မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, September 30, 2012

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီ နာရေးအထောက်အကူအသင်း၊ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ နေ့လည် (၁၂၀၀) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ မြိတ်တောင်ရပ်ကွက်၊ နာရေးအထောက်အကူအသင်း၊ ၂၀၁၁-၁၂ ခုနှစ်၊ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါတယ်… ၄င်း အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နာရေး အထောက် အကူပြု အသင်းဝင်များနှင့် မိဘပြည်သူများ စုစုပေါင်း အင်အား (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်…

ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားအစီအစဉ်များမှာ-

၁။ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကတော့၍ အစည်းအဝေးဖွင့်လှစ်ခြင်း၊

၂။ နာယကမှ အဖွင့်အမှာစကားပြောကြားခြင်း၊

၃။ ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊

၎။ ဒု-ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊

၅။ တွဲဘက်အတွင်းရေးမှူးမှ အမှာစကားပြောကြားခြင်း၊

၆။ ၂၀၁၁-၂၀၁၂ ခုနှစ် စာရင်းရှင်းတမ်းအား အတွင်းရေးမှူးမှ ဖတ်ပြခြင်း၊

၇။ အကွက်အလိုက် အသင်း ကော်မတီများနှင့် အသင်းသူ/သားများမှ အထွေထွေပိုင်းကိစ္စ ဆွေးနွေးခြင်း၊

၈။ ဆွေးနွေးတင်ပြချက်များအား ဥက္ကဌမှ ရှင်းလင်းအတည်ပြုခြင်း၊

၉။ ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနား ပြီးမြောက်ခြင်း စသည်တို့ကို  ပြုလုပ်ခဲ့ကြပါတယ်…

အခမ်းအနားသို့ တက်ရောက်လာသော သူများအား  အကျွေးအမွေးများနှင့်ဧည့်ခံပြီး လက်ဆောင် ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်...

Tuesday, September 25, 2012

ရက်လွန်ဒါဏ်ကြေး၊ ဒေသဖွံဖြိုးရေးကြေး၊ VIP ကြေးများ၊ ငါးဦးစီးဌာနနှင့် တနင်္သာရီ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ အရှုပ်အထုတ်များ။

ရက်လွန်ဒါဏ်ကြေး၊ ဒေသဖွံဖြိုးရေးကြေး၊ VIP ကြေးများ၊ ငါးဦးစီးဌာနနှင့် တနင်္သာရီ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ အရှုပ်အထုတ်များ။
 
News of Myeik Face Book မှ ကူးယူဖော်ပြပါသည်။

တနင်္သာရီတိုင် ဒေသကြီးသည် ရေထွက်သံယံဇါတ အရင်းမြစ် များနှင့် ပေါကြွယ်ဝပြီး ဒေသခံအများစုမှာ ရေလုပ်ငန်းနှင့်ပင် စီးပွားအသက်မွေးကြသည်။ ထိုကိစ္စများတွင် ငါးဦးစီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့သည် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ တနင်္သာရီဒေသကြီး မြိတ်မြို့ရှိ လုပ်ငန်းရှင်များမှ ငါးဖမ်းလှေ(လိုင်းနီ) ငါးသယ်လှေ (လိုင်းဖြူ၊လိုင်းပြာ)များ ဖြင့်လုပ်ကိုင်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ချက် အတိုင်း အခွန်အခများ ပေးဆောင်ပြီး လုပ်ကိုင်ကြသည်။ တရားဝင် ပေးဆောင်ရသော အခွန်အခများအပြင်၊ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပေးဆောင်နေရသော အခကြေးငွေများ လည်းရှိပြီး၊ စစ်အစိုးရခေတ် တလျှောက်လုံးပေးဆောင်ရသည့် အပြင် ယနေ့တိုင်အောင် အစဉ်အလာမပျက် ပေးကမ်း နေရဆဲဖြစ်သည်။

(၁)...ဒေသဖွံ့ဖြိုးရေးကြေးဆိုသည်မှာ ငါးသယ်လှေများဖြစ်သော လိုင်းဖြူနှင့်လိုင်းပြာတို့မှ ထိုင်းနိုင်ငံသို့ တခေါက်ထွက်ခွာတိုင်း လိုင်းဖြူတစ်ခေါက်လျှင် (၃၀၀၀၀)သုံးသောင်းကျပ်နှင့် လိုင်းပြာ တစ်ခေါက်လျှင် (၁၅၀၀၀) တစ်သောင်းခွဲ ကျပ်ပေးဆောင်ရသည်။ လွန်ခဲ့သော(၁၀)နှစ်ကျော်လောက် ကတည်းမှ ယနေ့တိုင်အောင် ကောက်ခံနေဆဲဖြစ်ပြီး၊ ဒေသဖွံဖြိုးရေးကိစ္စရပ်များတွင် အမှန်တကယ်အသုံးပြုနေခြင်းမရှိခဲ့ပါ။ အရေးပေါ် လိုအပ်လာလျှင်လဲ နောက်ခေါင်းစဉ် တစ်မျိုးဖြင့် ထပ်ကောက်လိုက်ဦးမှာ ဖြစ်ပါသည်။ ။ ၄င်းငွေများကို မည်သူက မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချနေသလဲ။။။
 
(၂)...VIP ကြေးဆိုသည်မှာ လိုင်းနီ(ငါးဖမ်း)လှေ တစ်ခေါက်လျင်(၅၀၀၀) ငါးထောင်ကျပ်၊ လိုင်းဖြူ(ငါးသယ်) လှေတစ်ခေါက်လျင် (၁၀၀၀၀) တစ်သောင်းကျပ်၊ လိုင်းပြာ(ငါးသယ်) လှေတစ်ခေါက်လျင် (၅၀၀၀) ငါးထောင်ကျပ်ကိုနှစ်ပေါင်း ဆယ်နှစ်ကျော်ခန့် ပေးဆောင်လာရသည်မှာယနေ့တိုင်အောင်ဖြစ်သည်။ ။ ၄င်းငွေများကို မည်သူက မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချနေသလဲ။။။
(၃)... ရက်လွန်ဒဏ်ကြေးဆိုသည်မှာ သတ်မှတ်ရက်ထက် ကျော်၍ ၀င်ရောက်လာသော ငါးသယ်လှေ (လိုင်းဖြူ၊ လိုင်းပြာ) များမှ တရက်လွန်လျင် တစ်သိန်းကျပ်နှုန်းဖြင့် ကောက်ခံကြောင်း သိရပါသည်။ ၄င်းငါးသယ် လှေများသည် စက်ပျက်၍ဖြစ်စေ၊ ရာသီဥတုဆိုးဝါး၍ဖြစ်စေ၊  ငါးများရောင်းချရာတွင် တန်းစီစံနစ်ဖြင့် ရောင်းရ၍ ရက်ကျော်သည်ဖြစ်စေ၊ သွင်းကုန်ပစ္စည်းများ စောင့်ဆိုင်းရ၍ဖြစ်စေ၊ ထိုကိစ္စရပ်များ အမှန်တကယဖြစ်၍ အဖြစ်မှန်ကို အမှန်တိုင်း အထောက်အထားဖြင့် တင်ပြဖြစ်သော်လည်း ငါးဦးစီးဌာနမှ လက်မခံပါ။

ယခင် တိုင်းငါးလုပ်ငန်းဦးစီးမှူး ဦးလှထွန်း မပြောင်းရွှေမှီက ရက်လွန်ဒါဏ်ကြေးများထပ်၍ မကောက်ခံတော့ ပါကြောင်း တရားဝင်ပြောခဲ့သည်ကို အားလုံးက သိပါသည်။ ယခုအခါဝန်ကြီးရုံးမှ တရားဝင် ပြန်လည် ကောက်ခံ နေပြန်ပြီ ဖြစ်ပါသည်။ ခေတ်အဆက်ဆက်က တောင်းခံလာခဲ့သော အလှူငွေ အမျိုးမျိုးကိုလည်း ၄င်းလုပ်ငန်းရှင်များက ပေးဆောင်ခဲ့ရသည်။ သင်္ကြန်ဆိုလျင် သင်္ကြန်အတွက် အလှူငွေ၊ အမျိုးသမီးရေးရာ အလှူငွေ၊ ဘော်လုံးပွဲ ဆိုလျင်လည်း ဘော်လုံးပွဲလက်မှတ်၊ လက်ဝှေ့ပွဲ ဆိုလျင်လဲ လက်ဝှေ့ လက်မှတ် စသည် တို့အပြင် ယခုအခါ မြိတ်မြို့၏ နိုင်ငံကျော်အမတ်ကြီး ဦးဦးတင်ရှန် ၏ တင်ပြချက်အရ ဖြစ်မည်ထင်သည် အတင်ပြ ကောင်းလွန် နေတာလေ။ ဆိုကရေးတီးပြိုင်ပွဲ အတွက် ဆိုပြီး လုပ်ငန်းများထံမှ အလှူငွေ (အတင်းအကြပ်) ၅၂ သိန်း တောင်းခံနေပြန်ပြီ။ ယခင် ဦးလှထွန်း (တိုင်းဦးစီးမှူးဟောင်း)နှင့် ယခုလက်ရှိ တိုင်းဦးစီးမှူး လက်ထက်တွင် ကောက်ခံခဲ့သော ဒါဏ်ငွေ အမြောက်အမြား မည်သူက မည်သည့်နေရာတွင် မည်သို့အသုံးပြုနေပါသလဲ။ယနေ့ကာလသည် ဒီမိုကရေစီစံနစ်ဖြင့်လာနေပါ၍ ပွင့်လင်းမြင်သာသော အချိန်အခါမျိုးတွင် ယခုကဲ့သို့ အတောင်း အရမ်းများ မရှိသင့်တော့ ပါကြောင်းနှင့် နိုင်ငံတော်သမ္မတကြီး၏ website:http://www.president-office.gov.mm/ သို့ဆက်လက်တင်ပြသွားပါမည်။


Friday, September 14, 2012

ရဲစခန်းမှူးနှင့် ရဲသတင်းပေးများ လုပ်ရပ်ကြောင့် မြိတ်မြို့ ပြည်သူများ လုံခြုံမှု မရှိ



ရဲစခန်းမှူးနှင့် ရဲသတင်းပေးများ လုပ်ရပ်ကြောင့် မြိတ်မြို့ ပြည်သူများ လုံခြုံမှု မရှိ
News-Of-Myeik Facebook မှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/pages/News-Of-Myeik/366831823388912

မြိတ်မြို့တွင် ဥပဒေကို ချိုးဖောက်ကာ မကောင်းမှုမှန်သမျှကို ဂိုဏ်းဖွဲ့လုပ်ကိုင်နေ သော မြိတ်မြို့ မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင့်နှင့် ရဲသတင်းပေးများကြောင့် ပြည်သူများမှာ လုံခြုံ မှုရှိသည်ဟု ခံစားရခြင်း မရှိတော့ကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေချိုးဖောက်ကာ မကောင်းမှု မှန်သမျှကို ဂိုဏ်းဖွဲ့ လုပ်ကိုင်နေသော မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်လွင်နှင့် ရဲသတင်းပေး များကြောင့် ပြည်သူများမှာ ရဲအုပ်မြင့်လွင် ရှိသောမြို့တွင် နေထိုင်ရသည်မှာ လုံခြုံမှုရှိသည်ဟု လုံးဝမခံစားရတော့ကြောင်း မြိတ်မြို့နေ ပြည်သူ/သားများက ပြောကြားလာတဲ့ အတွက် ဒီသတင်းကို တင်ပေးလိုက်ရပါတယ်။ ပြည်သူများ အနေဖြင့် ဥပဒေဘက်တော်သား တစ်ယောက်ဟာ ဥပဒေကို လုံးဝ ချိုးဖောက် နေပြီး ဘယ်လိုမှ ယုံကြည်မှု မရှိတော့ကြောင်း အဆိုပါ အကျင့်ပျက်ရဲ ၀န်ထမ်း နှင့် ၄င်း၏တပည့်များ၊ ရဲသတင်းပေးများကို စိတ်ဆိုး ဒေါသထွက် နေကြကြောင်း သိရပါတယ် ရဲအုပ်မြင့်လွင် ဆိုသူမှာ နိုင်ငံတော်သမ္မတကြီးဦး သိန်းစိန် တာဝန်ယူပြီး နောက်ပိုင်းမှာ လာဘ်ပေးလာဘ်ယူ ကိစ္စများကို စတင် ကိုင်တွယ်တဲ့ အချိန်မှာ အဲဒီ အကျင့်ပျက် ရဲအုပ်လည်း စာရင်းထဲမှာ ပါသွားပြီး တနင်္သာရီမြို့ ကို ခဏသွားရောက် တာဝန်ထမ်းဆောင်နေခဲ့ပါတယ် အဲဒီ ရဲအုပ်ဟာ ရာထူးလျော့ချခံရခြင်း၊ အရေးယူခံရခြင်း မရှိပဲ သူ့အထက်က လူကြီးကို ပေးကမ်း နိုင်တာကြောင့် ရဲလူကြီးများနှင့် အဲဒီ ရဲအုပ်မြင့်လွင် တို့ဟာ သမ္မတကြီးကို တပတ် ရိုက်လိုက်နိုင်ခဲ့ပါတယ်။ တနင်္သရီမှာ အ၀င်ပြထားပြီး၊ မကြာခင်မှာ မြိတ်လေဆိပ် မှာ လူလိုသလိုလိုနှင့် နေရာတစ်ခုကို အကြောင်းပြပြီး မြို့ပေါ်ကို ရောက်လာ ပြန်ပါ တယ်။ သိပ်မကြာခင်မှာပဲ အပေးကမ်းကြမ်းတဲ့ အတွက် မြိတ်မြို့ ပေါ်က ဂုဏ် သိက္ခာကြီးတဲ့ ရဲဝန်ထမ်း တွေသာ ရုံးထိုင်ခွင့် ရှိတဲ့ မြို့မရဲစခန်းကို အဲဒီရဲအုပ်မြင့် လွင် ဆိုသူဟာ ပြန်လည် ရောက်ရှိလာပါတယ် ဒီကိစ္စကို သမ္မတကြီးနှင့် အထက် လူကြီးတွေ မလိုက်တာလား၊ သက်ဆိုင်ရာ ထောက်လှမ်းရေးတွေက ရောမသိ လိုက်တာလား ဆိုတာတော့ သူတို့ ကိုယ်တိုင်သိ ကြမှာပါ။ ပေးကမ်းပုံက အားလုံး သိန်း 700 လောက် အကုန်ခံပြီး ဒီနေရာကို မတန်မရာ ရယူလိုက်တယ်လို့ သိရ တယ်။ အဲဒီ ဂုဏ်သိက္ခာကြီးတဲ့ ပြည်သူ့ရဲတွေသာ ရုံးထိုင်လေ့ရှိတဲ့ မြို့မရဲစခန်းမှာ အကျင့်ပျက် ရဲတစ်ကောင် မတန်မရာ နေရာရလာပြီး ဒုတိယနေ့မှာပင် သူ့ ရဲ့ နောက်လိုက် ရဲသတင်းပေး ( informer ) တွေကို အားလုံး ခေါ်ယူပြီး ဘိသိပ်ခံ ယူုပွဲ ကျင်းပကြောင်း ရဲသတင်းပေးများကို တစ်ဦးလျှင် ကျပ် 50000 စီ ပေးစေပါ တယ်။ ရဲက ရဲသတင်းပေးတွေကို ငွေကြေးထောက်ပံ့ရမည့် အစား ရဲသတင်းပေး တွေက ရဲကို ဆက်ကြေးပြန်သွင်း ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ရဲအုပ် မြင့်လွင်က ရဲသတင်းပေးတွေနှင့် ဂိုဏ်းတစ်ခုဖွဲ့ပြီး လုပ်ပိုင်ခွင့်တွေ ဥပဒေမဲ့ချ ပေးလိုက်တာပဲ။ အခုဆိုရင် ရဲက ဥပဒေမဲ့လုပ်ရပ်တွေနှင့် အုပ်စုဖွဲ့ပြီး မြို့သစ်၊ မြိတ်တောင်၊ အင်းလေးမြိုင် စက်မှုဇုံ စတဲ့ ဆင်ခြေဖုံး ဒေသတွေမှာ ဖာခန်း (ပြည် တန်ဆာ )၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ချဲထီ၊ ( 2လုံး၊ 3 လုံး ) များကို အ ကြီး အကျယ် လုပ်ကိုင်နေ ပါတယ်။ အဲဒီတ စ်ဝိုက်က နေရာတွေ စားသောက်ဆိုင် အမည်ခံ ထားတဲ့ ( KTV )တွေ ၊ ဖာခန်းတွေ 66 ခုရှိတယ်လို့ သိရပါတယ် ကဲ... မြိတ်မြို့အတွက် အရုပ်ဆိုးဆုံး လုပ်ရပ်တွေကို ဒီလူတွေက နှမချင်းမစာနာလုပ် ကိုင်နေကြပါတယ် သူတို့က ဒီဒေသခံတွေ မဟုတ်တဲ့ အတွက် ဒီမြို့မှာ ရာထူးရ တုန်း လုပ်ချင်သလို လုပ်သွားပြီး ဒီကဒေသခံ မိကောင်းဖခင် သားသမီးတွေက တော့ ဒီလိုနေရာမျိုး မှာ ဘယ်လို နေထိုင်နေရတယ်ဆိုတာ ကိုယ်ချင်းစာကြည့် နိုင်ပါတယ်။ အဲဒီဖာခန်း ( ပြည်တန်ဆာအိမ် ) တွေ ၊ ချဲထီ ၊ မူးယစ်ဆေးဝါးလုပ် မှု တွေကို ၄င်း၏ တပည့် ရဲကြပ် မျိုးသိန်းနှင့် ဇော်မိုးအောင်ဆိုသူက လုပ်ကိုင် ပေးရပါတယ်။ ဆက်ကြေးတွေကိုလည် ဒီအကျင့်ပျက်ရဲတွေနှင့် ရဲသတင်းပေး တွေက လုပ်ကိုင်ကြပါတယ်။ မျိုးသိန်းဆိုသူ ရဲကြပ်ဟာလည်း အင်မတန်ယုတ် ညံ့သော စိတ်ထားရှိသည့် ရဲတစ်ဦး အဖြစ် မြို့နေ လူထုက ကောင်းကောင်းသိကြ ပြီး၊ ဘောင်းဘီကြီးဆိုသူနှင့်လည်း အဆက်သွယ်ရှိကြောင်း၊ ယခင် မူးယစ်ဆေးဝါး ရောင်းချခဲ့သူများ ကိုလည်း ၄င်းကပင် ရှယ်ယာထည့်ကာ ရောင်းချစေခဲ့ ကြောင်း မူးယစ်ဆေးဝါး ရောင်းချသည့်လူငယ်များကို ရဲများက လာဖမ်းသွား သောအခါ မူလနေရာကို မေးကြရာ သူတို့ဝယ်ရသည်မှာ မျိုးသိန်း ဆိုသည့် ရဲဖြစ် ကြောင်း၊ သူကရောင်းခိုင်းကြောင်း ပြောသောအခါ ရဲများက ဒီနာမည်ကို လုံးဝမ ပြောရန်၊ တရားရုံးတွင်လည်း ထုတ်မပြောရန် ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ် စက်ခြင်းများပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းပေးကြတဲ့ မသိနားမလည်တဲ့ လူငယ်အတော်များများဟာ သူတို့အပေါ်က လူကို မဖော်နိုင် ပဲ ထောင်ထဲမှာ အများကြီး ယခုထက်တိုင် အများကြီးရှိပါတယ်။ သားသမီးရှိသူ တိုင်း ကိုယ်ချင်းစာကြည့်ပါခင်ဗျား။။ မြင့်လွင်တို့ မျိုးသိန်း တို့မှာလည်း သားသမီး တွေရှိ နေပါတယ်။ ၀ဋ်ဆိုတာ မြန်ပါတယ်လို့ ဒေသခံတစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။ ရဲအုပ်မြင့်လွင်ဟာ မြို့သစ်ရဲစခန်းမှာ တာဝန်ကျစဉ် ကတည်းက ညပိုင်းအချိန်များတွင် လမ်းသွားလမ်းလာ လူများကို စခန်းကို ခဏလိုက်ခဲ့ ကိစ္စရှိသည် ဟုခေါ် ကာ စခန်းရောက်ပါက မှောင်ရိပ်ခိုသည်ဟု စွပ်စွဲကာ လူတစ်ဦးကို ကျပ် 20000 တောင်းကာ ပြန်ပေးဆွဲသည့် ပုံစံများနှင့် ငွေရှာခဲ့ကြောင်းသိရသည်။ နောက် နောက်များက မလုပ်ချင်တော့သော အခါတွင် လည်းကောင်း ငွေရနည်းသည့် အခါတွင်လည်းကောင်း၊ ဘ၀သစ် ကဲ့သို့နေရာများသို့ ပြောင်းပစ်မည်ဟု ခြိမ်း ခြောက်လေ့ရှိကြောင်း သိရပါတယ်။ ၄င်းမြင့်လွင်ဟာ သမီးမွေးနေ့၊ မယားမွေးနေ့၊ ၄င်း၏မွေးနေ့များ ပြုလုပ်ကာ မြိတ်မြို့ပေါ်ရှိ ၄င်းနှင့် မကင်းနိုင်သည့် အလုပ် များကို လုပ်နေသည့် လုပ်ငန်း 600လောက်က လူများကို မွေးနေ့ဖိတ်ပါတယ်။ တစ်ယောက် ကို မွေးနေ့ လက်ဆောင် တစ်သိန်းလောက်ပေးရပါတယ်။ အဲဒီငွေ တွေဟာ တစ်နှစ်ကို သိန်း 1800 လောက် နှစ်စဉ်ရရှိပါတယ်။ ရဲအုပ်မြင့်လွင်ဟာ လက်ရှိ မှန်လုံကားကြီး ( express ) 7 စင်းခန့်  အိမ်ခြံမြေ 5 ကွက်၊ ဆိုင်ကယ် အစီး 20 ( တက္ကစီ ) အုံနာ ထားပြီး အလွန် ချမ်းသာတဲ့ အကျင့်ပျက် ရဲတစ်ဦးအဖြစ် ဇိမ်ခံနေပြီး ၄င်းတပည့်များ ၊မျိုးသိန်း ၊ ဇော်မိုးအောင်၊နှင့် ရဲသတင်း ပေးများက သက်ဆိုင်ရာအလိုက် ဖာခန်း၊ မူးယစ်ဆေးဝါး၊ ထီ လုပ်ငန်းများကို ကြီးကြပ် ပေးနေရာ ၄င်းအား ဆက်သနေရကြောင်း သိရပါတယ်။ ဒီကိစ္စကို ပြည်သူများက တင်ပြလာတဲ့အတွက် ကျွန်တော်တိုမြိတ်သူ/ သားများကို တာဝန်ယူ ကာကွယ်ေ ပးနေကြတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် အထက်လူကြီး များ၊ နိုင်ငံတော်သမ္မတကြီး အထိ တင်ပြပါပေး ပါလို့ ပြောလာတဲ့အတွက် ဒီပို့စ် ကို တင်ပေးလိုက်တာ ဖြစ်ပါတယ်။ လူသား အားလုံးတရား ဥပဒေစိုးမိုးမှုအောက် တွင် နေထိုင်ကြပါစေ။

Wednesday, September 12, 2012

မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးသင်တန်းဖွင့်လှစ်

မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ်သော လက်တွေ့ လူထု စည်းရုံးရေးသင်တန်း (၁/၂၀၁၂) ဖွင့်ပွဲ အခမ်းအနားအား မြိတ်မြို့ ချောင်းကူးငယ် ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် (၁၁-၉-၂၀၁၂) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန် ပြုလုပ်ကျင်းပရာ တနင်္သာရီတို င်းဒေသကြီး ပါတီကော်မတီဝင် ဦးကြည်ထွန်းမှ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။
အဆိုပါ သင်တန်းအား (၁၁-၅-၂၀၁၂) ရက်နေ့မှ (၁၅-၅-၂၀၁၂) ရက်နေ့အထိ (၅)ရက်ကြာ စခန်းသွင်း ပို့ချသွားမည် ဖြစ်ပြီး တက်ရောက် လျက် ရှိသည့် သင်တန်းသား ဦးရေမှာ (၈၇) ဦး ဖြစ်သည်။

Monday, September 10, 2012

မြိတ် NLDကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုးများ ရှင်းလင်း


မြိတ် NLD မှ မြိတ်မြို့၊ လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုးများကို သမုတ်ကျေးရွာ ဒေသခံလူထုကို ရှင်းလင်း ပြောကြားခြင်းကို (9.9.2012)ရက်နေ့၊ နေ့လည်(12း00) နာရီတွင်၊ သမုတ်စြံ ပကျေးရွာ တွင် ပြုလုပ် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဖြိုးဝင်းထွန်းမှ အဖွင့်စကား ပြောကြားခြင်း၊ မြိတ်မြို့နယ် လူငယ်ဆရာဝန်များ ကွန်ရက်မှ တာဝန်ခံ ဒေါက်တာကျော်စွာဦးမှ စက်ရုံမှ ထွက်ပေါ်လာမည့် ဓါတ်ငွေ့များ အား ခွဲခြမ်း စိတ်ဖြာပြီး ကျန်းမာရေး ရှုထောင့်မှ ပြောကြားခြင်း၊ မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကိုဥက္ကာမင်းမှ ကျောက်မီးသွေးစက်ရုံ အဘ ယ်ကြောင့် ဖြစ်ပေါ်လာပုံ၊ ဒေသအတွင်းလိုအပ်နေသည့် လျှပ်စစ်ကို မည်သည့်နည်းဖြင့် ရရှိနိုင်သည့် အကြောင်း၊ လျှပ်စစ်မီးရရှိလာပါက (ဈေးနှုန်းသက်သာစွာဖြင့်)ဒေသ ဖွံ့ဖြိုး တိုးတက် လာနိုင်ခြင်းနှင့် စီးပွါးရေး ဖွံ့ဖြိုးမှုများ တိုးတက်လာနိုင်ကြောင်း ပြောကြားခြင်း၊ ကျောက်မီးသွေး စက်ရုံ၏ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား အကျယ်တ၀င့် ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော ဒေသခံများမှပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဟောပြောပွဲအား နေ့လည်(2း00)တွင် ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ သမုတ်စံပြကျေးရွာ ဒေသခံများ (၆၀)ဦးခန့် တက်ေ၇ာက်ခဲ့သည်။



မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီညီလာခံ (၂၀၁၂) ကျင်းပ





မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီညီလာခံ (၂၀၁၂) အခမ်းအနား ကို (၁၀-၉-၂၀၁၂) ရက်နေ့ နံနက် (၀၉၀၀) နာရီ အချိန် မြိတ်မြို့ ချောင်းကူးငယ်ရပ်ကွက်ရှိ တိုင်းပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပပြုလုပ်ရာ မြိတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ကော်မတီဝင်များ၊ မြိတ်မြို့နယ်အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနင်္သာရီတိုင်းဒေသကြီး ကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ထူးချွန်ကြက်ခြေနီများ ၊ ထူးချွန်ကျောင်းသားများ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်ကော်မတီဝင် ဦးလှိုင်ရွှေ၊ စည်းရုံးရေးမှူး ဦးဝင်းညွန့်၊ စည်းရုံးရေးမှူး ဦးအောင်ဝင်းတို့က ဆောင်ရွက်သည်။ ညီလာခံ သဘာပတိ ဦးလှိုင်ရွှေက အဖွင့်အမှာစကား ပြောကြားပြီးနောက် ထူးချွန်ကျောင်းသား (၃)ဦး၊ ထူးချွန်ကြက်ခြေနီ (၂)ဦးနှင့် ဖြိုးစေတနာအခမဲ့ ဆေးကုသခန်းတွင် စေတနာဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသော ဆရာဝန်(၃)ဦး ၊ အကူ (၂) ဦးတို့အား ပါတီ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုနောက် မြိတ်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဒေါ်နီလာမြင့်က မြို့နယ်ပါတီ၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ဖတ်ကြား တင်ပြပြီးနောက် ညီလာခံ တက်ရောက်လာသော ရပ်ကျေး ကိုယ်စားလှယ်များက စည်းရုံးရေးကဏ္ဍ၊ စီမံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများအပေါ် တွေ့ရှိသုံးသပ်ချက်များ ဆွေးနွေးပြီးနောက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ခံ မြို့နယ်ကော်မတီဝင်များက ကဏ္ဍတစ်ဦးချင်းအလိုက် တင်ပြချက် များအား ပြန်လည်ဆွေးနွေး သည်။

ထိုနောက် သဘာပတိက အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ် (၁၄)ချက်၊ ဆုံးဖြတ်ချက် (၃)ချက်အား အစည်းအဝေးတက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူဖတ်ကြား ကြေညာကာ သဘာပတိနိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် ကြွေးကြော်သံများဖြင့် ညီလာခံ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

Sunday, September 9, 2012

မြိတ်မြို့တွင် ပထမဦးဆုံး တစ်ကိုယ်တော် ဆန္ဒပြမှု ပြုလုပ်



မြိတ်မြို့ မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာရပ်တွင် နေထိုင်သူ ဦးစိုးခင်သည် (၉-၉-၂၀၁၂) ရက်နေ့ နံနက် (၀၇၀၀) နာရီအချိန်တွင် အောင်မင်္ဂလာရပ် သုခလမ်းမကြီး သုခ(၅)လမ်းထိပ်တွင် တစ်ကိုယ်တော် ဆိုင်းဘုတ် ကိုင်၍ ဆန္ဒပြသည်။ ၄င်းဆန္ဒပြရခြင်းမှာ ဆင်းရဲနွမ်းပါး ကျောမွဲလူတန်းစား အိမ်ငှား မှီခိုနေထိုင်သူများအား လစ်လပ်လျက်ရှိသော မြိတ်မြို့နယ်အတွင်းရှိ ဒီရေရောက်တော့ (မြိတ်အခေါ် - ဇရပ်တော)များကို အသုံးမပြုပါ ပစ်ထားရမည့်အစား အိမ်ယာမြေအဖြစ် သတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။ 



၎င်းသည် (၈-၉-၂၀၁၂) ရက်နေ့ (၇)နာရီခန့်အချိန်ကလည်း လူ(၂၀၀) ဦးခန့်အား ဦးစီးပြီး ကုန်ဖောက်ကျေးရွာ အထပ်သား စက်ရုံရှေ့တွင် စက်လှေဖြင့် မြိတ်မြို့ ချောင်းတစ်ဖက်ကမ်း တောထွင်ကြီးကျေးရွာ တနင်္သာရီ မြစ်ကမ်းနဘေးရှိ ဒီရေရောက်တောများတွင် အိမ်ယာမြေနေရာအတွက် တောခုတ်ပြီး ဝေခွဲယူရန် စည်းရုံးဆောင်ရွက်နေစဉ် တာဝန်ရှိသူများ၏ တားမြစ်မှုကြောင့် လူစုခွဲ ခဲ့ရသဖြင့် ယနေ့တွင် ထပ်မံ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။ 

ဦးစိုးခင်သည် နိုင်ငံသားမှတ်ပုံတင်အမှတ် (၆/တသရ(နိုင်) 031047) ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း အလုပ် မယ်မယ်ရရ လုပ်ကိုင်ခြင်း မရှိပဲ ဆယ်အိမ်မှူး ၊ မီးသတ် ဒုတပ်ခွဲမှူး တာဝန်များ ဆောင်ရွက်နေကြောင်းနှင့် ၄င်းတွင် မယား (၃) ဦး ရှိကြောင်း ၊ ယခင် ၄င်းအား ချထားပေးသည့် မြေကွက်အား မယားငယ် တစ်ဦးအား ပေးအပ်လိုက်ပြီး ဖြစ်ကြောင်း ၊ အခု ထပ်မံ မြေကွက် ရယူရန် လျှောက်ထားခြင်းသည် နောက်ထပ် မယားငယ် အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ရပ်ကွက်အတွင်း ဝေဖန်ပြောဆိုလျက် ရှိပါသည်။

မြိတ်မြို့နယ်တွင် ငါးနှစ်အောက်ကလေးငယ်များ၌ ခဲဆိပ်သင့်မှုတွေ့


မြိတ်မြို့တွင် နေထိုင်သော ငါးနှစ်အောက် ကလေးငယ်များ၌ ခဲဆိပ်သင့်မှုများ တွေ့ရှိရကြောင်း လုပ်ငန်းခွင် ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးက ပြောကြားသည်။

ထိုသို့ တွေ့ရှိရမှုကြောင့် မြိတ်မြို့ရှိ မြေအောက်ရေတွင် ခဲဆိပ်ပျော်ဝင်မှု မည်မျှရှိသည်ကို နှစ်လကြာ သုတေသန ပြုလုပ်မည်ဖြစ်ပြီး လေ့လာတွေ့ရှိ ချက်များကို ယင်းမြို့ရှိ ပြည်သူလူထုအား နိုဝင်ဘာလတွင် အသိပေး မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ လေ့လာသော အချိန်ကာလ အတွင်း ဖြစ်သောကြောင့် ခန္ဓာကိုယ် အတွင်း မည်သည့်ပမာဏ တွေ့ရှိရသည်ကို ပြော၍ မရကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“ခဲဆိပ်သင့်တဲ့ ငါးနှစ်အောက် ကလေးငယ်တွေကို တွေ့ရတာများလို့ လေ့လာဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီကလေးတွေ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ ပြောလို့မရပါဘူး။ ဘာကြောင့် ဖြစ်တယ်၊ ဖြစ်နေတာ ဘယ်လောက်ကြာပြီ ဆိုတာတော့ လေ့လာနေတုန်း မို့ပါ။ လေ့လာပြီး ရင်တော့ ပြည်သူလူထုကို တရား ၀င်ပြောပြမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လေ့လာ သုတေသနပြုခြင်းကို စက်တင်ဘာလတွင် စတင် မည်ဖြစ်ပြီး ရေ အရည်အသွေး တိုင်းတာစစ်ဆေး (PH Level) ပြီး၊ သောက်သုံးရန် သင့်၊ မသင့်ကို လေ့လာ စစ်ဆေးမည်ဟု ဆိုသည်။ သို့သော် ယင်းမြို့အတွက် ရေကို ရေရှည် အသုံးချ စီမံခန့်ခွဲမှုပါ ရှိမည် မဟုတ်သေးဘဲ ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြဒါး အဆိပ်သင့်မှုမျိုး မြန်မာနိုင်ငံတွင် မဖြစ်စေရန် လက်ရှိ အကောင် အထည် ဖော်ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများ၏ ရေဆိုးစွန့်ပစ်မှုများကို စံချိန်စံညွှန်းများဖြင့် ထားရှိ သင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အကြံပြုသည်။

တနင်္သာရီတိုင်း ဒေသကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် ခဲနှင့် အဖြိုက်နက် သတ္တုသိုက်များ အများဆုံး ရှိသော နေရာများဖြစ်ပြီး သတ္တုတွင်း တူးဖော်သည့် ကုမ္ပဏီ၁၀၀ (တရားဝင်နှင့် တရားမ၀င်) ကျော်ရှိကြောင်း သတ္တုတွင်း ၀န်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

သတင်း... 7Day News Journal