မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Tuesday, July 28, 2015

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစု ဇူလိုင် ၂၈ ရက်

ကျွန်းစုမြို့နယ်အတွင်း မိုးရာသီ၌အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါအား ဖြစ်ပွားပွားမှုနှုန်း လျှော့နည်းစေရန်နှင့် ကာကွယ်စေရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ရှိရာ ဇူလိုင်လ(၂၈)ရက်နေ့နံနက် (၇)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာ ရေးအဖွဲ့များ၊ မြို့နယ်အမျိုးရေးအဖွဲ့များနှင့် မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့ ပူးပေါင်းကာ ဖုံး၊သွန်၊ လှဲ၊စစ် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



အဆိုပါဆောင်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများလိုက်ပါလျက် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ရီရီမော်နှင့်အဖွဲ့ဝင်များ ပူးပေါင်းကာအပတ်စဉ် ရပ်ကွက်အသီးသီး နှင့်ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများကအလှည့်ကျ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ၊ ပိုးလောက်လန်း သေ(ABATE)ဆေးများထည့်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြသည်။

 ထိုနောက် မြို့နယ်အမျိုး သမီးရေးရာ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်ရီရီမော်နှင့်အဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းရှိ ချို့တဲ့သော မီးဖွားမိခင်နှင့်ကလေးငယ်များကို အိမ်တိုင်ရာရောက် အလှူငွေများ၊ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

ရန်နိုင် (ကျွန်းစု ပြန်/ဆက်)

Monday, July 27, 2015

မြိတ်မြို၌ စိတ်ကြွဆေးပြားများ ဖမ်းဆီး

မြိတ်မြို့နယ်၌ စိတ်ကြွ မူးယစ်ဆေးပြားများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိရာ စိတ်ကြွဆေးပြား ဖမ်းဆီးနှင့် ရောင်းချသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ
===============

မြိတ်မြို့နယ် အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး များ ဖမ်းဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ဖမ်းဆီး



မှု (၄)မှု ရှိခဲ့ကြောင်း သိရသည်။

Thursday, July 23, 2015

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ
ကျွန်းစု ဇူလိုင် ၂၃ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လူဦးရေစုစုပေါင်းရာခိုင်နှုန်း၏ ထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀မြှင့်တင် ရေးမှာ ကဏ္ဍတစ်ခုအဖြစ် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြရာ ကျွန်းစုမြို့နယ်တွင် အမျိုးသမီးများ ဘ၀မြှင့်တင်စေ ရေးအတွက် ရည်ရွယ်ကာ ကျွန်းစုမြို့နယ်အမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀မြှင့် တင်ရေးအသင်းက အခြေခံ စက်ချုပ်ပညာသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ ဧည့်ရိပ်သာအဆောင်တွင် ဇွန်လ(၂၀) ရက်နေ့ မှစတင်ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ
-------------------------------
မြန်မာပြည်၏ ပြည်သူလူထုသည် ရွေးကောက်ပွဲ အတွေ့အကြုံ အလွန်နည်း နေပါသေးတယ်။ အသက်ငါးဆယ်လောက် လူကြီးတစ်ယောက် တောင် ရွေးကောက်ပွဲ ကြုံဖူးတာ နှစ်ကြိမ် သုံးကြိမ် အပြင် မပိုလောက်သေးပါဘူး။ အခုမှ ၁၈နှစ်ပြည့်မည့် မဲဆန္ဒရှင် ကလေးများ အတွက် ပိုနည်းပြီပေါ့။ ရွေးကောက်ပွဲဝင်မည့် ပါတီတွေနှင့် ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ဖို့ ပြည်သူလူထု အပေါ်ကို အသိပညာပေး အစီအစဉ်တွေ လိုအပ်နေမယ်လို့ ထင်မြင်မိပါတယ်။

Sunday, July 19, 2015

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
ကျွန်းစု ဇူလိုင် ၁၉ ရက်

ကျွန်းစုမြို့နယ်အတွင်းရှိ အများပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြိတ်မြို့ အေးရိပ် ချောင်းဆရာတော်ဦးစီး၍ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ ရန်အောင်ကျောင်းတိုက် ဆရာတော်၏ မေတ္တာ တို့ပေါင်းစုကာ အခမဲ့ဆေးကုသမှုလုပ်ငန်းများကို ဇူလိုင်လ(၁၉)ရက် နံနက်(၉)နာရီအချိန်မှစတင်ကာ ညနေ(၄) နာရီအချိန်ခန့်အထိ မရမ်းချောင်းကျေးရွာ၊ ရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။




ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဆေးမှူး ဗိုလ်မှူး ခွန်ညီညီ ဦးစီး ဆေးအဖွဲ့ စစ်သည် (၃) ဦးနှင့် ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် ဦးစီး သူနာပြုများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၅ ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်း၌ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ သို့ သွားရောက်၍ ဒေသခံ ပြည်သူ လူထုများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆေး ကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။



ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ အခက်အခဲ တွေ့ရှိနေရ



ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ
အခက်အခဲ တွေ့ရှိနေရ

ဖန်စီလုပ်ငန်းများ အတွက် အထူး အသုံးဝင်သည့် ကြိမ်သီးများကို ရောင်းသူ/၀ယ်သူများနှင့် တစ်ဆင့် ခံ ရောင်းသူ/ ၀ယ်သူများ အဆင်ပြေလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၌ ကြိမ်သီး အရွယ်အစားအလိုက် ၀ယ်/ရောင်း ပြုလုပ်သူများထံမှ ဇူလိုင်လဆန်းရက်များက ဒေသခံများပြောပြချက် အရ သိရသည်။


(၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား

(၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ တွင် ကျရောက်သည့် (၆၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် မြိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်၌ နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဓမ္မစကူးလ် ကျောင်းများမှ လွမ်းသူ ပန်းခွေချ ဂါရ၀ ပြုထားစဉ်

Saturday, July 18, 2015

တက္ကသိုလ် ၀င်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား လွှတ်တော် ကိုယ်စားလှယ်များက ဂုဏ်ပြုဆုပေးပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်

တက္ကသိုလ် ၀င်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား လွှတ်တော် ကိုယ်စားလှယ်များက ဂုဏ်ပြုဆုပေးပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်
-----------------------------------------------------------------------
၂၀၁၄- ၂၀၁၅ ခုနှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင့်ခဲ့သည့် မြိတ်မြို့နယ် အတွင်း မှ ကျောင်းသူ ကျောင်းသား များအား မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် များက ဂုဏ်ပြုဆု ပေးအပ်ပွဲ အခမ်းအနားကို မြိတ်မြို့  ပုလဲရတနာ ခန်းမ၌ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဂုဏ်ထူးရ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်သည်။

Thursday, July 16, 2015

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ ရေတပ် စခန်းဌာနချုပ်မှ ဆေးမှူး ဦးစီး ဆေးကုသရေး ဆရာဝန်()ဦး နှင့် ဆေးတပ်သား ()ဦးပါ ဆေးကုသရေး အဖွဲ့သည်  --၂၀၁၅ ရက်နေ့နှင့်  --၂၀၁၅ ရက်နေ့ တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တာရပိုင်း ကျွေးရွာနှင့် စလွန်အော်ငယ် ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေး ဆေးစစ်ပေးခြင်းနှင့် ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ တာရပိုင်း ကျေးရွာ၌ ကျား ၄၈ဦး၊   ၁၂၃ ဦး၊ စုစုပေါင်း ၁၇၁ ဦးတို့အား လည်းကောင်း၊ စလွန်အော်ငယ် ကျေးရွာ၌ ကျား ၂၅   ဦး၊   ၂၅  ဦး၊ စုစုပေါင်း  ၅၀    ဦးတို့အား လည်းကောင်း   စစ်ဆေး ကုသပေးခြင်းများ   ဆောင်ရွက်ပေး ခဲ့ပြီး ဆက်လက် ဆေးကုသရန် လိုအပ်သောသူ များအား လိုအပ်သော ဆေးဝါးများ ဖြည့်ဆည်းထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သည်။




သောက်ရေ/သုံးရေ စနစ်တကျရရှိရေး တနင်္သာရီမြို့၌ ရေပိုက်လိုင်းများ သွယ်တန်းပေးလျက်ရှိ

သောက်ရေ/သုံးရေ စနစ်တကျရရှိရေး တနင်္သာရီမြို့၌  ရေပိုက်လိုင်းများ သွယ်တန်းပေးလျက်ရှိ
တနင်္သာရီ - ဇူလိုင်လ (၁၄) ရက်
တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်-တနင်္သာရီမြို့၏မြေအောက်ရေကျောသည် သတ္တုကျောများရှိနေ၍ လက်တူး တွင်းနှင့် စက်ရေတွင်းများ၏(၈၀%)သည် သတ္တုဓါတ်များ ပါဝင်သောရေများ ပါဝင်နေပြီး၊ ဒေသခံ ပြည်သူများ ကလည်း ချောင်းကြီး၊ ချောင်းငယ်မြစ်နှစ်သွယ်မှ သဘာဝမြစ်ရေ ကိုသောက်ရေ/သုံးရေ/ ချိုးရေအဖြစ် ယခုအချိန်အထိ သုံးစွဲ လျှက် ရှိနေဆဲဖြစ်သည်။ သို့ပါ၍ သန့်ရှင်းသည့်သောက်ရေ/ သုံးရေ စံနစ်တကျရရှိစေရေး အတွက် ဓါးသွေးချောင်း ရေတံခွန်မှ တစ်ဆင့်  မြို့တွင်းရပ်ကွက်နှစ်ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူအိမ်ထောင်စု (၁၀၀၀)ကျော်တို့ အတွက် သောက်ရေ/ သုံးရေ စံနစ်တကျပေးဝေရေးဆောင်ရွက် လိုကြောင်း တင်ပြတောင်းခံမှုအရ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ (၂၀၁၅-၂၀၁၆)ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း(၂၂၉.၄၅)ဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌဦးအင်ကိုနှင့် ကော်မတီဝင်များမှ ကြီးကြပ်၍ ရပ်ကွက်နှစ်ခု အတွင်းလမ်းများ အတိုင်းရေမြောင်းများ အတွင်းရေပိုက်လိုင်းများ သွယ်တန်းပေးလျက်ရှိရာ (၈၀%)ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။




Wednesday, July 15, 2015

သဗ္ဗာန်မောင်းနှင်နေသူ ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွား

သဗ္ဗာန်မောင်းနှင်နေသူ ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွား
-----------------------------------------------------------------------
၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ဒုရဲအုပ် အောင်မိုးဟိန်းသည် မြိတ်မြို့ မ ရဲစခန်း၌ တာဝန်မှူး တာဝန် ထမ်းဆောင်နေစဉ် မြိတ်မြို့ ထားဝယ်စုရပ်ကွက် ကမ်းနားလမ်းရှိ ရေပြင်၌ ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်းအား တွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ  မြိတ်မြို့ ပန်စရာရပ် ပြင်းငယ်ကျောင်းလမ်းနေ မင်းမင်း (ခ) ရာရှစ်ဘိုင် ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်ထွန်း အား ရေနစ် သေဆုံးလျက် ရှိကြောင်း သိရသည်။

တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ၊ ဇူလိုင် ၁၃

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၁၅ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်မောင် ဌေး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။




တပ်မတော်(ရေ)မှ ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ

တပ်မတော်(ရေ)မှ ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀ ရက် ည ၁၀ နာရီခန့်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေးမေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့်လှိုင်းများ ကြီးနေသဖြင့် ရှာဖွေ ရှင်းလင်းခြင်းလုပ်ငန်းများ ခေတ္တဆိုင်းငံ့ ခဲ့ရသည်။



Sunday, July 12, 2015

မြိတ်မြို့ ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မြိတ်မြို့ ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဇူလိုင်လ ၁၁ ရက်နေ့  နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ချုံနွယ်များ ရှင်းလင်း ပေးခြင်း၊ ရေတွင်းရေကန်များ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ပြုလုပ်ပေးခြင်း တို့အား စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ ကာလအတွက် တာဝန်ပေးအပ်မည့် အထူးရဲများအား စိစစ်ရွေးချယ်

မြိတ်မြို့နယ် အတွင်း ရွေးကောက်ပွဲ ကာလအတွက် တာဝန်ပေးအပ်မည့် အထူးရဲများအား စိစစ်ရွေးချယ်

၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ ကာလ အတွင်း မြိတ်မြို့နယ်၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများအား စိစစ်ရေး အဖွဲ့ဖြင့် ရွေးချယ်ခြင်းအား မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့ရာ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး က အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များ ထမ်းဆောင်ရမည့် တာဝန်နှင့် လိုအပ်သည့် အချက်အလက်များအား ရှင်းလင်း ပြောကြားကာ အထူးရဲ စိစစ်ရေး အဖွဲ့ဖြင့် စိစစ်ရွေးချယ်ခဲ့သည်။





Friday, July 10, 2015

ကျွန်းစုမြို့နယ်သို့ နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး THE CARTER CENTER အဖွဲ့မှ မြို့နယ် ရွေးကောက်ဆိုင်ရာ လုပ်ငန်းများ လာရောက်လေ့လာ



ကျွန်းစုမြို့နယ်သို့ နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး THE CARTER CENTER အဖွဲ့မှ မြို့နယ် ရွေးကောက်ဆိုင်ရာ လုပ်ငန်းများ လာရောက်လေ့လာ

ကျွန်းစု ဇူလိုင် ၉ ရက်

ကျွန်းစုမြို့နယ်တွင် အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး အဖွဲ့အစည်း တခုဖြစ်သော THE CARTER CENTER အဖွဲ့မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ ဇူလိုင်လ (၉)ရက် နံနက်(၁၀)နာရီက လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဘန်းလမွတ်ကျေးရွာလုံးကျွတ် မြေအငှါးဂရန်ရရှိရေး ညှိနှိုင်းအစည်းဝေးကျင်းပ

ဘန်းလမွတ်ကျေးရွာလုံးကျွတ် မြေအငှါးဂရန်ရရှိရေး ညှိနှိုင်းအစည်းဝေးကျင်းပ
တနင်္သာရီ - ဇူလိုင်လ(၉)ရက်

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာ အုပ်စု ဘန်းလမွတ်ရွာ အတွင်း နှစ်ပေါင်းများစွာ ကတည်းက  အသက်မွေးဝမ်းကြောင်းပြု  နေထိုင်ခဲ့ကြသည့်   အိမ်ခြေ(၁၆၁) အိမ်တို့အား  မြို့နယ်အဖွဲ့မှ အဆင့်ဆင့် ထောက်ခံမှုအရ  နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စံပြကျေးရွာ အဆင့် ကျေးရွာလုံးကျွတ် မြေအငှါးဂရန် (မြေငှါးစာချုပ်) ရရှိရေး ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၈)ရက် မွန်းလွှဲ(၂)နာရီအချိန် ဘန်းလမွတ်ကျေးရွာ ဇေယျ သိန္ဒိ ဓမ္မကျောင်း ဓမ္မာရုံအတွင်း၌ ကျးင်းပခဲ့ရာ မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌဦးရဲထွန်းလွင်နှင့် အဖွဲ့ဝင်များ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ၊ ရပ်မိ/ရပ်ဖများ၊ အိမ်ထောင်ဝင်များစုံညီစွာ  တက်ရောက်ခဲ့ကြသည်။

Wednesday, July 8, 2015

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်းဖွင့်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်းဖွင့် ....................................
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဝင်းမြင့်၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ထွန်း၊ ခရိုင် ဥပဒေအရာရှိ ဦးလှထွန်း၊ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဦးလှိုင်ဘွား၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် အရန်မီးသတ်တပ်ခွဲမှူး ၁၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၆၀၊ စုစုပေါင်းအင်အား ၈၀ ခန့်တက်ရောက်ခဲ့သည်။

ကျောက်တလုံးကျေးရွာ အုပ်စု အတွင်းရှိ မူလတန်းကျောင်းခွဲ(၄)ကျောင်းမှ ချို့တဲ့ကျောင်းသူ/သား များအား ထောက်ပံ

ကျောက်တလုံးကျေးရွာ အုပ်စု အတွင်းရှိ မူလတန်းကျောင်းခွဲ(၄)ကျောင်းမှ
ချို့တဲ့ကျောင်းသူ/သား များအား ထောက်ပံ


တနင်္သာရီ  ဇူလိုင်လ (၇) ရက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပညာရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူသည် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးဟုန်စိုးနှင့် ၀န်ထမ်းများ၊ မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့် ၀န်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးရီ ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးတင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး အဖွဲ့ဝင်များ၊  ကျောက်တလုံးကျေး ရွာအုပ်စုနှင့် ညောင်ပင်ကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  ကျန်းမာရေးမှူး ဦးကျော်ဆန်း နှင့်  ဘက်စုံသားဖွား ဆရာမများ လိုက်ပါလျက်  ဇူလိုင်လ(၇)ရက်  နံနက်(၁၁း၃၀)အချိန်မှစ၍  တနင်္သာရီမြို့နယ် ကျောက်တလုံး ကျေးရွာ အုပ်စု အတွင်းရှိ ဝေးလံခေါင်ပါး၍ ရေလမ်းကြောင်း တစ်ခုတည်းကိုသာ အားထား သွားလာနေရသော ကျောက်တလုံး ကျေးရွာ ၊ ကြိမ်ချောင်းဝကျေးရွာ ၊ ကျွဲခရံကျေးရွာနှင့် ဘုရားဝတ်ကျေးရွာ မူလတန်းကျောင်း(ခွဲ)တို့ရှိ ချို့တဲ့ကလေး ကျောင်းသူ/သား  (၁၀၁)ဦးတို့အား ကျောင်းလွယ်အိတ်၊ ဗလာစာအုပ် နှင့် ခဲတံတို့ကို တစ်ဦးချင်းစီ ထံသို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။


ပညာရေးမြှင်တင်မှု အကောင်အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ ကျင်းပ

ပညာရေးမြှင်တင်မှု အကောင်အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ ကျင်းပ
မြိတ်  ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်း ၂ဝ၁၅ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ အခမ်းအနားကို မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ပြည်ပပို့ကုန် အမယ်သစ်ဖြစ်သော ပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်းအား ပိုမိုလုပ်ကိုင်လျက်ရှိ

ပြည်ပပို့ကုန် အမယ်သစ်ဖြစ်သော ပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်းအား ပိုမိုလုပ်ကိုင်လျက်ရှိ

ရန်ကုန်   ဇူလိုင်   ၆

မြန်မာနိုင်ငံ အပါအဝင် ပင်လယ်သမုဒ္ဒရာနှင့်နီးသော ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ များတွင် ပင်လယ်ရေမှော် မွေးမြူခြင်းကို ပိုမိုလုပ်ကိုင်လျက် ရှိကြသည်။ ၎င်းပင်လယ်ရေမှော်သည် စားသောက်ကုန်လုပ်ငန်းများ အပြင် ဆေးဖက်ဝင်ပြီး ကျန်းမာရေးနှင့် ကိုက်ညီသောကြောင့် ယခုချိန်တွင် ၎င်းရေမှော်များ ဖြစ်ထွန်းရာ တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ ကျွန်းစုများတွင် မွေးမြူနေကြသည်။

တက္ကသိုလ်ဝင် စာမေးပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကိုယ်စားပြု ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြိုးအိမ်ကြည်နှင့် တွေ့ဆုံ မေးမြန်းခြင်း

တက္ကသိုလ်ဝင် စာမေးပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကိုယ်စားပြု ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြိုးအိမ်ကြည်နှင့် တွေ့ဆုံ မေးမြန်းခြင်း

Tuesday, July 7, 2015

တနင်္သာရီမြို့၌ ဖုံး/ သွန်/ လဲ/ စစ် နှင့် အဘိတ်ဆေးခတ်ပေးခြင်း ပြည်သူ့ အကျိုးပြုလုပ်ငန်း စုပေါင်း ဆောင်ရွက်

တနင်္သာရီမြို့၌ ဖုံး/ သွန်/ လဲ/ စစ် နှင့် အဘိတ်ဆေးခတ်ပေးခြင်း  ပြည်သူ့ အကျိုးပြုလုပ်ငန်း
စုပေါင်း ဆောင်ရွက်


တနင်္သာရီ - ဇူလိုင်လ (၆)ရက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်  တနင်္သာရီမြို့တွင် သွေးလွန် တုတ်ကွေးရောဂါ လက္ခဏာနှင့် အသွင်တူသည့် အပြင်းဖျား  ဖျားခြင်းရောဂါဖြင့် ဆေးရုံ၌  အတွင်းလူနာ အဖြစ် ကုသခံနေရသူ များပြား နေသဖြင့် သွေးလွန် တုတ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး အသွင်နှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ရေကန်များ၊ ရေသိုလှောင်သည့် တိုင်ကီပုံးများ၊ ရေ၀ပ်နေသော အိုးခွက်၊ တာယာဟောင်းများ၊ အိုးခြမ်းပဲ့များအား  ဖုံး/ သွန် / လဲ / စစ် အစီအစဉ် နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေး အတွက် အဘိတ် ဆေးခတ်ပေးခြင်း လုပ်ငန်းများကို စုပေါင်း အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် လျက် ရှိရာ  ဇူလိုင်လ(၆)ရက်နေ့  မွန်းလွဲ(၁၂း၃၀)အချိန် မှ(၃း၀၀) နာရီ အချိန်​ထိ တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်  အာယုလမ်းနှင့် ၀ဏ္ဏလမ်း တစ်လျှောက် နေအိမ်များအား  စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြသည်။



ကျွန်းစုမြို့ သီရိမင်္ဂလာကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကျွန်းစုမြို့ သီရိမင်္ဂလာကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့  အမှတ် (၃) ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် (၉)နာရီ အချိန်၌ ယင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။



Monday, July 6, 2015

အမြန်ရေယာဉ် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းရေး စစ်ဆေးရေး အဖွဲ့မှ ကြီးကြပ် ဆောင်ရွက်

အမြန်ရေယာဉ် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းရေး စစ်ဆေးရေး အဖွဲ့မှ ကြီးကြပ် ဆောင်ရွက်

တနင်္သာရီ - ဇူလိုင်လ(၅)ရက်

တနင်္သာရီတိုင်း ဒေသကြီး ၊  မြိတ်ခရိုင်  တနင်္သာရီမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုနှင့် မြစ်ရေ စီးသန်နေမှု အနေအထား အရ  တနင်္သာရီမြို့မှ မြိတ်မြို့၊  မြိတ်မြို့မှ တနင်္သာရီမြို့သို့ နေ့စဉ် အစုန်/ အဆန် မျက်နှာချင်းဆိုင် ပြေးဆွဲလျက် ရှိသော ရေအမြန်ယာဉ်များ၌ လိုက်ပါသွားလာကြသည့်  ခရီးသွား ပြည်သူများနှင့် နိုင်ငံခြားသား ခရီးသည်များ  ဘေး အန္တရယ် ကင်းရှင်းစေနိုင်ရေး အတွက် အမြန်ရေယာဉ် ကြီးကြပ် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ၏ လမ်းညွှန်မှုဖြင့် မြို့နယ် အမြန်ရေယာဉ် စစ်ဆေးရေး ပူးပေါင်း အဖွဲ့က အပတ်စဉ် (သို့မဟုတ်) အရေးပေါ်ကာလ များ၌ စစ်ဆေးလျက်ရှိကြသည်။



“သမ၀ါယမချေးငွေအပေါ် ဘယ်သူတွေ အမြတ်ထုတ်နေသလဲ”

“သမ၀ါယမချေးငွေအပေါ် ဘယ်သူတွေ အမြတ်ထုတ်နေသလဲ”

နိုင်ငံတော်၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အာဏာကို အစိုးရ သစ်မှ တာဝန်ယူ ချိန်တွင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း များတွင် သမ၀ါယမ ကဏ္ဍမှ ပါဝင်လာ စေရန် နိုင်ငံတော် သမ္မတမှ သမ၀ါယမ ၀န်ကြီးဌာနသို့ တာဝန် ပေးအပ် ခဲ့သည်။ အထူးသဖြင့် ကျေးလက်ဒေသရှိ ပြည်သူများကို အထောက်အကူဖြစ်စေ သည့် လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း များကို သမ၀ါယမ၀န်ကြီး ဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ 

ရေကြောင်းရဲအဖွဲ့နှင့် Mobile Team အဖွဲ့ပူးပေါင်းပြီး တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်တရားမဝင် ကုန်ပစ္စည်းများ စတင်ဖမ်းဆီး

 ရေကြောင်းရဲအဖွဲ့နှင့် Mobile Team အဖွဲ့ပူးပေါင်းပြီး တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်တရားမဝင် ကုန်ပစ္စည်းများ စတင်ဖမ်းဆီး

( မျိုးပပစန်း၊ ဝေဝေဖြိုး Sunday, 05 July 2015 ပြည်ထောင်စုနေ့စဉ် သတင်းစာ)

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီနှင့်ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရေကြောင်း ရဲအဖွဲ့တို့  ပူးပေါင်းပြီး ယခုလ ၁ ရက်မှ စတင်ကာ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် တရားမဝင် တင်ဆောင် လာသည့် စက်လှေ၊ငါးဖမ်းသင်္ဘော များကို ဖမ်းဆီးမည်ဖြစ်ကြောင်း Mobile Team အဖွဲ့မှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက ပြောသည်။

Saturday, July 4, 2015

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီ - ဇူလိုင် (၃) ရက်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ   ၏ လမ်းညွှန်ချက်အရ မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ကိုယ်စား တောအုပ်ကြီး ဦးတင်မောင်လတ် ဦးစီးလျက်  သစ်တော စိမ်းလန်း စိုပြေ ရေးနှင့် ရာသီဥတု ထိန်းသိမ်းနိုင်ရေး ရည်ရွယ်၍ မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုး ပွဲတော်ကိ ဇူလိုင်လ(၃)ရက်  နံနက်(၀၇း၃၀) အချိန်   အရှေ့မော်တုန်း ကျေးရွာအုပ်စု - အရှေ့မော်တုန်းရွာ  အမှတ် (၃၀၆) အမြောက် တပ်ရင်း သစ်ပင် စိုက်ကွင်း နေရာတွင် ကျင်းပခဲ့သည်။