မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, November 30, 2012

လပြည့်နေ့တိုင်း သံဃိက ဒါန အရုဏ်ဆွမ်း လောင်းလှူပွဲ နိုးဆော်စာ

၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ မှ စတင်ပြီး လစဉ် လပြည့်နေ့တိုင်း သံဃိက ဒါနအဖြစ် မြိတ်မြို့ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် အရှင်သူမြတ် အပါး  (၁၃၀) ခန့် တို့အား အရုဏ်ဆွမ်း လောင်းလှူပွဲ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်  သူတော်စင် အပေါင်းတို့ကလည်း အရုဏ်ဆွမ်း လောင်းလှူ ပူဇော်ပွဲတွင် တစ်ဦးချင်း ဖြစ်စေ အဖွဲ့လိုက် ဖြစ်စေ ၊ အောက်ပါအတိုင်း စုပေါင်း လာရောက် လှူဒါန်း နိုင်ကြောင်း နိုးဆော်အပ်သည်။

အရုဏ်ဆွမ်း တစ်နပ်               -    ၁၅၀၀၀၀ိ/ ကျပ်
သံဃာအကြို/အပို့ကားတစ်စီး    -        ၈၀၀၀ိ/ ကျပ်
လျှပ်စစ်မီး (တစ်ည)                -        ၅၀၀၀ိ/ ကျပ်

လောင်းလှူမည့် အစီအစဉ်
နေ့ရက်    -    လစဉ် လပြည့်နေ့တိုင်း
အချိန်    -    နံနက် (၄း၃၀) နာရီ
နေရာ    -    အောင်သပြေလမ်းထိပ်၊ အောင်ဆန်းလမ်းမကြီး၊ မြိတ်တောင်နယ်မြေ

ဆက်သွယ်လှူဒါန်းရန်
ကိုစိုးဦး    -    အောင်သပြေလမ်း
                  (ဖုန်း) 0949871410
ကိုဌေးဝင်း -    ရွှေပြည်သာလမ်းဆိပ်(ဂျာနယ်ဆိုင်)
                   (ဖုန်း) 0949874179
ဦးကုန်း    -    (BOC)လမ်း၊ တံတားထိပ် ဂိုဒေါင်
                  (ဖုန်း) 09422194479





Thursday, November 29, 2012

ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရှင်ဥပဂုတ္ထ မထေရ်မြတ် ပူဇော်ပွဲ ပြုလုပ်

ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာချုပ်  (မြိတ်တပ်နယ်) ၏ ဒုတိယ အကြိမ်မြောက် ရှင်ဥပဂုတ္တ မထေရ်မြတ်  ဖောင်တော် ရေချ ပူဇော်ပွဲ ကို ၂၉-၁၁-၂၀၁၂ရက်နေ့ နံနက် (၁၁) နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပြည်တော်သာ ရေဆိပ်ကျောက်တံတားမှ တဆင့် ကပ္ပလီ ပင်လယ်ပြင်သို့ သွားရောက်ပြီးနောက် ဖော်တော်အား ရေချပူဇော်သည်။ 

အဆိုပါ ရှင်ဥပဂုတ္ထ မထေရ်မြတ် ဖောင်တော် ရေချ ပူဇော်ပွဲသို့ ကမ်းရိုးတန်းဒေသ  တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး နှင့် ဦးစီးအရာရှိများ ၊ တပ်ရင်း/ တပ်ဖွဲ့ များမှ မိသားစုဝင်များ တက်ရောက် ပူဇော်ကြကြောင်း သတင်းရရှိပါသည်။ 



Wednesday, November 28, 2012

မြိတ်မြို့တွင် ဆရာမ ဟန်ဆောင်ပြီး ပြည်တန်ဆာ လုပ်စားသူ အမျိုးသမီး တစ်ဦးကြောင့် ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်နေရ

မြိတ်မြို့ .................... ရပ်ကွက်တွင် နေထိုင်သော မယွန်းယမင်း ဆိုသူသည် ရပ်ကွက်ထဲ၊ ၄င်း ကျင်လည်ရာ လုပ်ငန်းထဲတွင် မြိတ်မြို့ အထက (၁)မှ အင်္ဂလိပ်စာပြ ဆရာမ ဟု ပြောဆိုရာ အဖြူ အစိမ်း ယူနီဖောင်းကို စတိုင်ကျအောင် ၀တ်ဆင်ပြီး ဆွဲခြင်း ဆွဲ၍ ၀ါးလတ် ၊ ၀ါးတန်း စက်လှေထဲ ဆင်းကာ ပြည်တန်ဆာ လုပ်ငန်း ပြုလုပ်ခြင်း၊ အော်ဒါ လိုက်ခြင်းများ ဆောင်ရွက်နေမှု ကြောင့် မော်တော်ဆိုင်ကယ် တက္ကစီ ဂိတ်များတွင်  ဆရာမများ ယူနီဖောင်း ၀တ်ပြီး မကောင်းတာ လုပ်စားသည်ဟု သတင်းပျံ့နှံ့ နေမှု အပေါ် ဆရာမ အသိုင်းအ၀ိုင်းတွင် အထူးသဖြင့် အထက(၁) မြိတ်မှ ဆရာမများ ဂုဏ်သိက္ခာ ထိခိုက်ရကြောင်း သိရှိရပါသည်။

မြိတ် တက္ကသိုလ်အနီး မီးလောင်မှု ဖြစ်ပွား

၂၀၁၂ နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀၃၀) ခန့်အချိန်တွင် မြိတ်မြိှု့ကလွင်ကျေးရွာ အုပ်စု အပိုင် ပုလဲဒီပါ ရပ်ကွက် ဗန္ဓုလလမ်း လမ်းသွယ် (၂) ရှိ အမည် သတ်မှတ်ထားခြင်း မရှိသော ဘော်ဒါဆောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ  မြိတ်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ယာဉ်များနှင့် မြို့ပေါ် ရပ်ကွက်များ ရှိ ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ်များ ၊ ပြည်သူလူထုများ  ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၁၀၄၅) မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ နေအိမ်တွင် တပ်ဆင်ထားသော ၀ါယာကြိုးများ ရှော့ခ်ဖြစ်မှုကြောင့် မီးလောင် ကျွမ်းခြင်း ဖြစ်ပြီး ဆုံးရှုံးမှု အနေဖြင့်  နေအိမ် မျက်နှာကြက်၊ သစ်သား တံခါး (၉) ပေါက်နှင့် ကြမ်းခင်း အနည်းငယ် ပျက်စီးသွားပြီး ကြောင်း သိရသည်။ မီးလောင် ကျွမ်းမှု အပေါ် တာဝန်ရှိသည့် နေအိမ်ပိုင်ရှင် ဦးခင်လှိုင် (ဘ) ဦးထွန်ယုံ ၊ အသက် (၅၀)နှစ်၊ မှတ်ပုံတင် အမှတ် (၆/ကစန(နိုင်) 0943980) အား ပြစ်မှု ဆိုင်ရာ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲဆို ထားကြောင်း သတင်း ရရှိပါသည်။ 





Tuesday, November 27, 2012

ကော့သောင်း ကျောက်မီးသွေး စက်ရုံ ထောက်ခံပွဲ ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်

သန်းဖြိုးသူ ကုမ္ပဏီမှ ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်တွင် တည်ဆောက် ထားသည့်  ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား ထောက်ခံသည့် အနေဖြင့် ငြိမ်းချမ်းစွာ  စီတန်း လှည့်လည် ပွဲအား ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက  အင်အား (၂၅၀) ဦးခန့်ဖြင့် ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်သည်။ 

အဆိုပါ ထောက်ခံ စီတန်း လှည့်လည်ပွဲသို့ ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီဝင်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေး ပါတီဝင်များ ပူးပေါင်း ပါဝင် ခဲ့ကြောင်း သတင်း ရရှိသည်။





အထက(၂)မြိတ်မှ ကျောင်းသားများ အုပ်စုလိုက် ကျောင်းပြေး၍ ကျောင်းအုပ်ကြီးမှ ခံဝန် လက်မှတ် ထိုးခိုင်ရာ ကျောင်းသားများမှ မကျေနပ်၍ ၈၈ အဖွဲ့ထံ တိုင်ကြား

၂၀၁၂ နိုဝင်ဘာလ (၂၂) ရက်နေ့ ကြာသပတေးနေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ အထက(၂)မှ အထက်တန်း ကျောင်းသား ၃၀ ဦးခန့်သည်  ကျောင်းချိန် အတွင်း ကျောင်းတက်ခြင်း မရှိပဲ မြိတ်မြို့သို့  ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့်  အဖွဲ့အား သွားရောက် ကြိုဆိုကြကြောင်း၊ ထိုသို့ သွားရောက် ကြိုဆိုရာတွင် မော်တော် ဆိုင်ကယ်များဖြင့် တစ်စီးလျှင် (၃) ယောက် စီးနင်းကာ ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားခြင်း မရှိပဲ မြို့ပတ်ပြီး သွားလာ အော်ဟစ် နေသဖြင့် ထိန်းသိမ်းပေးပါရန် မိဘ ပြည်သူများက ကျောင်းအုပ် ဆရာမကြီးထံ တိုင်ကြား လာသောကြောင့် ကျောင်းအုပ် ဆရာမကြီးမှ ဆရာ/ ဆရာမ(၃) ဦးအား လေဆိပ်သို့ သွားရောက် ထိန်းသိမ်း ခိုင်းကြောင်း ၊ လေဆိပ်သို့ ရောက်ရှိ ရာတွင် ကျောင်းသားများမှ  ကျောင်းသား သမဂ္ဂ အလံကိုင်ပြီး စီတန်း နေသည်ကိုတွေ့ရှိရကြောင်း၊ ဆရာ/ ဆရာမ များက ကျောင်းသို့ ပြန်လိုက်ရန်  ပြောဆိုရာ ပင်နီ တိုက်ပုံ ၀တ်ထားသူ တစ်ဦး ၄င်းတို့ အားလုံး တာဝန် ယူကြောင်း ပြောဆိုပြီး ကျောင်းသားများကိုလည်း ပြန်ခေါ် မရသဖြင့် မိမိတို့ ချည်း ပြန်လာ ခဲ့ရကြောင်း သိရပါသည်။

ကျောင်းသို့ ပြန်ရောက်ပြီးနောက် အတန်းပိုင် ဆရာမ များက ကျောင်းသားများအား ဆုံးမပြီးနောက်  ကျောင်းချိန် အတွင်း အပြင်သို့ စည်းကမ်း မဲ့စွာ သွားလာသည့် ကိစ္စ၊ မော်တော် ဆိုင်ကယ် (၃) ယောက် စီးနင်းပြီး  ဦးထုပ် မဆောင်းသည့် ကိစ္စ တို့နှင့် ပတ်သက်ပြီး မိဘများရှေ့မှောက်တွင် ခံဝန် ထိုးခိုင်းရာ ၁၀ တန်း(I)မှ ကျောင်းသားများ ဖြစ်ကြသော  အောင်ကိုသက်၊ ပြည့်စုံ၊ စိုင်းသီဟထွန်း၊ ဖြိုးညီဝင်း၊ မြတ်ကို၊ အောင်ကိုသက် တို့က မကျေနပ်သဖြင့် ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် တို့ထံ တိုင်ကြားမှု အပေါ် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ မမာယာနှင့် မသက်သက်အောင် တို့က လိုက်လံ ကူညီ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။


 အထက(၂)မြိတ်မှ ကျောင်းပြေး၍ (၈၈) အဖွဲ့အား ကြိုဆိုသည့် ကျောင်းသားများ

 (၈၈) မျိုးဆက် အဖွဲ့ထံ တိုင်ကြားနေစဉ် 

  (၈၈) မျိုးဆက် အဖွဲ့ထံ တိုင်ကြားနေစဉ်

  (၈၈) မျိုးဆက် အဖွဲ့ထံ တိုင်ကြားနေစဉ် 

 (၈၈) မျိုးဆက် အဖွဲ့ထံ တိုင်ကြားနေစဉ်

Monday, November 26, 2012

နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များ မြိတ်မြို့တွင်း သို့ ဒေသစာရီ ကြွချီ အပူဇော်ခံ မြိတ်မြို့လုံးကျွတ် ဖူးမြော် ကြည်ညို


မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး ကျင်းပသော (၈၅) ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ပူဇနိယ ပွဲတော်ကြီးတွင် မြိတ်မြို့ ဘုရားငါးဆူကွင်းရှိ ယာယီ စံကျောင်းတွေတွင် ကိန်းဝပ်  အပူဇော် ခံတော်မူနေသည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ရုပ်ပွားတော်မြတ်များသည် (၂၅-၁၁-၂၀၁၂)  ရက်နေ့ ညနေ (၆) နာရီခန့်တွင် ယာယီ စံကျောင်းတော်မှ မြိတ်မြို့တွင်း သို့ ဒေသစာရီ  လှည့်လည် အပူဇော်ခံ ကြွချီ လာရာ မြိတ်မြို့နှင့် ၀န်းကျင်ဒေသများမှ ဗုဒ္ဓဘာသာဝင်များသည် မြို့လုံးပြည့်မျှ ဖူးမြော် ကြည်ညိုကြသည်။

ဒေသစာရီ ကြွချီတော် မူရာတွင် ပထမဦးစွာ ဆော်သြရေး မော်တော်ယာဉ်၊ ရှေ့ပြေး မော်တော်ဆိုင်ကယ်၊ သာသနာ့ အလံကိုင်အဖွဲ့ တို့ ဦးစွာ စီတန်းပြီးနောက် ပွင့်စဉ် (၁) ပူဇော်ခွင့် ရရှိသည့် မြိတ်မြို့ ရေနံမြေရပ် စည်တော် မင်္ဂလာယိမ်း တို့ဖြင့် ကြိုဆို ပင့်ဆောင်ကာ ပွင့်စဉ် နံပတ်အလိုက် မြို့တွင်း သို့ ဒေသစာရီ ကြွချီ ပြီးနောက် နောက်ဆုံးတွင် ပျော်စရာဒိုး၊ ပုဏ္ဏားယိမ်း၊ ဇော်ဂျီ ယိမ်းတို့ဖြင့် ဖျော်ဖြေကြသည်။

ဒေသစာရီ ကြွချီရာ လမ်းတစ်လျှောက်တွင်လည်း ရပ်ကွက် အလိုက် ၊ အသင်း အဖွဲ့အလိုက် အပြင် စေတနာရှင်များမှ မုန့်ပဲ သရေစာ စသည့် အကျွေးအမွေး ဖြင့် ဧည့်ခံခြင်း ၊ ဆီမီး ၊ အမွှေးတိုင်၊ ပန်း၊ ရေချမ်း ၊ သစ်သီးများ ကပ်လှူပူဇော်ခြင်း၊ သီချင်းများ၊ အက  အလှဖြင့် ဧည့်ခံ ပူဇော် ခြင်းများ၊ နေအိမ်များတွင်တွင် ရောင်စုံ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော် ခြင်းတို့  ပြုလုပ်ခဲ့ရာ မြိတ်မြို့ တစ်မြို့လုံး ညလုံးပေါက် စည်းကား သိုက်မြိုက်ခဲ့ကြောင်း သိရှိရသည်။




  







မကြောက်တရားက သမ္မတ သုံးဆက် ဖြုတ်ချနိုင်ခဲ့ကြောင်း ကိုမင်းကိုနိုင် ပြောကြား

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ခရီးစဉ် အဖြစ် မြိတ်မြို့ သို့ ရောက်ရှိနေသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် တတိယနေ့ အဖြစ် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော် ကျေးရွာ နှင် စခန်းသစ် ကျေးရွာများသို့ (၂၄-၁၁-၂၀၁၂) ရက်နေ့တွင် သွားရောက် ပြီးနောက် နေ့လည်ပိုင်း၌ ကံမော်ကျေးရွာတွင် ပြည်သူလူထု (၅၀၀) ဦး ခန့်ဖြင့်လည်း ကောင်း ၊ ည (၇း၃၀) နာရီတွင် စခန်းသစ်ကျေးရွာ ဓမ္မာရုံ ပြည်သူ အင်အား (၅၀၀) ကျော်ခန့် ဖြင့် လည်းကောင်း တွေ့ဆုံကာ  ဟောပြောဆွေးနွေး ခဲ့သည်။

အဆိုပါ ပြည်သူနှင့် တွေ့ဆုံပွဲ များတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က ကျွန်းစု ဒေသ ပြည်သူများ အနေဖြင့် ခြိမ်းခြောက် မှုတွေ ရှိလာတိုင်း  အကြောက်တရား မထားရန်နှင့် လက်နက် များနှင့် ခြိမ်းခြောက် ရင်တောင် မကြောက်ပဲ ဆောင်ရွက်ခဲ့သည့် အတွက် ၈၈၈၈ အရေးတော်ပုံကြီးမှာ သမ္မတ သုံးဆက်ကို ဖြုတ်ချနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။ 

ပြီးနောက် ကိုကိုကြီး ၊ ကိုမင်းဇေယျာ တို့မှ ဒီမိုကရေစီနှင့် နိုင်ငံရေး အတွေအခေါ် အကြောင်း၊ ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ပြောကြား ဆွေးနွေးပြီးနောက် ပြည်သူများ၏ တင်ပြချက် များအား ပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကံမော်ကျေးရွာ ဟောပြောပွဲ

 စခန်းသစ်ကျေးရွာ ဟောပြောပွဲ






Sunday, November 25, 2012

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကထိန် အလှူတော် ပြုလုပ်





မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယ အကြိမ်မြောက် ကထိန်အလှူတော် မင်္ဂလာ ကို (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် နတ်မော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ကျင်းပသော စုပေါင်း မဟာ ဘုံကထိန် အခမ်းအနားတွင် ငွေကျပ် (၃)သိန်းခန့် တန်ဖိုးရှိ ပဒေသာပင်များ ပို့ဆောင်လှူဒါန်း ခဲ့သည်။

နတ်မော် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း စုပေါင်း မဟာ ဘုံကထိန်ကို  ကျွန်းစု မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင်၏ ကျော်ကျော်ဖြိုး ကုမ္ပဏီမှ မတည် လှူဒါန်းငွေ၊ အများ ပြည်သူ လှူဒါန်းငွေများ ဖြင့် စုပေါင်း ကထိန်ခင်း ကျင်းပခြင်း ဖြစ်သည်။

(၈၈) မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်း ဆက်ကပ်ပြီး ပြည်သူနှင့် တွေ့ဆုံ

ဓာတ်ပုံ - news of myeik
မြိတ်မြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ နေ့လည်စာ သုံးဆောင် ပြီးနောက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲကို အဆိုပါ ကျောင်းတွင် ပြုလုပ်ရာ အင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့သည်။  ပြည်သူ လူထုနှင့် တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်မှ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီးနောက် ပြည်သူများအား အကြောက် တရားများ ကင်းဝေးရေး ၊ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး တို့အတွက် ပြောကြားကာ ပြည်သူလူထုနှင့် အတူ ဓာတ်ပုံတွဲရိုက်ပြီး  အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား တိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ခန်အပ် တာဝန်ပေး


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး၏ အမိန့် အမှတ် (၃၉/ ၂၀၁၂)  ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးအား တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင် အခွန် ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးအပ်လိုက်ကြောင်း (၂၃-၁၁-၂၀၁၂) ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။ 



မြိတ်မြို့ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ၊ ပြည်သူလူထုများ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် စည်းကားစွာ ပြုလုပ် ကျင်းပ

မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီး၍ မြိတ်မြို့ ပေါ်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ ၊ လုပ်ငန်းရှင်များ ပြည်သူလူထုများ စုပေါင်း၍ ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် လှည့်လည်ပွဲအား (၂၃-၁၁-၂၀၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ပေါ် ရှိ ရပ်ကွက် များသို့ မော်တော်ယာဉ်ဖြင့် ပဒေသာပင်များ တင်ဆောင်ပြီး တပျော် တစ်ပါး လှည့်လည် ကြသည်။

(၂၄)ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီးရှိ ဓမ္မဗိမာန်တွင် ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ် ၀တ္ထုများ ဆက်ကပ်လှူဒါန်း ခြင်း၊ ကထိန် တရားတော်များ နာယူပြီး သံဃာတော်များ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေး ခြင်း တို့ ပြုလုပ်ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ ပြည်သူလူထုများ ၊ လုပ်ငန်း ရှင်များ တက်ရောက် ကြည်ညို ကြပါသည်။

ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် တွင် ပဒေသာပင် (၆၈) ပင်အား မြိတ်မြို့ ပေါ်ရှိ  ကျောင်းတိုက် (၆၂) တိုက်သို့ စာရေးတံမဲချ လှူဒါန်းခဲ့ကြောင်း နှင့် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်း (၇၀) နီးပါးခန့် ရှိကြောင်း သတင်းရရှိပါသည်။ 


  




  

Saturday, November 24, 2012

ကျွန်းစုမြို့နယ် သန္တုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဌေး အား တာဝန်မှ ရပ်နား ပေးရန် ကျေးရွာသူ/ သားများမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တိုင်ကြား


 
မြိတ်ခရိုင် ကျွန်းစုမြို့နယ် သန္တုတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးသည် ၄င်း တာဝန်ယူ ခဲ့သည့် ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်၍ အုပ်ချုပ်ရေးမှူး တာဝန် စတင် ထမ်းဆောင်ခဲ့ရာ ကျေးရွာ အတွင်း အုပ်စုဖွဲ့၍ အုပ်ချုပ်ခြင်း ၊ ကျောသားရင်သား ခွဲခြား အုပ်ချုပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်မှု မရှိခြင်း၊ ဘာသာရေးတွင် မိမိ ကိုးကွယ်သော ဘုန်းကြီးကျောင်း ကိုသာ ဦးစားပေးပြီး  ကျန် ဘုန်းကြီးကျောင်းများကို ဥပေက္ခာ ပြုထားခြင်း၊ ရပ်ရွာ အပေါ် သွေးခွဲ အုပ်ချုပ်ခြင်း၊ မအေးအေးနှင့် မရီရီလွင်တို့ ဖြစ်ပွားသည့် မှုခင်း၊ ကိုခင်မောင်ဝင်းနှင့် မနန်းစိုး တို့ ဖြစ်ပွားသည့် မှုခင်း ၊ မောင်ရန်ရှင်း နှင့်  မောင်သန်းစိုး တို့ ဖြစ်ပွားသည့် မှုခင်းများတွင် မတရား ဆုံးဖြတ် ဒဏ်ငွေ ရိုက်ပြီး ဒဏ်ငွေများကို ကိုယ်ကျိုး အတွက် အသုံးပြုခြင်း၊ ကျေးရွာအတွင်း အရက်ပုန်း ဆိုင်များ ၊ အရက် ဒိုင်များမှ လည်းကောင်း၊ လှေဝင် / လှေထွက် လက်မှတ် ရေးထိုး ခြင်းမှ ရရှိသော ငွေများကိုလည်း စာရင်း ရှင်းလင်းမှု မရှိပဲ ကိုယ်ကျိုး အတွက် သုံးစွဲထားခြင်း၊ စသည် တို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးလှဌေး အား ကျေးရွာ၏ သာရေး ၊ နာရေး၊ ဘာသာရေး၊  ကျန်းမာရေး ၊ ပညာရေး၊ လူမှုရေး လုပ်ငန်း များတွင် လုပ်ဆောင်မှု များအပေါ် ကျေးရွာနေ ပြည်သူများသည် ထိခိုက် နစ်နာမှု များပြားပြီး နှစ်သစ် ကြည်ညို လေးစားခြင်း မရှိတော့သည့် အပြင် နောက်နောင် ၄င်းသာ  ဆက်လက် အုပ်ချုပ်နေပါက မလိုလား အပ်သော ပြသနာများ ပေါ်ပေါက် လာနိုင်ပါသဖြင့် အစားထိုး ရွေးချယ် ပေးပါရန် ၄င်း ကျေးရွာနေ ရွာသူ / ရွာသား (၂၂) ဦးမှ လက်မှတ်ရေးထိုးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ထံသို့  လိပ်မူကာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့  မိတ္တူ ပေးပို့ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။

Friday, November 23, 2012

(၈၈)ခေါင်းဆောင်များအား ပလကျေးရွာမှ ကြိုဆို

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် မြိတ်မြို့ မှ တဆင့် ပုလောမြို့သို့ သွားရောက်ရာ ညနေ (၃း၄၅) ချိန်ခန့်တွင် ပုလောမြို့နယ် ပလ ကျေးရွာသို့ ရောက်ရှိပြီး ပလကျေးရွာ ဈေးလမ်း ဆုံတွင် လာရောက်ကြိုဆိုသူများအား လမ်းလျှောက် နုတ်ဆက်ရာတွင် မစန်းနွယ်စိုးနှင့် မလန်းလန်း တို့ (၂) ဦးမှ ပန်းစည်းဆက် ကြိုဆို နုတ်ဆက်ကြပါသည်။ ပလ ကျေးရွာတွင် ကိုမင်းကိုနိုင်တို့ (၂) ဦးအား (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့ဝင် (၅၀) ခန့် ၊ ပြည်သူ (၅၀) ခန့်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၁၀၀) ဦးခန့် စုစုပေါင်း (၂၀၀) ဦးခန့် ကြိုဆို နုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မြိတ်ခရိုင် ပုလောမြို့၌ ပြုလုပ်


(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သည့် ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပုလောမြို့သို့ သွားရောက်ပြီး ပုလောမြို့နယ် ပြည်သူ လူထုနှင့် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်းများ တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၂) ရက်နေ့ ည (၆) နာရီ အချိန်ခန့်တွင် ပုလောမြို့ အရှေ့ကျောင်းတိုက် ဆွမ်းစား ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ကိုမင်းလွင် (ပုလောသား) က (၈၈) ကျောင်းသား ခေါင်းဆောင်များနှင့် မိတ်ဆက်ပေး ပြီးနောက် ကိုပြုံးချို၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမင်းကိုနိုင် တို့မှ ငြိမ်းချမ်းရေးနှင့်  ပွင့်လင်း လူ့အဖွဲ့အစည်း ကိစ္စရပ်များ ဆွေးနွေး ပြောကြားကာ အခမ်းအနား တက်ရောက်လာကြသော သူများက စာဖြင့် မေးမြန်းထားသော အကြောင်း အရာများအား ပြန်လည်ရှင်းလင်းကာ ည (၈) နာရီ အချိန် ခန့်တွင် တွေ့ဆုံပွဲ အခမ်းအနား ရုပ်သိမ်း လိုက်သည်။

နိုဝင်ဘာ (၂၃) ရက်နေ့ နံနက် (၅) နာရီ ခန့်အချိန်တွင် ရှပ်ပုံကျေးရွာသို့  သွားရောက်ပြီးနောက် စည်တော်အင်း ဆရာတော်အား ဖူးမြှော်ကာ နံနက်စာ သုံးဆောင်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး (၇) နာရီတွင် မြိတ်မြို့သို့  မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာကာ မြိတ်မြို့ လော့လော့ ကျေးရွာ၌ လူထု တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အတူ နိုဝင်ဘာလ (၂၃) ရက်နေ့ နေ့လည် (၁၂) ခွဲ အချိန်တွင် မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းရှိ ဦးစောဂျက် မင်္ဂလာခန်းမတွင် မြိတ်မြို့ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

 

Thursday, November 22, 2012

ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး အား တိုင်းဝန်ကြီး အဖြစ် အဆိုပြု


တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (ပထမ) နေ့ကို နိုဝင်ဘာ (၂၃) ရက်နေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လစ်လပ် တိုင်းဒေသကြီး ၀န်ကြီး တစ်ဦး နေရာအတွက် ခန့်အပ် တာဝန်ပေးရန် အမည်စာရင်း တင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မြေ  လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး အား အဆိုပြု တင်ပြထား ကြောင်း သတင်းရရှိပါသည်။ 

လမ်းဖြတ် ပိုစတာ စိုက်ထူ ကြိုဆိုမှု အပေါ် အငြင်းပွား စရာ ဖြစ်နေ



မြိတ်မြို့သို့ ရောက်ရှိလာမည့် (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား အစ္စလာမ် ဘာသာဝင်များ အများစု နေထိုင်ရာ မြိတ်မြို့ ကန်ခေါင်းနယ်မြေ ပန်စရာ လမ်းဆုံတွင် လူမျိုးစွဲ ၊ ဘာသာစွဲ ၊ ပုဂ္ဂိုလ်စွဲ မဟုတ်ဟု ယူဆရသော အသုံး အနှုန်းဖြင့် လမ်းဖြတ် ပိုစတာ စိုက်ထူ ကြိုဆိုမှု အပေါ် အငြင်းပွား စရာ မေးခွန်းများ ၊ အမျိုးမျိုး ဝေဖန်မှုများ  ဖြစ်ပေါ်လျက် ရှိပါသည်။

မြိတ်မြို့သို့ ရောက်ရှိလာမည် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ မြိတ်သို့ ရောက်ရှိ ပြီးနောက် ပုလောမြို့သို့ ထွက်ခွာ

မြိတ်မြို့သို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် အတွက် ရောက်ရှိလာမည့်  (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့အား ကြိုဆိုရန်အတွက်  နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ ထိုအဖွဲ့သည် (၁၁) နာရီ ခန့်တွင် ရန်ကုန်မြို့မှ တဆင့် မြိတ်မြို့သို့ (၁၁) နာရီခန့်တွင် ရောက်ရှိလာပြီးနောက် ပုလောမြို့သို့ သွားရောက်ကာ ပုလောမြို့တွင် ပြည်သူလူထု များနှင့် တွေ့ဆုံပြီးနောက် ညအိပ်ရပ်နားမည်  ဖြစ်ပါသည်။ နောက်တစ်နေ့ နံနက်တွင် ပုလောမြို့မှ တဆင့် မြိတ်မြို့သို့ ပြန်လည် ထွက်ခွာလာပြီးနောက်  ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ ကျေးရွာတွင် ပြည်သူလူထုနှင့် တွေ့ဆုံကာ နေ့လည် (၁) နာရီတွင် မြိတ်မြို့ ဦးစောဂျက် မင်္ဂလာခန်းမ၌ ပြည်သူလူထုများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုမင်းကိုနိုင် ခရီးစဉ်တွင် မြိတ်ခရိုင် (၈၈) မျိုးဆက် ကျောင်းသားများနှင့် မြိတ်မြို့ ဆရာဝန် လူငယ်များ  ကွန်ယက်မှ ကျောက်မီးသွေး လောင်စာသုံး စက်ရုံ ကန့်ကွက် စာများ မြိတ်မြို့ လူထုထံသို့ အထူး ဖြန့်ဝေ လျက် ရှိကြောင်း သိရှိရပါသည်။