မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, January 30, 2013

အရွယ်မရောက်သေးသော လူငယ်များ စစ်မှုထမ်းခြင်းကို တားဆီးကာကွယ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မြိတ်မြို့တွင် ပြုလုပ်

မြိတ်မြို့ ကလေးသူငယ် အခွင့်အရေး ကော်မတီအဖွဲ့နှင့် World Vision Myanmar (Myeik ) တို့ ပူးပေါင်း ကျင်းပသည့် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးနှင့် အရွယ်မရောက်သေးသော လူငယ်များ စစ်မှု ထမ်းခြင်းကို ကာကွယ်တားဆီးခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ (၂၉) ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန် မြိတ်မြို့ မြိတ်တက္ကသိုလ် အနီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံး အစည်းအဝေးခန်းတွင် ပြုလုပ်သည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲသို့ TCRC Member မှ (၁၅) ဦး၊ အုပ်ချုပ်ရေးမှူး (၈)ဦး၊ UNHCR မှ (၁)ဦး၊ UNICEF မှ (၁)ဦး၊ Leagal Aid မှ (၁)ဦး၊ AFT မှ (၁)ဦး၊ မိခင်နှင့်ကလေးမှ (၁)ဦး၊ အမျိုးသမီးရေးရာမှ (၁)ဦး၊ ကျန်းမာရေးမှ (၁)ဦး၊ ကျောင်းအုပ်ကြီးများ (၁၀)ဦးတို့မှ ပါဝင်ဆွေးနွေးခဲ့ပြီးနောက် မြိတ်မြို့နယ် ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းပြီး ညနေ(၄)နာရီတွင် ဆွေးနွေးပွဲ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

ရန်ကုန်-မြိတ် အမြန်ရေယာဉ် (ရှပ်ပြေးယာဉ်)လိုင်း တိုးချဲ့ ပြေးဆွဲမည်


တနင်္သာတိုင်း ကမ်းရိုးတမ်းဒေသ ဖြစ်သည့် ထားဝယ်၊ မြိတ် ၊ ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိသော အမြန်ရေယာဉ် (ရှပ်ပြေးယာဉ်) များအား ခရီးစဉ် တိုးချဲ့၍ ရန်ကုန်- မြိတ် ၊ မြိတ်- ရန်ကုန် တစ်ရက်ခြား ပြေးဆွဲခြင်းကို လာမည့် ဇန်န၀ါရီလ (၃၁) ရက်နေ့မှ စတင်ပြီး Fortune Express (မြိတ်) က ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

Sunday, January 27, 2013

မြိတ်မြို့ ကုန်တိုက်အနီး လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ် တစ်ဦးသေဆုံး

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် ည (၁၀း၃၀) ချိန်ခန့်တွင် မြိတ်မြို့ ကန်ကြီး နယ်မြေ သာကေတရပ် (ကုန်တိုက်အနီး) အနောက်ဖက်လမ်း ၌ လူငယ်များ အချင်းခ်ျင်း အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားရာ ပထမနှစ် (မြန်မာစာ) ကျောင်းသား ဖြစ်သူ မောင်လပြည့်ထူး အသက် (၁၈)နှစ်၊ (ဘ) ဦးညွန့်သောင်း၊ သာကေတ (၄)လမ်း နေသူမှာ အရိုက်ခံရပြီး ရရှိသော ဒဏ်ရာဖြင့် မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ နံနက် (၅) နာရီ အချိန်ခန့် ကွယ်လွန်သွားကြောင်း သိရရှိသည်။

ဖြစ်စဉ်မှာ မောင်လပြည့်ထူးနှင့် သူငယ်ချင်း (၃) ဦးသည် ကုန်တိုက် အနောက်ဖက်လမ်း၌ ဂီတာ တီးနေစဉ် လူငယ် (၇) ဦးမှ ရောက်ရှိလာပြီး မောင်လပြည့်ထူးနှင့် သူငယ်ချင်းများအား တုတ်ဖြင့် ရိုက်နက်ကြရာ (၃)ဦးမှာ ထွက်ပြေး နိုင်ခဲ့ပြီး မောင်လပြည့်ထူးမှာ ရိုက်နှက်ခံရမှုကြောင့် လဲကျသဖြင့် နီးစပ်ရာမှ ဆေးရုံသို့ တင်ပို့ရာ ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ လူငယ် အများစုအား မြိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ 

Saturday, January 26, 2013

သတ္တုပညာသင်ပေးမည်ဟု ဆိုပြီး ဆီအုန်းခြံတွင် အလုပ်ကြမ်းခိုင်းသည့်အတွက် နစ်နာမှုအား တိုင်ကြားခြင်း (ပေးစာ )

ကျွန်းစုမြို့နယ် ယမုံကျေးရွာရှိ ငွေကမ္ဘာ ကုမ္ပဏီ မန်နေဂျာဦးဌေးလွင်မှ ထိုင်းနိုင်ငံတွင် သတ္တုပညာ သင်ပေးမည်ဆိုပြီး Vantage.co.ltd ကုမ္ပဏီမှ လုပ်ငန်းလိုအပ်ချက်အရ ထိုင်းနိုင်ငံမှ လုပ်ငန်း အတွေ့အကြုံ ရရှိစေရန် ၀န်ထမ်း(၁၀)ဦးကို (၆-၆-၂၀၁၂)ရက်နေ့က လေကြောင်း ခရီးဖြင့် ကော့သောင်းသို့ စေလွှတ်ခဲ့ပါသည်။ ကော့သောင်းတွင် အလုပ်ဗီဇာ ရရှိရေး အတွက် (၂)လကျော်ခန့် ကြာမြင့်ခဲ့ပြီး ၀န်ထမ်း(၆)ဦး စိတ်ပျက်ကာ တာဝန်ရှိသူများကို အသိ မပေးဘဲ အသီးသီး ထွက်ခွာ သွားခဲ့ပါသည်။ စားစရိတ် အဖြစ်တစ်ဦးလျှင် တစ်ရက်ဘတ်(၁၀၀)နှုံး၊ သုံးစရိတ်အဖြစ် လစာဘတ် (၅၀၀၀)နှုံး၊ မည်သည့် အလုပ်မှ ခိုင်းစေခြင်း မရှိဘဲ ကုမ္ပဏီက ကျခံ ထောက်ပံ့ပေးခဲ့ ပါသည်။ (၁၄-၈-၂၀၁၂) ရက်နေ့တွင် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမှ တဆင့် တရားဝင်ဗီဇာဖြင့် ဦးကျော်မိုးနိုင်  ၆/ကစန (နိုင်)၀၉၄၃၆၅၊ ဦးဇင်ကိုဦး၆/ကစန(နိုင်)၁၀၀၀၂၂၊ ဦးရဲရင့်ကျော် ၆/ကစန(နိုင်) ၀၈၅၅၇၀၊ ဦးဇင်မင်းစိုး ၆/ကစန(နိုင်)၀၉၄၆၂၅ တို့(၄)ဦးကို ပို့ဆောင် ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် သတ္တုလုပ်ငန်း မဟုတ်ဘဲ ဆီအုန်းခြံထဲတွင် တောခုတ်၊ သစ်ခုတ်၊ သစ်တုံးထမ်း အလုပ်များကို နေ့စဉ် နားရက်မရှိ (မရှိ)သည့် အပြင် အလုပ်လုပ်ခွင့် ပါမစ် ၊ (ဆေးရုံဘတ်) မရှိ (မရှိ)ဘဲ အလုပ်လုပ်ခဲ့ရ ပါသည်။ အလုပ်ချိန်မှာ နံနက်(၀၆း၄၅) နာရီမှ (၁၁း၀၀)နာရီထိ၊ မွန်းတည့် (၁၂း၀၀)နာရီမှ ည(၀၆း၀၀)နာရီထိ ၊ စုစုပေါင်း(၁၀)နာရီ၊ အချိန်ပို(၂)နာရီ အတွက် ဘတ်(၅၀)ရရှိမည် ဆိုပြီး (၁၅)ဘတ်သာ ရရှိခဲ့ ပါသည်။ ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် နေရပ်သို့ပြန်ရန် တောင်းဆိုခဲ့ရာ vantage  co.ltd ကုမ္ပဏီက အလုပ်ရှင်/ အလုပ်သမား ဂတိဝန်ခံချက်ဆိုပြီး လက်မှတ် ရေးထိုးခိုင်းခဲ့ ပါသည်။

၎င်းဝန်ခံချက် စာချူပ်တွင် မည်သည့် အဖွဲ့အစည်းများကို တိုင်တန်းခြင်း မပြုလုပ်ရ၊ ခြိမ်းခြောက် ဖြားယောင်း လက်မှတ် ရေးထိုးခိုင်းခြင်း မဟုတ်ကြောင်း နှင့် မိမိဆန္ဒအရ ရေးထိုးခြင်း ဖြစ်ကြောင်းနှင့် လက်မှတ် ရေးထိုးသည့် နေ့မှစပြီး ၄င်းဝန်ထမ်း(၄)ဦး ကိစ္စအ၀၀ကို ကုမ္ပဏီအနေဖြင့် တာဝန်ယူဖြေရှင်းပေး မည် မဟုတ်ကြောင်း ဖော်ပြပါရှိ ပါသည်။ လိမ်ညာ ခေါ်ယူခိုင်းစေခဲ့ သဖြင့် ဆုံးရှူံး နစ်နာမှုများ ပြန်လည်ရရှိရေး အတွက် အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနသို့ တိုင်ကြားထား ပါသည်။

(မြိတ်ပုလဲမြေသို့ mail ထဲမှ တဆင့် ပေးပို့လာမှုအား ထပ်ဆင့် ဖော်ပြအပ်ပါသည်.။)

ရွှေကိန္နရီဖလား မြိတ်အိုးပင်း ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်

ရွှေကိန္နရီဖလား မြိတ်အိုးပင်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်။ ဆုငွေများကို ထိုက်တန်စွာ ချီးမြှင့်မည် ဖြစ်ပြီး မည်သူ မဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးအပ်ပါသည်။


Friday, January 25, 2013

မြိတ်မြို့ ကန်ဖျား ထုံးဖိုလမ်း မီးလောင် နေအိမ် (၂)လုံး ဆုံးရှုံး

မြိတ်မြို့ ကန်ဖျားရပ်ကွက် ထုံးဖိုလမ်း မိုးလုံလေလုံ အားကစားရုံ အနောက်ဖက်တွင် ၂၀၁၃ ဇန်န၀ါရီလ (၂၅) ရက်(၄)နာရီ (၅၀) မိနစ်ချိန်ခန့်၌ ဦးမောင်သောင်း ၊ ဒေါ်စောရှင်တို့၏ နေ့အိမ်မှ စတင်ပြီး ၀ါယာ ရှော့ ဖြစ်သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးသွားကြောင်းနှင့် မြိတ်မြို့ပေါ်ရှိ မြို့နယ် မီးသတ် တပ်ဖွဲ့နှင့် ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်များ ၊ ပြည်သူလူထုများ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင်း (၅)နာရီ (၂၀) မိနစ်ခန့်တွင်  မီးညွန့်ကျိုးသွားကြောင်း သတင်းရရှိပါသည်။


 

မြိတ်တောင်ရပ် အောင်သပြေလမ်း အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ နိုးဆော်လွှာ

၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ မှ စတင်ပြီး လစဉ် လပြည့်နေ့တိုင်း သံဃိက ဒါနအဖြစ် မြိတ်မြို့ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် အရှင်သူမြတ် အပါး  (၁၃၀) ခန့် တို့အား အရုဏ်ဆွမ်း လောင်းလှူပွဲ ပြုလုပ်ဆောင်ရွက်လျက် ရှိရာ မနက်ဖြန် ပြာသိုလပြည့်နေ့တွင်လည်း သံဃာတော် အရှင်သူမြတ်များ အပါး (၂၀၀) ကျော်တို့အား အရုဏ်ဆွမ်း လောင်းလှူ ပူဇော် သွားမည်  ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်  သူတော်စင် အပေါင်းတို့ကလည်း အရုဏ်ဆွမ်း လောင်းလှူပွဲတွင် တစ်ဦးချင်း ဖြစ်စေ အဖွဲ့လိုက် ဖြစ်စေ ၊ အောက်ပါအတိုင်း စုပေါင်း လာရောက် လှူဒါန်း နိုင်ကြောင်း နိုးဆော်အပ်သည်။

အရုဏ်ဆွမ်း တစ်နပ်               -    ၁၅၀၀၀၀ိ/ ကျပ်
သံဃာအကြို/အပို့ကားတစ်စီး    -        ၈၀၀၀ိ/ ကျပ်
လျှပ်စစ်မီး (တစ်ည)                -        ၅၀၀၀ိ/ ကျပ်

လောင်းလှူမည့် အစီအစဉ်
နေ့ရက်    -    ၂၆-၁-၂၀၁၃ (စနေနေ့) ပြာသိုလပြည့်နေ့
အချိန်    -    နံနက် (၄း၃၀) နာရီ
နေရာ    -    အောင်သပြေလမ်းထိပ်၊ အောင်ဆန်းလမ်းမကြီး၊ မြိတ်တောင်နယ်မြေ

ဆက်သွယ်လှူဒါန်းရန်
ကိုစိုးဦး    -    အောင်သပြေလမ်း
                  (ဖုန်း) 0949871410
ကိုဌေးဝင်း -    ရွှေပြည်သာလမ်းဆိပ်(ဂျာနယ်ဆိုင်)
                   (ဖုန်း) 0949874179
ဦးကုန်း    -    (BOC)လမ်း၊ တံတားထိပ် ဂိုဒေါင်
                  (ဖုန်း) 09422194479

Thursday, January 24, 2013

ကျွန်းစုမြို့နယ် မအိုင်အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ပေးစေလို (ပေးစာ )


မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်အုပ်စု အုပ်ချူပ်ရေးမှူး ရွှေးချယ်ပွဲကို (၁၉-၁-၂၀၁၃)ရက်နေ့ (၁၂၃၀) နာရီချိန်ခန့်က ပထက် အထက မှာ ကျွန်းစုမြို့နယ် ထွေ/အုပ်မှ ဒု ဦးစီးမှူး  ဦးကျော်နိုင်နှင့် အဖွဲ့လာရောက် ကျင်းပပြုလုပ်သွား ခဲ့ပါတယ်။ ရပ်/ကျေးအုပ်စု အတွင်း ဆယ်အိမ်မှူး (၁၄၅)ဦး အနက်မှ (၁၃၃)ဦး တက်ရောက်ကြောင်း သိရပါတယ်။ ၄င်းရွှေးချယ်ပွဲမှ မအိုင်အုပ်စု၊ အုပ်ချူပ်ရေးမှူး အဖြစ် ပထက်ရွာမှ ဦးထွန်းလှ (လက်ရှိရာအိမ်မှူး)၊ ကျန်ရာအိမ်မှူးများ အဖြစ် ပထော်ရွာမှ ဦးကျော်သီဟ (လက်ရှိ မအိုင်အုပ်ချူပ်ရေးမှူး ဦးအုန်းညွန့်၏ သား) ၊မအိုင်ရွာမှ ဦးအုန်းကျော် (လက်ရှိရာအိမ်မှူး)၊ လင်မလိုရွာမှ ဦးစိုးဝင်း (လက်ရှိရာအိမ်မှူး) နှင့်၊ မစမ်းပါးရွာမှ ဦးချိုငယ်တို့ကို အသီးသီး ရွှေးချယ် ပေးခဲ့ပါတယ်။ အုပ်ချူပ်ရေးမှူးနှင့် ရာအိမ်မှူးများ အသစ် ပေါ်ထွက်လာခြင်း မရှိဘဲ အရင်လူများသာ ရွှေးချယ်ခဲ့ ပါတယ် ။ ပြည်သူတွေ နားလှည့်ပါး ရိုက်တာပါ။ 

ပထော်နှင့် ပထက်ကျွန်းဟာ စီးပွားရေးခွင်ပါ။ ကုမ္ပဏီ တည်ဆောက်ခါစ အလုပ်သမား လိုအပ်ချက်အရ ပထက်ကျေးရွာ ကို ၁၉၉၉ခုနှစ်မှာ စတည်ပါတယ်။ ယခုအခါ လူနေ ထူထပ်လာတဲ့အခါ တပည့်လက်ပါးစေများ မွေးမြူပြီး ကျေးရွာကို အသုံးချနေဆဲဖြစ်ပါ တယ်။ ပညာရေး၊ လူမှုရေး အမျိုးမျိုး အကြောင်းပြကောင်းချက်ဖြင့် လုပ်အားပေးခိုင်စေနေခြင်း၊ သံဗ္ဗာန်မောင်းသူများ ကိုလည်း အလှည့်ကျ ကင်းချကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကုမ္ပဏီ လုံခြုံရေး ခိုင်းစေနေခြင်း၊ သံဗ္ဗာန်(၁)စီး (၈၀၀၀ိ/-)ကျပ် လစဉ်ကောက်ခံနေတာ (၁၀)နှစ်ခန့် ကြာမြင့်နေခြင်း ၊ သံဗ္ဗာန်အသင်းသားများ ၏ သာရေး/ နာရေးပြုလုပ်ပေးခြင်းမရှိ (မရှိ)ခြင်း၊ ခရိုနီများ ခွင့်ပြုချက်မရဘဲ မည်သူမှကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ခွင့်မပြု (မပြု)ခြင်း၊ ဆိုင်ကယ်တက္ကစီ ၊ ဈေးဆိုင်များကိုလည်း လစဉ်ကြေး အများအပြားကို မတရားကောက်ခံပြီး ကုမ္ပဏီ လုံခြုံရေးဝန်ထမ်း အတွက် ၄င်းကောက်ခံငွေများဖြင့် လစာပေးနေကြောင်းစုံစမ်းသိရခြင်း၊ ကုမ္ပဏီခြံဝန်း တံခါးပေါက်ကိုလည်း (၂၄)နာရီ ပိတ်ထားပြီး လှေဆိပ်မှအတက်/ အဆင်းအတွက်ခက်ခဲနေခြင်း၊ ရေစက်ကို ရွာထိပ်တွင် ထားပြီး ရွာအဆုံးက လူတွေ အခက်အခဲဖြစ်နေခြင်း၊ လျှပ်စစ်မီတာခ တစ်ယူနစ်(၆၀၀ိ/-) ကျော်ပေးနေရခြင်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရ ပါတယ်။    ဦးထွန်းလှသည် ယခင်ကလည်း မသိသလို ခရိုနီတွေ ကြိုးဆွဲရာ ကနေသူဖြစ်ပါတယ်။ ဦကျော်သီဟသည်လည်း ၄င်း၏ဖခင် ဦးအုန်းညွန့်သည် ပထော်ရွာပိုင် လယ်များကို အခြား မရွှေဦးရွာသို့ ရောင်းစား ထားသဖြင့် ၂၃-၁၂-၂၀၁၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် (ကျွန်းစုခရီးစဉ်)မှာ ပြည်သူတစ်ဦးမှ တိုင်ကြားခြင်းခံရ ပါတယ်။ အဖေဆင်း သားတက် မြောက်ကိုရီးယား နိုင်ငံလို ဖြစ်နေသဖြင် အကြီးအကဲ များမှ လိုအပ်သလို ဆောင်ရွက် ပေးနိုင်ပါရန် မြိတ်ပုလဲမြေမှ တဆင့် တင်ပြအပ်ပါတယ်။
(မြိတ်ပုလဲမြေ သို့ mail ထဲသို့ ပေးပို့လာသည့် စာအား ထပ်ဆင့် ဖော်ပြအပ်ပါသည်။) 


Tuesday, January 22, 2013

မြိတ်ခရိုင် တနင်္သာရီ မြို့နယိတွင် တရားမ၀င် ဘိန်းစာပင်များ ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကမ်ရိုးတန်းဒေသ တိုင်းစစ်ဌာနမြိတ်နှင့် KNU (ငြိမ်းချမ်းရေး) အဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းတို့ ပူးပေါင်းညှိနှိုင်းမှုဖြ...င့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် အဖွဲ့ (၂) ဖွဲ့ခွဲ ပြီး ဘိန်းစာပင်များ ဖျက်ဆီးခြင်း ဆောင်ရွက်ရာ အဖွဲ့(၁) အနေဖြင့် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဟာဗီ၊ တိုင်းရဲတပ်ဖွဲ့ ဦးကြည်လင်းတို့ ဦးဆောင်သော အဖွဲ့က အင်အား (၂၇၄) ဦးပါဝင်လျက် မြိတ်ခရိုင် တနင်္သာရီမြို့နယ် သမီးလှကျေးရွာ အရှေ့ဘက် (၂)မိုင် အကွာ သကျက် ကြိုးပြင်တော ဧရီယာ အတွင်း တရားမ၀င် စိုက်ပျိုး ထားသော ဘိန်းစာပင် (အပင်ကြီး ၊ အပင်ငယ်၊ အပင်လတ် ) စုစုပေါင်း (၈၀၁) ပင်အား ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ ဖျက်ဆီး ခဲ့သည်။ အဖွဲ့(၂)တွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေညာမောင် ဦးဆောင်ပြီး စုစုပေါင်း အင်အား (၁၆၆) ဦးတို့ဖြင့် ကော်တောကျေးရွာ ၃ မိုင် အကွာ သကျက်ကြိုးပြင်တော တရားမ၀င် ဘိန်းစာပင် စိုက်ခင်း ရှိ ဘိန်းစာပင် အပင်ကြီး ၊ အပင်လတ်၊ အပင်ငယ် စုစုပေါင်း (၄၁၅) ပင်နှင့် ပျိုးပင် (၇၅) ပင်အား ခုတ်ထွင်ခြင်း၊ မီးရှို့ ဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဖျက်ဆီးခဲ့သည့် ဘိန်းစာပင်များမှာ စုစုပေါင်း ၁၃၀၆ ပင် ဖြစ်ကြောင်း သိရှိရသည်။ ဘိန်းစာရွက်ပင်သည် ကြီးထွားမှုနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ထိုဘိန်းစာရွက်ကို ရာဘာခြစ် လုပ်သားများက တွင်ကျယ်စွာ အသုံးပြုကြသည်ဟု ဆိုသည်။ ရုက္ခဗေဒ အခေါ်အရ Mitragyna specious အပင်အမျိုးအစား ဖြစ်သည့် ထို ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသည်ဟု ဆိုသည်။ ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊ ကော်ဖီမစ်၊ အချိုရည်တို့ဖြင့် ရောစပ်သောက်သုံးခြင်းဖြင့် တဖြည်းဖြည်း ယစ်မူးကာ အအေးဒဏ်၊ အမောဒဏ်ကို ခံနိုင်ပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းသည်ဟု သိရှိရသည်။ ပေါက်ဈေး ၆,ဝဝဝ ကျပ် ရှိပြီး အဝယ်ခက်ကာ အဖမ်းအဆီးများသည့် ယာဘခေါ် စိတ်ကြွဆေးကို သုံးစွဲရာမှ ငွေပြတ်ချိန်များတွင် ဘိန်းစာရွက်ကို အစားထိုး သုံးစွဲလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။ တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်ဒေသဘက်ရှိ ရေလုပ်သားများကလည်း ဘိန်းစာရွက်ကို အမောဒဏ် ခံနိုင်ရန် အသုံးပြုကြပြီး၊ အချို့မှာ ဆီးချို၊ သွေးတိုးနှင့် ကိုယ်လက် ကိုက်ခဲခြင်းကို သက်သာစေရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။ သို့သော် လည်း ယခုလူငယ်များ သုံးစွဲသကဲ့သို့ ရောစပ်သုံးစွဲခြင်း မဟုတ်ဘဲ အရွက်ကို ဝါးစားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၅ ခုနှစ်ခန့်က စတင်ပြီး ဘိန်းစာပင်နှင့် ဘိန်းစာရွက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဥပဒေအရ မူးယစ် ဆေးဝါ အဖြစ် သတင်း သတ်မှတ်ထားပြီး ဖြစ်ပါသည်။

ရေတပ်မှ ငါးဝယ်လှေ တစ်စင်းအား ကူညီ


ရေတပ်မှ ငါးဝယ်လှေတစ်စီးအား ကူညီ (ပေးစာ)
ပင်လယ်ပြင် ဆီတောင်းရေးတပ်များ ခွဲထုတ်ခန်းများနှင့် ရေတပ်သင်္ဘောများသည် ယခင်က ထင်တိုင်း ကြဲနေသော်လည်း ယခုအခါအပြောင်းလဲများ ဖြစ်ပေါ်လာပြီးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကျစွာ ကောင်းမှန်သော အပြောင်းလဲ သတင်းများကိုလည်း ပြည်သူများကို အသိပေး ရမည်ဖြစ်သည်။ ထို့ကြောင့် ကျွှန်တော် မိတ်ဆွေ၏ အတွေ့အကြုံ တစ်ခုကို မြိတ်သူ ၊ မြိတ်သားများ သိရှိစေရန် ရည်ညွှန်းပြီး ဖော်ပြအပ် ပါသည်။
ကျွှန်တော် မိတ်ဆွေ၏ ပင်လယ်ပြင် ငါးဝယ် လှေတစ်စီးသည် ပင်လယ်ပြင်တွင် ငါးအ၀ယ်လိုက်ရင်း စက်ပျက်ပြီး မျှောနေပြီး စက်ဆရာမှာလည်း ဌက်ဖျား တက်ကာ ဒုက္ခရောက်နေချိန်တွင် စစ်သင်္ဘောတစ်စီးမှ မီးရိုက် လှမ်းခေါ်ရာ စက်ပျက်နေသဖြင့် မည်သို့မှ မတက်နိုင်ပဲ ဖြစ်နေချိန်တွင် ထိုစစ်သင်္ဘောသည် ကျွှန်တော်တို့ထံသို့ မောင်းလားပြီး အနားရောက်သော အခါ ထိုစစ်သင်္ဘောသည် (617) ဟုသိရသည်။ ထိုစစ်သင်္ဘောမှ ကျွှန်တော်တို့အား စစ်ဆေးရာ ကျွှန်တော်လှေ၏ အခြေအနေအရပ်ရပ်ကို ပြောပြသောအခါ ထိုသင်္ဘောမှ အရာရှိဟု ထင်ရသော ၊ စစ်သင်္ဘောတွင် ပါလာသော တပ်သားများက CO ဟုခေါ်သော ဗိုလ်ကြီးမှ စက်ပျက်နေသည်ကို သိရှိသော အခါ CO ကြီးမှ မိမိစက်ပြင်ဆရာများကို စက်အား စစ်ဆေး ပြုပြင်ပေးရန်နှင့် လိုအပ်သော ဆေးကုသမှု အတွက် ဆေးဆရာကြီးများကို ဆေးသုသ ပေးရန်ပြောကာ ဆေးဆရာကြီးများ ကလည်း လူနာ စက်ဆရာအား ဌက်ဖျား ပိုးစစ်ဆေးပေးကာ လိုအပ်သော ဆေးဝါးများဖြင့် ကုသပေးပါသည်။ ထိုစစ်သင်္ဘော (617) မှ CO ကြီးနှင့် စစ်သည်များ၏ ကူညီမှုကြောင့် ကျွန်တော်တို့ ကမ်းသို့ ချောချောမောမော ပြန်ရောက်ခဲ့သည့် အတွက် အတိုင်းမသိ ၀မ်းသာ ကျေးဇူးတင်မိ ပါသည်။ ဟိုအရင် တစ်ချိန်က ပြည်သူများ အပေါ်တွင် ဆီတောင်းစား၊ ငါးတောင်းစား နေသော်လည်း ယခုအခါမှာ ထိုသို့ မဟုတ်သည့် အပြင် အကူညီများပါ ပေးလိုက်သည့်အတွက် အံ့သြ၀မ်းသာ ဂုဏ်ယူမိပါသည်။ ယခု စစ်သင်္ဘော (617) ကဲ့သို့ အခြားပင်လယ်ပြင် ဆီတောင်းရေးတပ်များ၊ စစ်သင်္ဘောများ ဆက်လက် ဆောင်ရွက် သွားပါက ပုလဲမြေဟု တင်စား ခေါ်ဝေါ်သော မြိတ်မြို့ကြီးမှ မြိတ်သူ၊မြိတ်သားများ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြမည် ဖြစ်ပါသည်။ ထိုသူများသည်လဲ လူတွေထဲက လူများဖြစ်သည်။ လူတစ်ဦးတွင်ရှိသော စိတ်ထားကောင်းများ ရှိကြသည်၊ ထိုကဲ့သို့ ဖြစ်ရပ်များကိုလဲ ပြည်သူလူထုကို အသိပေးပါမှ ကောင်းမွန်သော အပြောင်းလဲများ ပိုမိုဖြစ်ပေါ် လာမည် ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
မြိတ်ပုလဲမြေအား mail ထဲမှ တဆင့် ပေးပို့လာမှု အပေါ် ဖော်ပြအပ်ပါသည်။

Monday, January 21, 2013

မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ လက်ရှိ အုပ်ချုပ်ရေးမှူးကိုသာ ပြန်လည် ရွေးချယ်ခဲ့


မြိတ်မြို့ မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ဇန်န၀ါရီလ (၂၁) ရက် နေ့လည် (၁၂) နာရီ အချိန်တွင် ပြုလုပ်ခဲ့ရာ မြို့နယ် ဥပဒေ အရာရှိ ၊ မြို့နယ် လ၀က ဦးစီးမှူးနှင့် ထွေ/အုပ်မှ ဒုဦးစီးမှူးများ တက်ရောက်ကြီးကြပ်ပြီး မြိတ်တောင်ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဘုရား ကိုင် ကျောင်းတိုက်တွင် ပြုလုပ်ကျင်းပပါသည်။ 
အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲသို့ မဲပေးခွင့် ရှိသူ ဆယ်အိမ်စု ကိုယ်စားလှယ် (၄၅၇) ဦးအနက် (၄၄၅) တက်ရောက် မဲပေးသည်။ ထို ရွေးချယ်ပွဲတွင် မြိတ်တောင် ရပ်ကွက်ရှိ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော (၁၈) ဦးက အုပ်ချုပ်ရေးမှူး အဖြစ် အရွေးချယ်ခံရနု အဆိုပြုသဖြင့် (၁၈) ဦးကို တက်ရောက်လာသော ကိုယ်စားလှယ်များ က မဲပေးရွေးချယ် ကျသည်။ 
ကိုယ်စားလှယ် အသီးသီးက အုပ်ချုပ်ရေးမှူးလောင်းများအား လျှို့ဝှက်မဲ ပေးပြီးနောက် ကြီးကြပ်ရေး အဖွဲ့ဝင်များက မဲရေတွက်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက (၁၁၁)မဲ၊ ဦးတင်ဇော်က (၁၀၁) မဲ၊ ဦးဘကြည်က (၄၃)မဲ၊ ဦးသန်းလွင်က (၂၇)မဲ၊ ဦးထွန်းနိုင်ဦးက (၂၆)မဲ ၊ ကျန်သည့် ကိုယ်စားလှယ် အသီးသီးက မဲအနည်းငယ်စီ ခွဲဝေ ရရှိခဲ့ပြီးနောက် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးစိန်မင်းအား မဲအများဆုံး အဖြစ် အတည်ပြု ထားကြောင်း သတင်းရရှိသည်။
မြိတ်တောင်ရပ်ကွက်သည် မြိတ်မြို့နယ်အတွင်း လူဦးရေ အများဆုံး နေထိုင်သော ရပ်ကွက် ဖြစ်ပြီး ရပ်ကွက်ခွဲပေါင်း (၂၀)ကျော် ၊ အိမ်ထောင်စုပေါင်း (၆၀၀၀) နီးပါးရှိကာ လူဦးရေပေါင်း ၉ သောင်းခန့် နေထိုင်သော မြိတ်မြို့ ၃ ပုံ ၁ ပုံ အကျယ် အ၀န်း ရှိသည်။

Saturday, January 19, 2013

တနင်္သာရီတိုင်းဒေသကြီး၏ NLD ပါတီ အမှန်မြင်ကြည့်ရန်

တနင်္သာရီတိုင်းဒေသကြီး၏ NLD ပါတီ အမှန်မြင်ကြည့်ရန်
(မြိတ်ပုလဲမြေကို NLD အဖွဲ့ဝင် တစ်ဦး mail ထဲကနေပြီး တစ်ဆင့် ပေးပို့တာလေးကို တင်ပေးလိုက်ပါတယ်။ )
အမေစုရေ အမေရဲဖြူစင်လှတဲ့ NLDပါတီ မှာ လူမှန်နေရာမှန်တွေမြင်ချင်ပါတယ် ---
တနင်္သာရီတိုင်းဒေသကြီး၏ NLD ပါတီ အမှန်မြင်ကြည့်ရန်
သနားစရာ အာဏာမဲ့နေတဲ့ ကျွန်းစုNLDရုံး အကြောင်းသိကောင်းစရာ
ယခုဖြစ်ပေါ်နေသောအခြေအနေမှာ
မြိတ်မြို့NLD ရုံးသည်  မြို့နယ်ရုံး (လွတ်တော်ကိုယ်စားလှယ်အမတ်လောင်းမရှိ)
ကျွန်းစုမြို့နယ်NLD ရုံးသည် မြို့နယ်ရုံး (လွတ်တော်ကိုယ်စားလှယ် အမတ်လောင်းရှိသည်)
မြို့နယ်ရုံးအားလုံး မတင်ပြတော့ပါ။ ခြားနားချက်တခုသာတင်ပြမည်။
ထိုခြာနာချက်မှာ လွတ်တော်ကိုယ်စားလှယ် အမတ်လောင်းရှိသော ကျွန်းစုမြို့နယ်သည်
ဘာအမတ်လောင်းမှ မရှိတဲ့မြိတ်NLDမြို့နယ်ရုံးအား အဘယ်အတွက်ကြောင့် ကြောက်ရွံ့
နေရသနည်း?
တိုင်းတာဝန်ခံဦးလှမင်း၊အား မြိတ်မြို့နယ်ရုံးမှ ထမင်းကျွေပြီးရုံးပေါ်တင်ထားလိုလား-----?
ဦးလှမင်းရဲ အရှိန်အ၀ါနဲ အာဏာပြနေတာလား ----?
ဦးလမင်းဆိုတဲ့ ငတိက NLDဗဟိုကလို့ပြောတယ် ဘာကောင်လဲ --------?
NLDဗဟိုမှာ ဘာရာထူးလည်း- -- သိရင်ပြောပြပါ -- -အမှန်တွေပဲဖြစ်ချင်တယ် -----?
လက်ရှိတော့ သူတော်တော်ကောင်းစားနေတယ်စကားပုံတခုရှိတယ်
သူတောင်းစားမင်းဝ (ဟိုဟာလန်ပြ) ဖြစ်မှာစိုးတယ် ဇိမ်နဲ ထမင်း အလကားစားနေရတယ်
သူရဲ့စားရိပ်တွေက ပြည်သူတွေရဲ့ ငွေတွေပါ
ကျွန်းစုNLDရုံးက ဘာမှလုပ်လို့မရပါလား- - -သနားစရာ ကောင်းနေတယ်
မြိတ်NLDရုံးကို ကြောက်နေရသလိုပဲ
အမတ်လောင်း ဒေါ်တင်တင်ရ်ီကလဲ ဘာသြဇာမှ မရှိတာလား---?
ဘာကိုကြောက်နေရသလဲ ---- ပါဝါတူ အာဏာတူ မြို့နယ်ချင်းလဲတူ
ဒါပေမဲ့ ကျွန်းစု NLDရုံးက တပမ်းသာနေတာတောင် ကြောက်နေတာလား ?
လက်ရှိ မြို့နယ် ကော်မရှင် ရွေးထားတာလဲ စပေါ့လိုက်မေခွန်းရပြီး စာမေးပွဲဖြေထားသလိုပဲ ဆိုတာ သိပါတယ်နော်- -အမေစုလာတုန်းကလဲတွေ အရှက်ရပြီပြီ မြိတ်NLDယိုင်တိုင်တိုင်ရုံးက ဘာတွေအာဏပြနေတာလဲ--
မြိတ် NLDရုံး ဥက္ကဌက ဘယ်သူလဲ--- သိရင်ပြောပြကြပါ --- တကယ်တမ်းလက်ရှိ NLDမြို့နယ်ရုံးမှာ အာဏာရှိရမှာက ကျွန်းစုမြိုနယ် NLD ရုံးပါနော်--
ပြောင်းပြန် အာဏာပြနေတာ ခက်ပါတယ်- - - -မြိတ်NLDရုံးက ညီအစ်မနှစ်ယောက်ကလည်း အာဏာသိပ်ပြတာပဲ ရုံးကိုသူတို့ အမည်ခံငှားပေးထာလို့ သူတိုကို ကြောက်နေရတာလား---စီးပွားရေးသမား ခရိုနီစိတ်ဓာတ်ရှိတဲ့သူ အမကကိုပိုတောင် ကြောက်ဖိုကောင်းတယ် ပါးစပ်က
ဘုရားဘုရား လက်က ကားယားကားယား ပင်နီဆိုတာ တခါမှဝတ်တာမမြင် ပင်နီဆိုတာ ဘာမှန်း ကိုမသိတဲ အပျိုကြီးမမ၀၀က ရုံးကိုလည်း ဖုန်းတလုံးနဲ ခိုင်းပြီ အာဏာပြပြီး မြိုနယ် ကော်မရှင်လဲ ရွေးခံလိုက်သေးတယ် (ဖိနပ်မရောင်း တော့ဘူးလား?) အဖွဲဝင်တွေက နောက်ကွယ်မှာ အချင်းတွေ့တုတ် ရှေ့ကျတော့ ဘာမှမပြောရဲတဲ့ NLD အဖွဲ့ဝင်တွေ သနားစရာ အမေစုရေ အမေရဲ့ဖြူစင်လှတဲ NLDပါတီမှာ လူမှန် နေရာမှန်တွေ မြင်ချင်ပါတယ် --- ကူညီပေးကြပါ အရပ်ကတို့ရေ---
ပုံ (တနင်္သာရီတိုင်းသူ/သားများ)

ငါးဗုံးခွဲလှေ ဖမ်းမိ ပစ္စည်းများ ရောင်းစားမှုအပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးက တိုင်ကြား

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရို င်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပရည်ကျွန်းကျေးရွာသို့ (၁၂-၁-၂၀၁၃) ရက်နေ့ ည(၁၂၀၀)နာရီ အချိန်ခန့်တွင် ခလရ(၂၆၇)ပင်လယ်ပြင်စိုးမိုးရေးတပ်မှ ဗိုလ်ကြီး နိုင်လင်းထက်   ဦးဆောင်ပြီး ငါး/ပုဇွန် အပြည့်ဖြင့် တရားမ၀င် ငါးဗုံးခွဲလှေ(၁)စီိးအား ဖမ်းဆီးလာခဲ့ပြီး ပရည်ကျွန်းကျေးရွာ၌ ကဲ့ယူရောင်းချခြင်း များပြုလုပ်နေမှု အပေါ် ကျွန်းစုမြို့နယ်၊ ကပကျေးရွာ အုပ်စုမှ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးစိုးတင့်မှ ကျွန်းစုမြို့န ယ်ထွေ/အုပ်ရုံးသို့ လိပ်မူပြီး အခြားဌာနဆိုင်ရာရုံးများသို့ မိတ္တူများပေးပို့ တိုင်ကြားထား ကြောင်း သတင်းရရှိပါသည်။


ကျွန်းစု NLD မှ ၀ဲကျွန်းရွာ မီးဘေးသင့် ပြည်သူများအတွက် ငွေနှင့် ပစ္စည်း လှူဒါန်း

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်အုပ်စု၊ ၀ဲကျွန်းကျေးရွာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့်
ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှဦးကိုလေး၊ ဦးဇော်မင်းလေးနှင့် ဒေါ်ချိုမာလွင်တို့
ဦးဆောင်သောအဖွဲ့ဝင် (၃၆)ဦးသည် (၁၁-၁-၂၀၁၃)ရက်နေ့ (၀၈း၀၀)နာရီချိန်ခန့် ၀ဲကျွန်းကျေးရွာ
မီးဘေးသင့် အိမ်ထောင်စု(၄၁)စုမှ ကျား(၈၇)ဦးနှင့် (မ)(၁၀၀)ဦးတို့အတွက် တစ်အိမ်ထောင် လျင်
ဆန်(၁)အိတ်၊ ငွေ(၅၀၀၀ိ/)ကျပ်၊ အ၀တ်အထည်များနှင့် အိမ်မိုး ဓနိဖက်များကို ကူညီ ထောက်ပံ့ပေး
ခဲ့ပါတယ်။ ကျွန်းစုမြို့နယ်မှ ပြည်သူများ၊ NLDပါတီဝင်များ၊ ရပ်မိရပ်ဖများက ၀ိုင်းဝန်းလှူဒါန်ကြခြင်း
ဖြစ်ပါတယ်။ စုစုပေါင်း ကာလတန်ဘိုး(၁၀)သိန်းကျော် လက်ခံရရှိခဲ့သဖြင့် ယခုကဲ့သို့သွားရောက်
ထောက်ပံ့ ကူညီခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


Friday, January 18, 2013

မြိတ်မြို့ လမင်းရပ် မီးဘေးသင့် နေအိမ် NLD မှ ဆောက်လုပ် လှူဒါန်း

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ မြိတ်မြို့နယ်မှ ဦးစီးပြီး ရေပုန်း နယ်မြေ လမင်းရပ်ကွက် မီးလောင်မှု တွင် ဆုံးရှုံးသွားသော နေအိမ် (၆) လုံးအတွက် တစ်လုံးလျှင် တန်ဖိုး (၁၉၅၀၀ိ/) တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ရန် အတွက် လှူဒါန်း ပြီး ဖြစ်ကြောင်း နှင့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် စတင် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လှူဒါန်း ငွေများမှာ NLD ပါတီဝင်များနှင့် စေတနာရှင်များက ထည့်ဝင်လှူဒါန်း ငွေဖြစ်ပြီး မြိတ် NLD က ကမကထပြု ဆောက်လုပ်ပေးကြောင်း သိရှိရပါသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုမှာ (၅-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁)နာရီ ၅၅ မိနစ် အချိန် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ လမင်းရပ်ကွက် လမင်းရိပ်သာ (၃)လမ်းနေ ကိုထွန်းထွန်း + မမာလာအောင် နေအိမ်၏ မီးဖိုချောင် မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ မီးလောင် ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ခင်း ယိုင်ကာ ၂ထပ် အိမ် (၃)လုံး၊ ဓနိမိုး ပျဉ်ခင်း ယိုင်ကာ အိမ် (၂)လုံး၊ ဓနိမိုး (၁)တိုက် (၁)လုံး၊ ပျဉ်ခင်း ယိုင်ကာ သွပ်မိုး မီးသတ် ဓမ္မာရုံ တစ်လုံး လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၈)စု၊ လူဦးရေ စုစုပေါင်း (၅၁) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
 

Thursday, January 17, 2013

တနင်္သာရီ စတိန်သာရွာ၌ ကြိုးဆွဲချ သေဆုံး

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက် (၁၅၀၀) နာရီအချိန် တနင်္သာရီမြို့နယ် ဆင်ခြေဖုံးအုပ်စု စတိန်သာရွာနေ ဦးစိန်မြိုင်၏သား ဦးနောင်ဖြူ အသက် (၄၀) ကျော်ခန့်သည် သင်္ကန်းဝတ်လျက် အိမ်အနောက်ဘက်ရှိ မင်းဂုတ်ပင်၌ လည်ပင်း ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ၄င်းမှာ စိတ်မနှံ့သူ တစ်ဦး ဖြစ်ကြောင်းနှင့် အဆိုပါ သေဆုံးမှုကို တနင်္သာရီရဲစခန်းမှ သေမှု သေခင်း ဖွင့်လှစ် အရေးယူ လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မြိတ်မြို့ အမှတ်(၄) နယ်မြေရဲစခန်းမှ ခြိမ်းခြောက်ပြီး ငွေညှစ်

(၂.၁.၂၀၁၃) ရက်နေ့ နံနက် ၅း၃၀ အချိန်တွင် မြိတ်တောင် နယ်မြေ မီးသွေးဖောင်း လမ်းနေ ကိုကျော်ထွန်းမှာ ဆိုင်ကယ်ဖြင့် စက်ဝင်းရင် ဦးမြတ်လေးလမ်း အတိုင်း မောင်းနှင်လာရာ (ဂရင်း) မင်္ဂလာ ခန်းမရှေ့ တွင် မင်းမဲ့ စရိုက် အတိုင်း အမည်မသိ လူ(၃)ယောက် မှ ကိုကျော်ထွန်းအား ဝင်ရောက် ထိုးသတ်သဖြင့် ကိုကျော်ထွန်းမှ ပြန်လည် ခုခံနေချိန်တွင် ရဲ(၃)ယောက် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသည့် အချိန်တွင် လူရမ်းကား(၃)ယောက်မှာ ထွက်ပြေး တိမ်းရှောင် သွားပြီး ကျန်ခဲ့သော ကိုကျော်ထွန်းအား အမှတ်(၄) နယ်မြေ ရဲစခန်းသို့  ခေါ်ဆောင်၍ ထိပ်တုံးခတ်ပြီး ဦးခေါင်းကို လက်ဖြင့်(၃)ချက်ရိုက်ပါသည်။ မျက်နှာကိုလည်း ခြေတောက်ဖြင့် ကန်ကျောက်မည် လုပ်ပါသည်။ အမှု မဖြစ်ချင်ရင် ငွေ(၅၀၀၀၀)ကျပ် ပေးရမည်ပြောပြီး အိမ်သို့ ဖုန်းဆက်ခိုင်း၍ ပါရမီ(၂)ရပ်နေ ဒေါ်ခင်လှိုင်အိမ်သို့ ဖုန်းတဆင့် ခေါ်ဆိုရာမှ မိခင်ဖြစ်သူ ဒေါ်ပုမှ အမှတ်(၄) ရဲစခန်းသို့ လိုက်သွားပြီး ထိပ်တုံးခတ်ထားသော သားဖြစ်သူ ကိုကျော်ထွန်းအား ငွေ(၅၀၀၀၀)ကျပ် ဖြင့် ထုတ်ယူခဲ့ရပါသည်။ 

ကိုကျော်ထွန်းရဲ့  ဇနီး ကျောင်းဆရာမလေး မစန်းတင့်မှာ ငွေ(၅၀၀၀၀) ကျပ်ကို ယောက်ခမ ဖြစ်သူကိုပြန်လည် ပေးဆပ်ရမည်ကို ပူဆွေး သောက ဖြစ်နေရပြီပေါ့  ၎င်းဖြစ်စဉ်ကို မည်သူ့ မှ မပြောရန် မှာကြားလိုက် ပါသည်။ အမှတ်(၄) ရဲစခန်းမှ ယခုကဲ့သို့ ထိပ်တုံးခတ်ပြီး ငွေတောင်းနေသည်မှာ အကျင့်ဖြစ်နေပါသဖြင့်  တာဝန်ရှိသူများ သိရှိစေရန် တင်ပြလိုက် ပါသည်။


                                                                             ရဲခြိမ်းခြောက်မှုကင်းရှင်းစေလိုသူ
                                                                                                ပြည်သူ

မြိတ်ပုလဲမြေသို့ mail မှ တဆင့် ပေးပို့လာသော ပေးစာအား ထပ်ဆင့် ဖော်ပြအပ်ပါသည်။