မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Tuesday, December 31, 2013

ဘုတ်ပြင်းမြို့နယ်၊ ပင်လယ်ပြင် အတွင်း လှိုင်းကြီး၍ ““ငွေမိုးဖြူ””ကုန်တင်စက်လှေ ၀မ်းဗိုက်ပျဉ်ချပ်များ ကွဲပြီး ရေ၀င်နစ်မြုပ်



၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် နာရီ ၃၀ မိနစ် အချိန် မြိတ်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာ လာသည့် မြိတ်မြို့၊ ရွှေပြည်တန် ရပ်ကွက်နေ ဦးထွန်းပို(၆၈)နှစ် မောင်းနှင်ပြီး ကျွန်းစုမြို့နယ်၊ မရမ်းချောင်း ကျေးရွာနေ လှေထိုးသား ဇင်ဖြိုးဦး(၁၈)နှစ်ပါ (၁၁)ဦး လိုက်ပါ လာသည့်  အလျား ၁၂၀ ပေ၊ အနံ ၂၂ ပေ၊ ရေစူး ၁၁ ပေ၊ HINO EK - 110 ()လုံးတပ်  ““ငွေမိုးဖြူ”” အမည်ရှိ သစ်သား ကိုယ်ထည် ကုန်တင်စက်လှေသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အလယ်မန် ကျွန်းကြား၊ ပင်လယ်ပြင် အရောက်၌ လှိုင်းကြီးသောကြောင့် လှေဝမ်း ဗိုက်ပျဉ်ချပ်များ ကွဲထွက်ကာ ရေ၀င်၍ နစ်မြုပ် သွားခဲ့သည်။

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်းတည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ အဆိုပါ အဝေးပြေး ကားဝင်းသည် မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ကွင်း ကွင်း အမှတ် ၂၃၇ စက်မှုဇုံ သွားကား လမ်းမ နံဘေးတွင် တည်ရှိပါသည်။ အဝေးပြေး ကားဝင်းအား မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ယူ၍ လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည်။

Monday, December 30, 2013

လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘောလုံးပြိုင်ပွဲ မြိတ်မြို့၌ ပြုလုပ်မည်




ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား မြိတ်မြို့ မြို့မအားကစားကွင်း၌ ၂၀၁၄ ဇန်န၀ါရီလ (၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

ထိုဘောလုံးပြိုင်ပွဲကို မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် (၁၂)ခု၊ ကျေးရွာအုပ်စု (၂၂) ခု၊ ပေါင်း (၃၄)ခုမှ အသင်းပေါင်း (၃၄)သင်းဖြင့် အုပ်စု (၈)စုခွဲကာ တစ်နေ့လျှင် (၂)ကြိမ် နံနက် / ညနေ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။ 

Sunday, December 29, 2013

မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ စတုတ္ထအပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ


မြိတ်ခရိုင် မြိတ်မြို့၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာ အားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက် ပွဲကို ဒီဇင်ဘာလ (၂၈)ရက် နံနက်(၅း၁၅)နာရီတွင် မြိတ်မြို့ မြို့မအားကစားကွင်းရှေ့မှစတင်၍ မြစ်ငယ်ရပ် ဗဟိုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ထားဝယ်စုရပ် ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဗောတံတားလမ်း၊ ကမ်းနား လမ်း၊ နာရီစင်လမ်း မှ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လည်လျှောက်လှမ်းခဲ့ကြပြီး မြို့မအားကစားကွင်း အတွင်းတွင် အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။


မြိတ်မြို့ ကက်သလစ် ဘုရားကျောင်းမှ ခရစ်စ္စမတ်လရာသီ ဂုဏ်ပြု အမှိုက်ကောက်ယူ သိမ်းဆည်း သန့်ရှင်းရေး ဆောင်ရွက်

မြိတ်မြို့ ကက်သလစ် ဘုရားကျောင်းမှ ခရစ္စမတ်လ ရာသီ ဂုဏ်ပြု အမှိုက်ကောက်ယူ သိမ်းဆည်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၂၈)ရက် နံနက်(၉)နာရီတွင် ရိုမန်ကက်သလစ် ပရဟိတ ကျောင်း မှ ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာ ဖဒိုနိုဖိလစ်နှင့် ဂိုဏ်းအုပ်ဆရာတော် ဂရင်မွန်ပိုးရေတို့ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့၌ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


မြိတ်ခရိုင်၏ ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက် တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှု မြင့်တင်ရေးနှင့် အတွက် ကုန်သွယ်မှု မြင့်တင် ရေးနှင့် လျာထားချက် ပြည့်မီ ကျော်လွန်ရေး အစည်းအဝေးကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၁၀း၃၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။




NLD ဆိုင်းဘုတ်ဖြုတ်ရန်ကြံစည်ခြင်း


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် လွှတ်တော် ကိုယ်စား လှယ်  ဒေါ်တင်တင်ရီနှင့်  မြိတ်ခရိုင် (NLD) ဥက္ကဌ ဦးသန်းနွယ် ဦးဆောင်၍ အတွင်းရေးမှူး ဦးစိုးလွင်၊ ခရိုင်ပြန်ကြားရေး သိန်းဇော်မင်း နှင့် အခြားရပ်/ကျေးမှ ပါတီဝင်များအပါဝင် လူဦးရေ(၃၀) ခန့်သည်၊ မြိတ်မြို့နယ် ရေပုန်းရေပုန်းနယ်မြေ၊ (NLD)ရပ်/ကျေး ရုံးသို့ ညနေ (၃) နာရီ (၁၅) မိနစ် အချိန်တွင် ဆိုင်ရာ ရပ်/ကျေး ဥက္ကဌနှင့် အဖွဲ့ဝင်များကို အသိပေးခြင်း မရှိပဲ အတင်းအဓမ္မ ၀င်ရောက်လာပြီး ရပ်/ကျေး (NLD) ဆိုင်းဘုတ်ကို ဖြုတ်ယူရန် ကြိုးစားကြပုံကို မှတ်တမ်း ဓါတ်ပုံနှင့် တကွ ပြည်သူအများနှင့် အထက်(NLD)လူကြီးများ သိရှိစေရန် တင်ပြအပ် ပါသည်။

Saturday, December 28, 2013

ကျွန်းစုမြို့မြို့နယ် မောင်းလှော်ရွာ မြေမှု ဖြစ်ရပ်မှန် (ပေးစာ)




မောင်းလှော်ကျေးရွာနေ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့မှာ အသက်အားဖြင့်(၅၀) ၀န်းကျင်ခန့်ရှိပြီ ဖြစ်ကြပြီး အခုတလော သတင်းများအရ ဦးကြည်အင် (မတော်လောဘကြီးသူ)သည် ရွာပိုင်မြေများကို မိမိပိုင်ဆိုင်သည်ဟု ဆိုကာ NLD ပါတီမှ အမှုပွဲစား ဦးကိုလေးနှင့် ပေါင်းပြီး ရွာပိုင်နတ်ကွန်း ကိုတောင် အလွတ်မပေးပဲ လိုက်လံ ဖျက်ဆီးဖို့ ကြိုးစားနေ ပါတယ်။ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့ နေအိမ်များမှာ မိဘ၊ယောက္ခမ များ၏ နေအိမ်များ ဖြစ်ကြပြီး သူတို့သည် လည်း မောင်းလှော် ကျေးရွာသားများ စစ်စစ် ဖြစ်ကြပါသည်။ 



Tuesday, December 24, 2013

ဗိုလ်ချုပ်အောင်ဆန်း မြိတ်မြို့သို့ ခရီးတစ်ခေါက်




စစ်ပြီးကာလ ဖြစ်၍ မြို့ပြများ ပြန်လည် အသက်ဝင်စ ပြုချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး မရရင် ချမယ် ၊ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်၊ ဟူသော ကြိမ်းဝါးသံဖြင့် ပြည်သူ့ ရဲဘော် တပ်ဖွဲ့များအား ပြောင်ပြောင်တင်းတင်းပင် ဖွဲ့စည်းပေးခဲ့သည်။ ထိုစဉ်က မြိတ်မြို့တွင် ပြည်သူ့ ရဲဘော် တပ်ဖွဲ့ကို ဖွဲ့စည်းရာ ပြည်သူ့ရဲဘော်များ သာမက ပြည်သူ့ ရဲမေများလည်း ပါဝင်ခဲ့လေသည်။ 


Monday, December 23, 2013

သင်းခွေချပ်များ တင်ဆောင်လာသည့်ယာဉ်နှင့် ရွှေလီရတနာ မှန်လုံယာဉ် တိုက်မိ

မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း ရန်ကုန် မော်လမြိုင် ကားလမ်းမ မိုင် တိုင် အမှတ် ၅/၁၇၆ အနီးတွင် မောင်ကို မောင်းနှင်၍ မြိတ်မြို့မှစတင် ထွက်ခွာလာသော  ရွှေလီရတနာ ခရီးသည်တင် မှန်လုံယာဉ် နှင့် ရန်ကုန် တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ် မှ စတင်၍ သင်းခွေချပ် ၄၆ ကောင် ကို တင်ဆောင် လာပြီး ဖားအံမြို့သို့သွားရောက်မည် ယာဉ်မောင်း  အောင်ဆန်း ၊ဘ၊ ဦးရဲမြင့် ၅၀ နှစ် ဘားအံမြို့ ၂ရပ် ကွက် ၂လမ်းတွင် နေသူဟု ပြောသူ မောင်းသော လိုက်ထရက် အဖြူ F/75809 တို့ မျက်နှာချင်းဆိုင် တိုက်မိသည် ။ 


Saturday, December 21, 2013

မြိတ်မြို့၌ ခြင်ကြောင့် ဖြစ်ပေါ်သော ရောဂါများ လျော့နည်းရေး ဆေးစိမ် ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး



ခြင်ကြောင့် ဖြစ်ပေါ်သော ငှက်ဖျားရောဂါ၊ ဆင်ခြေထောက် ရောဂါ၊ သွေးလွန် တုတ်ကွေးရောဂါနှင့် ဂျပန် ဦးနှောက် အမှေးရောင် ရောဂါများကို ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်သူများအား ဆေးစိမ်ခြင်ထောင် များကို အခမဲ့ ကွင်းဆင်းဖြန့်ဝေပေးလျက်ရှိရာ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ဘုရား ကိုင် ရပ်ကွက် ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း၌ မြိတ်ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းနှင့် ခရိုင်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကျော်ဇင်တို့က ကြီးကြပ်၍ မြိတ်တောင်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများက ကျေးရွာနေ ပြည်သူများအား ဆေးစိမ် ခြင်ထောင်များကို ဒီဇင်ဘာ (၁၉) ရက်က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မြိတ်မြို့သူ ခင်မျိုးသူ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရ

ယနေ့ ကျင်းပတဲ့ ဂျူဒိုအားကစားပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားရာတွင် +78Kg (အမျိုးသမီး) အတိုက်ပြိုင်ပွဲတွင် မြန်မာအားကစားသမား ခင်မျိုးသူ (အပြာရောင်) နှင့် ထိုင်းနိုင်ငံ အားကစားသမား Satjadet Thon than (အဖြူ)တို့ အကြိမ်အနယ် ယှဉ်ပြိုင်ကစားရာမှာ ကံအကြောင်း တရား မလှစွာဖြင့် ထိုင်းနိုင်ငံကို ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုနဲ့ ကျေနပ်လိုက်ရပြန်ပါတယ်။

ဂျူဒို အတိုက်ပြိုင်ပွဲ မြိတ်သူ ခင်မျိုးသူ ဖိလစ်ပိုင်ကို အနိုင်ရပြီး ဖိုင်နယ်တက်ပြီ

ဂျူဒိုအားကစားပြိုင်ပွဲ -100 Kg (အမျိုးသား)အတိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား ရန်နိုင်စိုး (အပြာရောင်) နှင့် စင်္ကပူနိုင်ငံမှ အားကစားသမား LOH Timothy (အပြာရောင်) တို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ရန်နိုင်စိုး အနိုင်ရရှိပြီး ဖိုင်နယ်သို့ တက်ရောက်သွားသကဲ့သို့ +78 Kg (အမျိုးသမီး) အတိုက်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ အားကစားသမား ခင်မျိုးသူ (အပြာရောင်) နှင့် ဖိလစ်ပိုင်နိုင်ငံမှ အားကစား သမား DUGADUGA Ruth (အဖြူရောင်)တို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ခင်မျိုးသူ အနိုင်ရရှိပြီး ဖိုင်နယ်ပွဲသို့ တက်ရောက် သွားပြီ ဖြစ်သည်။


Friday, December 20, 2013

ဆီးဂိမ်း ပြိုင်ပွဲဝင် မြိတ်သူလေးကို အားပေးကြပါ

ဆီးဂိမ်း ပြိုင်ပွဲဝင် မြိတ်သူလေးကို အားပေးကြပါအုံး 


မြန်မာနိုင်ငံမှ နေ၍ ထိုင်းနိုင်ငံအတွင်းသို့ လာချင်နေကြသော မြန်မာများ သတိပြုမိကြစေရန်


.မြန်မာပွဲစားများသည် မိမိတို့ရသော ထိုင်းငွေ ၅၀၀ လောက်ကိုပဲ့ ကြည့်ပြီး လမ်းခရီးတွက် မြန်မာ အမျိုးသမီးများ မုဒိမ်းကျင့် ခံနေရသည်ကို ဂရုမစိုက်လေသလားတော့ မသိ၊  တဆင့်ခေါ်ခိုင်းသော လူများက မိန်းကလေးများကို နည်းမျိုးစုံ ဖြင့် ဖျက်ဆီးနေကြပါသည်။ တစ်ချို့က လင်ယောင်္ကျား၇ှိနေ၍ မရှက်မကြောက် ပြောပြပြီး တစ်ချို့က အပျိုဖြစ်နေပါ၍ ပြောရမှာ ၇ှက်ကြောက်ပြီး မပြောပဲ့ နေသော သူများလည်း ထောင်သောင်းမက ရှိလေပြီ ။ 



ဒုတိယဝန်ကြီး ဦးခင်မောင်အေး ရေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်




မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မွေးမြူရေး၊ ရေလုပ်ငန်း ဆပ်ကော်မတီ (Delivery Unit) ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ (၁၈)ရက်၊ နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ လည်းကောင်း၊ မွန်းလွဲပိုင်း တွင် မကြုံဂလက် မွန်ကင်း ကျေးရွာတွင် လည်းကောင်း၊ ကျေးရွာ အထောက်အကူပြု ကော်မတီ ဝင်များ၊ ရေလုပ်သားများ၊ ကျေးရွာသူ/ ရွာသားများနှင့် တွေ့ဆုံပြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ် ရေမှော်မွေးမြူရေး အပါအဝင် ရေလုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များ၊ ကျေးရွာတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းပြီး မိုင်းခွဲ ငါးဖမ်းဆီးမှု တားဆီးရေး၊ ကျေးလက်ဆေးပေးခန်း အဆောက်အဦ ရရှိရေး၊ ရွာလယ် ကွန်ကရစ် လူသွား လမ်းပြုလုပ်ရေး ကိစ္စရပ်များအား ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အတူမြို့နယ် အထောက်အကူပြု ကော်မတီများ၊ မြို့မိ၊ မြို့ဖများ၊ ရေလုပ်ငန်းရှင်များ၊ ကမ်းနီး ကမ်းဝေး ငါးဖမ်း လုပ်ငန်းရှင်များ၊ ရေလုပ် သားများနှင့် တွေ့ဆုံ၍ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် တွေ့ကြုံနေရသည့် L.C/ TT ဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေး၊ အစုအဖွဲ့များ အားကောင်း စေရေးနှင့် မိမိနိုင်ငံ အတွင်း ဈေးကွက် ဖြစ်ပေါ်စေရေး ဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် ငါးဖမ်းဆီးမှု ဆိုင်ရာ ကိစ္စရပ်များ၊ ငါးမဖမ်းရ ရာသီနှင့် နေရာ သတ်မှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငါးဖမ်းလှေများ ကမ်းနီး ဝင်ရောက် လုပ်ကိုင်မှု ကိစ္စရပ်များနှင့်  ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး စီးပွားကူးသန်းဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များအား ဝန်ကြီး ဌာနများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 


မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေပြန်လည် ကောက်ခံရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ မြိတ်ခရိုင် ဘဏ်ခွဲ အနေဖြင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် အတွင်း ထုတ်ချေး ထားသော၂၀၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို သီးနှံပေါ်ချိန် ဒီဇင်ဘာလမှ မတ်လအတွင်း ကောက်ခံပြေကျေ နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ၁၈-၁၂-၂၀၁၃ရက်နေ့ နံနက် ၀၉း၃၀နာရီတွင် ဘဏ်ခွဲတွင် ကျင်းပခဲ့သည်။

Thursday, December 19, 2013

ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၀န်ကြီးချုပ်သို့ ပေးစာ တစ်စောင်


တနင်္သာရီတိုင်ဒေသကြီး ဝန်ကြီးချုပ်ခင်ဗျာ

ကျွန်‌‌တော်ဟာကော့သောင်းမြို့မှဟိုမရောက်ဒီမရောက်‌ ‌ရေလုပ်ငန်း ရှင်‌‌လေး တစ်ဦးပါ မိသားစု စားဝတ်‌‌နေရေး အဆင်‌‌ပြေစေရေး အတွက်နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒနဲ့ အညီ အခွန်အခများပေးဆောင်ပြီး ကမ်းနီးငါးဖမ်လှေ လုပ်ငန်းကို လုပ်ကိုင်‌‌နေပါသည်

 ကော့သောင်းမှ ယိုးဒယားသို့ ငါးပုစွန်မျိုးစုံရောင်းချ အပြန်တွင်ဘိလပ်‌‌မြေအိတ်၅၀၀ တစ်‌‌ထောင်စသည်ဖြင်ကော့သောင်း ဂျူတီဆောင်ပြီး မြိတ်မြို့သို့ တင်သွင်နေပါသည်။ ကျနော်‌‌ပြောချင်တာက ကျနော်တို့ လို စီးပွါးရေး သမားတွေထဲမှာ ကုမ္မဏီများထောင်‌ ‌လှေပေါင် ရာနဲ့ချီပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်‌‌နေကြသော ကုမ္ပဏီကြီး များမှ လိုင်းဖြူခေါ် ငါးသယ်‌‌ ရေယာဉ်ကြီးများ လိုင်းနီခေါ် ငါးဖမ် ဒရွတ်ဆွဲတွေ ဝါရမ်ခေါ် ဝိုင်းချုပ်‌‌မီးထွန်လေတွေ ဟာ ဘာ့ကြောင့်များ အခုလို ရက်မျိုးတွေမှာ ယိုးဒယားနိုင်ငံ နောင်းခရိုင်နောင်းမြို့ နယ်အတွင် အဆမတန်များပြားနေရတာလည် တရားဝင်‌‌ရော ဟုတ်ရဲ့လား ။ နိုင်ငံတော်ပိုင်‌ ‌ရေပိုင်နက်အတွင်းက ဖမ်းဆီး ရမိတဲ့ ငါးမျိုးစုံ ပုစွန်နဲ့ရေထွက်ပစ္စည်တွေ နေ့နေ့ လာရောက်‌‌ ရောင်းချနေတာ မနည်းဘူးဗျာ တစ်ချို့လှေတွေက နာမည်‌‌တွေဖတ်လို့ ရသလို့ တစ်ချို့လှေတွေ ကျတော့လည်လှေနာမည်‌‌တွေကို ဆားအိတ်နဲ့ပိတ်ပိတ်ထားပြီးနေ့ညမနား အားချင် ငါးများ တင်ချပြီးရေခဲနဲ့ ဆီသာတင်ပြီး ချက်ခြင်းပြန်ထွက်သွားကြလေရဲ့ ။ 


မြိတ်မြို့တွင် ရေလုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးပွဲ ကျင်းပ

ရေလုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၈)ရက် ညနေ(၅)နာရီက မြိတ်မြို့ မြစည်းစိမ်ခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြိတ်ခရိုင် ရေလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ မဟာချိုင်ရေလုပ်ငန်း ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြား သည်။ ယင်းနောက် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များ ကို လည်းကောင်း၊ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဆွေက ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးလှသန်းက ကြိုဆိုနုတ်ခွန်းဆက် စကား ပြောကြားသည်။

ဆက်လက်၍ မဟာချိုင်ရေလုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ များကကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားကြပြီး နှစ်နိုင်ငံရေလုပ်ငန်းရှင် များမှ တစ်ဦးချင်း မိတ်ဆက်ကြ၍ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။ ထိုနောက် မြိတ်ခရိုင် ရေလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံ မဟာချိုင်ရေလုပ်ငန်း ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့တို့ ရေလုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေး ကိစ္စရပ်များ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ မဟာချိုင်ရေလုပ်ငန်း ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့မှ စက်မှုဇုံနှင့် ပြည့်ဖြိုးထွန်း ကုပ္မဏီ အအေးခန်းစက်ရုံ၊ သင်္ဘောလွန်းကျင်း၊ အထပ်သားစက်ရုံ၊ ဂဏန်းပျော့မွေးမြူရေးနှင့် ငါးမုန့်စက်ရုံ များအား ဒီဇင်ဘာလ(၁၉)ရက် နံနက်ပိုင်းတွင် သွားရောက်လေ့လာ ခဲ့ကြကြောင်း သတင်းရရိှသည်။

ပြန်ဆက်

Wednesday, December 18, 2013

ကော့သောင်း သူဌေးကျွန်း ၀န်ထမ်းများ၏ ဒုက္ခ တိုင်းဒေသကြီး ၀န်ကြီးချုပ် ကူညီပေးပါ




တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရ ၀န်ကြီးများရှင့်  …. ကျွန်မတို့သည် ကော့သောင်း သူဌေးကျွန်း ဟိုတယ်မှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းလေးများ ဖြစ်ကြ ပါသည်ရှင့်။ အလုပ်လုပ်တာ နှစ်နှစ် သုံးနှစ်ရှိ ပါပြီ။ လခ ဘတ် ၃၀၀၀ ကျော်နှင့် မိသားစုစားဝတ်နေ ရေးကို ရပ်တည်နေရ ပါသည်။ အခု ဟိုတယ်မှ လခနှင့် service charge များ မရှင်းပေးနိုင်ပါ သဖြင့် ကျွန်တော် ကျွန်မတို့ အခက်အခဲဖြစ်နေ ပါသည်။ ပြီးခဲ့သော လစာ မရသေးသဖြင့် ကျပ်တည်း လာရပါသည်။ service charge လည်း မရသေးပါ။ အခုဆိုရင် လလည် ရောက်နေပြီး လခလည်း ဘယ်အချိန်မှ ထုတ်မယ်ကို မကြားသိရသေးပါ။ show ပွဲတွေ တစ်ပွဲပြီး တပွဲလုပ်ပြီး ပင်ပန်းစွာ အလုပ်လုပ်ရ ပြီးတော့ လခလည်း မရကြတော့ ၀န်ထမ်းများလည်း စိတ်ပျက်နေကြ ပါပြီ။ အခုဆိုရင် ၁၉ရက်နေ့ကျ ရင်showပွဲရှိလို့ကျွန်မတို့ အလုပ်ပင်ပန်းကြရအုံးမယ်။ ၀န်ထမ်းများကို မငဲ့ကွက်သည့် ဟိုတယ်ပိုင် ရှင်နှင့်မိသားစုတို့ကို နဲနဲဖိအားပေး ပြောပေးကြပါလို့ ကျွန်မတို့အကူအညီ တောင်းခံအပ် ပါသည်။ 


အထက(၂) မြိတ် မြတ်ဆရာပူဇော်ပွဲ (၁၃) ကြိမ်မြောက် ကျင်းပမည်




တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အထက (၂) ကျောင်းသား / ကျောင်းသူ ဟောင်း များ၏ နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်မြဲ ဖြစ်သော မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရပ်ဝေး ရပ်နီး မှ ကျောင်းသား ကျောင်းသူ ဟောင်းများ တက်ရောက် ပူဇော် ကန်တော့ နိုင်ရန် ကျင်းပရေး ကော်မတီက ဖိတ်ကြားလျက် ရှိကြောင်း သိရသည်။ 

 

Tuesday, December 17, 2013

လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park )


တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့  နယ်၊  အန်ဒမန်ပင်လယ်ပြင်အတွင်းရှိ  ကျွန်းတန်းရှည်() လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park ) သည် ကော့သောင်းမြို့မှ ရေမိုင်(၆၀) ဘုတ်ပြင်းမြို့မှ ရေမိုင် (၄၀)ကွာဝေးပြီး မြောက် လတ္တီတွဒ် ၁၀ဒီဂရီ ၃၂ မိနစ်နှင့် ၁၁ ဒီဂရီ ၀၂မိနစ်ကြား၊ အရှေ့  လောင်ဂျီကျု ခန့်မှန်း ၉၇ဒီဂရီ ၅၉မိနစ်နှင့် ၉၈ဒီဂရီ ၂၃မိနစ်ကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏  တစ်ခုတည်းသော အဏ္ဏ၀ါ ဥယျာဉ်ဖြစ် ပါသည်။ 


ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံမြို့မှ စက်ဘီးနှင်းသမား (၂)ဦး မြိတ်မြို့သို့ ရောက်ရှိ

(၂၇) ကြိမ်မြောက် မြန်မာဆီးဂိမ်း ကိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ KING (K.T.G) Mountain Bike Group မှ ဦးစိုင်းရီဆိုင်၊ အသက် (၅၁)နှစ် နှင့် ဦးတူး (ခ) ကိုလှမြင့်စိုး၊ အသက် (၄၅)နှစ် တို့သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်၍ စက်ဘီးနှင်း ခရီးထွက်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ ညနေ (၆း၂၀)အချိန်ခန့်၊ မြိတ်မြို့သို့ရောက်ရှိလာခဲ့ပြီး မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာ၊ စမ်းချောင်းရပ်၊ အမှတ် (၉၄၅)၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ

Saturday, December 14, 2013

မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ


မြိတ်ခရိုင် မြိတ်မြို့၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာ အားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက် ပွဲကို ဒီဇင်ဘာလ (၁၄)ရက် နံနက်(၅း၁၅)နာရီတွင် မြိတ်မြို့ မြို့မ အားကစားကွင်းရှေ့မှ စတင်၍ မြစ်ငယ်ရပ် ဗဟိုလမ်း၊ ထားဝယ်စုရပ် ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဗောတံတားလမ်း၊ ကမ်းနားလမ်း၊ နာရီစင်လမ်း မှ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လည် လျှောက်လှမ်းခဲ့ကြပြီး မြို့မ အားကစားကွင်း အတွင်းတွင် အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။



အမျိုးသမီး တစ်ဦး ဒဏ်ရာများနှင့် သေဆုံး




၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၇)နာရီ (၃၀) မိနစ် အချိန်တွင် တွင် မြိတ်မြို့ စန္ဒကျေးရွာ အုပ်စု ကျွဲကူးကျေးရွာ တပ်ဦး တောရကျောင်း အနောက်ဘက်တွင် အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သတင်းရ၍ ကျွဲကူး ရဲစခန်းမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒေါ်မြတ်မြတ်မိုး  ၊ အသက် (၄၅)နှစ်၊ (ဘ) ဦးကျော်မြင့် ၆/မအရ(နိုင်) ၀၁၀၇၁၉ တကူသံတိုက်ရွာ တနင်္သာရီ မြို့နယ်တွင် နေထိုင်သူ  ၄င်းမှာ စိတ်ဝေဒနာ အနည်းငယ် ခံစား နေရကြောင်း သိရှိရသည်။ 


Friday, December 13, 2013

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ




မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်း ရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း တေးဂီတအဖွဲ့ မြိတ်မြို့တွင်း လှည့်လည် ဖျော်ဖြေ ပထမနေ့တွင် အလှူငွေ (၂၂)သိန်းကျော် ရရှိ



မြိတ်မြို့နယ် အတွင်း အခမဲ့ ပညာရေး၊ ကျန်းမာရေးနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် ရည်ရွယ်၍ မြိတ်ခရိုင်(၈၈) မျိုးဆက် ကျောင်းသား ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် တို့ ပူးပေါင်း၍  အဆိုတော် ရဲလွင် ဦးစီးသော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း တေးဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ(၁၂)ရက် နံနက်(၉း၃၀)နာရီတွင် စတင်၍ မြိတ်မြို့ပေါ်ရှိ  လူစည်ကားသည့် နေရာများတွင် ပြုလုပ် ကျင်းပခဲ့သည်။ 


မြိတ်မြို့ ဇီဝိတဒါန ပြင်ပ သံဃာ့ ဆေးရုံအတွက် စိန်မျှား ဆေးပေါ့လိပ် မိသားစု က ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည်

မြိတ်မြို့တွင် ဆောက်လုပ်လျက် ရှိသော ဇီဝိတ ဒါန ပြင်ပ သံဃာ့ ဆေးရုံအတွက် မြိတ်မြို့ စိန်မျှား ဆေးပေါ့လိပ် မိသားစု တို့မှ အလှူကျပ် သိန်း (၁၀၀) လှူဒါန်းခြင်း အလှူတော် မင်္ဂလာအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ (တနင်္ဂနွေနေ့ ) နံနက် (၉) နာရီအချိန် မြိတ်မြို့ တပ်ပြင်ရပ်ရှိ မော်တောင် ပရိယတ္တိ စာသင်တိုက် တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ လှူဒါန်းပွဲ၌ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်း ဆက်ကပ် ပြီး ဧည့်ပရိတ်သတ် များအား ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။
 

Wednesday, December 11, 2013

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ယဉ်တိုက်မှုဖြစ်ပွား အဖွားအို တစ်ဦး သေဆုံး



ကျွန်းစုမြို့နယ် ကံမော်ကျေးရွာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နံနက် ()နာရီ အချိန်တွင် ကံမော်ကျေးရွာ အရှေ့ပိုင်း၌ အမျိုးသမီး တစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကံမော်တိုက်နယ်ဆေရုံ၌ တက်ရောက် ဆေးကုသ ခံယူနေစဉ်  ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့သည်။

မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

. ၁၂. ၂၀၁၃ ရက်နေ့၊ (၇း၄၅) အချိန် မြိတ်ခရိုင် ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအုပ်ချိုလွင်နှင့် တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို့၊ ကန်ခေါင်း ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ် (၄၀၁)နေ သူရမိုး () တရုတ် () ဂျာမာ လူဒင်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ တရားခံ သူရမိုး () တရုတ် () ဂျာမာလူဒင် နှင့်တကွ နေအိမ် အတွင်းမှ ဘိန်းစာမှုန့် (၁၃၄)ထုပ် သိမ်းဆည်း ရမိခဲ့သဖြင့် သူရမိုး() တရုတ်() ဂျာမာ လူဒင်အား မြိတ်မြို့ရဲစခန်း မယ () ၆၆/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိ ရသည်


Tuesday, December 10, 2013

ဒုတိယအကြိမ်မြောက် (ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ) နိုးဆော်လွှာ



နိုးဆော်လွှာ
-----------------
 (၂၉-၁၂-၁၀၁၃) ရက်နေ့  တနင်္ဂနွေနေ့  နေ့လည် () နာရီ အချိန်တွင် သံဃာတော် အပါး (၁၂၀၀) နှင့် သီလရှင် အပါး (၃၀၀) တို့အား ဆိပ်ငယ်ရပ်၊ ပုလဲရတနာခန်းမ မှစတင်၍ ကမ်းနား လမ်းတလျှောက်တွင် ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲ လောင်းလှူ ပူဇော်ပွဲကြီး ကျင်းပပြုလုပ်မည်  ဖြစ်ပါ၍  () ရက် သားသမီးများ နှင့် သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း တို့ ကုသိုလ်ယူကြပါ ရန်တိုက်တွန်းနှိုးဆော် အပ်ပါသည်။