မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, December 29, 2014

မြိတ်မြို့ ရှိ တော်ဝင်ဆေးရုံနှင့် ပတ်သက်သော သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟာလ သာဖြစ်

မကြာမီ ရက်ပိုင်း အတွင်းက မြိတ်မြို့  မြစ်ငယ်ရပ် ဗိုလ်ချုပ်ရုပ်ထု အရှေ့ရှိ တော်ဝင်ဆေးရုံနှင့် ပတ်သက်၍  ပြင်ပတွင် ဖြစ်ပေါ်သော ကလေးမွေးဖွားရာတွင် ပြုတ်ကျပြီး သေဆုံးသည်ဟု  သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟာလသာ ဖြစ်ကြောင်း သိရသည်။

Sunday, December 28, 2014

အသက် (၁၀၀)နှင့် အထက် သက်ကြီးဝါကြီး အဘိုးအဘွားများအား ဂုဏ်ပြု ချီးမြှင့်မည်

အသက် (၁၀၀)နှင့် အထက် သက်ကြီးဝါကြီး အဘိုးအဘွားများအား ဂုဏ်ပြု ချီးမြှင့်မည်
----------------------------------------------
နိုင်ငံတစ်ဝန်းရှိ အသက် (၁၀၀)နှင့် အထက် သက်ကြီး ၀ါကြီး အဘိုး ၁၆၉ ဦး၊ အဘွား ၄၀၀ စုစုပေါင်း ၅၆၉ ဦးတို့အား နိုင်ငံတော် သမ္မတက ၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်သည်။

Wednesday, December 24, 2014

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများရှိ ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများရှိ  ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်သည် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သည့် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုး၊ ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်၊ ပုလောမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ၊ ကျွန်းစုမြို့နယ်မှ ဌာနဆိုင်ရာများနှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ် ကျွဲခရံ ကျေးရွာ အုပ်စု သဇင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဇင်၊ ကျွဲခရံ၊ တောနောက်လယ်၊ ပဲ့တိုင်၊ ပန်းဇင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀ ကျော်ခန့်ဖြင့် လည်းကောင်း၊ နေ့လည်ပိုင်းတွင် မောင်းလှော်သို့ သွားရောက်ပြီး မောင်းလှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မောင်းလှော်၊ အညှင်း၊ ညောင်ဘီး၊ မင်းဂုတ်၊ ဇေးကမိ၊ ပြင်ဝန်း၊ ၀ါရစ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူလူထု (၃၀၀)ကျော်ဖြင့် လည်းကောင်း  တွေ့ဆုံဆွေးနွေးသည်။ 


Thursday, December 18, 2014

ကော်ရှူ ကလေးသူငယ်များအား တားမြစ် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ မြိတ်မြို့တွင် ပြုလုပ်

ကော်ရှူ ကလေးသူငယ်များအား တားမြစ် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ မြိတ်မြို့တွင် ပြုလုပ် 

မူးယစ်ဆေးဝါးသားကောင် အဖြစ် ရောက်ရှိနေသော ကော်ရှူ ကလေးသူငယ်များအား တားမြစ် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားအား မြိတ်မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် (၂)နာရီ အချိန်၌   ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးသိန်းမှ ယခုခေတ် လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းများ အပါအ၀င် ကော်ရှူခြင်းများပါ ပြုလာ၍ အကျင့်စာရိတ္တ ပျက်ပြား လာခြင်း၊ ထိုသို့ ရောင်း/၀ယ် သုံးစွဲခြင်းများ အပေါ် ဥပဒေအကြောင်း အရ အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း ဆက်လက် တိုးပွားလာသဖြင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ အထောက်အကူပြု အဖွဲ့များ၊ ရပ်မိရပ်ဖများ မှလည်း အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ကူညီ ဆောင်ရွက် ပေးရန် ဆွေးနွေး ပြောကြားသည်။

ကော်ရှူသည့် လူငယ်(၈)ဦးအား ထောင်ဒဏ် (၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးမှ ပြစ်ဒဏ် ချမှတ်



ကော်ရှူသည့် လူငယ်(၈)ဦးအား ထောင်ဒဏ် (၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးမှ ပြစ်ဒဏ် ချမှတ်

မြိတ်မြို့နယ် အတွင်း လုပ်ငန်းများတွင် အသုံးပြုသည့် ကော်ဗူးများမှ ကော်ရှူသည့် လူငယ်များအား မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈) အရ (၂၀-၁၀-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်အမှတ် (၄/၂၀၁၄) အား လိုက်နာရန် ပျက်ကွက် ခဲ့သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈)ဖြင့် လူငယ် (၈)ဦးအား ထောင်ဒဏ်(၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ 

Wednesday, December 17, 2014

ဓာတ်ပုံများအား တရားမ၀င် ကူးယူနေသည့် ကိစ္စနှင့်ပတ်သက်၍ C4E ဆိုင်အား မြိတ်မြို့ရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသူများမှ အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား

ဓာတ်ပုံများအား တရားမ၀င် ကူးယူနေသည့် ကိစ္စနှင့်ပတ်သက်၍  C4E ဆိုင်အား မြိတ်မြို့ရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသူများမှ အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား


မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံရိုက်ကူး ဖန်တီးနေသော ဓာတ်ပုံဆိုင်များမှ ရိုက်ကူးထားသည့် ဓာတ်ပုံများအား ၄င်းတို့၏ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တရားမ၀င် ကူးယူ၍ အခကြေးငွေဖြင့် စီးပွားရှာနေသော မြိတ်မြို့ရှိ C4E ဆိုင်အား ဓာတ်ပုံရိုက်ကူး ဖန်တီးသူများမှ အရေးယူပေးပါရန် တိုင်ကြားမှုကြောင့် မြိတ်မြို့မ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးပြီး တရားဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

C4E ဆိုင်သည် မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသော ဓာတ်ပုံဆိုင်များမှ ရိုက်ကူးထားသော ဓာတ်ပုံများအား အခကြေးငွေဖြင့် တရားမ၀င် ကူးယူနေသည့်အပေါ် ဓာတ်ပုံ ပညာရှင်များမှ ၄င်းကဲ့သို့ ကူးယူ ခြင်း မပြုရန် တိုင်ကြားမှုအပေါ် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်း ဥက္ကဋ္ဌ နှင့် ဥပဒေ ပညာရှင်များ လာရောက် ပညာပေး ဆွေးနွေးခြင်း ပြုလုပ်ခဲ့သော်လည်း လိုက်နာမှု မရှိသည့် အပေါ် ဒုတိယ အကြိမ် အနေဖြင့် ၂၀၁၃ ခုနှစ် မတ်လ (၄) ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြိတ်မြို့ရှိ ဓာတ်ပုံပညာရှင်များမှ ၄င်းတို့ ရိုက်ကူး ဖန်တီးထားသည့် ဓာတ်ပုံအား စီးပွားဖြစ် လုပ်ငန်း အရပ်ရပ်တွင် ပွားကူး၍ ဖြစ်စေ ၊ ဆင့်ပွား၍ ဖြစ်စေ ၊ ဖြတ်ပိုင်း၍ ဖြစ်စေ ၊ အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် တားမြစ်ချက်ကို မလိုက်နာပါက အရေးဆိုခြင်း၊ မူပိုင်ကြေး တောင်းခံခြင်း နစ်နာကြေး တောင်းခံခြင်းများကို ဥပဒေအရ ဆောင်ရွက်မည် ဖြစ်ကြောင်း သတိပေး ကြေညာ ထားသော်လည်း လိုက်နာမှု မရှိခြင်း တို့ကြောင့် ဓာတ်ပုံ ဆိုင်များမှ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လက်မှတ်ရေးထိုး တိုင်ကြားမှုအပေါ် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ C4E ဓာတ်ပုံဆိုင်အား ၄င်းကဲ့သို့ ကူးယူခြင်း မပြုရန် နှင့် အကယ်၍ ကူးယူခဲ့ပါက တရားမကြောင်း၊ ဥပဒေကြောင်း အရ တရားစွဲဆိုနိုင်ကြောင်း အသိပေးထားကြောင်း သိရှိရသည်။

C4E ဓာတ်ပုံဆိုင်သည် မြိတ်မြို့နယ်ရှိ ဓာတ်ပုံ ဖန်တီး ရိုက်ကူး လုပ်ကိုင်နေသော ဓာတ်ပုံဆိုင်များမှ အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့သော်လည်း ၄င်းတို့ ကိုယ်ကျိုး စီးပွားအတွက် ကိုယ်တိုင် ဖန်တီးမှု မပါပဲ အခကြေးငွေဖြင့် ကူးယူနေသောကြောင့် အမှန်တကယ် ဖန်တီးရိုက်ကူးခဲ့သည့် ဓာတ်ပုံဆိုင်များမှာ အခန်းငှားခ၊ ပြင်ဆင်မှု စရိတ်၊ ကင်မရာနှင့် ဆက်စပ် ပစ္စည်းများ စရိတ်၊ စတူရီယို ပစ္စည်း အမျိုးမျိုး စရိတ်၊ အလင်းအမှောင် နည်းပညာ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ၊ ၀န်ထမ်းလစာများ စသည့် တို့ကြောင့် စရိတ်များစွာ ကုန်ကျကြောင်း၊ C4E ဆိုင်သည် တစ်ပါးသူ ဖန်တီးထားသော ဓာတ်ပုံများကို ဖန်တီးမှု စရိတ် အမျိုးမျိုး မပါပဲ Scan ဖတ်ပြီး ဓာတ်ပုံ ပုံကြီးများကို ၄င်းတို့ အကျိုးစီးပွား အတွက်သာ အခငွေကြေး ရယူ စီးပွား ရှာဖွေနေသဖြင့် မိမိတို့ ဆိုင်များမှာ ဘ၀ပျက်ပြီး ဓာတ်ပုံလုပ်ငန်း ရပ်နားသည်အထိ ထိခိုက်မှု ဖြစ်ခဲ့ရကြောင်း ဓာတ်ပုံဆရာတစ်ဦးက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံဆိုင်များနှင့် ဓာတ်ပုံ ပညာရှင်များ စုပေါင်းပြီး C4E ဓာတ်ပုံ ဆိုင်ပိုင်ရှင်အား တရားမကြောင်း ၊ ဥပဒေကြောင်းဖြင့် တရားစွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Monday, December 8, 2014

သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးပါရန်

သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးပါရန်

မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း နံဘေးတွင် ရှိသော ယခင်က ဓနိတောမြေ ယခု မြက်ခြံကြီးအား ပိုင်ဆိုင်သော ပိုင်ရှင်များမှ G1 G2 မြေအမျိုးအစားများအား အိမ်ယာ အကွက် ရိုက် ရောင်းချနေ ပါသည်။  ယခုလို မြေဖို့ အကွက်ဖော် ရောင်းချခြင်းသည် မြေပိုင်ရှင်များ အတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းစေ ပါသည်။ မြေနီလမ်းနေ ပြည်သူများ အတွက်တော့ ပျက်စီးဆုံးရှုံးမှု များစေပါသည်။

ကန်ဖျားရပ် မြေနီလမ်း မိုးတွင်းကာလ ရေကြီးနေစဉ်

အဘယ်ကြောင့်ဆိုသော် အကွက်များ မြေဖို့ခြင်းကြောင့် ယခင်ကတည်းက ရေဆင်းမြောင်း နည်းပါးပြီး မိုးရွာသွန်းသည့် အချိန်တိုင်း ရေကြီးရေလျှံခြင်းများ နှစ်စဉ် ဖြစ်ပေါ်နေရပါသည်။ ယခုလို မြေကွက်များ မြေဖို့ခြင်း၊ လမ်းများ မြေဖို့ခြင်းများကို စည်းကမ်း စနစ်ကျနစွာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရေစီးမြောင်းပင် မရှိသည့် အခြေအနေ ရောက်ရှိနေပါသည်။

ထိုသို့ ပြုလုပ်နေသည်ကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်၊ မြေစာရင်း စသည့် ဌာနများမှ တားမြစ်ခြင်း မရှိပါ။ ထိုသို့ သက်ဆိုင်ရာမှ တားမြစ်ခြင်း၊ ကြပ်မတ်ခြင်း မရှိသည့် အတွက် ကန်ဖျားရပ် မြေနီလမ်းသည် မိုးရာသီ ရောက်ရှိတိုင်း ရေကြီးရေလျှံမှု အမြဲတမ်း ဖြစ်ပေါ်နေမည်ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားမြစ်  ကြီးကြပ် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

မြေနီလမ်းသူလမ်းသားများ

ဓာတ်ပုံအား ko ye fb မှ ရယူပါသည်။

အထက(၂)မြိတ် ကျောင်းသား ကျောင်းသူဟောင်းများ မြတ်ဆရာ ပူဇော်ပွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲ ပြုလုပ် ကျင်းပ



အထက(၂)မြိတ် ကျောင်းသား ကျောင်းသူဟောင်းများ မြတ်ဆရာ ပူဇော်ပွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲ ပြုလုပ် ကျင်းပ

နှစ်စဉ် ကျင်းပမြဲ ဖြစ်သော မြိတ်မြို့ အထက၂ ကျောင်းသား ကျောင်းသူဟောင်း များ၏ ၁၄ ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယ အကြီမ် ညှိနှီုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲကို (၇း ၁၂း၂၀၁၄) တနင်္ဂနွေနေ့ နေလည်(၁)နာရီတွင် မြိတ်မြို့ အထက၂ ခမ်းမတွင် ကျင်းပပြုလုပ် ခဲ့ရာတွင် ကျောင်းသား ကျောင်းသူ များ ၅၀ ခန့် တက်ရောက်၍ မြတ်ဆရာ ပူဇော်ပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဆုံးဖြတ်ချက် အကြံပြုချက်များ ချမှတ် အကောင်အထည် ဖော်ခဲ့ကြ ပါသည်။

မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပ

မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပ

မြိတ် ဒီဇင်ဘာ ၇ ရက်

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး ပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ(၇)ရက် နံနက်(၉)နာရီက အထက(၃)ကျောင်းရှေ့တွင် ကျင်းပရာ ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နီနီချို၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ မြေတူးရာ၌ တွေ့ရှိ

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ မြေတူးရာ၌ တွေ့ရှိ

တနင်္သာရီ - ဒီဇင်ဘာလ (၇)ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့ လေသာတောင်စေတီရင်ပြင် ၀ထ္ထကမြေ၌
ရွှေဘုန်းပွင့် စေတီတည်ထားရန် တူးဖော်ရာတွင် ဒီဇင်္ဘာလ(၅)ရက်နေ့ ညနေ(၃)နာရီ အချိန်က ပလ္လင်မှဦးခေါင်းတော်အထိ (၅)လက်မစီရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ရွှေ(၃)ဆူ၊ ငွေ(၁၅)ဆူ နှင့် (၆)လက်မအရွယ်ငွေတစ်ဆူ၊ ကျိုးပဲ့ပျက်စီးနေသည့်(ငွေ)တစ်ဆူ ပေါင်း ရုပ်ပွားတော်(၂၀) တို့ကို မြေသားအုတ် တစ်ထပ် အပေါ်ရွှေသား/ ငွေသား တစ်ထပ်စီသပိတ်ကဲ့သို့ ကွပ်ထားကြောင်း သိရှိရသည်။

Sunday, December 7, 2014

ထားဝယ်ကော့လိပ် (၈၄၊၈၅၊၈၆၊၈၇- မော်လမြိုင်တက္ကသိုလ် ကျောင်းသား-ကျောင်းသူဟောင်းများ) စုပေါင်း အလှူတော် ဖိတ်ကြားလွှာ

ထားဝယ်ကော့လိပ် (၈၄၊၈၅၊၈၆၊၈၇- မော်လမြိုင်တက္ကသိုလ် ကျောင်းသား-ကျောင်းသူဟောင်းများ) စုပေါင်း အလှူတော် ဖိတ်ကြားလွှာ
=========================
အနန္တော၊ အနန္တ ငါးပါးကို ဦးထိပ်ထားလျှက် မြိတ်မြို့ ကန်သာ ပရိယတ္တိ စာသင်တိုက်၌ ထားဝယ်ကော့လိပ် (၈၄၊ ၈၅၊ ၈၆၊ ၈၇- မော်လမြိုင် တက္ကသိုလ် ကျောင်းသား-ကျောင်းသူဟောင်း) သူငယ်ချင်းများမှ စုပေါင်း၍ (အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ iPad ၊ ၀တ္ထုကပ်) စုပေါင်း အလှူတော်တွင် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ် လှူဒါန်းပြီး မိတ်သင်္ဂဟ အပေါင်းတို့အား ဧည့်ခံကျွေးမွေး လိုပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း တရားတော်နာ ကြွရောက်ပါရန် ထားဝယ်ကော့လိပ် ၈၄၊ ၈၅၊ ၈၆၊ ၈၇- မော်လမြိုင် တက္ကသိုလ် ကျောင်းသား- ကျောင်းသူဟောင်း များအား ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ၁၄-၁၂-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် ။  ။ နံနက် (၉)နာရီမှ (၁၂) နာရီ အထိ
နေရာ ။ ။ ကန်သာ ပရိယတ္တိ စာသင်တိုက် ၊ တပ်ပြင်ရပ်