မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, April 28, 2013

မြိတ်မြို့၌ (၁၃)နှစ် သမီးအား ဖခင်ဖြစ်သူ (၄၂)နှစ်မှ အဓမ္မပြုကျင့်မှုဖြစ်ပွား

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့၊ ည (၉း၄၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမရပ် (ကလွင်စုံခေါင်း)၌ ဦးကျော်ဦး (၄၂)နှစ်မှ သမီးဖြစ်သူ မxxxxxxx (၁၃)နှစ်အား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူကို ဧပြီလ (၂၆)ရက်နေ့၊ ည (၁၀း၀၀)နာရီအချိန်ခန့်တွင် ရပ်ကွက်နေပြည်သူများ၊ သက်ဆိုင်ရာများနှင့် ရဲတပ်ဖွဲ့များမှ လိုက်လံဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၁၁၊ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နှင့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီသား


Friday, April 26, 2013

မြိတ်မြို့ ကမ်းနားလမ်း ကြက်လျှာစွန်းရှိ လမ်းနေရာအား မြေကွက် အဖြစ်ဖော်ဆောင်ရန် ပြုလုပ် ထားခြင်းနှင့် ပတ်သက်၍ ပေးစာ

 မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းနှင့် သဲကွင်း လမ်းခွဲ လမ်းဆုံနေရာ၊ ကြက်လျှာစွန်း ပန်းခြံအနောက်လမ်း၊ စည်ပင်သာယာပိုင် လမ်းနေရာကို တိုင်များ စိုက်၍ မြေကွက်နေရာ ဖော်ဆောင်ရန် အတွက် ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။ လမ်းနေရာကို မြေကွက်အဖြစ် ဖော်ဆောင်ရန် ပြုလုပ် ထားသည်မှာ မဖြစ်သင့် မဖြစ်ထိုက်သည့် အရာများပင် ဖြစ်သည်။ အများ အကျိုး၊ ပြည်သူလူထု အကျိုးအတွက် ပြုလုပ်သည်ဆိုလျှင် ပြောစရာ မလိုပါ။ ယခုကား အများအကျိုး ပြည်သူလူထု အကျိုး အတွက် မဟုတ်ဘဲ ကိုယ့်အကျိုး၊ ကိုယ့်စီးပွားကိုသာ ကြည့်ပြီး တောင်းတဲ့သူက တောင်းပြီး ပေးတဲ့သူ ကလည်း ပေးထားသည်မှာ တော်တော်ပင် လွန်ကဲလွန်း လှသည်။ ထိုကဲ့သို့ လမ်းနေရာကို မြေကွက် အဖြစ် ဖော်ဆောင်ရန် ပြုလုပ်၍ ရမည်ဆိုပါက ပြည်သူလူထု အနေဖြင့်လည်း မိမိ လိုအပ်သည့် နေရာ (မည်သည့် နေရာပင်ဖြစ်စေ ကာမူ) တောင်းလျှင် ရနိုင်ပါ သလားဟု ထင်မြင် စရာပင် ဖြစ်သည်။ 
 

Wednesday, April 24, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကြေညာချက်

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏   ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများ ကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလို ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။ 

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိ မိတ်များအတွင်း အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ပြောဆိုနိုင် ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများသည်   ကြိုတင်ငွေဖြည့်ကတ် အသုံးပြု၍ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆို နိုင်ပါသည်။ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင် ငွေဖြည့်ကတ် (10$,20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ  MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း   CDMA-800MHz  မိုဘိုင်းလ် တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ်များ ရောင်းချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။

MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျောက်ဆုံး ပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ငွေကျပ် ၂ဝဝဝဝ ပေးသွင်းပြီး ပြန်လည် လျှောက်ထား ရပါမည်။ MECTEL  မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျက်စီးပါက ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင်  အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။ MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်း လိုပါက တယ်လီဖုန်း အမှတ် ၃၄၅၆ သို့ အခမဲ့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း    

မြိတ်မြို့နယ် အတွင်း တန်ဖိုးနည်း တယ်လီဖုန်းများ ခွဲဝေ ချထား မဲဖောက်ရာတွင် ပြုပြင်ရမည် တွေ့ရှိချက်များ အား ပြုပြင် ပေးနိုင်ပါရန် အုပ်ချုပ်ရေးမှူးများအား တောင်းဆိုခြင်း

(က)    မိတ်မြို့နယ် အတွင်း ချထားပေးသော တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ အား မြိတ်မြို့ပေါ် (၁၂) ရပ်ကွက်နှင့် ကျောက်ဖျာ အုပ်စု ၊ ကလွင်အုပ်စု၊ မြိတ်တောင် ကျေးရွာအုပ်စု၊ စန္ဒ၀တ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် ပြည်သူများ အနေဖြင့် လျှောက်လွှာတင်ပြီး မဲဖောက် ခဲ့ကာ ဧပြီလ (၂၄) ရက်နေ့တွင် မြိတ်မြို့ ပုလဲ ရတနာ ခန်းမ၌ ဆင်းကတ်များ ရောင်းချလျက်ရှိရာ တွေ့ရှိရသော ပြုပြင်ရမည့် အချက် အလက်များ ပြုပြင်ပေးနိုင် ပါရန် အုပ်ချုပ်ရေးမှူး များအား ပြည်သူလူထုများ ကိုယ်စား မြိတ်ပုလဲမြေက တောင်းဆိုအပ် ပါသည် -


မြိတ်မြို့တွင် တန်ဖိုးနည်း ဖုန်းကတ်များ စတင် ရောင်းချ

မြိတ်မြို့နယ် အတွင်း ချထားပေးသည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များအား ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် မဲနှိုက် ခွဲဝေ ချထားပေးရာမှ မဲပေါက်သည့် သူများအား တယ်လီဖုန်း ဆင်းကတ်များ ရောင်းချ ထုတ်ပေးခြင်းကို ယနေ့ ဧပြီလ (၂၄)ရက်နေ့ နံနက် (၉) နာရီတွင် ပြုလုပ်သည်။

Monday, April 22, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။ MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ်အသုံးပြု နိုင် မည် ဖြစ်ပါသည်။

မြိတ်ခရိုင် ငါးသယံဇာတထိန်းသိမ်းရေး ရေငန်ပုဇွန် သားပေါက်မျိုး စိုက်ထည့်

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ရေသယံဇာတ ထိန်းသိမ်းရေး ရေငန်ပုဇွန် သားပေါက် မျိုးစိုက် ထည့်ခြင်းကို ဧပြီလ (၂၀)ရက် နံနက် (၁၁)နာရီတွင် ဒေါင်းဂူးမော်ကျွန်း ဒီရေတောအနီးတွင် ကျင်းပခဲ့ရာ တိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီင်္း၊ ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းဦး စီးဌာန ၀န်ထမ်းများတက်ရောက်၍ မျိုးစိုက် ထည့်ကြသည်။ အဆိုပါ ရေငန်ပုဇွန်သားပေါက်မျိုးများကို ၀မော်ရေငန်ပုဇွန် သားပေါက်စခန်းမှ ထွက်ရှိသော (၄၃)ရက်သား ရေငန်ပုဇွန်သားပေါက် (၁၃)သိန်း မျိုးစိုက် ထည့်ခဲ့ကြသည်။

မြိတ်မြို့၊ ဘုတ်ချောင်းကျေးရွာ၊ လူသတ်မှုကို ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်း တရားခံဖေါ်ထုတ်၊ လက်နက်ကိုင်ဆောင် သွားလာသူများအား စီမံချက်ဖြင့် ဖေါ်ထုတ်သွားမည်

၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်၊ ည (၁၀း၁၅)နာရီအချိန်ခန့်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဘုတ်ချောင်းရွာ၊ ရွာလယ်လမ်းမတွင် ဘုတ်ချောင်းရွာသား (၅)ဦးနှင့် Clicki အဖြူရောင် မော်တော်ဆိုင်ကယ် စီးနှင်းလာသူ အမည်မသိ လူငယ် (၃)ဦးတို့ နှစ်ဘက်ရန်ဖြစ်ကြရာမှ ဆိုင်ကယ်စီးလူငယ်တစ်ဦးက ဘုတ်ချောင်းရွာသား ထက်မြက်အောင်အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ထက်မြက်အောင်မှာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ကုသရာမှ (၂၀)ရက်နေ့ နံနက် (၃း၀၀)နာရီအချိန်ခန့်တွင် ဓါးဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သည်။

၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ မြိတ်မြို့ အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်၊ မြိတ်မြို့နယ် အတွက် ဖုန်းအလုံး (၃၀၉၀) ချထားမည်ဟု သိရ

မြိတ်မြို့နယ်အတွင်း ချထားပေးမယ့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ အား မြိတ်မြို့ပေါ် (၁၂) ရပ်ကွက်နှင့် ကျောက်ဖျာ အုပ်စု ၊ ကလွင်အုပ်စု၊ မြိတ်တောင် ကျေးရွာအုပ်စု၊ စန္ဒ၀တ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် ပြည်သူများ အနေဖြင့် ကိုယ်တိုင်ရေး လျှောက်လွှာ၊ အိမ်ထောင် စာရင်း မူရင်း+ မိတ္တူ(၁)စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း+ မိတ္တူ(၂)စောင်၊ ကာလာ ဓာတ်ပုံ(၂)ပုံဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထား နိုင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ စိစစ်ကာ ဧပြီလ (၂၄) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုလဲရတနာခန်းမတွင် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

Saturday, April 20, 2013

မြိတ်မြို့၌ (၄၂)နှစ်အမျိုးသားတစ်ဦးမှ (၄)နှစ်အရွယ် ကလေးမလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မြိတ်မြို့၊ တလိုင်းစုနယ်မြေ၊ ၀တ်တိုက်ကျောင်း ဧရိယာအတွင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ ည (၉း၃၀) အချိန် ခန့်တွင် အသက် (၄၂)နှစ် အရွယ်ခန့် အမျိုးသား တစ်ဦးမှ အသက် (၄)နှစ်အရွယ် ကလေးမလေး တစ်ဦးအား အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးxxxxxxx၊ အသက် (၄၂)နှစ် အရွယ်ခန့်၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ xxxxxxxxရွာ နေထိုင်သူ အမျိုးသား တစ်ဦးသည် အသက် (၄)နှစ်အရွယ် ကလေးမလေး တစ်ဦးအား အဓမ္မပြုကျင့်နေစဉ် ကလေးမလေး၏ အော်ဟစ် သံကြောင့် ပတ်ဝန်းကျင်ရှိသူများမှ ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။

အဓမ္မပြု ကျင့်သူအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။


Thursday, April 18, 2013

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် သက်ကြီးပူဇော်ပွဲ ပြုလုပ်

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကြီးမှူး၍ သက်ကြီး ပူဇော်ပွဲ အခမ်းအနားအား ဧပြီလ (၁၈) ရက်နေ့ ညနေ (၃) နာရီ အချိန် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့ ယာယီ မဏ္ဍာပ် တွင် ကျင်းပပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ သက်ကြီး ရွယ်အို အဖိုး အဖွား (၃၅) တို့အား တစ်ဦးလျှင် (၃) သောင်းကျော်ခန့် တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြကြောင်း သတင်းရရှိသည်။  ထိုသို့ လှူဒါန်းသည့် လှူဖွယ် ပစ္စည်းများနှင့် ငွေသားများအား မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အတွင်းရှိ စေတနာရှင်များမှ တစ်ဦးချင်း၊ အဖွဲ့လိုက် လှူဒါန်း ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Wednesday, April 17, 2013

မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဆုချီးမြှင့်ပွဲ နှငု့် ပိတ်ပွဲ အခမ်းအနားကို ဧပြီလ(၁၆)ရက် ညနေ(၅)နာရီတွင် မြိတ်ခရိုင် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ယိမ်းအက အဖွဲ့များ၊ ပြည်သူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ၁၃၇၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ယိမ်းအက ပြိုင်ပွဲတွင် ယှဉ်ပြိုင် ကြသော ဆုရ ယိမ်းအကအဖွဲ့ စာရင်းကို အကဲဖြတ် ဒိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမည် စာရင်းကြေငြာ ပေးသည်။ ယင်းနောက် နှစ်သိမ့်ဆုရ အက အဖွဲ့များကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြ သည်။ 

ဆက်လက်၍ တတိယဆုရရှိသော ယိမ်းအက အဖွဲ့အား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင် ကလည်းကောင်း၊ ဒုတိယဆု ရရှိသော ယိမ်းအက အဖွဲ့အား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင် က လည်းကောင်း၊ ပထမ ဆုရှိသော ယိမ်းအကအဖွဲ့အား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က လည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထိုနောက် မြိတ်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှန်မှ အကဲဖြတ်ဒိုင် အဖွဲ့အား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီးနောက် ပထမဆုရ ယိမ်းအက အဖွဲ့မှ ပြန်လည်ဖျော်ဖြေ တင်ဆက်သည်။ ဆက်လက်၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ၁၃၇၄ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်သိမ်း ကြောင်း ကြေငြာပြီး သင်္ကြန်ယိမ်း အကအဖွဲ့များက မန်းတောင်ရိပ်ခို သင်္ကြန် သီချင်း သီဆို၍ သင်္ကြန်အက အလှများဖြင့် စုပေါင်း ကကြကာ အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။




မြိတ်မြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အေးချမ်းပျော်ရွှင် စည်ကား သိုက်မြိုက်စွာ ဆင်နွဲ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အတက်နေ့ ဧပြီလ (၁၆)ရက်နေ့တွင် ပြည်သူ လူထုများ အေးချမ်းပျော်ရွင်စွာ ရေပက် ကစားကြသည်။ မြန်မာတို့၏ မြတ်နိုး ဖွယ်ရာ ရိုးရာ ယဉ်ကျေးမှု တစ်ရပ်ဖြစ်သော မဟာသင်္ကြန် ပွဲတော်ကို သင်္ကြန် ချစ်သော ပြည်သူများ အနေဖြင့် ဖျော်ဖြေရေး မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များတွင် စည်ကား သိုက်မြိုက်စွာ ရေပက်ကစားကြ သလို ရေပက်ခံ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ် များဖြင့် အေးချမ်းပျော်ရွင်စွာ ရေပက်ခံ ထွက်ကြ၍ အေးချမ်း ပျော်ရွင်စွာ ဆင်နွဲကြသည်။ 

မြိတ်ခရိုင် ဗဟို မဏ္ဍပ်တွင် သင်္ကြန် ယိမ်းအက အဖွဲ့များက သင်္ကြန်ယိမ်း အကအလှ များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ပြီး တေးသံရှင် များက သင်္ကြန်တေး သီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများကို မြူးမြူးကြွကြွ သီဆို ကြကာ သင်္ကြန် ပွဲတော်ကို ဆင်နွဲကြ၍ ကမ်းရိုးတန်း မဏ္ဍပ်တွင်လည်း အလားတူ ယိမ်းအက အလှများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေကြရာ ပြည်သူုများမှ စည်ကားသိုက်မြိုက်စွာ ကြည့်ရှု အားပေး ပျော်ရွှင်ခဲ့ကြကြောင်း သတင်း ရရှိသည်။






Tuesday, April 16, 2013

Sunday, April 14, 2013

တနင်္သာရီမြို့နယ် မဟာ သင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ



မြိတ်ခရိုင် တနသာင်္ရီမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို တနသာင်္ရီမြို့ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာ စကားပြောကြားပြီး မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးယုံဘီး၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်နှင့် မြို့ နယ်ဖွံ့ ဖြိုးတိုးတက်ရေး ဥက္ကဌ ဦးရဲထွန်းလွင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

Saturday, April 13, 2013

ညောင်ဘီးကျေးရွာ၌ အခမဲ့ ကွင်းဆင်းဆေးကုသ



မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မဇောတိက ဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော အထူးကု ပါရဂူကြီးများနှင့် အထူးကု ဆရာဝန်ကြီးများမှ ဧပြီလ (၁၂)ရက် နံနက် (၉)နာရီတွင် ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာ အထက (ညောင်ဘီး)၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။ 

မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ စည်းကား သိုက်မြိုက်စွာ ကျင်းပ

၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်တွင် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနားကို (၁၃-၄-၂၀၁၃) ရက်နေ့ (သင်္ကြန်အကြို့နေ့ ) ညနေ (၅) နာရီ အချိန်တွင် မြိတ်မြို့ လေယာဉ်ကွင်း အနီးရှိ ဗဟို မဏ္ဍာပ်တွင် ကျင်းပပြုလုပ်ရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ယိမ်းကအဖွဲ့များ၊ ပြည်သူလူထုများ တက်ရောက် ဆင်နွဲခဲ့ကြသည်။ 

Thursday, April 11, 2013

ယခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ရေကစား မဏ္ဍာပ်များ တွင်သာ စည်းကား နိုင်ကြောင်း သိရှိရ

တပ်မတော် အစိုးရ လက်ထက်တွင် တိုင်းအဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ကာ သင်္ကြန် ပွဲတော်အား နှစ်စဉ် ဆုပေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ်ပြီး စည်ကား ပျော်ရွှင်စွာ ကျင်းပခဲ့သည့် မြိတ်မြို့ သင်္ကြန်ပွဲတော် သည် ယခု အခါ ခရိုင်အဆင့် ရုံးစိုက်ရာ မြို့ ဖြစ်သွားပြီးနောက် နှစ်နှစ်အတွင်း ဆုပေး မဏ္ဍာပ်များ နည်းပါး သွားပြီး ကမ်းရိုးတမ်း ဒေသ တိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍာပ် (ရှမ်းချောင်းရပ်ကွက်) နှင့် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟို မဏ္ဍာပ် (လေယာဉ်ကွင်း အရှေ့) ၂ ခုသာ ဆောက်လုပ်ပြီး ဖျော်ဖြေ နိုင်တော့မည် ဖြစ်သဖြင့် စည်းကား သိုက်မြိုက်မှု နည်းပါး သွားနိုင်ကြောင်း ကြောင်း သိရသည်။

ယခင် တပ်မတော် အစိုးရ လက်ထက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မဏ္ဍာပ် ၊ မြိတ်ခရိုင် ဗဟိုမဏ္ဍာပ် ၊ ဆောက်လုပ်ရေး မဏ္ဍာပ် ၊ ပြည်ထဲရေး မဏ္ဍာပ် ၊ ပြည့်ဖြိုးထွန်း မဏ္ဍာပ်၊ မြိတ်တောင် ရပ်ကွက် မဏ္ဍာပ်၊ ဆိပ်ကမ်း မဏ္ဍာပ်၊ ဦးစောဂျက် မဏ္ဍာပ် စသည်တို့မှာ တစ်နေကုန် ဖျော်ဖြေရေး အစီအစဉ်များ ဖြင့် ၊ ရေကစားခြင်း များဖြင့် ကြိတ်ကြိတ်တိုး စည်းကားခဲ့သည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်း တစ်လျှောက် ၊ လေယာဉ်ကွင်းလမ်းနှင့် ကန်ဖျားလမ်းမကြီး၊ နောက်လယ် ပိတောက် ရွှေဝါလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်း လမ်းမကြီးနှင့် အလယ်ကျွန်း နယ်မြေ ဘုရားကိုင်လမ်းမကြီး ၊ ကမ်းနားလမ်း စသည်တို့တွင် ရေပက်ခံသူများ ၊ ရေကစားသူ အနားယူ သူများဖြင့်၊ မော်တော်ဆိုင်ကယ်များ ၊ လမ်းလျှောက် ရေကစား သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။

ယခုနှစ်တွင်မူ ဆုပေးမဏ္ဍပ်နှင့် ဖြေဖျော်ရေး မဏ္ဍာပ်များ နည်းပါးခြင်းကြောင့် ညပိုင်းတွင် စည်းကားမှု နည်းပါး သွားပြီး နေ့ခင်းဘက်ပိုင်းတွင်သာ မြိတ်တောင်ရပ်ကွက်၊ ကန်ဖျား လမ်းမကြီးနှင့် မြေနီလမ်း၊ နောက်လယ် ရပ်ကွက်၊ အလယ်ကျွန်း ရပ်ကွက် ဘုရားကိုင် လမ်း တို့တွင်သာ စည်းကား နိုင်ကြောင်း သိရှိရ ပါသည်။

သို့သော်လည်း ရပ်ကွက် အသီးသီးတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ၊ စေတနာရှင်များ ပူးပေါင်းပြီး သက်ကြီး ပူဇော်ပွဲများ ပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယခင် တပ်မတော် အစိုးရ လက်ထက်တွင် မြိတ်မြို့ သင်္ကြန် စည်းကားရေး အတွက် သက်ဆိုင်ရာ ဌာန အလိုက်၊ ရပ်ကွက် အလိုက် ၊ ကုမ္ပဏီများအလိုက် စုပေါင်း ထည့်ဝင်ငွေများဖြင့် ဆုပေး မဏ္ဍာပ်များ ၊ ဖျော်ဖြေရေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ် နိုင်ခဲ့သောလည်း ယခု အချိန်တွင် သင်္ကြန်အတွက် အလှူငွေများ ကောက်ခံရန် ခေတ်နှင့် မလျော် ညီတော့သဖြင့် မဏ္ဍာပ် ဆောက်လုပ်ခြင်း မပြုနိုင်တော့ကြောင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ကျောင်းအုပ်ကြီး တစ်ဦးကလည်း ယခင်က ဆိုရင် ဆုပေး မဏ္ဍာပ်တွေများသည့် အတွက်ကြောင်း ယိမ်း အဖွဲ့ တစ်ဖွဲ့ ၀င်ပြိုင်လျင် ရရှိသည့် ဆုငွေ၊ အက ဖျော်ဖြေရာတွင် မဏ္ဍာပ်များက ချီးမြှင့်ငွေများဖြင့် ကုန်ကျစရိတ် ၊ အကတိုက်စရိတ် ၊ သွားလာစရိတ်နှင့် ၀တ်စုံစရိတ်များ ပြန်လည် ရရှိသော်လည်း ယခုနှစ်တွင် ဆုပေး မဏ္ဍာပ်နှင့် ဖျော်ဖြေရေး မဏ္ဍာပ်များ နည်းပါးသည့်အတွက် မိမိတို့ ကျောင်း အနေဖြင့် ယိမ်းအဖွဲ့ ဖွဲ့စည်းပြီး ကပြ ဖျော်ဖြေရန် မတတ်နိုင်သဖြင့် ယိမ်းအဖွဲ့ ဖွဲ့စည်းနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားသည်။

ယခုနှစ် သင်္ကြန်တွင် နိုင်ငံတော် အတွင်း ဖြစ်ပေါ် နေသော ကောလဟလ သတင်းများကြောင့်လည်း မြိတ်မြို့ တွင် စည်းကားမှု လျော့နည်း လာနိုင်ပြီး မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် သင်္ကြန် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့ကလည်း သင်္ကြန်ပွဲတော်အား မြန်မာ့ ယဉ်ကျေးမှုနှင့် အညီ ဖြစ်ရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစား နိုင်ရေး အတွက် အချက် (၁၇) ချက် ပါသော စည်းကမ်းချက်များ ထုတ်ပြန်ပြီး မြိတ်မြို့ပေါ်တွင် ရေကစား သူများ သိရှိနိုင်ရန် လိုက်လံ ကြေညာလျက် ရှိသည်။

ထို့အပြင် မြိတ်မြို့ သင်္ကြန် ပွဲတော် အေးချမ်း ပျော်ရွှင်စွာ ရေကစား နိုင်ရေးအတွက် မြိတ်မြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များ ၊ ဘာသာရေး အသင်းအဖွဲ့များ ၊ နိုင်ငံရေး ပါတီများ၊ မြို့မိ မြို့မများ ကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရပ်ကွက် အဆင့်၊ မြို့နယ်အဆင့် ပူးပေါင်း ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 







Wednesday, April 10, 2013

မြိတ်မြို့နယ် အတွင်း သိမ်းဆည်း မြေယာများ အပေါ် တိုင်ကြားမှုအား ပြည်ထောင်စု လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့ စတင် စစ်ဆေး



မြိတ်မြို့နယ် အတွင်း အကြောင်း အမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်နှင့် မြေယာများ အပေါ်တွင် သိမ်းဆည်း ထားမှုအား ကျေနပ်မှု မရှိပဲ ပြန်လည် ရလိုကြောင်း တိုင်ကြားချက်များအရ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေး ထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုလောမြို့နယ် ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ ဦးဆောင်၍ အဖွဲ့ဝင် (၄) ဦးပါဝင်သော  အဖွဲ့ခွဲ (၁ဝ) မှ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မြိတ်မြို့ ခရိုင် အုပ်ချုပ်ရေးမှူးရုံး ကျွန်းရတနာ ခန်းမတွင် ၂၀၁၃ ရက်နေ့ ဧပြီလ (၉) ရက်နေ့ တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။ 

မြိတ်မြို့အကျိုးအတွက် အခွန်ထမ်းရွက်



တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ရေလုပ်ငန်းနှင့် ကုန်စည် စီးဆင်းမှုများ ပုံမှန် လည်ပတ်နေ ပါသည်။ ဒီမိုကရေစီ ပန်းတိုင်သို့ ခြေလှမ်းမှန်မှန် ချီတက်နေသော အချိန်တွင် အခြား မြို့များ ကဲ့သို့ အကြမ်း ဖက်မှုများ မဖြစ်ပွားရအောင် မြိတ်မြို့ ပြည်သူများနှင့် အစိုးရအဖွဲ့များက တာဝန်ယူ ထိန်းသိမ်းနေသည် ကိုလည်း တွေ့ရှိ ရပါသည်။ 

Tuesday, April 9, 2013

မြိတ်မြို့တွင် မော်တော် ဆိုင်ကယ် စာရင်း ကောက်ယူလျက်ရှိ

မြိတ်မြို့အတွင်း မောင်းနှင် စီးနှင်းလျက်ရှိသည့် မော်တော် ဆိုင်ကယ်များ စာရင်းအား ဧပြီလ ပထမ ပတ် အတွင်း မြို့ပေါ် ရပ်ကွက် အသီးသီးတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူး များက ကောက်ယူလျက် ရှိကြောင်း သိရသည်။

ထိုသို့ စာရင်း ကောက်ယူရခြင်းမှာ မြိတ်မြို့ ပေါ်တွင် ညပိုင်း အချိန်မတော်တွင် မော်တော် ဆိုင်ကယ် စီးနှင်းပြီး ဆူပူလှုံ့ဆော်မှု ဖြစ်ပွား စေရန် အော်ဟစ်ခြင်း၊ မော်တော် ဆိုင်ကယ် အုပ်စုဖွဲ့ စီးနင်းပြီး တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေးကို နှောက်ယှက် နေသူများ ရှိသဖြင့် ထိန်းချုပ်နိုင်ရေး အတွက် မော်တော် ဆိုင်ကယ် စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောသည်။

ဦးလွင်ကိုဦးကပင် အခု စာရင်းကောက်ယူရာတွင် မြိတ်မြို့ပေါ်ရှိ လိုင်စင်ရှိ ဆိုင်ကယ် ၊ လိုင်စင်မဲ့ ဆိုင်ကယ် အားလုံးအား စစ်တမ်း ကောက်ယူသွားဖြစ် ဖြစ်ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူရန် စာရင်း ကောက်ခြင်း မဟုတ်ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များမှာ တစ်နိုင်ငံလုံးတွင် ရှိနေသည့် အတွက် အထက် ဌာနများမှ ညွှန်ကြားလာပါက ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ခရိုင် တစ်ခုတည်း ဖောက်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူခြင်း ပြုမည် မဟုတ်ကြောင်းကို (၆-၄-၂၀၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ပြုလုပ်သည့် မြိတ်မြို့ အေးချမ်း တည်ငြိမ်ရေး ဆောင်ရွက်ရန် အဖွဲ့အစည်း ပေါင်းစုံ  ညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့သည်။

ထိုသို့ မြိတ်မြို့ပေါ်တွင် ဆိုင်ကယ် စာရင်း ကောက်ယူခြင်း ဆောင်ရွက်လျက် ရှိသည့် အတွက် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် ပိုင်ရှင်များမှာ စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး ယခင် နံပတ်ပြား တပ်ဆင် ခြင်း မရှိသည့် ဆိုင်ကယ်များမှာလည်း နံပတ်ပြားများ တပ်ဆင် မောင်းနှင်းလျက် ရှိကြောင်း သိရှိရသည်။



သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသောယာဉ်အား ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်လျှင် အရေးယူနိုင်

မကြာမီ ကျရောက် လာတော့မည့် မဟာသင်္ကြန် ပွဲတော်တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အားလုံးမှ ပါဝင်ဆင်နွှဲကြမည် ဖြစ်ပါသည်။ တချို့သော ဗုဒ္ဓဘာသာဝင် များက သက်ကြီး ရွယ်အိုများ အား ခေါင်းလျှော် သန့်ရှင်းမှုများ ပြုလုပ်ပေးကြ သလို တချို့မှာ ရဟန်းခံရှင်ပြု ဒုလ္လဘ ရဟန်းဝတ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းဖြင့် ကုသိုလ်ယူကြ ပါသည်။ သို့ပါသော်လည်း အများစုမှာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြ ပါသည်။

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်းအုပ် ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုဇာတအား ဂုဏပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန် ကျောင်းအုပ်ဆရာတော် မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုဇာတအား တပည့်တကာ၊ တကာမများမှ စုပေါင်း၍ ဂုဏပူဇာ မင်္ဂလာ အခမ်းအနားကို မတ်လ (၇)ရက် နံနက် (၉)နာရီတွင် အဆိုပါကျောင်းတိုက်၌ကျင်းပရာ သံသရာ အေးဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းအုပ်ဆရာတော် မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တ သုဇာတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ တပည့်တကာ၊ တကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက် လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ သူတော်ကောင်း အပေါင်းတို့က နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်သည်။ ထိုနောက် သံသရာအေး ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တ သုဇာတနှင့် သံဃာတော်အရှင်သူမြတ်များအား တပည့်တကာ၊ တကာမများမှ လှူဖွယ် ၀တ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တ သုဇာတ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေး ဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များ အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး ဧည့်ပရိတ်သတ် အပေါင်းအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကြကြောင်း သတင်း ရရှိသည်။

Sunday, April 7, 2013

မြိတ်မြို့ ပရိယတ္တိ ကျောင်းပေါင်းစုံ ဆွမ်းဆန် စုပေါင်း လောင်းလှူပွဲ နိုးဆော်လွှာ

မြိတ်မြို့နယ် အတွင်းရှိ ပရိယတ္တိ ကျောင်းပေါင်းစုံ (၁၆) ကျောင်းမှ သံဃာတော် အရှင်သူမြတ် (၄၅၀) ပါး၊ သီလရှင် အပါး (၅၀)တို့အား ဆွမ်းဆန် စုပေါင်း လောင်းလှူပွဲအား အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ် သွားမည် ဖြစ်ပါသဖြင့် သဒ္ဓါကြည်လင် ပါရမီ အပေါင်းမှ ပါဝင် ကုသိုလ်ပြုနိုင်ပါရန် နိုးဆော် အပ်ပါသည်

နေရက်။ ၁၂-၄-၂၀၁၃ (သောကြာနေ့ )
အချိန် ။ ညနေ (၃း၀၀) နာရီ
နေရာ။ ကန်ကြီး နယ်မြေ ကွက်သစ် လမ်းဆုံမှ ကန်ကြီး လမ်းဆုံ အထိ



Saturday, April 6, 2013

မြိတ်မြို့မှ ကျားအက သိမှတ်ဖွယ်ရာ



မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။ မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏ ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။ 

မြိတ်မြို့ အေးချမ်း တည်ငြိမ်ရေး အဖွဲ့အစည်း ပေါင်းစုံ ပါဝင်၍ ညှိနှိုင်း အစည်းအဝေး ပြုလုပ်

မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် အေးချမ်းစွာ လုပ်ကိုင် စားသောက်နိုင်ရေး၊ ဘာသာ ပေါင်းစုံ ချစ်ကြည် ရင်းနှီးရေး အတွက် စုပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ချက် ဖြင့် မြိတ်မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မြို့မိ မြို့မများ ၊ မြိတ်မြို့အတွင်း လူမှုရေး၊ ဘာသာရေး သာသနာရေး အကျိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၆-၄-၂၀၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန် မြိတ်မြို့ လေးကျွန်း ဆီမီး သိမ်တော်ကြီး ကုန်းတော်ပေါ်ရှိ သာသနာ့ ဗိမာန်တွင် ကျင်းပပြုလုပ်သည်။ 

မြိတ်မြို့ အဆောင်ကောင်းကုမ္ပဏီ၌ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

မြိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့မှ ကျင်းပြုလုပ်သော ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၅) ရက် နေ့လည်(၁)နာရီက မြိတ်မြို့ အဆောင်ကောင်းကုမ္ပဏီ၌ ကျင်းပရာ မြိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကုပ္မဏီဝန်ထမ်းများ တက်ရောက်ကြသည်။

မြိတ်မြို့ ကော့လိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ဒုတိယ နာယက ဆရာတော် ဂန္တ၀ါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒ၀ံသအား ၀ိသိဌ ဂုဏပူဇာ မင်္ဂလာ အခမ်းအနား ကျင်းပ

မြိတ်မြို့ ကော့လိပ် ကုက္ကိုကျောင်း ပရိယတ္တိ စာသင်တိုက် ဒုတိယ နာယက ဆရာတော် ဘဒ္ဒန္တ စန္ဒ၀ံသအား ၀ိသိဌဂုဏ ပူဇာမင်္ဂလာ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၅)ရက် နေ့လည် (၁)နာရီတွင် အဆိုပါ စာသင်တိုက်၌ ကျင်းပရာ ကော့လိပ် ကုက္ကိုကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္တ၀ါစက ပဏ္ဍိတ ရွှေရင်းတောင် သာသနာပြု ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာ၌ စာရိတ္တမြင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရိတ္တမြင့်တင်ရေး ကော်မတီတို့ ပူးပေါင်းကျင်းပသော စာရိတ္တမြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၄)ရက် ည(၇)နာရီတွင် အောင် မင်္ဂလာ လူငယ်များစာကြည့် တိုက်အရှေ့တွင် ကျင်းပရာ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက အမှာစကား ပြောကြားသည်။ 

Friday, April 5, 2013

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် မြိတ်-ရန်ကုန် ကမ်းရိုးတန်း အထူး အမြန်ရေယာဉ် စစ်ဆေး

ယမန်နေ့ ညနေ ၅ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ရန်ကုန်မြို့ ဗိုလ်တထောင် အမှတ် (၄)ဆိပ်ကမ်းရှိ မြိတ်-ရန်ကုန် ကမ်းရိုးတန်း အထူး အမြန်ရေယာဉ် Fortune Express 727 ၏ ထိုင်ခုံများ၊ အသက်ကယ် အင်္ကျီများ စီစဉ်ထားရှိမှု၊ ရေယာဉ် အင်ဂျင်ခန်းနှင့် ပဲ့နင်းခန်း များကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

တရုတ်နိုင်ငံလုပ် လက်နက်ပုန်းသေနတ်များ ဖမ်းဆီးရမိ

၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ ““ဦးချစ်ဟို”” ဆောက်လုပ်ရေး/ လျှပ်စစ်/ အိမ်သုံးပစ္စည်း အရောင်းဆိုင်အား ၀င်ရောက်ရှာဖွေ ခဲ့သည်။

Thursday, April 4, 2013

ရေစီးရေလာကောင်းမွန်ရေး ရေထုတ်မြောင်းတူးဖော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်-ကျွဲကူး ကားလမ်းမကြီးကို မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း လမ်းတံတားဌာနမှ လမ်းများပြန်လည်ပြုပြင်ခြင်း၊ ထပ်ပိုးလွှာ ကတ္တရာခင်းခြင်း လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရန် အတွက် လမ်းဘေး ၀ဲယာရေထုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေပေးကျေးရွာမှ ကျွဲကူးကျေးရွာ အထိ ၆ မိုင်ခန့်ရှိ လမ်းဘေး ၀ဲယာ ရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းတံတားဌာနမှ SAE ဦးနိုင်အောင်ဝင်းနှင့် ၀န်ထမ်းများက စက်ယန္တရားများ အသုံးပြုပြီး မတ်လမှစ၍ ရေထုတ်မြောင်း 

ရွှေနန်းတောင်ကုန်းတော်ပေါ်၌ တစ်ကမ္ဘာလုံးအေးမြချမ်းသာစေတီတော်ကြီး တည်ထားကိုးကွယ်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ စန္ဒ၀တ် ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းရပ်ရှိ ရွှေနန်းတောင် ကုန်းတော်ပေါ်၌ တစ်ကမ္ဘာလုံး အေးမြချမ်းသာ စေတီတော်ကြီးကို ကောလိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ရွှေရင်းတောင် သာသနာပြု ဆရာတော်ကြီး မဟာဂန္တ၀ါစက ပဏ္ဍိတ၊ သာသန ပါလ ဓမ္မာစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသ မထေရ်မြတ်ကြီး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပန္နက်တော်တင်အုဌ်မြတ်ချ၍ တည်ထားကိုးကွယ်ခဲ့ရာ ပြီးစီး အောင်မြင်သည် ဖြစ်ကြောင်း သိရသည်။ 

မြိတ်မြို့ မဟာသိဒ္ဒိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စု စန္ဒ၀တီကုန်းတော်ပေါ်တွင် တည်ထား ကိုးကွယ်လျက် ရှိသည့် မဟာသိဒ္ဒိဇယစေတီတော်မြတ်ကြီး၏ အဌမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကြီးကို ၁၃၇၄ခုနှစ် တပေါင်းလပြည့်ကျော် (၁၂)ရက်နေ့မှ တန်ခူးလဆန်း (၁)ရက်နေ့ အထိ (၇-၄-၂၀၁၃ ရက်နေ့မှ ၁၁-၄-၂၀၁၃ရက်နေ့အထိ) (၅)ရက်တိုင်တိုင် အစဉ်အလာ မပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မြိတ်မြို့၌ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်း အနားကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၃)ရက် နံနက်(၁၀)နာရီတွင် မြိတ်ဟိုတယ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ( ၅၄ )ဦးနှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင် ( ၄၁ )ဦး တက်ရောက်ကြသည်။

မြိတ်မြို့ သီရိမင်္ဂလာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေး



မြိတ်မြို့ သီရိမင်္ဂလာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေးခြင်းအခမ်း အနားကို ၂၀၁၃ခုနှစ်၊ ဧပြီလ(၃)ရက် နေ့လည် (၃)နာရီတွင် ပုလဲရတနာခန်းမ၌ ကျင်းပရာ မြိတ်မြို့နယ် ဆင်းရဲမှုလျှော့ချ ရေး လုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ 

မြိတ်မြို့ သီဟဇေယျာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေး



မြိတ်မြို့ သီဟဇေယျာဈေး ဈေးသူဈေးသားများအား အသေးစား ချေးငွေများ ထုတ်ချေးခြင်း အခမ်း အနားကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၂)ရက် နေ့လည် (၂)နာရီတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် သီဟ ဇေယျာဈေး ဈေးသူဈေးသား (၁၃၆)ဦးအား တစ်ဦးလျှင်(၁)သိန်းကျပ်နှုန်းဖြင့် (၁၃၆)သိန်းကို မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ထုတ်ချေး ပေးကြသည်။ 

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့် အစီအစဉ် (အပြည့်အစုံဖော်ပြချက်)

၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပါမည်။

Wednesday, April 3, 2013

မြေယာသိမ်းဆည်းမှု စတင်စစ်ဆေးနေ

တနင်္သာရီတိုင်း အတွင်း အကြောင်း အမျိုးမျိုးနဲ့ သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ အရေးနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၁ ရက် မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်က ဦးမောင်လှ ဦးဆောင်တဲ့ အဖွဲ့ခွဲ (၁ဝ) က တာဝန်ရှိ သူတွေဟာ ထားဝယ်ခရိုင် အတွင်း မြေသိမ်းခံထားရတဲ့ လယ်သမားတွေကို တွေ့ဆုံ မေးမြန်းခဲ့ တာပါ။

ငါးမဖမ်းဆီးရ ရာသီကာလ တားမြစ်ပိတ်ပင်



မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ငါးလုပ်ငန်း ဦးစီး ဌာနသည် မြန်မာ့ ပင်လယ် ငါးလုပ်ငန်း ရေပြင် အတွင်းရှိ ငါး/ပုစွန် သယံဇာတများ မျိုးပြုန်းတီးမှု မရှိစေရေး ရေရှည် စဉ်ဆက်မပြတ် ဖမ်းဆီး ထုတ်လုပ်နိုင်ရန် အတွက် ငါး/ ပုစွန် သယံဇာတကို ထိန်းသိမ်းသည့် အနေဖြင့် ၁၀၀ ဂရမ်အောက် ငါးမုတ် ငါးငယ်များ ဖမ်းဆီး ရမိနေခြင်းမှ ထိန်းသိမ်း ကာကွယ် နိုင်ရန် ဘုံကျောင်း ကျားပိုက် (ကျောက်ပိုက်)၊ အင်္ဂလန် ကျားပိုက် (ကျားဖောင်)နှင့် ကျားပိုက် ကိရိယာ များအား ဧပြီ (၁) ရက်မှ မေ ၃၁ ရက်အထိ ငါးမဖမ်းဆီးရ ကာလ အဖြစ် သတ်မှတ်ခြင်းကို ၃၁ - ၃ -၂၀၁၃ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/ 

Tuesday, April 2, 2013

NLD အဖွဲ့ဝင်များမှ မဟုတ် မမှန် တိုင်ကြားထားသော သတင်းလေးတစ်ပုဒ်ပါ ဦးမောင်၏ မြေးဖြစ်သူ ဦးသန်းဇော်မှာ (NLDဗဟိုပါတီအဖွဲ့ဝင်) ဦးဇော်ဟိန်းနှင့် ပေါင်းပြီး ပြည်သူများ နေအိမ်(၁၁)အိမ်အား ဦးသန်းဇော်၏လ ယ်မြေများကို ကျူးကျော် လျှောက်လုပ်ထားသည်ဟု မဟုတ်မမှန် တိုင်ထားကြောင်း သိရပါသည်။ ဦးသန်းဇော်အား တိုင်စာ အတွက် ငွေကြေးများ ထောက်ပံ့ပေးသူမှာ NLDအဖွဲ့ဝင် ဒေါ်မအေးဖြစ်ကြောင်း သိရပါသည်။ မအေးမှာ ရတောင် အတွင်းရွာ (အောက်ပိုင်း)တွင် နေထိုင်ပြီး ဖက်ခုတ် စားသောက် နေသူ ဖြစ်ကြာင်း သိရပါသည်။

မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ မီးလောင်မှုဖြစ်ပွား

၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။ Source: ရဲဇာနည် (Myanmar Police Official Facebook Page)

၄၈ လမ်း မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သွားရောက် စစ်ဆေးကြည့်ရှု"

ရန်ကုန်၊ ဧပြီ ၂

၄၈ လမ်း မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း သွားရောက် စစ်ဆေးကြည့်ရှု ခဲ့သည်။

မီးသတ် ဦးစီးဌာနမှ သတင်းအရ အပေါ်ထပ်ဝင်ပေါက်မှာ တစ်ခုတည်းသာရှိပြီး၊ ပြူတင်းပေါက်များတွင် သံတိုင်များ ကာရံထားသည့် အတွက် မီးလောင်မှုဖြစ်ချိန်တွင် အတွင်းဝယ် ရှိနေသူများ ပိတ်မိခြင်းဖြစ်ကြောင်း သိရသည်။

အသက် ဆုံးရှုံးသွားသူများ မှာလည်း ယင်းပြူတင်းပေါက်များမှ ထွက်ရန်ကြိုးစားရင်း ဆုံးပါး ရခြင်းဖြစ်ကြောင်း သိရသည်။

"မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသ ထုတ်လွှင့်ပေးခဲ့ ပါတယ်။ အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများ မီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦ အပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာ မရှိကြောင်း၊ အပေါ်ထပ်ပြူတင်းပေါက်များရဲ့ အတွင်း ဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။ ဒါ့အပြင် ဗလီ ၀င်ပေါက်ကို သံတခါးနဲ့ သော့ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက် ၀င်ခဲ့ရကြောင်း မျက်မြင်သက်သေများ ရဲ့ ပြောကြားချက်ကို တွေ့ နိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။

ယခုအခါ ယင်း မီးလောင်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေကြောင်း သိရသည်။


 

Monday, April 1, 2013

ဧပြီ (၁) ရက်နေ့တွင် မြိတ်မြို့ ကြောင်ငယ်ရပ် သင်္ကန်းတောလမ်းတွင် မွတ်ဆလင်များမှ ဗမာ တစ်ဦးအား ၀ိုင်းရိုက် ခဲ့သည့် သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟလသာ ဖြစ်ကြောင်း သိရှိရ

၂၀၁၃ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မြိတ်မြို့ မြို့ပေါ် ရပ်ကွက်များနှင့် ဈေးများအတွင်း ပျံ့နှံလျှက် ရှိသည့် မြိတ်မြို့ ကြောင်ငယ်ရပ် သင်္ကန်တောလမ်းတွင် မွတ်ဆလင်များက ဗမာ တစ်ဦးအား ၀ိုင်းရိုက်ခဲ့သည်ဟု ဆိုသည့် သတင်းမှာ  မှန်ကန်မှု မရှိပဲ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကောလာဟလ သာ ဖြစ်ကြောင်းနှင့် တည်ငြိမ်မှုကို လိုလားခြင်း မရှိသူများက အဆိုပါ ကောလာဟလ အား ထုတ်လွှင့်လျက် ရှိကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်


"ပထမအချက် အနေနဲ့က ပြည်သူ အများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်း ကိစ္စဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံးကျပ်ငွေနှုန်းထားဖြင့် ကျွန်တော် ကတိပေးပြောကြားထားတဲ့ အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်းဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အား ၀င်ဆန့်တဲ့ တယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှ တတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။