မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Thursday, October 31, 2013

မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲ ပြုလုပ်




မြိတ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဆွေးနွေးပွဲအား ၂၀၁၃ ခုနှစ် ၊ အောက်တိုဘာလ (၃၁) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်ခရိုင် ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း၊ မြိတ်ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ကော်မတီဝင်များ ၊ မြိတ်ခရိုင် အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့မှ အတွင်းရေးမှူးများ ၊ မြိတ်မြို့နယ် ကော်မတီဝင်များ ၊ ရပ်/ ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၅၀)ကျော် တက်ရောက် သည်။ 

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲယာရွာတွင် ပထမအကြိမ် စာပေဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးအုပ်စု၊ ပဲယာရွာတွင် (၂၆/ ၂၇-၁၀-၂၀၁၃)နေ့ (၂)ရက် တိုင်တိုင် ပထမအကြိမ် စာပေဟောပြောပွဲအား ပဲယာကျေးရွာ၊ ခရူတောင်ကျောင်းတိုက် ၌ ကျင်းပခဲ့ ပါသည်။ စာရေးဆရာ ဦးမာနိတ (ကျုံကဒတ်) @ ရွှေချော(သံဖြူဇရပ်) နှင့် ခရူတောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဦးဣန္ဒစက္က တို့ ကမကထ ဖိတ်ခေါ်မှုဖြင့် မြိတ်မြို့မှ စာရေးဆရာ များဖြစ်ကြသော ညိုမင်းဟန် (အုတ်ဖို) (စာများများ ဖတ်ကြပါစို့)၊ (ကိုယ့်ဘ၀ သမိုင်းကို အကောင်းဆုံးရေးထိုးနိုင်သူများ ဖြစ်ကြပါစေ) နှင့် ၀င်းမြအောင်(မြိတ်) တို့မှ (ဆယ်ကျော်သက်တို့ လွယ်သော် ခက်ဖို့)၊ (ခေတ်ရေစီးကြောင်း မြောင်းထဲ ကလား) ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြပါသည်။


မြိတ်ခရိုင် အတွင်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့ရေး နှင့် ဒေသဖွံ့ဖြိုးရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ်ခရိုင် အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့ရေး နှင့် ၂၀၁၃- ၂၀၁၄ခု ဘဏ္ဍာနှစ် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း၊ အခြေခံပညာ ဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာန တို့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ ဖြစ်စေရေး အတွက် ညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ (၃၀)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အကျဉ်းထောင် ၊ အကျဉ်းစခန်း များ နှင့် ရဲတပ်ဖွဲ့ အချုပ်ခန်းများ အား ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်ဝင်းသည် တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီး၊ တရားရေး ဦးစီးမှူးနှင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ၊ အကျဉ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ၊ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၂၈)ရက် နံနက်(၁၀း၂၀)နာရီတွင် အကျဉ်းဦးစီး ဌာန မြိတ်အကျဉ်းထောင်အား စစ်ဆေးခဲ့ကြသည်။

Wednesday, October 30, 2013

တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်




တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်သည်။ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အရာရှိများ လိုက်ပါလျက်  ၂၀၁၃ ခုနှစ်၊ အေက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး ကျေးရွာများ အတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ပြည်သူ လူထုများနှင့် တွေ့ဆုံသည်။ 

Monday, October 28, 2013

ရိုက်နှက်ပြီး ရွှေဆွဲကြိုး လုယက်မှု ပုလောမြို့၌ ဖြစ်ပွား

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် (၄) နာရီ ကျော်အချိန်ခန့်တွင် မြိတ်ခရိုင် ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်နေ မလဲ့လဲ့ဝင်း အသက် (၄၄) နှစ် (ဘ) ဦးဂွမ်ကြည် သည် ဈေးသို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းသွယ်၌ အမည်မသိသူ တစ်ဦးမှ 

 

Sunday, October 27, 2013

ကုန်တင်ယာဉ်ကြီးများ မြို့တွင်း၌ ၀င်ရောက်နေမှုကို တားမြစ် ပေးနိုင်ပါရန်



မြိတ်မြို့အတွင်းရှိ လမ်းများသည် ကျဉ်းမြောင်းသည့် အပြင်  ယခုကဲ့သို့ ၁၂ ဘီးတပ်‌ ကုန်‌တင်‌‌မော်‌‌တော် ကားကြီးများ မြို့တွင်းဝင်‌‌ရောက်‌ လာချိန်‌များတွင်‌ လမ်းသွား လမ်းလာ မိဘပြည်‌သူများ စာသင်ကျောင်းများ၊ မြို့လယ်ခေါင် ဆိပ်ငယ်ဈေးကြီး ပတ်ဝန်းကျင့် တို့တွင်‌ မကြာခဏ ယာဉ်‌‌ကြောပိတ်‌‌ သည့်‌ ပြဿနာများ ဖြစ်‌‌ပေါ်‌နေ ပါသည်‌။  အမြို့မြို့ အနယ်‌နယ်‌တွင်‌ မြို့တွင်းလမ်းများ အတွင်း အ‌ဝေး‌ပြေးကားများ ဝင်‌‌ရောက်‌ခွင်‌မရပါ ။ အ‌ဝေး‌ပြေးကားများ အတွက်‌ အ‌ဝေး‌ပြေး ကားဝင်းကို မြို့တိုင်းမှာ ထားရှိ‌ပေးထားပါသည်‌ ။ အဝေးပြေး ကားများသည်လည်း သတ်မှတ်ထားသော ကားဝင်းအတွင်း၌ပင် ရပ်နားရပါသည်။ 


Saturday, October 26, 2013

မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

၂၀၁၃ ပညာသင်နှစ် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဖလား အခြေခံ ပညာ ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၆)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။


မြိတ်မြို့၌ ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ



မြိတ်ခရိုင်၏ ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက် တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက် နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်မှုမြင့်တင်ရေး အစည်းအဝေးကို အောက်တိုဘာလ (၂၅)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


လမ်း၊ ကျောင်း၊ တံတား၊ ဆေးရုံစသည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ပုဂ္ဂိုလ်ရေးကို ရှေ့တန်း မတင်ဘဲ လုပ်ငန်း အာမခံချက် ရှိသည့် လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့် ပေးသင့်



လမ်း၊ တံတား၊ ဆေးရုံစသည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ အကျိုးအမြတ် အနည်းငယ်သာ ကြည့်ပြီး လုပ်ငန်းအာမခံချက်ရှိသည့် လုပ်ငန်းများသာ လုပ်ကိုင်ခွင့် ပေးသင့်ကြောင်း အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးက ထောက်ပြပြောကြားသည်။

Friday, October 25, 2013

နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ

(မြိတ် အောက်တိုဘာ ၂၄ ) ။ ။ တနင်္သာရီတိုင်း ဒေသကြီး မြိတ် ခရိုင် တနင်္သာရီမြို့၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော နဂါးလှေ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် နှစ်စဉ် ကျင်းပ မြဲဖြစ်သော နဂါးလှေ အလှပြ လှော်ခတ် ပူဇော်ပွဲ အခမ်းအနားကို တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက် တာရိုးလမ်းရှိ ဦးကျော်ဝင်း သစ်စက် ရေဆိပ်၌ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။


Thursday, October 24, 2013

ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်




တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျှက်ရှိသော ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သည် အောက်တိုဘာလ (၂၂) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွန်းရတနာ ခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ရွာသူရွာသားများနှင့်တွေ့ဆုံ၍ ပြည် ထောင်စု ၀န်ကြီးက ၂၀၁၅ ခုနှစ် အတွင်း ဆင်းရဲမှု ရာခိုင်နှုန်း (၂၆%)မှ (၁၆%) သို့ လျော့နိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက် နေကြောင်း၊ ပြည်သူ ဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းဖြင့် အဂ္ဂမဟာဗျူဟာ နည်းလမ်းငါးခု အသုံးပြုကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အကောင် အထည်ဖော် ဆောင် ရွက်သွားရေး အတွက် မဟာဗျူဟာများ ရေးဆွဲ အကောင် အထည် ဖော်ဆောင်ရွက် နေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက် လူငယ်စွမ်းအားများ ဖွံ့ဖြိုးရန် လိုအပ်ပြီး ၄င်းတို့မှ တဆင့် မိမိတို့ရပ်ရွာ၏ အဓိက လိုအပ်ချက် အခြေခံ အဆောက်အအုံများကို စာရင်း ဇယား မှန်ကန် တိကျစွာ ကောက်ယူ၍ ကျေးလက် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင် များမှ မြို့နယ်၊ တိုင်း အဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက် သွားမှသာ မိမိတို့ရပ်ရွာဒေသ လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

မြိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကို သာသနာ့ အလံ ဘယ်သူပေးကိုင်လဲ



မြိတ်မြို့ မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၏ ဗိုလ်ချုပ်လက်ထဲတွင် သာသနာ့အလံ တစ်ခု ရောက်ရှိနေသည်ကို ယနေ့ (၂၃) ရက်နေ့ မနက်ပိုင်းတွင် (ပုံပါအတိုင်း ) တွေ့မြင်ခဲ့ရာ နံနက် (၉) နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လာရောက် ဖြှုတ်သိမ်းသွား ခဲ့သည်။ 

Wednesday, October 23, 2013

လမ်းတို့ရဲ့မာယာ



သင် ဆိုင်ကယ် တစ်ဦးနဲ့ ဘိတ်ဘက်ကို သွားကြည့်လိုက်ပါ။ ကတ္တရာလမ်း အတိုင်းပေါ့။ ဆိုင်ကယ်မောင်းရင်း အိပ်ငိုက်လာ ပါမယ်။ မပူပါနဲ့ မကြာမီ အိပ်ငိုက်ပြေသွားမယ်။ အိပ်ငိုက်ပြေရုံတင် မဟုတ်ပါဘူး၊ ချွေးပါပြန်လာပါ မယ်။ စိတ်မညစ်ပါနဲ့ ရှေ့မှာ လမ်းပြန်ကောင်းပါ လိမ့်မယ်။ ကတ္တရာလမ်း သက်သက်မို့ အာရုံပြောင်းပေးပါလိမ့် မယ်။ မြေနီလမ်းကို ရောက်ပါ အုံးမယ်။ ပြီးတော့ ကျောက်လမ်း ကိုလည်း တွေ့ရပါ လိမ့်မယ်။ လမ်းသွားရင်း သတိထားပါ။ ကျောက်မိုင်းခွဲလို့ ဒုက္ခတွေ့ နိုင်တယ်။ သမုတ်ချောင်းကို လှေနဲ့ကူးပြီးရင် ဘိတ်ကို ရောက်ပါတယ်။ သင်ရဲ့ ခရီးစဉ်အတွင်း ရသပေါင်းစုံတွေ့ရ ပါမယ်။




Tuesday, October 22, 2013

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ပြည်သူများ တက်ရောက်လေ့လာနိုင်


ပထမအကြိမ် တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် န၀မပုံမှန် အစည်းအဝေး ကို (၆.၁၁.၂၀၁၃) ရက်နေ့နှင့် (၇.၁၁.၂၀၁၃)ရက် နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ 

မြိတ်မြို့ ညောင်ရိပ်သာ ဘုန်းတော်ကြီးကျောင်း ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်း



၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ (၄)နာရီ (၅၀) မိနစ် အချိန်ခန့်တွင် မြိတ်မြို့ မြစ်ငယ် ရပ်ကွက် အပိုင် ကန်ကြီးရေကန် နဘေး ဘုရားကြီးလမ်းပေါ်ရှိ ညောင်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မြိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ ၊ ထားဝယ်စု၊ ဆိပ်ငယ်ရပ်၊ အလယ်ကျွန်းရပ်၊ နောက်လယ်ရပ်၊ မြိတ်တောင်ရပ်၊ ကလွင်ကျေးရွာတို့မှ ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ် (၁၀) စီးနှင့် ရေယာဉ်သယ်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူလူထုများ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၅)နာရီ (၁၀) မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားပြီး (၆) နာရီခန့်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရရှိသည်။ 

 

Monday, October 21, 2013

ဘုတ်ပြင်းမြို့ရာက် ထူးထူးတိုး ရော်ဘာစိုက်ပျိုးရေး ကုမ္ပဏီ လုပ်သားများ နေရပ်ပြန်လည် ပို့ဆောင်

ခမောက်ကြီး မြို့နယ်ခွဲ ၊ ထူးထူးတိုးရော်ဘာ စိုက်ပျိုးရေး ကုမ္ပဏီ ၏ အလုပ်ရှင် အလုပ်သမား  သဘောထား ကွဲလွဲမှု ဖြင့် အလုပ်မှထုတ်ပယ် ခံရပြီး လမ်းခရီးတွင် ဒုက္ခရောက်နေ ခဲ့သည့်  ဧရာဝတီ တိုင်းဒေသကြီး ၊အင်္ဂပူမြို့နယ် ၊ ထူးကြီး ကျေးရွာ အုပ်စု မှ ရော်ဘာစိုက်ပျိုးရေး အလုပ်သမား ကျား(၃၇)ဦး ၊မ (၂၁)ဦး ၊ကလေး (၇)ဦး ၊ပေါင်း (၆၅)ဦး အဖွဲ့သည် ဒေသ အာဏာပိုင်များ ၊ ဌာနဆိုင်ရာများ ၏ ပံ့ပိုး ကူညီမှုဖြင့် ခမောက်ကြီးမြို့နယ် မှတဆင့် အောက်တိုဘာ ၁၃ ရက် ည (၇း၄၀) နာရီတွင် ဘုတ်ပြင်းမြို့ သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာသည်။

ရဲတပ်ကြပ်ကြီးမှ (၅)တန်း ကျောင်းသူအား ဆိုင်ကယ်နှင့် တိုက်သည် ဆိုသည့်သတင်းမှာ မှန်ကန်မှု မရှိ

News of Myeik FB စာမျက်တွင် ရေးသားထားသည့် 11,10,2013 ရက်နေ့ ညနေ 3:30 နာရီ အချိန်ခန့် မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း လမ်းဆုံတွင် ယာဉ်လမ်းကြောင်း အမှားဖြင့် မောင်းနင်းလာသည် တိုးချဲ့ရပ်နေ ရဲ ယူနီဖောင်း အပြည့်အစုံနဲ့ မော်တော် ဆိုင်ကယ် မောင်းနင်းလာသူ ရဲတပ်ကြပ် မောင်ထွန်း ဆိုသူသည် ထားဝယ်ကမ်း လမ်းဆုံတွင် အရှိန်မလျော့ပဲ မောင်းနင်းလာခဲ့ရာ မင်္ဂလာ လက်ဖက်ရည် ဆိုင်ရှေ့ မျက်နှာစာတွင် ၅ တန်းကျောင်းသူလေး တစ်ဦးကို လမ်းဖြတ်ကူးနေစဉ် ဝင်ရောက်တိုက်မိခဲ့ရာ ၅ တန်း ကျောင်းသူလေးမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ရာမှ လှဲကျနေချိန်တွင် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိရာမှ အဆိုပါ တာဝန်ရှိသူ ရဲတပ်ကြပ် မောင်ထွန်း သည် လမ်းပေါ်တွင် ကြောက်အားလပ်အားဖြင့် အရှက်စိတ် များနဲ့ ဖြစ်နေချိန်တွင် အဆိုပါ ရဲတပ်ကြပ်မောင်ထွန်း သည် အများပြည်သူ လူမြင်ကွင်းမှာ ဆိုင်ကယ်ပေါ်မှ လုံးဝ လုံးဝ ဆင်း မထူပဲ ဆိုင်ကယ်ပေါ်မှ ရပ်ကြည့်ပြီး မောင်းထွက်ပြေး သွားကြောင်း စသည့်ဖြင့် ဖော်ပြထားသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း သိရှိ ရသည်။ 


မြိတ်မြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ ပြုလုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြိတ်မြို့နယ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟောပြောပွဲ ဆွေးနွေးပွဲအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ (ကြာသပတေးနေ့ ) နေ့လည် (၁၂) နာရီ အချိန် မြိတ်မြို့ ကလွင် ကျေးရွာအုပ်စု တောရအောက်ကျောင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြိတ်မြို့၌ အလုပ်သင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင် စွမ်းရည်မြှင့်တင်ရေး ရက်တိုသင်တန်း ဖွင့်လှစ်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် အလုပ်သင်ဆရာ၊ ဆရာမများ လုပ်ငန်းခွင် စွမ်းရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၁)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့ အထက(၁) ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး ဦးကြည်သန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အလုပ်သင်ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ များက မြတ်ဆရာ သီချင်း သီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ 


Sunday, October 20, 2013

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့၌ မြိတ်မြို့တွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား



အောက်တိုဘာလ (၁၉) ရက်နေ့ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော် နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာဝင်  များသည် မြိတ်မြို့ပေါ်ရှိ တန်ခိုးကြီး ဘုရားများဖြစ်သည့် လေးကျွန်းဆီမီး စေတီတော်၊ ပေါ်တော်မူ စေတီတော်၊ မဟာသိဒ္ဓိဇယ စေတီတော် အစရှိသည့် ဘုရားပုထိုး များတွင် ပန်း၊ ရေချမ်း ဆီမီး ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး သီလ ခံယူခြင်း၊ အလှူဒါနများ ပြုလုပ်ခြင်း တို့ဖြင့်  မွေ့လျော်လျက် ရှိသည်ကို တွေ့ရှိရသည်။ 


Friday, October 18, 2013

နယ်မြေဒေသလုံခြုံရေးအတွက် ပိတ်ဆို့စိစစ်မှုများ ပြုလုပ်ရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၊ ည (၉း၃၀)အချိန်ခန့်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ်၊ ဘုရားကိုင်လမ်းမကြီးရှိ ညောင်ပင်ကြီးအောက်၌ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ နယ်မြေဒေသ လုံခြုံရေး အတွက် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် မြိတ်မြို့၊ ကလွင်ရပ်၊ တက္ကသိုလ် (၃)လမ်းနေ ဦးနောင်စူး (ခ) ကျော်စိုးဦး၊ (၄၈)နှစ်၊ (ဘ ဦးတင်အုန်း) မောင်းနှင်လာသော Click-i (နံပါတ်မပါ) အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား စိစစ်သည့်အခါ ယာဉ်မောင်းသူ၏ ဘောင်းဘီ အရှေ့ညာဘက် အိတ်အတွင်းမှ WY- စာတန်းပါ စိတ်ကြွဆေးပြား ပန်းရောင် (၂၁)ပြား၊ အစိမ်းရောင် (၁)ပြား၊ ငွေ (၅၅၀၀၀)ကျပ်နှင့် ZTE ဖုန်း အမျိုးအစား (၀၉၄၂၂၂- - - - -) တို့အား သိမ်းဆည်းရမိ၍ 
 
 

Wednesday, October 16, 2013

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ


မြိတ်မြို့ ၊ မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အောင်တိုဘာလ (၁၅)ရက် နံနက် (၇း၃၀)နာရီတွင် အမှတ်(၂၆) ၊ ကမ်းနားလမ်း၊ ထားဝယ်စု ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြားကာ ကုပ္မဏီ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


Tuesday, October 15, 2013

တနင်္သာရီမြို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ ကျင်းပ



တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက် သောင်ဖြူ ရေဆိပ်တွင်ရှေးဟောင်း ယဉ် ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေယဉ်ကျေးမှု ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သက်တော်ရှည် ချောင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဒီပ ၏ မိန့်ကြားချက် အရ အောက်တိုဘာ (၁၁) ရက် နံနက် (၇း၃၀)နာရီ မင်္ဂလာအချိန် တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော နဂါးလှေတော် ရေချမင်္ဂလာ အခမ်း အနား ကျင်းပ ခဲ့သည်။

Monday, October 14, 2013

မိုင်းအန္တရာယ် သတိပြုဖွယ်



လက်လုပ်မိုင်း(ဗုံး) နှင့် အန္တရာယ် ရှိနိုင်သော မြို.တွင်း နေရာဒေသများ
· လူစည်ကားရာ ဈေးများ ·
 ယာဉ်ရပ်နားရာ နေရာများ ·
လမ်းဘေး အမှိုက်ပုံများ .
 ခြုံနွယ်ထူထပ်သော လမ်းဘေးများ ·
ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ ·
 ခရီသည်တင်ယာဉ် လူတင် လူချရာနေရာများ ·
အဝေးပြေးကားကွင်းများ .
မီးရထား ဘူတာရုံ . လေဆိပ် ·
အများသုံး အိမ်သာများ ·
မီးလောင်လွယ်သည့်  သိုလှောင်ရုံး အ နီး ဒေသများ .
 ကုန်တိုက်များ . လူကူး ဂုံးကျော် တံတားများ
(အထက်ဖော်ပြပါ နေရာတွေကို အထူး သတိပြုသင့်ပါတယ်)
မိုင်းဟု ထင်ရှားနိုင်သည့် အမှတ်အသားများ
ပလပ်စတစ်အိတ် အမဲ/
လုံးထွေးထားသည့် ပီနံအိတ် အပြဲအစုတ် .
 လက်ကိုင်အိတ်/
လွယ်အိတ်/ မျက်မှန် ထည့်သည့်  ဗူးခွံ/ စက္ကူဖြင့် ထုပ်ပိုးပြီး တိတ်ဖြင့် ပတ်ထားသည့်  အထုပ်များ .
သာမာန် စွန်ပစ်ပစ္စည်း မဟုတ်သည့် ရေဒီယီု/ ကက်ဆက်/ ဖုန်း/ စားပွဲတင် နာရီ များ/
 ခရီးဆောင်အိတ်များ /
ပုံမှန်မဟုတ်သည့် အမှိုက်သရိုက် အစုအပုံများ .
ဝါယာကြိုးအစများ/
ဓါတ်ခဲမှ အခွံပလပ် စတစ်အစများ/
ပုံမှန် မဟုတ်သည့်  သစ်ရွက်စု ပုံသဏ္ဍာန်များ/
သံဗူးများ/ တိတ်အ၀ါ အစအနများ/
 သံပိုက်လုံးများ/
ယမ်းဟု ယူဆရသောအမှုန်.များ/
 ပုံပျက်နေသည့် မြေသဏ္ဍာန်များ
( အထက်ဖော်ပြပါ အနေအထားတို.ကို တွေ.ရှိတတ်ပါသည်) 

အထူးသတိပြုရန်
( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ် ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် ) ကံကောင်း သည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာ များပြီး စနစ်တကျ ထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်း များ မဟုတ်ခြင်းပင် ဖြစ်သည်။ 

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းများ၊ မသင်္ကာဖွယ်ရာ လူများ၊ သံသယဖြစ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိပါက ရဲတပ်ဖွဲ့ စခန်းများနှင့် အုပ်ချုပ်ရေးမှူးရုံးများအား ဆက်သွယ် သတင်းပေးပို့ကြပါရန်။

နယ်လှည့်ဆေးကုသရေး အဖွဲ့ အခမဲ့ ကွင်းဆင်း ဆေးကုသ


 
မြိတ်ခရိုင် မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာ သဒ္ဒမ္မဇော တိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော ... (၅/၁၀၀)တပ်မတော် ဆေးရုံမှ အထူးကု ပါရဂူ ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများမှ အောက်တို ဘာလ(၁၃)ရက် နံနက်(၇)နာရီတွင် စန္ဒ၀တ်ကျေးရွာ အုပ်စု ချမ်းမြေ့သာရီ ရပ်ကွက် ဓမ္မာရုံတွင် အခမဲ့ ကွင်းဆင်း ဆေးကုသ သည်။




Thursday, October 10, 2013

ချောင်းလမုရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပစ္စည်းများ ပေးအပ်


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/ စီမံဝန်ကြီး ဦးသိန်းလွင်၊ သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ နှင့်အတူ တနင်္သာ ရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စု ချောင်းလမုရွာတွင် စက်တင်ဘာလ(၂၈)ရက်နေ့ တွင် မြစ်ရေကြီးမှုကြောင့် ယိမ်းယိုင် ပြိုကျခဲ့သော နေအိမ်များနှင့် ပြောင်းရွှေ့ အိမ်ထောင်စု များအား တွေ့ဆုံ၍ ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို အောက်တိုဘာလ (၈)ရက် နံနက်(၁၀း၃၀)နာရီတွင် ဓမ္မ ရက္ခိတကျောင်း၌ ကျင်းပသည်။


တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီး မြိတ်ဒေသရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ အလုပ်သမားရေးရာ ကိစ္စရပ်များ ကွင်းဆင်း ဆောင်ရွက်


တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီး ဦးသိန်းလွင် သည် အောက်တိုဘာလ (၉) ရက် နံနက်(၉း၃၀)နာရီတွင် မြိတ်မြို့နယ် အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ နှင့်အတူ မြိတ်ဒေသရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ အလုပ်သမား ရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/စီမံ ၀န်ကြီးနှင့် မြိတ်မြို့နယ် အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့သည် အေအက်စ်ကေ အက်ဒန်မန် အအေးခန်းစက်ရုံနှင့် အဆောင်ကောင်း ကုပ္မဏီ အအေးခန်း စက်ရုံများသို့ သွားရောက်၍ အအေးခန်း စက်ရုံအတွင်းရှိ လုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်လျက် ရှိသော အလုပ်သမားများနှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာ ကိစ္စရပ်များ ကို မေးမြန်းခဲ့သည်။

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ဂုဏ်ပြုသည့် တကိုယ်တော် လမ်းလျှောက်သူ မြိတ်မြို့မှ ဆက်လက် ထွက်ခွာ


မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ SEA GAME ပွဲတော်ကို ကြိုဆို ဂုဏ်ပြု၍ မြန်မာနိုင်ငံတောင် ဘက်စွန်း ကော့သောင်းမြို့မှ SEA GAME ပွဲတော် ကျင်းပရာ နေပြည်တော် အထိ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ်၊ မြေနီလမ်း အမှတ် (၄၆)နေ အသက်(၄၅)နှစ် အရွယ်ရှိ ဦးအောင်သူ (အဘ) ဦးအောင်မြ သည် အောက်တိုဘာလ(၁) ရက်နေ့ နံနက် (၆)နာရီအချိန် ကော့သောင်းမြို့ ဘုရင့်နောင်အငူ (၀ိတိုရိယအငူ)မှစတင်၍ တစ်ကိုယ်တော် ခရီးရှည် လမ်းလျှောက်ရာ ကော့သောင်းမြို့၊ ခမောက်ကြီး မြို့နယ်ခွဲ၊ ကရသူရိ မြို့နယ်ခွဲ၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင် မြို့နယ်ခွဲ၊ တနင်္သာရီ မြို့နယ်များကို ဖြတ်သန်း လျှောက်လှမ်းခဲ့ပြီး မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာ သို့ အောက်တိုဘာလ (၉)ရက် နံနက်(၈း၂၀) နာရီတွင် ရောက်ရှိလာခဲ့သည်။ 


Wednesday, October 9, 2013

ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦးမှ ဆိုင်ကယ်လိမ်ပြေးမှုတစ်ခု မြိတ်မြို့၌ ဖြစ်ပွား


ဗိုလ်ကြီး အယောင်ဆောင်တစ်ဦးမှ ဆိုင်ကယ် လိမ်လည်ပြေးမှုတစ်ခုကို မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင် အရှေ့) ဆိုင်ကယ် အငှားယာဉ်ဂိတ်၌ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်အမျိုးအစား Wave @ 100 အဖြူရောင် (ဗီယက်နမ်)၊ ဆိုင်ကယ်လိုင်စင် ၂၃ယ/------- ဖြင့် အငှားယာဉ် (Taxi) မောင်းနှင်သူ တစ်ဦးဖြစ်သည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အေးချမ်း သာယာရပ်နေ ဦး---------- သည် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင်အရှေ့)ရှိ ဆိုင်ကယ်အငှားယာဉ် (Taxi) ဂိတ်၌ ဆိုင်ကယ် ရပ်နားထားစဉ် ကြံတော လမ်းဆင်း တစ်နေရာမှ စစ်တပ်ဝတ် အစိမ်းနက်ရောင် ဘောင်းဘီကို ၀တ်ဆင်ထားပြီး အစိမ်းနက်ရောင် အင်္ကျီကို ပုခုံးတွင် တင်ထားသည့် အမည်မသိသူ တစ်ဦးမှ လှမ်းခေါ်၍ သွားရောက်သည့်အခါ ထိုအမည်မသိသူမှ စစ်တိုင်းထဲသို့ သွားလိုသည်ဟု ပြောကြားသဖြင့် ဆိုင်ကယ်ပိုင်ရှင်မှ မောင်းနှင်ပို့ဆောင်ခဲ့သည်။

ထိုသို့မောင်းနှင်လာစဉ် အမည်မသိသူမှ အလှူ တစ်ခုပြုလုပ်ရန် ရှိသည်ဟုပြောကြားကာ မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောရကျောင်း လမ်းဆုံအနီး (၁၈ တောင်ဘုရား)၊ တောင်သာယာ ဘုန်းကြီးကျောင်းသို့ မောင်းနှင်စေခဲ့ပြန်သည်။ ဘုန်းကြီးကျောင်းသို့ရောက်ရှိသည့် အခါ အမည်မသိသူမှ ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားပြီး ဆရာတော်အား အလှူ တစ်ခုပြုလုပ် လိုသည်ဟုပြောကြားကာ အလှူပြုလုပ် မည့် နေ့ရက်များကို ညှိနှိုင်း ပါသည်။


Tuesday, October 8, 2013

နောက်(၂၄)နာရီအတွင်း မုန်တိုင်းတစ်ခု ဖြစ်လာ ပါတော့မယ်။



မုန်တိုင်း ခန့်မှန်းရေး ဗဟိုဌာနများ ဖြစ်ကြသော IMD, JTWC များရဲ့ ခန့်မှန်းချက် အရ လည်းကောင်း MCCW ရဲ့ Analyses များအရ လည်းကောင်း ကပ္ပလီ ပင်လယ်ပြင်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်း လာနေပြီး မုန်တိုင်း တစ်ခုအဖြစ် မကြာမီ ရောက်ရှိလာပြီး၊ (၈-၁၀-၂၀၁၃) နံနက်(၆)နာရီခွဲမှ နောက်(၂၄)နာရီအတွင်း အပူပိုင်းမုန်တိုင်း တစ်ခု ဖြစ်လာနှိုင် ပါတယ်။ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဖက်ကို ဦးတည်ရွေ့လျှားကာ ဘင်္ဂလား ပင်လယ်အော် ရေပြင်ကျယ် အတွင်း ၀င်ရောက် သွားပြီးနောက် အဆုံးတွင် အောက်တိုဘာလ (၁၅)ရက် ခန့်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် သွားမယ်လို့ ခန့်မှန်းရပါတယ်။

မြိတ်မြို့၌ ကရင်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲ ကျင်းပ


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကရင်တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး နှင့်ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကို အောက်တိုဘာလ (၇)ရက် နံနက် (၉)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမ တွင် ကျင်းပရာ ကရင်လူမျိုး ဗုဒ္ဒဘာသာအနွယ်ဝင် သံဃာတော် အရှင်သူမြတ်များ၊ အသင်းအုပ် ဆရာများ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ ၊ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာ ၀န်ကြီးစောထွန်းအောင်မြင့် ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူပလီစံလှ ၊ မွနှ်ပြည်နယ် အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး မန်းအောင်ကျော်သိန်း ၊ မြိတ်ဒေသရှိ မြို့နယ်/ကျေးရွာ အသီးသီးမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကရင်ယဉ်ကျေးမှု ဒုံးယိမ်းအက ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
 
ရှေးဦးစွာ သဘာပတိနှင့် အဖွဲ့ဝင်များဖြစ်သည့် တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော် တိုင်းရင်း သားရေးရာ ၀န်ကြီး ဦးစောဟာဗီ၊ ပြင်းငယ်ကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ိမလ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စောဖိုးသောင်း (မြိတ်ကရင်နှစ်ခြင်း သာသနာ) ၊ Fr.ဘရူနိုဖီလစ် ၊ ဆရာမန်းစိန်ရှာ (ဧမာနွေလ ကျမ်းစာသင်ကျောင်း) တို့က အသီးသီး နေရာယူပြီး အခမ်းအနားကို တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဟာဗီက ကရင်ရိုးရာအထိမ်း အမှတ် ဖားစည်တီး ဖွင့်လှစ်ခဲ့ပြီး ကြိုဆို နုတ်ခွန်းဆက် စကားပြောကြားသည်။


ထိုနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီး စီမံ/စီးပွားဝန်ကြီး ဦးသိန်းလွင်က အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြပြီး တစ်ဦး အပေါ်တစ်ဦး ရင်းနှီးချစ်ကြည်မှု ၊ အပြန်အလှန် လေးစားမှုတို့ဖြင့် အေးချမ်း သာယာစွာ နေထိုင်လျက်ရှိကြောင်း၊ သို့ရာတွင် ကိုလိုနီစနစ်အုပ်ချုပ်မှု ဆိုးမွေများကြောင့် ငြိမ်းချမ်းစွာနေထိုင်ကြသည့်တိုင်းရင်းသားလူမျိုးများ အချင်းချင်း စိတ် သဘောထား မတူညီမှု အချို့ကြောင့် မိမိတို့ဒေသအေးချမ်းမှု ပျက်ပြားခဲ့ရသလို ဒေသ ဖွံ့ဖြိုးတိုးတက်မှုမှာ လည်း နိမ့်ကျခဲ့ရပါကြောင်း ၊စီးပွားရေး နိမ့်ကျလာ သည်နှင့်အမျှ ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုများသည် တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကြရပြီး မိသားစုကို တစ်ဖက် တစ်လှမ်း က ထောက်ပံ့နိုင်အောင်ကြိုးစားရင်း တစ်ဖက်နို င်ငံကို အလုပ်အကျွေးပြုနေရသည့် ဘ၀သို့ရောက်ရှိ သွားကြသည်ကိုတွေ့ရှိရပါကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး ဆုတ်ယုတ်သွားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ကရင်အမျိုးသားအစည်းအရုံး အကြားအပြန် အလှန်နားလည်မှုကို တည်ဆောက်နိုင် ခဲ့ပြီး တိုင်းဒေသကြီးအတွင်း နေရာဒေသ မရွေးနေ့ညမရွေး သွားလာနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးနှင့် အတူဒေသတည်ငြိမ်အေးချမ်းလာသည့်အတွက် မြို့ပေါ်ကျေးလက်ဒေသမကျန် တပြိုင်နက် တည်း ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ တစ်ဦး နှင့် တစ်ဦး နားလည်မှု၊ ယုံကြည်မှုအပြည့် ဖြင့်ပူးပေါင်းဆောင်ရွက်မည် ဆိုပါက မိမိတို့ တိုင်းဒေသကြီး သည် အခြား တိုင်းဒေသကြီး /ပြည်နယ်များ ထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ နာယက ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကရင်အမျိုးသား အစည်းရုံး KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောဆာပီးတူးက အမှာစကားပြောကြားကြသည်။ ယင်းနောက် မြိတ်မြို့ ဧမာနွေလ ပိုးကရင် ကျမ်းစာ သင်ကျောင်းမှ ဒုတိယကျောင်း အုပ်ကြီး သိက္ခာတော်ရ ဆရာမန်းသိန်းယု က ကရင်တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနှင့် ကြိုဆို ထောက်ခံပွဲအဆိုကို တင်သွင်းရာ ကက်သလစ်သာသနာ လက်ထောက်ကျောင်းထိုင် ဆရာတော် Fr ဖိုးဂရေနှင့် ဧမာနွေလ ပိုးကရင် ကျမ်းစာသင်ကျောင်းမှ ဆရာမ နန်းဂေးခလိန်ဘွားတို့က အဆိုကို ထောက်ခံတင်ပြကြပြီး ပြင်းငယ်ကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ိမလ က စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောထားအမြင်ကို မိန့်ကြား တော်မူသည်။ ဆက်လက်၍ သဘာပတိ တို်င်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ထောက်ခံပွဲ အဆိုနှင့် ပတ်သက်၍ လူထုဆန္ဒသဘောထားကို ရယူ၍ အခမ်းအနား ခေတ္တရပ်နားခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းကို မွန်းတည့် (၁၂)နာရီတွင် ဆက်လက်ကျင်းပရာ တို်င်းဒေသကြီး တိုင်းရင်းသားရေးရာ ၀န်ကြီးက တက်ရောက်လာသော ဧည့်သည်တော်များနှင့် မြိတ်ဒေသကရင် တိုင်းရင်းသား/သူများအား မိတ်ဆက်ပေးသည်။ ယင်းနောက် မြိတ်ကရင်နှစ်ခြင်းအသင်းတော် မှ သိက္ခာတော်ရ ဆရာ စောထဲဒေ မှ တက်ရောက်လာကြသော ကရင်တိုင်းရင်းသား/ သူများနှင့် တစ်ဦး ချင်းနှင့် အုပ်စုလိုက် ဆွေးနွေးဆောင်ရွက် ခဲ့ကြရာ ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င် စီမံ/စီးပွား ၀န်ကြီး ဦးသိန်းလွင်နှင့် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီး/ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးများမှ ကောက်နုတ်ခြင်း၊ သုံးသပ်ခြင်း ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို တက်ရောက် လာကြသူအားလုံးက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံတော်နှင့် ကရင်အမျိုးသား အလံတော်တို့အား အလေးပြုကြပြီး ကရင်အမျိုးသား သီချင်း စုပေါင်းသီဆိုကြကာ အခမ်းအနားကို နေလယ် (၂း၃၀)နာရီတွင် ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးများမှ တက်ရောက်လာကြသော ကရင်တိုင်းရင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Iprd Myeik

Sunday, October 6, 2013

မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ်များ စခန်းသွင်း လေ့ကျင့်ရေး စခန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီးတွင် အောက်တိုဘာလ (၁၀)ရက်နေ့၌ ကျင်းပမည့် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် မြိတ်ခရိုင် ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ်များအား စခန်းသွင်း လေ့ကျင့်ရေး စခန်းသိမ်း အောင်ပွဲကို အောက်တိုဘာလ(၆)ရက် နံနက် (၉) နာရီတွင် ပုလဲရတနာ ခန်းမ၌ ကျင်းပသည်။
 
 

မြိတ်မြို့၌ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ ဆွေးနွေး

ခရိုင်/မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက် /ကျေးရွာဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု ကော်မတီ များ၊ လူမှုရေး အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကို အောက်တိုဘာလ(၅)ရက် နံနက်(၁၀)နာရီတွင် ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီ များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မြိတ်မြို့၌ ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲ ကျင်းပ


မြိတ်ခရိုင် ပညာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ပွဲကို အောက်တိုဘာလ (၅)ရက် နံနက် (၈း၃၀) နာရီတွင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ပညာ့ဗိမာန် ခန်းမ၌ ကျင်းပရာ ကန့်တော့ခံ အငြိမ်းစား ဆရာကြီးများ၊ ဆရာမကြီးများ (၃၉)ဦး၊ မြိတ်ခရိုင် ပညာ ရေးမှူး၊ မြို့နယ် ပညာရေးမှူး ၊ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

Saturday, October 5, 2013

ရေဘေးသင့်ပြည်သူများအား နေအိမ်များ ပြန်လည်ထူထောင်ရေး ထောက်ပံ့ပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စု ချောင်းလမုရွာသည် စက်တင်ဘာ လ(၂၇)နေ့ ည(၉)အချိန် အထိ ချောင်းလမုရွာမြစ်ကမ်းနံဘေးရှိ ဓနိမိုး ထရံကာ ကြမ်းခင်း သစ်လုံးတိုင်အိမ်ခြေ (၃၉)လုံး ယိမ်းယိုင်ပြိုကျ ပျက်စီးခဲ့သည်။ 


မြူနီစပယ် ဥက္ကဋ္ဌကြီး ကူညီပေးပါ (ပေးစာ)

မြူနီစပယ် ဥက္ကဋ္ဌကြီးရှင် 
 
ယခင်က မြိတ်မြို့ပေါ်စွန့်ပစ်ရှိ အမှိုက်များကို တပ်ပြင်ရပ် မြန်မာ သင်္ချိုင်းဟောင်း အတွင်း အထဲသို့ သွားရောက် စွန့်ပစ်သော်လည်း ယခုအခါ သင်္ချိုင်း ဟောင်းအတွင်း သို့ ၀င်ရောက်စွန့်ပ် စ်ခြင်း မရှိပဲ တပ်ပြင်ရပ် ရေပုန်း လမ်းမကြီးရှိ သင်္ချိုင်ဟောင်း အပြင်ဘက် တွင် စွန့်ပစ်လျက် ရှိကြသဖြင့် ယခု ဓာတ်ပုံတွင် မြင်ရသည့် အတိုင်း ကတ္တရာ လမ်းပေါ်အထိ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။ 


Wednesday, October 2, 2013

ကျွန်းစုမြို့နယ်၌ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးတွေ့ဆုံ ဆွေးနွေး


 
ကျွန်းစုမြို့နယ် ကျွန်းရတနာ ခန်းမ၌ စက်တင်ဘာလ (၃၀)ရက် နေ့လည် ၂း၃၀ အချိန်ခန့်တွင် အစိုးရအဖွဲ့ဝင် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေး အုပ်ချုပ်ရးမှူး များနှင့် ပြည်သူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။




မြိတ်မြို့တွင် ဆဌမအကြိမ် တန်ဖိုးနည်းဖုန်း ခွဲဝေချထားမှု စာရင်း



(CDMA_800 MHz )
ဈေးတန်း (၆)၊ တလိုင်းစု (၃)၊ ဆိပ်ငယ် (၃)၊ ကန်ကြီး (၁၆)၊ ရေပုန်း (၃၄)၊ အလယ်ကျွန်း (၄၀)၊ ကန်ဖျား (၃၆)၊ နောက်လယ် (၉)၊ ထားဝယ်စု (၆)၊ ကန်ခေါင်း (၁၁)၊ မြစ်ငယ် (၁၂)၊ မြိတ်တောင် (၉၂)၊ မြိတ်တောင်ရွာ  (၈၉)၊ ကလွင် (၅၆)၊ စန္ဒ၀တ် (၄၄)၊ ကျောက်ဖျာ (၁၈) ၊ 
စုစုပေါင်း (၄၇၅) လုံး

SEA Game ကြိုဆို ဂုဏ်ပြု တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြိုသား ကိုအောင်သူ ကော့သောင်းမြို့မှ စတင်ထွက်ခွာပြီ




SEA Game ပွဲတော် ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် မြန်မာနိုင်ငံ တောင်ဖက်စွန်း ကော့သောင်းမြို့ မှ နေပြည်တော် အထိ တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ် မြေနီလမ်းနေ  အသက်(၄၅) နှစ် အရွယ် ဦးအောင်သူ သည် လမ်းလျှောက် ခရီးစဉ် ကို အောက်တို့ဘာလ ၁ ရက် နေ့ နံနက် (၆) နာရီက ကော့သောင်းမြို့ ဘုရင့်နောင်အငူ (၀ိတိုရိယအငူ) ရှေ့ မှ စတင်ထွက်ခွာ သွားပြီ ဖြစ်သည်။


 

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။