မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, September 30, 2013

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် တနင်္သာရီမြို့နယ် ရေဘေးသင့် ပြည်သူများ နှင့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့်အတူ စက်တင် ဘာလ(၂၉)ရက် နံနက်(၁၁း၃၀)နာရီတွင် တနင်္သာရီမြို့ မြို့နယ်ခန်းမ တွင် ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအား ပေးစကားပြောကြားသည်။


မြစ်ရေကြီးမှုကြောင့် ချောင်းလမုရွာတွင် လူနေအိမ်အိမ်(၃၉)လုံး ယိမ်းယိုင်ပြိုကျ


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စုချောင်းလမုရွာသည် မြိတ်-တနင်္သာ ရီ- ဘုတ်ပြင်း -ကော့သောင်း ကားလမ်း ခရီးသည် များနေ့လည်စာ စားသုံးရန် တထောက်နားသည့် အိမ်ခြေပေါင်း (၃၅၀)ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ၄င်းရွာသည် ယခင်နှစ်က တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကား လမ်းပေါ်သို့ မြစ်ရေ အနည်းငယ်သာကျော်သော်လည်း ၂၀၁၃ခုနှစ်၊ စက်တင်ဘာာလ (၂၄)ရက်နေ့မှစ၍ မိုးသည်း ထန်စွာရွာသွန်းမှု နှင့် င၀န်မြစ်ရေကြီးခြင်း တို့ကြောင့်ချောင်းလမုရွာ င၀ံချောင်းမြစ်ကမ်းနံဘေးရှိ အနိမ့်ပိုင်းနေရာ များတွင်စက်တင်္ဘာ(၂၆)အထိ သာမန်မြစ်ရေအထက်(၂၁ပေ) အထိလည်းကောင်း၊ အဓိက ကားလမ်းပေါ်တွင် (၄ပေ)အမြင့်ထိ မြစ်ရေရောက် ရှိခဲ့သဖြင့် အိမ်ခြေ (၁၉၄)စုရေကြီး နစ်မြှုပ်ခဲ့ရာ ကျား(၂၁၀)ဦး မ(၁၉၃)ဦး ပေါင်း (၄၀၃)ဦးတို့အား ချောင်းလမုရွာ မူလွန်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းများတွင် ပြောင်း ရွှေ့ နေထိုင်လျက်ရှိကြသည်။


မြစ်ရေသည် ရေပြန်လျော့ကျချိန် စက်တင်ဘာ(၂၈)ရက်နေ့တွင် ချောင်းလမု ရွာမြစ်ကမ်းနံဘေးရှိ ဓနိမိုး ထရံကာ ကြမ်းခင်း သစ်လုံးတိုင် အိမ်ခြေ(၃၉)လုံးသည် ယိမ်းယိုင် ပြိုကျပျက်စီးခဲ့သဖြင့် ရှေ့တန်းခြေ မြန် တပ်ရင်းအမှတ် (၅၉၄) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းလွင် ဦးစီးလျက် တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းလျက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများမှ ဆန် ဆီ နှင့်အခြား ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများပေး အပ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်း ရရှိသည်။
IPRD MYEIK

တနင်္သာရီ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ပေးအပ်


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော/သတ္တု ၀န်ကြီးဦးတင်စိုးသည် မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦး၊ ဌာနဆိုင်များနှင့် အတူ စက်တင်ဘာလ(၂၆)ရက်နေ့ ည(၇း၁၅)နာရီတွင် ချောင်းကြီး ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူများ နှင့်တွေ့ဆုံ အားပေးစကား ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန် ဆီ မာမားခေါက်ဆွဲထုပ် များ ထောက်ပံ့ပေးအပ် ခဲ့သည်။


Sunday, September 29, 2013

ရန်ကုန်လေဆိပ်တွင် မြိတ်မြို့သို့ သယ်ယူမည့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည်  ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်းစဉ်  ၎င်း Game စက်အတွင်း၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့် အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင် တိတ်များဖြင့် ပတ်လျက် အပြာရောင် ပလပ်စတစ် အိတ်ငယ်များဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန် ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

ကြံတောလမ်းဆုံ၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ ည (၁၁) နာရီကျော်အချိန် ခန့်တွင် မြိတ်မြို့ မြိတ်-ကျွဲကူး လမ်းမကြီးပေါ်ရှိ ကြံတောလမ်းဆုံ၌ မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ 

ဥာဏ်ရည်မမှီသူ အမျိုးသမီးငယ် တစ်ဦးအား မြိတ်မြို့ တောရကျောင်း အရန် မီးသတ်တပ်ဖွဲ့နှင့် အရပ်သူ/ အရပ်သားများက ထိန်းသိမ်း စောင့်ရှောက်ကူညီ

( ၄.၉.၂၀၁၃ ) ရက်နေ့ ည(၁၀း၃၀) အချိန်ခန့် တောရကျောင်း အရန် မီးသတ်တပ်ဖွဲ့မှ လှည့်ကင်း လှည့်လည်စဉ် ပေါ်တော်မူ ဘုရား မုခ်ဦးအရှေ့တွင် အသက်(၁၈)နှစ် အရွယ်ခန့်ရှိသော မိန်းကလေးငယ် တစ်ဦးမှာ ယောင်ချာချာဖြစ်နေရာ တောရကျောင်း အရန်မီးသတ်ရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး တိကျသေချာသော စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ မိန်းကလေးငယ်မှ ပြောကြားချက်အရ ၄င်း၏ အမည်မှာ မနီနီစိုး၊ နေရပ်မှာ အလယ်မန်ရွာမှဖြစ်ပြီး မိခင်မှာ ဒေါ်သန်းအေးဖြစ်ကြောင်း သိရသည်။ အဆိုပါ မိန်းကလေး ငှါးစီးလာသော ဆိုင်ကယ်မှာ ပေါ်တော်မူဘုရား အနီးအရောက်တွင် ဆီကုန်သွားသဖြင့် ဆီသွား ထည့်မည်ဟုဆိုကာ ပြန်မလာသောကြောင့် ထိုနေရာတွင်ပင် လမ်းပျောက်နေကြောင်း ပြောပြချက်အရ သိရှိရသည်။ 

မြိတ်ခရိုင်လုံး ဆိုင်ရာ သာသနာ့ ၀ံသပါလ အဖွဲ့ ဖွဲ့စည်း

ဗုဒ္ဓဘာသာဝင်များ၏ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် သံဃာတော်များ ဦးဆောင်သော အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (သာသ နာ့ဝံသပါလအဖွဲ့) ဖွဲ့စည်းခြင်းနှင့် သြ၀ါဒ စရိယ ဆရာတော်ဘုရားကြီးများ ထံမှ သြ၀ါဒ ခံယူခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လည် (၁)နာရီအချိန် မြိတ်မြို့ တောကျောင်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။ 


Thursday, September 26, 2013

ကော့သောင်းထောင် ရှင်းတမ်း



အကျဉ်းထောင်ဟူသည်မှာ အကျဉ်းသားများကို ချုပ်နှောင်ရန် အလို့ဌာ နိုင်ငံတော် အစိုးရက ညွန်ကြားချက်ဖြင့် ယာယီ ( သို့ ) အမြဲချုပ်နှောင်ထားသော နေရာဌာနကိုဆိုပေသည် လို့ ၁၈၉၄ခုနှစ် ၊ အကျဉ်းထောင်များအက်ဥပဒေ ၊ ပုဒ်မ ( ၃ ) မှာ အဓိပါယ်ရှင်းလင်းထားတယ် ။ ဆိုလိုချင်တာကတော့ အကျဉ်းထောင်ဟာ သာမန်ရပ်ကွက်တစ်ခု မဟုတ်၊ ရွာတစ်ရွာမဟုတ်။ ၁၈၈၂ ခုနှစ် ပြစ်မူ့ကျင့်ထုံးဥပဒေ ပုဒ်မ၅၄ အရ ၊ အစိုးရအာဏာပိုင် ပုဂိုလ်က အထုးသတ် မှတ်ထားရှိတဲ့ နေရာဖြစ်တယ် ။ 

 


တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် မိုးများအဆက် မပြတ်ရွာ သွန်းမှု ကြောင့် စက်တင်ဘာလ(၂၅)ရက် ညနေ(၆)နာရီတွင် တနင်္သာရီမြစ်ရေ သည် အန္တရာယ်ရေအမှတ်(၂၄.၆)ပေ အထိ ဆက်လက်မြင့်တက်လျက်ရှိသည်။ ချောင်းကြီး ရပ်တွင် (၇)ပေခန့် နှင့် ချောင်းငယ်ရပ်ကွက်တွင် (၇.၅)ပေ ခန့်မြင့်တက် နေပြီး လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။



တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ရေကြီးလျက် ရှိသော ကျေးရွာများတွင် ထပ်မံ၍ စက်တင်ဘာလ(၂၅) ရက်နေ့အထိ စာသင်ကျောင်းများ ပိတ်ထားလျက်ရှိရာ အမက(၁၅)ကျောင်း၊ မူလ တန်းလွန် (၈)ကျောင်း၊ အလကကျောင်း(၃)ကျောင်း၊ အထကကျောင်း(၄)ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၃၀)ကျောင်းကို ခေတ္တပိတ်ထားလျက်ရှိသည်။ မြစ်ရေ ကြီးမှုကြောင့် မြိတ်-တနင်္သာရီ- ဘုတ်ပြင်း ကားလမ်း မပေါ်တွင်ရေကျော်မှု များဖြစ်ပွားလျက်ရှိပြီး အနိမ့်ပိုင်း ကျသည့် ကျေးရွာဖြစ်သည့် အော်ကြီးကျေးရွာ တွင်(၅)ပေ ခန့်၊ ကော့မပြင်းကျေးရွာ တွင်(၅)ပေခွဲခန့်၊ ဥယာဉ်ကွင်းကျေးရွာတွင် (၅)ပေခန့် အထိ နစ်မြုပ်လျက် ရှိသောကြောင့် မော်တော်ယာဉ်များဖြင့် ခရီးသွားပြည်သူများ သွားလာရခက်ခဲလျက်ရှိပြီး ကုန်းလမ်းဖြင့်သွားလာ၍ မရ တော့ သဖြင့် ရေလမ်းကိုသာ အသုံးပြုနေရကြောင်း သိရှိရသည်။

မြစ်ရေကြီးမှုကြောင့် ယာယီ ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေး စခန်းများ သို့ ရွှေ့ပြောင်းအိမ် ထောင်စုများသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင် များမှထောက်ပံ့ပေးပို့သော ဆန် ဆီ မာမား ခေါက်ဆွဲများအား လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့်တာဝန်ရှိ သူများက ကယ်ဆယ်ရေး စခန်းအလိုက် သွားရောက်ကာ ဆန်၊ ဆီ၊ မာမားခြောက် များ ပံ့ပိုးပေးကြပြီး အမှတ်(၃၀၆) အမြှောက် တပ်နယ်မှ ဘာတီ အထုပ်(၃၀၀)၊ ကြက်ဥများ မာမားခေါက်ဆွဲများ ၊မုန့်ခြောက်မျိုးစုံ တို့ကိုဝေငှ ပေးခဲ့ ကြသည်။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းအေးနှင့် ဆရာဝန်၊ သူနာပြုများနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊အမှတ်(၅၅၇)ခြေမြန် တပ်ရင်း ဆေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေး အဖွဲ့ကလည်း ကယ် ဆယ်ရေး စခန်းများတွင် နာမကျန်းသူများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြသည်။ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းလျက် ပြောင်း ရွှေ့ရန် အခက်အခဲရှိကြသည့် သက်ကြီး ရွယ်အိုများ၊ ကလေးများ၊ အိမ်ထောင်စုဝင် များအား ကယ်ဆယ်ရေး စခန်းများသို့ ၀ိုင်းဝန်းကူညီ ပြောင်းရွှေ့ ပေးကြခဲ့ကြသည်။

တနင်္သာရီမြစ်ရေကြီး လျှံမှုကြောင့် ကျေးရွာအုပ်စု(၁၈)စုမှ ကွင်းပေါင်း(၁၀၂) ကွင်းရှိ တောင်သူ (၄၁၁) ဦး၏ စိုက်ပြီး လယ်ယာမြေ(၂၂၆၈၅)ဧက အနက်မှ စက်တင်ဘာလ(၂၅)ရက် ညနေ(၆)နာရီ အချိန်အထိ ရေနစ် မြှုပ်ဧကပေါင်း (၁၆၃၅)ဧက ရှိပြီဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးသော်လည်း ပျက်စီးနိုင်ဘွယ် များရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။
IPRD MYEIK

“တနေ့ ၂၀၀ ကျပ်”

တနေ့ကို ၂၀၀ ကျပ်နှုန်းသည် များလှသည်ဟု မဆိုသာ ဟု လူအများစုက ထင်ကြပေလိမ့်မည်။ ကျွန်တော်တို့ တွက်ကြည့်ကြ ရအောင်။ အကယ်၍ တနှစ်လုံးသာပေး ရမည်ဆိုလျှင် ... ၃၆၅ ရက် x ၂၀၀ ကျပ် = ၇၃၀၀၀ ကျပ် ကျသင့်ပါမည်။ 


Tuesday, September 24, 2013

တနင်္သာရီမြစ်ရေ တတိယအကြိမ် မြင့်တက်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် အတွင်း စက်တင်ဘာလ ယခု ရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိသဖြင့် တနင်္သာရီ မြို့နယ် အတွင်းရှိ ချောင်းဖျား မြစ်ရေကြီးကာ တနင်္သာရီ မြစ်ရေ တတိယအကြိမ် မြင့်တက် လာခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီ အချိန်တွင် တိုင်းထွာချက် အရ မြစ်ရေသည် စိုးရိမ်ရေ အမှတ် အထက်သို့ ၂ ပေ ၁ဝ လက်မ ကျော်လွန်၍ ၁၉ ပေ ၁ဝ လက်မ (၆၄ဝ ဒသမ ၅၂) စင်တီမီတာသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

ယင်းသို့ တနင်္သာရီ မြစ်ရေ မြင့်တက် ခဲ့မှုကြောင့် တနင်္သာရီမြို့ ၊ ချောင်းငယ် ရပ်ကွက်၊ သီတာလမ်း နှင့် ရိပ်သာလမ်းဆုံ တွင် ရေအနက် ၃ ပေ ၂ လက်မ ၊ ချောင်းကြီး ရပ်ကွက် ရွှေလိပ်ပြာလမ်း တွင် ၂ ပေ ၂ လက်မ ရောက်ရှိနေပြီး မြစ်ရေ မြင့်တက် လာခြင်းကြောင့် မြစ်ချောင်း တစ်လျှောက်ရှိ ကျေးရွာများ တွင်လည်း ရေလျှံမှုများ ဖြစ်ပေါ် နေသည်။ အဆိုပါ မြစ်ရေသည် မြို့၏ အန္တရာယ် ရေအမှတ်မှာ ၂၄ ပေ (၇၃၁ ဒသမ ၅၂)စင်တီမီတာ ဖြစ်ကြောင်း သိရှိရသည်။
မြိတ် ၊ ၂၄-၉-၂၀၁၃

ဗုဒ္ဓဘာသာဝင်များအား ထိမ်းမြားမည်ဆိုပါက ဘာသာပြောင်းလဲစေရေး လွှတ်တော်တင်မည်

ဘာသာခြား လူမျိုးများ အနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အိမ်ထောင်ပြုမည် ဆိုပါက ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းပြီးမှသာ အိမ်ထောင်ပြုခွင့် ရမည်ဟု မျိုးစောင့်ဥပဒေ၌ ပါရှိကြောင်း၊ ၎င်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်နေသည်ဟု သာသန ဟိတရာမပုခန်းကျောင်းတိုက် တိုက်အုပ် ဆရာတော် ဦးကောဝိဒက မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သြဝါဒ ခံယူပွဲ၌ မိန့်ကြားလိုက်သည်။

 

မြိတ်မြို့၌ အလုပ်သမား ကြိုပို့ ယာဉ်တိမ်းမှောက်

မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
 

မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးမှု နောက်တစ်ကြိမ် ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း လိုလိုပင် မြစ်ရေလွှမ်းမိုး မှုများ ကြုံတွေ့လျက် ရှိသည်။ ၂၀၁၃ခုနှစ် စက်တင် ဘာလ တတိယအပတ်တွင် မိုးများအဆက် မပြတ်ရွာသွန်း ခြင်း၊ ထားဝယ် ခရိုင် မေတ္တာမြို့နယ်ခွဲမှမြစ်ဖျားခံသည့် တနင်္သာရီမြစ် ရေစီးသန်ခြင်း ၊ ချောင်းဖျားရေများကြီး ခြင်းတို့ကြောင့် တနင်္သာရီရေသည် စက်တင်ဘာလ(၂၃)ရက် ညနေ(၄း၃၀) တိုင်းထွာချက်အရ တနင်္သာရီ မြစ် ရေသည် (၂၂)ပေသို့ရောက်ရှိနေပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ အန္တရာယ်ရေ အမှတ် ရောက်ရန် (၂)ပေသာလိုသည်။


Monday, September 23, 2013

မပြောချင်ပေမဲ့လည်း ပြောရပါဦးမည် ....

မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်တစ်စီးက စက်တင်ဘာ (၂၁)ရက်နေ့တွင် ထိုင်းငါးဖမ်းလှေတစ်စီးကို ထိုင်းရေပြင်ထဲမှာ ပစ်ခတ်ဖမ်းဆီးတယ်ဆိုပြီး Bangkok Post အပါအဝင် ထိုင်းသတင်း ဌာနတွေက ဖော်ပြနေတာ တွေ့နေရပါတယ်။




ယိုးဒယား ငါးခိုးလှေအား လက်နက်များနှင့်အတူ ကမ်းခြေစောင့် တိုက်ရေယာဉ်မှ ပစ်ခတ်ဖမ်းဆီးရမိ


တနသာင်္ရီ ရေတပ်စခန်း ဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး)ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၂၆) မှ ၂၁.၉.၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုး ၀ါးလတ် ယာနား သံသီးပါ ၀ဲဘက် အစီး လက်ကူးလှေအား US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် ၈ တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည်စုစုပေါင်း (၂၂၀)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

Friday, September 20, 2013

အကျဉ်းသားဟူသည် လူသားလော တိရစ္ဆာန်လော


စက်တင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့နယ်ရှိ ကိုးမိုင် အကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းကြောင့် အကျဉ်းသားများက အော်ဟစ်တားမြစ်မှု ပြုလုပ် သည်ကို ထောင်ဆူပူမှု ဟုဆိုကာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူ သုံးဦးကို မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ထားရာမှ စက်တင်ဘာ ၁၆ ရက်တွင် တစ်ဦးထပ်မံ သေဆုံးသွားခဲ့သည်။ ယင်းဖြစ်စဉ်ကို အစိုးရအဖွဲ့က ထောင်ဖောက်ရန် ကြိုးစားခဲ့မှုကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရခြင်းဟု သတင်းထုတ်ပြန်ခဲ့ပြီး ၁၈ ရက်တွင် ယင်းအကျဉ်းထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။


စာအောင် သံဃာတော် သံဃာ အရှင်သူမြတ်များ ဓမ္မပူဇာ အခမ်းအနား ကျင်းပ

မြိတ်မြို့ ကော့လိပ်ကုက္ကို ပရိယတ္တိ စာသင်တိုက်၏ စာအောင် သံဃာ အရှင်သူမြတ်များအား ဓမ္မပူဇာ အခမ်းအနားကို စက်တင်ဘာလ (၁၉) ရက် နေ့လည်(၁)နာရီတွင် အဆိုပါ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပ ရာ ကော့လိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်မြတ်များ၊ တပည့်တကာ၊ တကာမများ၊ အလှူရှင်များ တက်ရောက် ကြသည်။


Thursday, September 19, 2013

သဲအင်းဂူ တောရကျောင်းရှိ ကျူးကျော်ကျောင်းများမှ သာသနာ ညှိုးနွမ်းအောင် ပြုလုပ်နေသည့် ကိစ္စ ဖြေရှင်းပေးပါရန် (ပေးစာ )

မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာ အုပ်စု၊ သဲအင်းဂူ တောရကျောင်းပိုင် အာရမ် အတွင်း၊ သမ္မ သာရုပ္ပ မဖြစ်သော ဟိန္ဒူ ရဟန်းတစ်ပါး သည် ဓမ္မစက်ကို မသိကျိုး ကျွံပြုလျှက် ကျူးကျော်ကျောင်းများ အရှက်မဲ့စွာ တိုးချဲ့ ဆောက်လုပ်ပြီး၊ ဗုဒ္ဓ၏ ပဋိပတ္တိ အကျင့်သာသနာ (သဲအင်းဂူ ဆရာတော်ဘုရားကြီး၏ အကျင့်သာသနာ) တော်ကို ညှိုးနွမ်းအောင်၊ မူမမှန်သော လုပ်ရပ်များဖြင့် ယှဉ်ပြိုင် လုပ်ဆောင်လျက် ၇ှိသောကြောင့် အုပ်ချုပ်မှု အဆင့်ဆင့်သို့ အာဏာစက်ဖြင့် ၀င်ရောက် ကူညီဖြေရှင်းပေးရန် သဲအင်းဂူတောရကျောင်းမှ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ ပါသည်။ 

ကုန်တင် စက်လှေ တစ်စင်း နစ်မြုပ်မှု ဖြစ်ပွား

စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီခန့်က မော်လမြိုင် မှ မြိတ်မြို့သို့ ဆားကြမ်း ၁၂ဝ တန် ချိန်ခန့် တင်ဆောင် ထွက်ခွာ သွားသော ရွှေတိုးဝင်း စက်လှေ သည် ည ၁၁နာရီခန့်တွင် ရေးမြို့၏ အေ နာက် တောင် ဘက် မိုင် ၂ဝ ခန့် အကွာ ပင်လယ် ပြင်၌ နစ်မြုပ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ သဖြင့် တပ်မတော် (ရေ) မှ စက်တင်ဘာ ၁၅ရက် နံနက် ၈နာရီ ၁၅ မိနစ် ခန့်က သွားရောက် ကယ် ဆယ်ရာ နစ်မြုပ် ခဲ့သည့် စက်လှေ ပေါ်မှ လှေလုပ်သား ၁၃ဦးအား ခန့်ထူး အမည်ရှိ ပိုက်ကြီး လှေမှ ကယ်ဆယ် ထားသည် ကို ဝါးကျွန်း အနောက်ဘက် ၆ မိုင်ခန့် အကွာ တွင် တွေ့ရှိ ခဲ့သဖြင့် တပ်မေ တာ် (ရေ) မှ ကယ်ဆယ်ရေး အဖွဲ့များ က အဆိုပါ ရေလုပ်သားများ အား လွှဲပြောင်း လက်ခံ ရယူ ကာ လိုအပ်သည့် 

Wednesday, September 18, 2013

ကော့သောင်း အကျဉ်းသားများ ပြောင်းရွှေ့

ကော့သောင်း အကျဉ်းထောင် တွင် စက်တင်ဘာ(၁၃) ရက်နေ့ ညပိုင်း ထောင်တွင်း ဆူပူမှုဖြစ် အပြီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် အာဏာပိုင်များ က အကျဉ်းသား (၁၀၀)ကျော်ခန့် ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

ထောင်တွင်း ဆူပူမှုဖြစ်အပြီး ၀န်ကြီးဌာန နှင့် တိုင်းဒေသ ကြီး မှ တာဝန်ရှိသူများ စစ်ဆေး မှုများ ပြုလုပ်အပြီး ယနေ့ ညနေ ပိုင်းတွင် ကော့သောင်းမြို့ တော်ဝင်ဘောတံတားတွင် ဆိုက်ကပ် ထားသည့် ပြည်ဖြိုးထွန်း သဘောင်္ဖြင့် အကျဉ်းသားများ အား ရန်ကုန် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ ရန် ည (၇) နာရီခန့်တွင်သဘောင်္ ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။ အကျဉ်းသားများ ပြောင်းရွေ့ တာကို မိသားစုများကို အကြောင်း မကြားဘူး ဟု အကျဉ်းကျ အကျဉ်းသား တစ်ဦးရဲ့ မိသားစု မှ ပြောသည်။


Tuesday, September 17, 2013

ကော့သောင်းထောင် ဆူပူအုံကြွမှု ဖြစ်စဉ်၌ ဒဏ်ရာ ရရှိသူ မြိတ်ဆေးရုံကြီး၌ ကွယ်လွန်

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်း မြို့နယ် အတွင်းရှိ ၉ မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော်တွင် ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့် ပစ်ခတ်ရာမှ ဒဏ်ရာရရှိသူ ခုနှစ်ဦးအနက်  မြိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အကျဉ်းသား သန်းနိုင်စိုး (ခ) ၀က် ၊ အသက် (၂၂)နှစ်၊ (ဘ) ဦးစိုးနိုင်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ နံနက် (၁)နာရီ (၄၅) မိနစ် အချိန်တွင် သေဆုံးကြောင်း သိရှိရသည်။

Monday, September 16, 2013

ကော့သောင်း ကိုးမိုင်ထောင်ကိစ္စ ထိပ်တန်း လျှို့ဝှက် အဆင့်သာ ရှိနေဆဲ




ကော့သောင်းမြို့နယ် ကိုးမိုင်အကျဉ်းထောင် အတွင်း ဖြစ်ပွားခဲ့သည့် အကျဉ်းသားများ၏ ဆန္ဒထုတ်ဖော်မှု ဂယက်နှင့် ပတ်သက် သည့် အသေးစိတ် အချက်အလက်များကို မေးမြန်း စုံစမ်းဆဲဖြစ်သဖြင့် ကော့သောင်းမြို့နယ် အတွင်း၌ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်စုံ တစ်ရာ ပြုလုပ်ခြင်း မရှိသေးဘဲ ထိပ်တန်း လျှို့ဝှက်အဆင့်သာ ရှိသေးကြောင်းကိုလည်း ကော့သောင်း မြို့ခံများနှင့် ထောင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ကော့သောင်း ထောင်တွင်း ဆန္ဒပြပွဲများ ပေါ်ပေါက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ညှိနှိုင်း ဖြေရှင်း

စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ဘာလ ၁၅ ရက်နေ့ထိ ကော့သောင်းမြို့ အကျဉ်းထောင်တွင် ဆန္ဒပြမှု နှင့် အခွင့်အရေး ဖေါ်ထုတ် တောင်းခံမှုများ ပေါ်ပေါက် နေကြောင်း သိရှိရပါသည်။ အကျဉ်းကျ သူများမှ တောင်းဆိုချက် (၃)ချက် တောင်းဆို ထားကြောင်းနှင့်  အဆိုပါ တောင်းဆို ချက်များမှာ-
(၁) ဖြစ်စဉ်အား အမှန်အတိုင်း စစ်ဆေးပေးရန်။
 (၂) မတရား ညှင်းပန်း နှိပ်စက်သူ ဝန်ထမ်းများအား အရေးယူ ပေးရန်။
(၃) အကျဉ်းထောင် တာဝန် ရှိသူများကို ပြောင်းရွှေ့ ပေးရန်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ် ဖြစ်ပွားရာသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် အကျဉ်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တို့မှ ညှိနှိုင်း ဆောင်ရွက် ပေးလျှက် ရှိကြောင်း သိရှိရ ပါသည်။



Sunday, September 15, 2013

၂၀၁၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၁၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ(၁၅)ရက် နေ့လည် (၁)နာရီတွင် အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ/မနှင့် ကျောင်းသားကျောင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။


အထက(၁)မြိတ်၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


၂၀၁၂-၂၀၁၃ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်  ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၅)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၌ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ခရိုင်ပညာရေး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ ၊ ကျောင်းသား /သူများ တက်ရောက်ကြသည်။ 


ကော့သောင်းအကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းများကို မကျေနပ်၍ ဆူပူအုံကြွခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်းရှိ ၉ မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော်တွင် အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းအတွင်းမှ ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင်မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။



" ဇိမ် " ကာရာအိုကေဆိုင်အား အရွယ်မရောက် သေးသူများကို အလုပ် စေခိုင်းမှုဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိ

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ ၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်း ရပ်ကွက် အဝေးပြေး ကားဝင်း အတွင်းတွင် ရှိသော " ဇိမ် "ကာရာအိုကေ ဆိုင်တွင် အရွယ် မရောက်သေးသူ အမျိုးသမီး ငယ်တစ်ဦး အား အလုပ်စေခိုင်းမှု အတွက် ကလေးသူငယ် ဥပဒေအရ ဆိုင်ရှင်အား မြိတ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် သက်နိုင်က စက်တင်ဘာလ ၁ဝ ရက် နံနက် ၁ဝနာရီခွဲ တွင် အမှုဖွင့် တိုင်ကြား သောကြောင့် မြိတ်မြို့မ ရဲစခန်းမှ မပတ(၂၅) အမှတ်စဉ် ၂၁၈/၂ဝ၁၃ဖြင့် အမှုဖွင့်ပြီး မြိတ်မြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မြိတ်မြို့နယ် တရားသူကြီး ဒေါ်ဌေးဌေးဝင်း မှ ပြစ်မှုကြီး အမှတ် ၉၁၈/၂ဝ၁၃ ဖြင့် လက်ခံ စစ်ဆေးလျက် ရှိပြီး စက်တင်ဘာ ၂ဝ ရက်နေ့တွင် ရုံးတင် စစ်ဆေးရန် ချိန်းဆို ထားကြောင်း သိရသည်။


မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ နာရေး အထောက်အကူပြုအဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် စည်းဝေးပွဲ ပြုလုပ်

အသင်းဝင်ပေါင်း (၅၅၀) ကျော်ရှိပြီး အသင်းဝင် မိသားစုဝင်ပေါင်း (၃၀၀၀) ကျော်တို့၏ နာရေး ကိစ္စများကို အထောက်အကူပြု ဆောင်ရွက်ပေးနေသော မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နာရေး အထောက်အကူပြု အဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၅)  ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဘုရားကိုင် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပရာ အသင်းဝင် (၄၀၀) ဦးကျော် တက်ရောက်သည်။


ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တားထိန်းသိမ်းနိုင်ခဲ့



ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တားထိန်းသိမ်းနိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၁၄

ကော့သောင်းမြို့ အကျဉ်းထောင်၌ ယမန်နေ့ ညပိုင်းက ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှု တစ်ခုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တား ထိန်းသိမ်းနိုင်ခဲ့သဖြင့် ထွက်ပြေး လွတ်ပြေးသူ မရှိကြောင်း သိရှိရသည်။


Saturday, September 14, 2013

ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်း



၂၀၁၃ ၊ ဇူလိုင်လထုတ် ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း မှာ ရှေ့နေ ဦးအေးပိုင် (ထေရ၀ါဒဓမ္မ ကွန်ယက် ဥပဒေ အကြံပေး အရာရှိ) ရေးသားတဲ့ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်း ဆောင်းပါးကို အားလုံး သိအောင် ပြန်လည် တင်ပြပေး လိုက်ပါတယ်။ ဆောင်းပါးရှင်ကိုလဲ ဒီနေရာကနေ တဆင့် တင်ပြခွင့်ပြု ပါရန် မေတ္တာရပ်ခံအပ် ပါတယ်။

Friday, September 13, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း မြိတ်ခရိုင် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ (၄) နာရီ အချိန်၌ မြိတ်မြို့ ချောင်းကူးငယ်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။

မြိတ်မြို့၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ လ (၁၃)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့ အထက(၁) ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားသည်။





ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်သူလူထုအား တွေ့ဆုံ

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း သည် ယနေ့မွန်းလွဲ (၁၂း၃၀)နာရီတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ခရိုင်/ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင် များအား တွေ့ဆုံ၍ တက်ရောက် လာကြသူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။



တွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော် ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ အတွင်းရေးမှူး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က အမှာစကားပြောကြား ရာတွင် မြိတ်ဒေသကို ပြည်သူဆန္ဒများ၊ ပြည်သူများ၏အသံကို နားထောင်ရန် ပြည်သူ့လိုအပ်ချက်မျာူးကို ကြားသိနိုင်ရန် အတွက် ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက်ကို လွှတ်တော်၏ဆောင်ပုဒ် အတိုင်း လွှတ်တော်က ဖော်ဆောင်လျက် ရှိပါကြောင်း၊ ခေတ်သစ်စနစ်သစ်မှာ အမိန့်ညွှန်ကြားချက်နှင့် အုပ်ချုပ်လို့မရကြောင်း၊ ဥပဒေနှင့်အညီအုပ်ချုပ်ရကြောင်း၊ ဒီဥပဒေတွေက ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏သဘောထား၊ ပြည်သူများ၏ လိုလားချက်မှ ဆင်းသက်လာ တာဖြစ်ကြောင်း ၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက် အကြောင်းအရာများကို ပွင့်ပွင့် လင်းလင်း တင်ပြစေလိုကြောင်း နုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသော မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထေက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး ကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ က တိုင်းဒေသကြီး လွှတ်တော်က ပြည်သူ့အသံ ပြည်သူ့ လိုအပ်ချက်များ ဆောင်ရွက်ပေးလျက် ရှိသည်များနှင့် တိုင်း ဒေသကြီး ၀န်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပြည်သူများ အတွက် ဒေသဖွံ့ဖျြိးရေးဆောင်ရွက်ပေး လျက်ရှိ သည်များကို ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယက က တင်ပြချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားရုပ်သိမ်းလိုက်သည်။ အခမ်းအနား အပြီး တွင် ပြည်ထောင်စု လွှတ်တော် နာယကသည် ပြည်သူလူထုအား ရင်းရင်းနီးနီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

IPRD MYEIK

Tuesday, September 10, 2013

လူကုန်ကူးမှု ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဟောပြော

မြိတ်မြို့ အမျိုးသမီးအသက်မွေးပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုကာကွယ်တားဆီးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီတွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေး မှ စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာဖတ်ခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပုံကို ပညာ ပေး ဟောပြောသည်။



ဆက်လက်၍ world vision (မြိတ်)မှ စီမံချက်တာဝန်ခံ ဦးသက်ကောင်းမြတ်ဦးက မြိတ်မြို့ နယ်အတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေးလုပ်ငန်းစီမံချက်များ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဟောပြောပြီး မြိတ်မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ် သက်နိုင် မှ လူကုန်ကူးမှုဆိုင်ရာ ဥပဒေများအကြောင်း၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခဲ့မှုများကို မှတ်တမ်း ဓါတ်ပုံ များဖြင့် ပညာပေးဟောပြောသည်။

ထိုနောက် သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မော်မော်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် ပညာပေးလက်ကမ်း စာစောင်များ ဝေငှခဲ့ပြီး စာဖတ်ရှိန် မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့၍ စာအုပ်စာစောင်များ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

Iprd Myeik

ဗိုလ်ကြီးဟောင်း နေမျိုးဇင် မြိတ်မြို့သို့ ရောက်ရှိ

မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် ( Myanmar Social Development Network) မှ ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)သည် မြိတ်မြို့သို့ ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့မှ တစ်ဆင့် ရွှေထားဝယ် ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး မြိတ်မြို့ ဘုရားကိုးဆူလမ်းတွင် တည်းခို နေထိုင်ကြောင်း သိရှိရသည်။ 



မြိတ်မြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး ကာကွယ်ဆေးများ တိုက်ကျွေး


မြိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး အတွက် လူကုန်ဆေးတိုက် ကျွေးခြင်း လုပ်ငန်းကို ပြည်သူများအား အိမ်တိုင် ယာရောက် ကာကွယ်ဆေးတိုက်ကျွေးမှုကို မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာ များတွင် စက်တင်ဘာလ(၉)ရက် ညနေ(၅)နာရီမှ စတင်၍ ဆောင်ရွက် လျက် ရှိသည်။

မြိတ်မြို့ပေါ်ရှိ ဗလီများ၌ ဘင်္ဂါလီများ အပြည့် ရှိပါသည် ဆိုသော အကြောင်းအရာနှင့် ပတ်သက်၍ မြိတ်မြို့ အစ္စလာမ် ဘာသာရပ်ရေး အဖွဲ့များမှ ဖြေရှင်းချက် ထုတ်ပြန်

၂၀၁၃ခုနှစ် စက်တင်ဘာလ(၆)ရက် နေ့ထုတ် The Hot News Weekly ဂျာနယ်ပါ မွန်ပြည်သစ်ပါတီ (ခွဲထွက်)အဖွဲ့ ဥက္ကဌ ဦးနိုင်စိုက်ချမ်း၏ သဘောထား အမြင်ကို တွေ့ဆုံမေးမြန်းခြင်း ခေါင်းစဉ်ပါ အကြောင်းအရာ များနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး အိုလမာ- အစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ခွဲ၊ မြိတ်ခရိုင် မြန်မာ မွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ခွဲ ၊ မြိတ်မြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီတို့မှ ဖြေရှင်းချက် များ ရှင်းလင်းပွဲကို စက်တင်ဘာ လ(၉)ရက် နေ့လည်(၂)နာရီတွင် အိုစမာ- အစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ခွဲ(မြိတ်)ရုံး ၌ ကျင်းပသည်။


သဲတင်သင်္ဘော သဲလုပ်သား တစ်ဦး သဲမြှုပ်၍ သေဆုံး

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ(၆)ရက် နေ့လည်(၁၂း၃၀)နာရီခန့်က ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ကော့မွေးကျွန်း အရှေ့ဘက် (၂)မိုင်အကွာ ပင်လယ်ပြင်တွင် နိုင်ငံခြား သဲတင်သင်္ဘော MV.MEGSA ARIES သည် သဲများစုပ်တင် ဆောင်ရွက်လျက်ရှိစဉ် သဲတင်သင်္ဘောပေါ်တွင် သန့်ရှင်းရေးနှင့် သဲတင်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း လမ်းသွယ်(၃) အမှတ်(၁၅)တွင် နေထိုင်သူ ဦးတင်မြင့်၏သား မြတ်ဇော်(၃၃)နှစ် သည် လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရုတ်တရက် ပျောက်ဆုံးသွားသဖြင့် သင်္ဘောသားများ၊ အထွေထွေ လုပ်သား များနှင့် ကုပ္မဏီဝန်ထမ်းများက လိုက်လံရှာဖွေခဲ့ရာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၂)နာရီခွဲ အချိန်၌ အဆိုပါ သဲတင်သင်္ဘော ၀မ်းဗိုက် ပထမခန်း အတွင်းရှိ တက်/ဆင်း လှေကားအနီး၌ သဲများဖြင့် မြှုပ်နေသော အလောင်းအား ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်းစုမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။ 

Monday, September 9, 2013

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ကြိုဆိုသော ဒေသခံများကို ရဲများက တားဆီး

ထားဝယ်၊ စက်တင်ဘာ ၉၊ ၂၀၁၃
ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရောက်ရှိလာကာ ထားဝယ်မြို့ မြို့တော်ခန်းမတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး  မောင်းမကန်သို့ ခရီးဆက်ရာတွင် ထားဝယ်လယ်သမားအဖွဲ့က ကြိုဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့က ကြိုဆိုခွင့် မပြုကြောင်း သိရသည်။

အထက(၃)မြိတ်၌ မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

၂၀၁၂-၂၀၁၃ ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ(၈)ရက် နံနက်(၉)နာရီတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား /သူလေးများက မြန်မာကျောင်းသီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။

ရှးဦးစွာ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်က မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းတို့က အမှာစကား ပြောကြားကြသည်။ 



ခွေးကိုဆဲသည့် မြန်မာ အလုပ်သမား ပုလောမြို့နယ် ပလ ကျေးရွာသားအား ထိုင်းလူမျိုးက သေနတ်ဖြင့် ပစ်သတ်

(စက်တင်ဘာ ၉ ရက်)
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင် နေထိုင်သည့် ပုလောမြို့နယ် ပလ ကျေးရွာနေ  ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား ကိုသိန်းမင်းစံ အသက် (၂၁)နှစ် သည် ယမန်နေ့ညနေ ၆နာရီကျော် ခန့်က အချိုရည်နှင့် မုန့်များ ၀ယ်ယူရန် သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက် သဖြင့် ထိုခွေးအား ထိုင်းဘာသာ စကားဖြင့် ဆဲဆိုခဲ့ရာ စားစရာများ ၀ယ်ယူပြီးနောက် ပြန်လာသောအခါ ခွေးပိုင်ရှင် ထိုင်းလူမျိုး က အိမ်ရှေ့မှ စောင့်နေပြီးညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 


Sunday, September 8, 2013

ကင်းမွန်ကလေးများနှင့်အတူ




နက်ရှိုင်းလှသည့် ပင်လယ်သ မုဒ္ဒရာများထဲမှ ကင်းမွန်များသည် နှစ်စဉ်မုတ်သုံ ရာသီထွက်ပြီး တစ်လခန့်အကြာ အောက်တိုဘာလ ပိုင်းတွင် တနင်္သာရီ ကမ်းရိုးတန်း ဒေသဆီသို့ သဘာဝ အလျောက် ရောက်ရှိ လာလေ့ရှိကြသည်။ ထိုအချိန်မျိုးသည် မြန်မာနိုင်ငံ တောင်ပိုင်းဆီမှ ကင်းမွန်ဖမ်းသမားများ အလုပ်ရှုပ်ဆုံးအချိန် ဖြစ်သည်။ တစ်ပတ် ၁၀ ရက်စာအတွက် ရေခဲများ၊ စားနပ်ရိက္ခာများ၊ လောင်စာဆီများကို တင်ဆောင်ပြီး လှေကြီးလှေငယ်များဖြင့် ကမ်းခြေမှ ပင်လယ်ပြင်ဆီသို့ အလျှိုလျှိုထွက်ခွာကြသည့် ကင်းမွန်ဖမ်းလှေများနှင့် မြိတ်မြို့ ကမ်းနား၌ စည်ကားတတ်သည်။


မြိတ်မြို့၌ ဥပဒေ အသိပညာပေး သင်တန်း ဖွင့်လှစ်

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဥပဒေ အသိပညာပေးသင်တန်းကို စက်တင် ဘာလ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ထွန်းဘော် က အမှာစကား ပြောကြားခဲ့ပြီး သင်တန်းစတင်၍ သင်ခန်းစာများ ပို့ချခဲ့သည်။

မြိတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို မြိတ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမဆောင် ၌ စက်တင်ဘာလ(၇)ရက် နေ့လည်(၁)နာရီတွင် ကျင်းပရာ အထက(၂) ကျောင်းအုပ် ဆရာမကြီး ဒေါ်ထူးရွှေ က အမှာစကားပြောကြားသည်။

  


Saturday, September 7, 2013

မြိတ်မြို့ ဘုရားကိုင်ချောင်းကူး နောက်လယ်(၆)လမ်းတံတားအောက်၌ BA (၆၃) သေနတ်နှင့် ကျည်ဆံများ တွေ့ရှိ

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၆)နာရီ ခွဲ ကျော် အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ၊ မြို့သစ်(၁)ရပ် ၊ ရွှေနှင်းဆီလမ်းနေ ဦးဝယ်၏ သား မောင်စိုးနိုင် အသက် (၁၆)နှစ်သည် မြိတ်မြို့ နောက်လယ်ရပ်နှင့် မြိတ်တောင်နယ်မြေ ရေနံမြေရပ် ဘုရားကိုင်ချောင်းကူး နောက်လယ် (၆)လမ်း တံတားအောက်၌ နောက်လယ်ဘက်ကမ်း ဘုရားကိုင် ချောင်းအတွင်း ရေကျချိန် ပလပ်စတစ် အဟောင်းများ လိုက်လံ ရှာဖွေရာ၌ ပလပ်စတစ်အိတ် အဟောင်း ဖြင့် ပတ်ထားသော အထုပ်တစ်ထုတ်အား တွေ့ရှိကောက်ယူစဉ် ကျည်ဘောက်နှင့် သေနတ် အပိုင်းအစအား တွေ့ရှိ ခဲ့ရာ သက်ဆိုင်ရာ ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့ချက်အရ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ရှာဖွေတွေ့ရှိ ရာနေရာသို့ သွားရောက်စစ် ဆေးခဲ့ကြသည်။


Friday, September 6, 2013

မြိတ်မြို့၌ Mobile Team (ရန်ကုန်) ဆောင်ရွက်မည့် အစီအစဉ် နှင့်ပတ်သက်၍ အသိပေး ရှင်းလင်း



Mobile Team (ရန်ကုန်) ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းပွဲကို စက်တင်ဘာလ (၆)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည် လုပ်ငန်းးရှင်များ၊ မော်တော်ယာဉ် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


ပုဇွန်ဖောင်တိုင်စိုက်ထူရန် ရေထဲသို့ရေဆင်းငုပ်ရာမှ ရေနစ်သေဆုံး

ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာတွင် ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ၁၅၃၀ နာရီအချိန်ခန့်တွင် မစမ်းပါးကျေးရွာနေ စိုးလွင် အသက်(၃၂)နှစ်၊ အဘ ဦးအုန်းမြင်၊ ဗမာ၊ ဗုဒ္ဓ ရေလုပ်သား လုပ်ကိုင်သူမှာ မစမ်းပါးကျေးရွာ အနီး ဇ၀ဲပေါက်၊ လူသေချောင်း ကမ်းရေပြင်တွင် ပုဇွန်ဖောင်တိုင် စိုက်ထူရန်အတွက် ရေထဲသို့ဆင်းငုပ်ရာမှ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့ ၀၈၀၀ နာရီအချိန်ခန့်တွင် အခင်းဖြစ်ပွားရာနေရာ အရှေ့ဘက် ၁ ဖာလုံခန့်အကွာ ရေပြင်တွင် ပက်လက်လန်သေဆုံးနေသော အလောင်းအား တွေ့ရှိခဲ့သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း စခန်းဖွင့်ပွဲ မြိတ်မြို့၌ ပြုလုပ်

မြိတ်မြို့နယ်အတွင်း ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း အခြေစိုက် စခန်း (၆) ခု ဖွင့်လှစ်ခြင်း အခမ်းအနားအး ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန် မြိတ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ ပြုလုပ်ကျင်းပရာ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင်ပညာရေးမှူး ဦးကြည်သန်း၊ မြိတ်မြို့နယ် ပညာရေးမှူး ဦးဗိုလ်မောင်နှင့် ကျောင်းအုပ်ကြီးများ၊ အခြေစိုက်စခန်း (၆)ခုမှ ကြီးကြပ်ရေးမှူးများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။ 



သန္ဒုတ်ကျေးရွာ နိုင်ငံတော်ဘာသာနေ့ အခမ်းအနား မှတ်တမ်း ဓာတ်ပုံ


တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သန္ဒုတ်ကျေးရွာ၊ ကုန်းဘောင်ကျောင်းတိုက်တွင် ပြုလုပ် ကျင်းပသော ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း (၅၂) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို 25.8.2013 နေ့မှ 27.8.2013 နေ့အထိ  စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ 



ကျွန်းစုမြို့နယ် အတွင်း ဘင်္ဂါလီများသယ်ဆောင်မည့် ကုန်လှေ တစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန် များနှင့်အတူ ဖမ်းဆီးရမိ သတင်းခေါင်းစဉ်ပါ အကြောင်းအရာ နှင့်ပတ်သက်ပြီး ကုန်တင်လှေပိုင်ရှင် မွန်ပြည်သစ် ပါတီ(ခွဲထွက်) ဥက္ကဌ ဦးနိုင်စိုက်ချမ်းအား ဆက်သွယ်မေးမြန်းချက်


တိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေးအဖွဲ့ကို တာဝန်ယူဖြေရှင်းမှုမျိုး မလုပ်ဘဲ တပ်မတော်(ရေ)က တိုက်ရိုက် ရဲစခန်းကို လွှဲအပ်ခဲ့သလဲ


The Daily Eleven Newspaper၂၀၁၃ ခုနှစ် စက်တင်ဘာ(၄)ရက်၊ ဗုဒ္ဓဟူးနေ့စဉ်ထုတ် သတင်းစာပါ၊ စာမျက် နှာ၂၄ တွင်ဖော်ပြထားသော  ကျွန်းစုမြို့နယ် အတွင်း ဘင်္ဂါလီများသယ်ဆောင်မည့် ကုန်လှေ တစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန် များနှင့်အတူ ဖမ်းဆီးရမိ သတင်းခေါင်းစဉ်ပါ အကြောင်းအရာ နှင့်ပတ်သက်ပြီး ကုန်တင်လှေပိုင်ရှင် မွန်ပြည်သစ် ပါတီ(ခွဲထွက်) ဥက္ကဌ ဦးနိုင်စိုက်ချမ်းအား ဆက်သွယ်မေး မြန်းခဲ့ရာ ဦးနိုင်စိုက်ချမ်းမှ သတင်းဖော်ပြပါ အကြောင်းအရာ များမှာ အမှန်တကယ် ဖြစ်စဉ်နှင့် ကွဲလွဲချက် များစွာ ရှိနေကြောင်းနှင့် မွန်ပြည်သစ်ပါတီ(ခွဲထွက်)သည် မွန်ငြိမ်ချမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အတွက် ဖြေရှင်းသည့် ပုံသဏ္ဍာန်မှားယွင်းနေပြီး သတင်းစာတွင်ဖော်ပြထားသော ပ/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ (၁၉)က အရ အရေးယူသည်မှာ မှားယွင်းနေကြောင်း၊  နိုင်ငံတော် သမ္မတကြီး ဦးဆောင်၍ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိသော ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ဆန့်ကျင်သွေဖီ နေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ပြောကြားမှု အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။
 

Thursday, September 5, 2013

ပုလောမြို့၌ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူ များအား ဖမ်းဆီးအရေးယူ



၂၉-၈-၂၀၁၃ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ပုလောမြို့နယ်၊ ဇရပ်ဆိပ် ကျေးရွာနေ လွင်ကမ်း(ခ) စိုးလွင်(၃၆)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ် မီးဖိုဆောင် ဓနိမိုးကြားတွင် ၀ှက်သိမ်း ထားသည့် အစွန်းနှစ်ဘက်မှ မီးဖြင့်ပိတ်ထားသော အချိုရည်ပိုက် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများအား ပုလောမြို့နယ်၊ ကျောက်ဖဲရွာနေ တင်ရှီ(၇၀)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် လွင်ကမ်း(ခ) စိုးလွင်နှင့် တင်ရှီတို့ ၂ ဦးအား ပုလောမြို့မရဲစခန်း မယ(ပ)၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ကျွန်းစုမြို့နယ် NLD ပါတီဝင်များ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်



ကျွန်းစုမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပါတီဝင်များ စွမ်းရည်မြင့် သင်တန်း အမှတ်စဉ် (၁/၂၀၁၃) သင်တန်း ဖွင့်ပွဲအား(၄-၉-၂၀၁၃)ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန့်ခန့်တွင် ကျွန်းစုမြို့ပါတီရုံးတွင် ကျင်း ပြုလုပ်ရာ  အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုကိုလေးတို့မှ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ 


မြိတ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးရုံးများ အတွက် ရုံးအသုံးစရိတ် ငွေ (၃၄)သိန်း လှူဒါန်း

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ မြိတ်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က မြိတ်မြို့နယ် အတွင်းရှိ ဖွင့်လှစ်ပြီး ဖြစ်သော ရပ်ကွက် / ကျေးရွာ အုပ်စု ပါတီရုံးများအတွက် အလှူငွေ (၃၄) သိန်း ပေးအပ်လှူဒါန်းပွဲ ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်းရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ်တွင် ပြုလုပ်သည်။



Wednesday, September 4, 2013

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်များ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံ ရှင်းလင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်းကို ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ် အစည်းအဝေးခန်းတွင် ပြုလုပ်ကျင်းပသည်။

 

Tuesday, September 3, 2013

မြိတ်မြို့၌ ရေယာဉ်အသင်းအဖွဲ့များ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရေယာဉ် အသင်းအဖွဲ့များ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေးကို စက် တင်ဘာလ (၃)ရက် နံနက်(၁၀) နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရေကြောင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေယာဉ်အသင်း အဖွဲ့လုပ်ငန်းရှင်များ တက် ရောက်ကြသည်။