မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, January 30, 2012

ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးဖိုးကြည် ၉၀ ပြည့်နှစ်က ရန်ပုံငွေလိမ်လည်မှု

ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည် NLD ပါတီ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ကျွန်းစုမြို့နယ်NLD ဥက္ကဋ္ဌ ဦးဖိုးကြည်အား ကျွန်းစုမြို့နယ် ပါတီဝင် များက ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိကြောင်း သိရှိရသည်။

ဦးဖိုးကြည်သည် (၉၀) ပြည့်နှစ် ရွေးကောက်ပွဲ ကာလတွင် NLD ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦးအတွက် မဲအောင်နိုင်ရေး အတွက် ကျေးရွာပြည်သူများထံမှ အလှူငွေများ ကောက်ခံပြီး အလှူငွေအားလုံးအား စာရင်းမပြပဲ ကိုယ်ကျိုး အတွက် သုံးစွဲဖူးကြောင်း၊ ယခုလည်း ဒေါ်တင်တင်ရီအတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေရာ ရန်ပုံငွေများ ကိုယ်ကျိုးရှာ သုံးစွဲမည်မှာ သေချာကြောင်း ယခင် မြို့နယ် စည်း ကော်မတီအဖြစ် ဆောင်ရွက်ဖူးသူ မောင်းလှော်ကျေးရွာနေ ဦးကိုကိုလေးက ပြောကြားသည်။ ဦးကိုကိုလေး ကပင် အမေစု ကို ၄င်းတို့ အနေဖြင့် ချစ်ခင်မြတ်နိုးလေးစားကြောင်း ၊ သို့သော်လည်း ဗဟိုမှ ချထားပေး သော ဒေါ်တင်တင်ရီ နှင့် ဥက္ကဋ္ဌ ဦးဖိုးကြည်တို့အား ၄င်းအနေဖြင့် ကြည်ညိုလို့ မရကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄င်းအနေဖြင့် ဘာမှကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ NLD ပါတီ ကိုတော့ မဲပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးဖိုးကြည်သည် ယခုလက်ရှိတွင် မည်သည့် စီးပွားရေးလုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိပဲ သားသမီးများထံ မှီခိုနေကြောင်း သိရှိရသည်။



ဦးဖိုးကြည်အား ယုံကြည်ပြီး ငွေလှူဒါန်းခြင်း မပြုရန်
အကြောင်းကြားစာ


ကျွန်းစုမြို့နယ် ဥက္ကဋ္ဌ ဦးဖိုးကြည်

Friday, January 27, 2012

NLD ပါတီမှ ဒေါ်တင်တင်ရီ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလောင်းအဖြစ် ဗဟိုမှလျာထားသည့် ဒေါ်တင်တင်ရီသည် မြိတ်ခရိုင် ကော်မရှင် ဥက္ကဌ ဦးဝင်းမြင့် နှင့် ကော်မရှင် အဖွဲ့ဝင်များ ရှေ့မှောက်တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ - ၁၈(ဂ)နှင့်အညီ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၆)ရက်နေ့ ညနေ (၃)နာရီအချိန် အမည်စာရင်း တင်သွင်းကြောင်း နှင့် ၄င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ကျွန်းစုမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖိုးကြည်က ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

ကျော်ခ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် လောင်း ဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ် တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခု တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဒေါ်တင်တင်ရီမှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန် ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောသည်။

“အနှစ် ၂ဝ လုံးလုံး ဒုက္ခ ဆင်းရဲခံ ပါတီမှာ လစ်လျူရှုရှောင်ဖယ်နေပြီး ပါတီ ရွေးကောက်ပွဲ ဝင်မှသာ ဝင်ရောက် လာတာ ဖြစ်တဲ့အတွက် NLD ရဲ့ အရိပ်အာဝါသ အောက်မှာ မရှိသင့်ဘူးလို့ ရုံးရှေ့မှာ လာပြောပြီး အင်္ကျီမီးရှို့ပြီး သူက ကန့်ကွက်တာ” ဟု ကန့်ကွက်မှုကို ညှိနှိုင်းပေးခဲ့သူ လောင်းလုံ မြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးအောင်စိုး က မဇ္ဈိမကို ပြောသည်။

ကန့်ကွက်ခဲ့သူ အဖွဲ့ဝင် လူငယ်အား မြိတ် NLD တာဝန်ရှိသူများနှင့် ဦးအောင်စိုးတို့ က ညှိနှိုင်း ဆွေးနွေးခဲ့ပြီး နောက်ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မြိတ် NLD အဖွဲ့ဝင်တဦးက “ဒေါ်တင်တင်ရီက ငွေကြေး တတ်နိုင်တယ်ဗျာ။ ရှေ့မှာ နှစ်ပေါင်း များစွာ ဒုက္ခခံပြီး လုပ်လာတဲ့လူတွေ ရှိရမယ့်နေရာမှာ ရှိနေတဲ့အတွက် ဒီကလေးက မကျေနပ်တာ။ ဒီနေ့မနက်ပဲ ဆွေးနွေးလိုက်တော့ အားလုံးအဆင်ပြေသွားပါပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် NLD ၏ လွတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံရှိမှု ပေါ်တွင် မူတည်၍ ရွေးချယ်ခြင်းဖြစ်သည်။

အဆိုပါ ရွေးချယ်မှုတွင် ဒေသခံ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှ ရွေးချယ် တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများကို NLD ဗဟိုမှ သုံးသပ်၍ ဆုံးဖြတ်ချက်ချကာ ရွေးချယ်ခြင်း ဖြစ်သည်။

“ကျနော်တို့ ဗဟိုရွေးချယ်တဲ့ လူတွေအနေနဲ့ ကလည်း ဒေါ်တင်တင်ရီကို သိလို့မဟုတ်ပါဘူး။ သူတို့ တိုင်းဒေသက တာဝန်ရှိတဲ့ လူတွေက သင့်တော်တယ်ဆိုပြီး တင်တာကို ကျနော်တို့ ရွေးတယ်။ ခုနကန့်ကွက်တဲ့ ကိစ္စတွေဟာ မှန်/မမှန်လည်း ကျနော်တို့ မသိသေးပါဘူး” ဟု NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

NLD ၏ ကိုယ်စားလှယ်လောင်း ၄၈ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၃ ဦး ပါဝင်ရာ ဒေါ်တင်တင်ရီ က မြိတ်ခရိုင် ကျွန်းစုမြို့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ရွေးချယ်ခံရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

အဆိုပါ မဲဆန္ဒနယ်မှာ စက်မှုဝန်ကြီး ဦးစိုးသိန်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော နေရာဖြစ်ပြီး ယခုလည်း ဒေါ်တင်တင်ရီ က ကြံ့ခိုင်ရေးပါတီ ယှဉ်ပြိုင်ရမှာဖြစ်သည်။

မီးသတ်ကား ၀ယ်ယူရေး ယုဇန ဦးဌေးမြင့် ငွေ သိန်း (၅၀) ငွေလှူဒါန်း


မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၀ယ်ယူနိုင်ရေး အတွက် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် (ယုဇန) သည် မီးသတ်ကား ၀ယ်ယူရေး ကော်မတီထံသို့ ငွေကျပ်သိန်း(၅၀)တိတိအား ၂၃ ရက်နေ့ ည (၆)နာရီတွင် မြို့သစ်ရပ် ဦးပေါစိန် အိမ်လမ်းရှိ ““အောင် ””” မင်္ဂလာခန်းမတွင် အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ ထပ်မံပြီး မြိတ်မြို့ အတွက် မီးသတ်ကား (၅)စီးအား မှာယူ ထားပြီး ဖြစ်၍ မကြာမီ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Tuesday, January 24, 2012

ကျွန်းစုမြို့နယ် NLD ရုံးဖွင့်ပွဲ ပြုလုပ်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် NLD ရုံးခန်းနှင့် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားအား ကျွန်းစုမြို့ အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အိမ်အမှတ်(၁/၁၆) ရှိ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအင်စိန် ပိုင်ဆိုင်သော နေအိမ်တွင် ၂၀၁၂ ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် (၀၈၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဥက္ကဦးလှမင်း ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီတို့က ဖဲကြိုးဖြတ်ပြီး နောက် အခမ်းအနား တက်ရောက်လာကြသူများအား အမှာစကား ပြောကြားကြသည်။ ကျွန်းစုမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနားသို့ မြိတ်မြို့နယ် NLD ပါတီမှ (၈၀)ဦး၊ ကျွန်းစုမြို့နယ် ပါတီမှ (၂၀)ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ (၄၀)ဦးခန့် စုစုပေါင်း အင်အား (၁၆၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ဥက္ကဌ ဦးလှမင်း

ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေးသူများ


ကျွန်းစုမြို့နယ်ဥက္ကဋ္ဌဦးဖိုးကြည်နှင့် တိုင်းဥက္ကဋ္ဌ ဦးလှမင်း


လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီနှင့် ဦးလှမင်း

ကျွန်းစုရုံးဖွင့်ပွဲကို ဦးစီးဆောင်ရွက်သူ မြို့နယ်ကော်မတီဝင်များ

















































မြိတ်မြို့ NLD ပါတီရုံးရှေ့တွင် မီးရှို့ဆန္ဒပြ


မြိတ်မြို့ အထက်မြစ်ငယ်ရပ် စကားဝါလမ်းတွင် ဖွင့်လှစ်ထားသော မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ၂၀၁၂ ဇန်န၀ါရီလ ၂၃ ရက်နေ့ ည (၁၂) နာရီချိန်ခန့်တွင် အမည်မသိ လူငယ် (၁၀) ဦးခန့်သည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၄င်းတို့ ၀တ်ဆင်ထားသော ဒေါ်စု ဓာတ်ပုံပါ တီရှပ်အင်္ကျီများ၊ ခွပ်ဒေါင်းတံဆိပ်ပါ တီရှပ်အင်္ကျီများအား ချွတ်ပြီး စုပုံမီးရှို့ ဆန္ဒ ပြကြသည်။ ဆန္ဒပြခြင်း အကြောင်းရင်းအား မသိရှိရသော်လည်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် အစ္စလာမ် ဘာသာဝင်များကသာ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နေရာများရယူထားပြီး ၄င်းတို့ ဘာသာဝင်များကိုသာ ပွဲထုတ်နေသဖြင့် မကျေနပ်သည့် ဗုဒ္ဓဘာသာ ပါတီဝင်များက အင်္ကျီများ စုပုံ မီးရှို့ ဆန္ဒပြခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်နေကြသည်။
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဦးစိုးလွင် ဦးဆောင်သော အစ္စလာမ် ဘာသာဝင် အုပ်စု၊ အတွင်းရေးမှူး ဦးဆန်းဝင်း ဦးဆောင်သော ဗုဒ္ဓဘာသာ အုပ်စုနှင့် ဒေါ်တင်တင်ရီ (လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လျာထားသူ ) ဦးဆောင်သော ခရစ်ယာန် အုပ်စု ၊ ဦးနိုင်ဦး ဦးဆောင်သော လူငယ်အုပ်စု၊ ဦးသန်းထွန်း (ယခင်ဥက္ကဟောင်း) ဦးဆောင်သော ကွန်မြူနစ် အုပ်စု၊ ဦးကျော်ခိုင် ဦးဆောင်သော စီးပွားရေးသမား အုပ်စု စသည်ဖြင့် အုပ်စုဖွဲ့လျက် နေရာလု နေကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဦးချစ်သန်း ကျွန်းစုမြို့နယ်အတွက် အမည်စာရင်း တင်သွင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလောင်းအဖြစ် ဦးချစ်သန်း (ဗိုလ်မှူးချုပ်- ငြိမ်း)အား ရွေးချယ်ထားပြီး ဇန်န၀ါရီ ၂၃ ရက် နေ့လည် (၁)နာရီအချိန်တွင် ဦးချစ်သန်းကိုယ်တိုင် မြိတ်ခရိုင် ကော်မရှင် ဥက္ကဌ ဦးဝင်းမြင့် နှင့် ကော်မရှင် အဖွဲ့ဝင်များ ရှေ့မှောက်တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ - ၁၈(ဂ)နှင့်အညီ အမည်စာရင်း တင်သွင်းကြောင်း နှင့် ၄င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဦးသက်စိုး(ခ) ဦးစိုးစိုးက ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးချစ်သန်း၏ ကိုယ်ရေးရာဇ၀င်

အမည်

ဦးချစ်သန်း(ဗိုလ်မှူးချုပ်-ငြိမ်း)

နိုင်ငံသားစိစစ်ရေးမှတ်

၁၁/တသန (နိုင်)၀၀၀၇၅၃

မွေးသက္ကရာဇ်

၂၃-၄-၁၉၅၃ (၆၁)နှစ်

လူမျိုး/ဘာသာ

ဗမာ / ဗုဒ္ဓ

ပညာအရည်အချင်း

B.A(D.S.A) , H.G.P

အလုပ်အကိုင်

ဒါရိုက်တာ၊ ဂိုလ်းဒင်းဖလားဝါးကုမ္ပဏီ

လက်ရှိနေရပ်လိပ်စာ

အမှတ်(၁/၉)၊ (၁)ရပ်ကွက်၊ ကျွန်းစုမြို့

အဘအမည်

ဦးကျော်စိုး (ဗမာ/ ဗုဒ္ဓ )

အမိအမည်

ဒေါ်စိန်လွင် (ဗမာ / ဗုဒ္ဓ )





Sunday, January 22, 2012

မြိတ်မြို့ NLD အဖွဲ့ဝင်များ လမ်းပိတ်၍ ၀ိုင်းဖွဲ့ကခုန်

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းနှင့် ဆိုင်းဘုတ်ဖွင့်ပွဲအား ၂၁ ရက်နေ့ တွင် ပြုလုပ်ခဲ့သော်လည်း ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးသွားပြီး နောက်တွင် အဖွဲ့ချုပ် အဖွဲ့ဝင်များ သည် နာရီအတန်ကြာ လမ်းပိတ်ပြီး လမ်းပေါ်တွင် ၀ိုင်းဝန်းကခုန်ပျော်ပါး နေသဖြင့် ယာဉ်ကြော ယာဉ်များ သွားလာမှု ခက်ခဲ ခဲ့ပါသည်။

တွေ့ရတဲ့အတိုင်း NLD ပါတီဝင် တစ်ဦးရဲ့ အပေါ်က ပင်နီတိုက်ပုံ၊ အောက်က လုံချည်နဲ့ ပါးမှာကျတော့ သရုပ်ပျက် မလိုက်ဖက်တဲ့ NLD အမှတ်တံဆိပ်ကို ကပ်ထားပါတယ်။ အဲလို နဖူးတွေ ပါးတွေမှာ စတစ်ကာတွေ ကပ်ကြတာ တွေ့ဖူးတာကတော့ ဘောလုံးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာပါပဲ။ ခုတော့ မဆိုင်တဲ့နေရာတွေမှာပါ ကပ်ပြီး စည်းမရှိကမ်းမရှိတွေ ဖြစ်လာရတာတွေ့နေရပါတယ်။ အမှန်တကယ်ဆို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်ထမ်းဆောင်မယ့် လူများအနေနဲ့ မိမိတို့ကို အားကျလာအောင်၊ လေးစားလာအောင်၊ ယုံကြည်မှုရှိလာအောင် နေတတ်ထိုင်တတ်ရမယ့် အစား ယခုလိုသရုပ်ပျက်စွာနဲ့ မိမိတို့ ပါတီရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပါပဲ။ NLD ပါတီကလည်း ပါတီဝင်တွေ အတွက် အရည်အချင်း မလိုဘူးဆိုပြီး လျှောက်လွှာတွေ ခေါ်ကတည်းက ကြေညာ ထားပြီးသားမို့ ပါတီအထဲကို ဒီလို အဆင့်မရှိ၊ သရုပ်ပျက်ပြုမှုနေထိုင်တတ်သူတွေ ရောက်လာတာ အဆန်းတော့မဟုတ်ပါဘူး။ အရင်တည်းက ပါတီဝင် အင်အား များရင်ပြီးရော ဆိုပြီး စိစစ်မှုမရှိ ၀င်ချင်သလို ၀င်ခွင့်ပေးထားတာက NLD ရဲ့ မူဝါဒကြောင့် ဒီလိုတွေ မြင်တွေ့နေရတာပါပဲ ဟု မြို့မိ မြို့ဖများက ဝေဖန်ပြောကြားလျက် ရှိသည်။

NLD ကို ၀င်ကြတဲ့ လူငယ်တွေကိုလည်း မေးချင်ပါတယ်။ ဗိုလ်ချုပ်သမီးဆိုတဲ့ အရှိန်အ၀ါကြောင့်လား။ NLD ရဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်မှုရှိလို့လား။ ဒါမှမဟုတ် ဈေးရောင်းလိုက် ဂီတပွဲလုပ်လိုက်နဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်စရာကောင်းတဲ့ ပါတီတစ်ခုဖြစ်လို့လား။ ထမင်းအလကားစားရလို့လား။ မိမိကိုယ်တိုင်က အမှန်တကယ် တိုင်းကျိုးပြည်ကျိုးကို ထမ်းဆောင်ချင်တယ်ဆို ဘယ်ပါတီမှ မဟုတ်ပါဘူး။ ၀င်ချင်တဲ့ ပါတီဝင်ခွင့်ရှိပါတယ်။ သို့သော် မိမိဝင်တဲ့ ပါတီက နိုင်ငံတော်အကျိုးကို အမှန်တကယ် ထမ်းဆောင်နိုင်တဲ့ ပါတီတစ်ခုဖြစ်လား မဖြစ်လားဆိုတာကိုတော့ စဉ်းစား သုံးသပ်ဖို့ လိုပါတယ်။ အခုလို သရုပ်ပျက်မှုတွေ ၊ စည်းကမ်းမဲ့ မှုတွေနဲ့ ပြည့်နေတဲ့ ပါတီမျိုးကို ရွေးချယ်မိရင်တော့ မိမိရဲ့ တိုင်းပြည်တိုးတက်မှုမှာ တတပ်တအားပါဝင်ချင်တဲ့ စိတ်တွေ၊ လုပ်အားတွေဟာ အလကားဖြစ်ပြီး ဆုံးရှုံးရပါလိမ့်မယ် ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဒါကြောင့်မို့ NLD အနေနဲ့လည်း စည်းရှိကမ်းရှိပါတီ တစ်ခုဖြစ်ချင်တယ်ဆို စည်းမဲ့ကမ်းမဲ့ အပြုအမူမျိုးလုပ်တဲ့ လူတွေကို ပါတီကနေဖယ်ထုတ်ပြီး မိမိပါတီကို စည်းကမ်းတကျဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီး ပျော်ပါးနေမယ့်အစား မိမိပါတီဝင်တွေကို ဒီမိုကရေစီနဲ့ ထိုက်တန်အောင် ဘယ်လို စည်းကမ်းတကျနေရမယ်ဆိုတာ ပါတီတွင်း သင်တန်းတွေ ပေးပြီး သင်ကြားပြသ သင့်တယ်လို့ နိုင်ငံရေး စိတ်ဝင်စားသူ တစ်ဦးက ပြောကြားသည်။




Saturday, January 21, 2012

မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ဇန်န၀ါရီလ (၂၁) ရက်နေ့ နံနက်(၈) နာရီတွင် မြိတ်မြို့ အထက်မြစ်ငယ်ရပ် စကားဝါးလမ်းနှင့် ရွှေကျောင်း လမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဥက္ကဋ္ဌ ဦးလှမင်း ၊ တိုင်း အတွင်းရေးမှူး ဦးအောင်စိုးနှင့် ကျွန်းစု မြို့နယ်တွင် ၀င်ရောက် အရွေးခံမည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ တို့ တက်ရောက်ပြီး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ကာ တက်ရောက် လာကြသူများအား အမှာစကား ပြောကြားသည်။

ထိုအခမ်းအနားသို့ ကန်ခေါင်းရပ်ကွက်အတွင်းရှိ ဒီမိုကရေစီ လိုလားသူ မွတ်ဆလင်ဘာသာဝင် အများစု ပါဝင်သော ပြည်သူ လူထု အင်အား (၁၀၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။ ထိုအခမ်းအနား တစ်ခုလုံးအတွက် မွတ်ဆလင် ဘာသာဝင် အများစု တက်တက်ကြွကြွ ဖြင့် ဆောင်ရွက်ခဲ့သည်။ ဖဲကြိုးကိုင်ခြင်း၊ ကတ်ကြေး ဗန်းကိုင်ခြင်း၊ စသည်တို့အား မွတ်ဆလင်ဘာသာဝင် ချောမောလှပသည့် အမျိုးသမီးငယ်များက တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။

ထိုအခမ်းအနား ကျင်းပရာတွင် မြိတ်မြို့ရှိ လူအစည်းကားဆုံး လမ်းမကြီး သုံးလမ်းအား ပိတ်ထားရသည့် အတွက် ယာဉ်ကြော ၂ နာရီခန့် ပိတ်ဆို့ ထားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် အများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွင် မွတ်ဆလင် ဘာသာဝင်များ အများစု ဦးဆောင်လှုပ်ရှားနေသည့်အတွက် မကျေမနပ် ဖြစ်နေကြောင်းနှင့် NLD ပေါက်ပေါက်လာသည့်အတွက် မွတ်ဆလင်ဘာသာဝင်များ တက်ကြွလာမှုကြောင့် စိုးရိမ်သောက ရောက်နေကြ ကြောင်း သိရှိရသည်။





Friday, January 20, 2012

ဘာအတွက် ငါ.မဲကို ထည့်ရမှာလဲ- ပေးရမှာလဲ၊ (I VOTE FOR WHAT)

ကျွန်းစုမြို့နယ် မဲဆန္ဒရှင်ပြည်သူတွေအနေဖြင့် ပါတီတွေက အမတ်လောင်းတွေကို မဲ မပေးခင် ဘာအတွက် ငါ.မဲကို ထည့်ရမှာလဲ ဘာအတွက် ငါ့ မဲကို ပေးရမှာလဲ ရှင်းရှင်းလင်းလင် မေးဖို. လိုပါသည်။

ပါတီတခုချင်းစီက ကိုယ်စားလှယ်လောင်း တဦးချင်စီကို ဒီမေးခွန်းတွေကို သေခြာမေးပြီး မဲ ပေးခြင်းက ကိုယ့်ဘ၀ ကိုယ့် ကကြမ္မာ ဖန်တီးရာ ရောက်ပါမည်။

ကိုယ့်အတွက် ကိုယ့်ဒေသ အတွက် ဘာက အဓိက အရေးကြီးလဲ ဘာကို အဓိကဦးစားပေးပြီး ဆောင်ရွက်ပေးမှာလဲ ဘယ်လို လက်တွေ.ကျကျနဲ. တခြားအမတ်လောင်းတွေ ပါတီတွေ နဲ.မတူအောင် လုပ်ပေး မလဲဆိုတာ အသေးစိတ် ရှင်းပြခိုင်းပြီး ကိုယ်ကျေနပ်မှ ကိုယ်စိတ်ချ ယုံကြည်မှသာ သင့် မဲ ကို ပေးပါ။ VOTE WHAT YOU LIKE TO DO လို. ဆိုချင်ပါသည်။

ဒီမိုကရေစီအရေး လွတ်လပ်ရေး လူ.အခွင့်အရေး တရားဥပဒေ စိုးမိုးရေးနဲ. ဒေသဖွံ.ဖြိုးရေး တွေ လုပ်ပေးမယ်လို. ယေဘူယျနဲ. လာပြီး မဲဆွယ်ခဲ့ရင် အဲဒီ အမတ်တွေကို ပြန်မေးဖို.လိုပါ သည်။ အခု တရားဝင် ရပ်တည်နေတဲ့ ပါတီ ၄၇ ပါတီမှာ အထက်ပါ သီအိုရီသဘောတရား တွေကို လုပ်မပေးဘူး မထောက်ခံဖူးဆိုတဲ့ ပါတီတွေရော ရှိသေးလို.လား။ အားလုံးကို သွား မေးရင် ဒီဟာတွေကို လုပ်ပေးမယ်လို. ပြောမဲ့ ပြောနေကျတဲ့ သူတွေချီးပဲ မဟုတ်ဖူးလား။ ။ ဒါကြောင့် ယေဘူယျတွေ သီအိုရီတွေ မဟုတ်ပဲ ကိုယ့် မဲဆန္ဒနယ်မြေအတွက် လက်တွေလဲ ကျကျ တိုင်းတာလို.ရတဲ့ Measurable ဖြစ်ပြီး မြင်သာ ထင်သာရှိနိုင်တဲ့ လုပ်ပေးစေချင်တဲ့ ကိစ္စတွေကို ဘယ်လို ဖြစ်အောင် လုပ်ပေးမလဲဆိုတာ ထောက်ပြီး မေးဖို. စစ်ဆေးဖို.လိုပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ. မတူတော့ပါ-- ပြောရရင် တပါတီ အာဏာရှင် မဆလပါတီ တဖြစ်လဲ တစညလဲ ဒီမိုကရေစီပါတီဖြစ်လာသလို စစ်အာဏာရှင်စနစ်ကို ကြား ကန်ခဲ့တဲ့ ကြံခိုင်ရေးလဲ ဒီမိုကရေစီပဲ လို. ပြောနေပြီ မဟုတ်လား။ ဒီတော့ ဒီမိုကရေစီတို. လူ.အခွင့်အရေးတို. ဒေသ ဖွံ.ဖြိုးရေးတို.ဆိုတဲ့ ယေဘူယျသဘော ပြောတာလောက်နဲ.တော့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်လောင်းကိုမှ မေးပေးဖို. မဆုံးဖြတ်သင့်တောပါ။

တကယ် လက်တွေ.ကျကျနဲ. ဘယ်ကိစ္စကို ဘယ် လုပ်ပေးမယ်ဆိုတာ အသေးစိတ် တင်ပြ နိုင် ရှင်းပြနိုင်တဲ့ အမတ်လောင်းတွေကိုပဲ မဲပေးဖို. လိုပါမည်။ အခုရွေးကောက်ပွဲဟာ အာဏာရှင်နဲ. ဒီမိုကရေစီအကြား ခွဲခြားတဲ့ ပွဲမဟုတ်ပဲ ဘယ်ကိုယ်စားလှယ်က ဘယ်လောက် အထိ လက် တွေ.ကျကျ လုပ်ပေးနိုင်မလဲဆိုတဲ့ အရည်အချင်းနဲ. လုပ်ရည်ကိုင်ရည်က အရေးကြီးတဲ့ ပွဲ ဖြစ်လာပါသည်။ သူဖက်က ဘယ်ကိစ္စကို လက်တွေ.ကျကျ ဘာလုပ်ပေးမယ်လို. ရေရေရာရာ မပြောနိုင်ရင်တော့ အဲဒီအမတ်လောင်းဟာ သင့် မဲ နဲ. ထိုက်တန်သူ မဟုတ်ပါ။

ဒါကြောင့် ဘယ်အမတ်လောင်းက ကိုယ့်ဒေသ ကောင်းကျိုးကို လုပ်ပေးမလဲဆိုတဲ့ လက်တွေ. ကျတဲ့ ထောက်ပြမှုတွေနဲ. အမတ်လောင်းတွေဆီက အသေးစိတ် ရှင်းပြနိုင်သူ တကယ် လုပ်ပေးနို်င်တာကိုပဲ တာဝန်ယူ ကတိပေးသူကိုပဲ ရွေးချယ်ခြင်းက ဒေသအတွက် အာမခံချက် အရှိဆုံးပါ။

ကိုယ့်အတွက် အရေးကြီးတာက ရွာမှာ ဆေးခန်းရဖို။ ကျန်းမာရေးအတွက်လာ။ ရွာမှာ စာသင်ကျောင်းရဖို. ပညာရေးအတွက်လား၊ လမ်း တံတားနဲ. သယ်ယူပို.ဆောင်ရေးလား။ ရေရရှိရေးအတွက်။ မီးရရှိဖို. မီး မှန်မှန် လာဖို.လား။ အမှိုက် မှန်မှန် သိမ်းဖို.လာ.။ စီးပွားရေးလား။ အခွန် လျော့ကောက်ရေးလား။ အလုပ်အကိုင်နဲ. အိမ်ယာကိစ္စအတွက်လား သဘာဝ ပတ်ဝန်းကျင်နဲ. မြစ်ချောင်းထိမ်းသိမ်းရေးလား၊ တရားဥပဒေစိုးမိုးရေးနဲ. ရာဇ၀တ်မှု ကျဆင်ရေး ရပ်ကွက်အေးချမ်းလုံခြုံရေးလား။ ဆင်းရဲမှု ပ ပျောက်ရေးလား၊ မြေယာ ပြုပြင် ပြောင်းလဲရေးလား၊ လွတ်လပ်စွာ စိုက်ပျိုး သိုလှောင် ရောင်ချခွင့်လား။ လာဒ်စားမှု တိုက်ဖျက် ရေးလား---- စတဲ့ လူတဦးချင်းစီ နယ်တနယ်ချင်းစီ ရွာတရွာချင်းစီ၏ လိုအပ်ချက် တွေဟာ မတူနိုင်တာမို. ကိုယ့်အတွက်အရေးကြီးတယ် ဦးစားပေးစေချင်တဲ့ လုပ်ငန်းတွေကို အကောင် အထည် ဖော်ပေးနိုင်မည့် အမတ်လောင်းကိုသာ သင့်၏ မဲ ဖြင့် ထောက်ခံလိုက်ပါ။ လုံးဝ မမှာပါ။ ဒါမှ နိုင်ငံတော်တို. ပြည်သူလူထု ဆိုတဲ့တာ တကယ်တော့ မဲ ပေးတဲ့ မဲ ဆန္ဒရှင်တွေကိုပဲ အဓိက ရည်ညွှမ်းရမှာပါ---

မဲမပေးခင်မှာလဲ မင်းကို ရှင့်ကို ကျနော် ကျမက ဘာအတွက် ငါ့ မဲကို ထည့်ရမှာလဲ ပေးရမှာ လဲ ငါ့အတွက် လက်တွေ. အရေးကြီးတဲ့ ကိစ္စကို ဘယ်လို လုပ်ပေးမှာလဲဆိုတာ သေခြာ မေး မြန်း စုံစမ်းပြီးမှသာ သင့်ရဲ့ မဲကို ထည့်ပေးပါ။ မဟုတ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေနဲ. လာပြီး ပနာယူနေသူတွေ ဖြစ်တာမို.---- စိတ်ထဲမှာပဲ ကံတော့် ဆွမ်းလို.သား အော်လိုက်ပါ---မဲပေး ထောက်ခံရမည့် ကိုယ်စားလှယ် မဟုတ်ပါ။

ရွေးကောက်ပွဲမှာ မဲပေးတာဟာ ကုမ္ဗဏီတခုက လုပ်တဲ့ Survey တခု ဖြေတာနဲ. မတူပါ။ ရွေးကောက်ပွဲမှာ I VOTE FOR WHAT ဆိုတာ မဲပေးသူတွေက ရှင်းရှင်းလင်းလင်း ဖြစ်လာမှ လက်တွေ. အကျိုးရှိမှာ။ ဒီမိုကရေစီဆိုယုံနဲ.တော့ မဲပေးဖို. မလုံလောက်တော့ပါ။ မဲပေးခွင့်ရှိသူတိုင်း မဲပေးဖြစ်အောင် ပေးပြီး ကိုယ့်အနာဂတ်ကို လက်တွေ. ဖန်တီးပါ။ ။ ။

ရည်ညွှန်း Udp Myanmar