ်ကျင်းပ

၂၀၁၃ခုနှစ် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကို ဇူလိုင်လ (၃)ရက် နံနက် (၉)နာရီတွင် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ  မျိုးဆက်သစ် အမျိုးသမီး ငယ်ရွယ်လေး များက “မွန်မြတ်သော စွမ်းအားရှင်များ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြိတ်ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်းက မြန်မာ အမျိုးသမီးများနေ့ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထိုနောက်  မြိတ်ခရိုင်အတွင်း ထူးချွန်အမျိုးသမီးများအား ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။ ဆက်လက်၍ မြိတ်တ္ကသိုလ်အနုပညာဌာနမှ မျိုးဆက်သစ် အမျိုးသမီးငယ်လေးများက “နှင်းဆီရေစီးကြောင်း” အကဖြင့် တင်ဆက်ဖျော်ဖြေကြပြီး မျိုးဆက်သစ် အမျိုးသမီး ငယ်ရွယ်လေးများက “အင်အားသစ် များနှင့်အတူ” တေးသီချင်း ဂုဏ်ပြုသီဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ ထူးချွန်အမျိုးသမီးများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။


မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

၂၀၁၃ခုနှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂)ရက် မွန်းလွဲ(၃)နာရီတွင် မြို့မအားကစားကွင်း၌ ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ၊ ပြိုင်ပွဲဝင် အသင်းများ ၊ အားကစား ဝါသနာရှင်များတက်ရောက် အားပေးကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင်   မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က အမှာစကား ပြောကြားပြီးနောက်  ပြိုင်ပွဲဝင် အားကစား သမားများက အားကစား သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး ဘောလုံးပြိုင်ပွဲ ဆပ်ကော်မတီ 

Tuesday, July 2, 2013

မီးသတ်ယာဉ် ထားရှိရန်နေရာနှင့် မီးသတ်ရေကန်အား လုပ်ငန်းရှင် တစ်ဦးမှ ဖြိုဖျက်ခဲ့သည့် အတွက် ပြည်သူလူထုများမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တိုင်ကြား




တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ အုပ်စုသည် ရွာအပိုင်း(၁၂)ခုဖြင့် ဖွဲ့စည်း ထားသည့် ကျေးရွာ အုပ်စုဖြစ်သည်။ ရွာအပိုင်းလေး များတွင် ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားပြီး အပိုင်းလိုက် မီးသတ်နှင့် ဓမ္မာရုံ ပူးတွဲ ဆောက်လုပ် ထားသည့် အဆောက်အဦးများ ရှိကြပါသည်။ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့အား အကူအညီပေး နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်စု မီးသတ်ယာဉ်၊ ရေသယ်ယာဉ် များကို ကိုယ်ထူကိုယ်ထ ၀ယ်ယူထား ကြပါသည်။ ထို့အတူ ကလွင် ကျေးရွာအုပ်စု တွင်လည်း ရေဂါလန်(၃၂၀၀)ဆန့် မီးသတ် ရေယာဉ် (၁)စီးကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အများပြည်သူ ထည့်ဝင်ငွေ (၂၆၅)သိန်းဖြင့် ၀ယ်ယူထားပြီး ဖြစ်ပါသည်။ 

ကော့သောင်း-မြိတ်မှ တစ်ဆင့် မြ၀တီ- တမူး- အင်ဖာ ခရီးပေါက်မည့် အာရှလမ်းမကြီး




မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီ ကမ်းရိုးတန်းရှိ မြိတ်ခရိုင်မှ ဒေသခံ တိုင်းရင်းသား ပြည်သူများ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် စက်မှု၊ လက်မှုကုန်သွယ်မှု ရင်းနှီးမြုပ်နှံမှု များစွာတို့ကို ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖက်စပ်ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်မှုသည် အဓိက မောင်းနှင်အား ဖြစ်သလို လမ်းပန် ဆက်သွယ်ရေး သည်လည်း အဓိကကျသည်။ ယခုအခါ ရန်ကုန်မြို့မှ တစ်ဆက်တည်း ထားဝယ်-မြိတ်- ကော့သောင်းမြို့များသို့ နေ့ညမပျက် ကုန်းလမ်းခရီး၊ ရေကြောင်းခရီး၊ လေကြောင်း ခရီးနှင့် မီးရထားတို့ဖြင့် သွားရောက်နိုင်ပြီဖြစ်သည်။

အင်္ဂမော်ကျေးရွာ၌ ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေး

မြိတ်မြို့နယ် အင်္ဂမော် ကျေးရွာအုပ်စု ၌ မိုးစပါး စိုက်ပျိုး ဧက (၁၉၄၅)အတွက်    စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက (၁) သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၄၅)သိန်းကို တောင်သူ (၂၈၂) ဦးအား   ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုးရေးစရိတ် ချေးငွေများ အဖြစ် ထုတ်ချေးခြင်းကို ဇူလိုင်လ(၁)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။ 

သာသနရက္ခိတ ဓမ္မဗိမာန်တော် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

အလှူရှင် ကျောင်းဒါယကာ (ဦးကြည်စန်း) + ဒေါ်ခင်ရီ၊ သား ကိုသန်းဟို+ မနုနုဌေး ဘုရင့်မ မာဆလာ မိသားစုမှ ငွေကျပ် သိန်း ၂၅၀ ကျော် ဦးဆောင် မတည်၍ ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော ငွေကျပ် သိန်း ၈၅၀ ကုန်ကျခံ တည်ဆောက်ခဲ့သည့် အလျား ၁၀၈ ပေ၊ အနံ ၅၄ ပေ ၊အမြင့် ၁၅ ပေရှိ သာသနရက္ခိတ နိဗ္ဗာန်တော်ကြီး၏ ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားနှင့် ဆရာတော် ဘဒ္ဒန္တ ပညောဘာသ၏ သက်တော် (၄၀) ပြည့် ၀ိဇာတ မွေးနေ့အလှူမင်္ဂလာ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက်(၈) နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အထက်ရေပုန်းရပ် ဘုံပျံကျောင်းတိုက် သာသန ရက္ခိတ ဓမ္မဗိမာန် တော်၌ ကျင်းပပြုလုပ်သည်။

အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာစိုက်ထူခြင်းနှင့် တိုင်းရင်းသား ရိုးရာ အစားအစာ ဈေးရောင်းပွဲတော် ကျင်းပ

ဇူလိုင်လ (၃) ရက်နေ့တွေင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့်  တိုင်းရင်းသား ရိုးရာ အစားအစာ ဈေးရောင်းပွဲတော် ကျင်းပ အခမ်းအနားကို  ဇူလိုင်လ(၂) ရက် နံနက်(၈) နာရီတွင် မြိတ်မြို့ ပုလဲရတနာခန်းမရှေ့၌ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်းနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့

မြိတ်မြို့၌ နာရေးဝန်ဆောင်မှု အဆောက်အဦသစ် ဖွင့်လှစ်

မြိတ်မြို့နယ်အတွင်း နာရေး ဖြစ်ပေါ်လာပါက ကူညီ ဆောင်ရွက်ပေးမည့် နာရေး ၀န်ဆောင်မှု အဆောက် အအုံ သစ် အား ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲအား ဇူလိုင်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ၄င်း အဆောက် မြိတ်မြို့ တပ်ပြင်ရပ်ကွက် အအုံ တည်ရှိရာနေရာတွင် ပြုလုပ်ခဲ့ပါသည်။ 

မြိတ်မြို့နယ် ကလွင်ကျေးရွာ မီးသတ်ယာဉ် နေရာမဲ့နေ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု၌ မီးဘေး အန္တရာယ် ကျရောက်ပါက မြိတ်မြို့ရှိ မီးသတ်တပ်ဖွဲ့အား အကူအညီ ပေးနိုင်ရန်အတွက် ရေဂါလန် (၃၂၀၀) ဆံ့ မီးသတ် ရေသယ်ယာဉ် တစ်စီးကို အများပြည်သူ ကျေးရွာသားများ ကောင်းမှုဖြင့် ငွေကျပ် ၂၆၅ သိန်းဖြင့် ၀ယ်ယူ ထားပြီး ဖြစ်ပါသည်။ 

Monday, July 1, 2013

မွေးကင်းစ ကလေးငယ်အား စွန့်ပစ်မှု ဖြစ်ပွား

၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ ညနေ (၄) နာရီ ကျော် အချိန်ခန့်တွင် မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ချောင်းကူးငယ်ရွာ မေတ္တာဝါဒီ ဘုန်းကြီးကျောင်းဘေး လူနေအိမ် မရှိသည့် ၀ါးရုံပင်အောက်တွင် မွေးကင်းစ မိန်းကလေးငယ် တစ်ဦးအား အနှီးအဖြူဖြင့် ထုပ်လျက် စွန့်ပစ်ထားသည်ကို ဒေါ်ဖြူဖြူလင်း (မူလတန်းပြ) ဆရာမမှ တွေ့ရှိရ၍ ရာအိမ်မှူး အား သတင်းပို့ပြီး စစ်ဆေးခဲ့ရာ ကလေးငယ်နှင့် အတူ ကြွပ်ကြွပ်အိတ် တစ်လုံး အတွင်း အ၀တ်အထည်အချို့နှင့် အတူ '' အဘအမည် - ကိုကျော်ဝေလွင် ၊ အမိအမည် - မအင်မွန် ၊ မွေးချိန် (၁၁)နာရီ (၁၈) မိနစ်၊ (၂၇-၆-၂၀၁၃) ၊ ပေါင်ချိန် (၆)ပေါင် (၁၀) အောင်စ ၊ (၄၅) ရက် ပြည့်လျှင် မွေးစာရင်း ပြန်လာယူပါ ၊ သားဆက်ခြားဆေး ပြန်လာထိုးပါ ၊ မွေးစာရင်း ပြန်လာယူပါ '' ဟု ရေးသား ထားသော စာရွက် တစ်ပိုင်းအား တွေ့ရှိရသဖြင့် မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းသို့ အကြောင်းကြားထားပြီး ၄င်း ကလေးငယ်အား ဦးကျော်လင်း ၊ ခရေပင်လမ်း၊ ချောင်းကူးငယ်ရပ်မှ ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားလျက် ရှိကြောင်း သိရှိရသည်။ 

Sea Game ကြိုဆိုဂုဏ်ပြုသော အားဖြင့် ခရီးရှည် လမ်းလျှောက်

၂၀၁၃ ခုနှစ်  ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသော အားဖြင့်  မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း အမှတ် (၄၆) နေ ဦးအောင်သူ (ဘ) ဦးအောင်မြ အသက် (၄၅) နှစ်နှင့် အဖော် တစ်ဦးသည် သည် ယနေ့ 

မြန်မာနိုင်ငံ တောင်ဘက် အစွန်းအရပ်မှ ပင်လယ်ပျော်များ



မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်း ဒေသကြီးသည် သဘာဝ ပတ်ဝန်းကျင် လှပသော ရေသယံဇာတ၊ သစ်တော သယံဇာတ၊ သတ္တု သယံဇာတ ပေါကြယ်ဝသော တိုင်းဒေသကြီး တစ်ခု ဖြစ်သည်မှာ အထူးပြောစရာ လိုမည် မထင်ပါ။ ထိုနောက် တနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံးမြို့ တစ်မြို့ဖြစ်သည်။ ကော့သောင်းမြို့ အနီးတစ်ဝိုက်တွင် ကျွန်းများပေါများလှပြီး အဆိုပါကျွန်းများတွင် ရှားပါးဆလုံ(ခေါ်) မွန်ကင်း(သို့) Sea gypsies ခေါ် ပင်လယ်ပျော်တို့ နေထိုင်ကျက်စားကြသည်ဆိုလျှင် လည်း သိသူနည်းမည် ထင်ပါသည်။

ဝက်မကြီးမှ ဆင်နှင့်မျောက် သဏ္ဍာန် တူသည့် ၀က်(၂)ကောင်မွေးဖွား

၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မြိတ်မြို့ ရေပုန်းနယ်မြေ အောင်ချမ်းသာ ရပ်ကွက် (၃)လမ်း (ဘုံပျံ-၃)လမ်း နေ ဦးငွေသောင်း + ဒေါ်လေးမြင့် တို့၏ နေအိမ်၌ မွေးမြူထားသော ၀က်မကြီးမှ ၀က်ကလေး (၉)ကောင် မွေးဖွားရာ မျောက်ပုံစံနှင့် တူသည့် ၀က်ကလေး (၁) ကောင်နှင့် ဆင်ပုံစံနှင့် တူသည့် ၀က်ကလေး (၁) ကောင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

လူသတ်မှုကျူးလွန်သူအား မြိတ်ခရိုင်တရားရုံးမှ ထောင်ဒဏ်(၈)နှစ်ချမှတ်

၂၃-၉-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် ထိုင်းနိုင်ငံ၊ ပကျွတ်မြို့၊ တလန်ဖွန်တီရက်နေ မမြင့်ကြွယ်(ခ) မမိကြွယ်(၃၃)နှစ်သည် ခင်ပွန်းဖြစ်သူ ကိုဝင်းတင်နှင့်အတူ နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ စံသိန်း(ခ) စိုးမင်းအောင် (၄၆)နှစ်ရောက် ရှိလာပြီး ခင်ပွန်းဖြစ်သူ ၀င်းတင်အား အရက်သောက်ရန် လာခေါ်သဖြင့် ခင်ပွန်းဖြစ်သူမှာ စံသိန်း(ခ)စိုးမင်းအောင်နှင့်အတူ လိုက်ပါသွားခဲ့သည်။ ၂၄-၉-၂၀၁၂ ရက်နေ့ထိ ခင်ပွန်းဖြစ်သူ ပြန်လည်ရောက် ရှိလာခြင်း မရှိသဖြင့် စံသိန်း(ခ) စိုးမင်းအောင်၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ ခင်ပွန်းဖြစ်သူအား တွေ့ရှိခြင်း မရှိသည့်အပြင် စံသိန်း(ခ) စိုးမင်းအောင်တို့ မိသားစု ကိုလည်း မတွေ့ရှိရ သဖြင့် ဆက်လက် ရှာဖွေရာ နေအိမ်နှင့် အနည်းငယ်ဝေးသော လူမနေသည့် တိုက်အိမ် အတွင်း မီးဖိုချောင် လက်ဆေးစင်အောက် ဘီရိုအတွင်းမှ ခင်ပွန်းဖြစ်သူ ၀င်းတင်၏ အလောင်း အား တွေ့ရှိရ သဖြင့် ထိုင်းနိုင်ငံ၊ ပကျွတ်ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။ စံသိန်း(ခ) စိုးမင်းအောင် တိမ်းရှောင် နိုင်သောနေရာများအား စုံစမ်းနေစဉ် တနင်္သာရီမြို့နယ်၊ မောတောင်ဘက်တွင် တိမ်းရှောင် နေကြောင်း သတင်းအရ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ၁၅-၁၀-၂၀၁၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းပြီး အရေးယူပေးရန်တိုင်တန်းခဲ့သဖြင့် တနင်္သာရီမြို့မရဲစခန်း(ပ)၅၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ယာဉ် ရပ်နားခွန် တရားမ၀င် ကောက်ခံ

တာဝန်တစ်ခုဖြင့် မြိတ်လေဆိပ်ကို ယနေ့ သွားရောက်ခဲ့သည်။ မြိတ်လေဆိပ် ခြံစည်းရိုး၏ အပြင်ဘက် ၀င်ပေါက်နား စည်ပင်သာယာပိုင် လမ်းမ၏ လမ်းဘေးတွင် စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ရပ်ထား၍ လေဆိပ်ဝင်းမှ တဆင့် အဆောက်အအုံသို့ သွားရောက်ခဲ့ပါသည်။ အလုပ်ကိစ္စပြီး၍ မော်တော် ဆိုင်ကယ် ရှိရာသို့ ပြန်လာပြီး ထွက်မည် လုပ်သည့်အခါ ငွေကျပ် ၂၀၀ တောင်းခံသူ ရောက်လာသည်။ မိမိမှာ လေဆိပ်ပိုင် ဧရိယာအတွင်း ရပ်နားခြင်း မဟုတ်သလို ရန်ကုန်မြို့ လေဆိပ်မှာလည်း လေဆိပ် ဧရိယာ အတွင်း ယခင်က ၀င်ရောက်ပါက မော်တော်ယာဉ် တစ်စီး ငွေကျပ် (၂၀၀) ပေးဆောင်ရသော်လည်း ယခု ကောက်ခံခြင်း မရှိတော့၍ မည်ကဲ့သို့ ဖြစ်သည်ကို မေးမြန်းရာ လေကြောင်း ဦးစီးမှ ကောက်ခိုင်းသည်ဟု မချေမငံ ပြောဆိုကာ ရန်လုပ်ခြင်း ခံရပါသည်။ ထို့အပြင် မြို့ထဲမှာလည်း ဒီလိုပဲ ကောက်ခံ နေတာပဲဟု ပြန်လည် ပြောဆိုခြင်း ခံရပါသည်.။